Mratt's Channel


Kanal geosi va tili: ko‘rsatilmagan, Inglizcha
Toifa: Telegram


Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Связанные каналы  |  Похожие каналы

Kanal geosi va tili
ko‘rsatilmagan, Inglizcha
Statistika
Postlar filtri




တဖက်မှာ ဒုက္ခသည်ဦးရေလည်း တိုးလာပါတယ်။ ဆောင်းရာသီ ရောက်လာတော့မှာ ဖြစ်လို့ အညာဒုက္ခသည်တွေဟာ အင်မတန်ဆိုးရွားတဲ့ ကာလတွေကို ရင်ဆိုင်ကြရဖို့ ရှိပါတယ်။ လောလောဆယ် သိရသလောက် ဘုတလင်နယ်မှာ ဒုက္ခသည်ဦးရေ အနည်းဆုံး '၁ သောင်း' ကျော်ရှိနေပြီလို့ သိရပါတယ်။

ဒီနယ်က ဒုက္ခသည်တွေကို တိုက်ရိုက်ကူညီပေးနေတဲ့ အဖွဲ့ ရှိပါတယ်။ သူတို့ စာမျက်နှာ Link (https://www.facebook.com/profile.php?id=61559274463192) ဒီ Link မှာ ယုံယုံကြည်ကြည် ထောက်ပို့လှူဒါန်းနိုင်ပါတယ်မိတ်ဆွေများ။




ဘုတလင်ကိစ္စက စစ်ကောင်စီနဲ့ သူ့အပေါင်းအပါ ပျူတွေက အငြိုးနဲ့ပြန်လုပ်တာမျိုးပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက စစ်ကြောင်းတကြောင်းလုံး ခံခဲ့ရတော့ လူမဆန်တဲ့နည်းနဲ့ ပြန်ရက်စက်တာမျိုး။ သတ်ဖြတ်ခံရသူတွေရဲ့ အကြွင်းအကျန်တွေဟာ ကြည့်ရက်စရာ မရှိပါ။

ဘုတလင်နယ်မှာ တောက်လျှောက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီကြောင့် ရွာတွေအများကြီး မီးရှို့ခံရသလို ရက်ရက်စက်စက် သတ်ဖြတ်ခံရသူလည်း စာရင်းကောက်ရင် ဘယ်လောက်ရှိနေမလဲ မသိနိုင်ပါဘူး။




















မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်ရေးထားတဲ့ စာကို ထပ်ဆင့်မျှဝေတာ ဖြစ်ပါတယ်။ အောက်မှာ မြေပုံအသေးစိတ်လည်း ပါဝင်ပြီး မြို့တွေကို ကြည့်နိုင်ပါတယ်။


"အစ်ကိုရေ၊ ညီမနောက်ရက်မှပဲ အသေးစိတ် ပြောပါတော့မယ်နော်။ အခု ညီမတို့ ရဲဘော် ဈာပနရော လေယာဉ်ကြဲတာရောနဲ့က အဆင်မပြေဖြစ်နေလို့ပါ အစ်ကို"
.
ထောက်ပို့ငွေရှာတဲ့ ညီမတယောက် လာပြောထားတဲ့စာပါ။ မြေပြင်က ရဲဘော်တွေနဲ့ မက်ဆင်ဂျာထဲ စကားလာပြောရင် Seen ပြပြီး စာမပြန်ကြ။ အရင်ကတော့ ဒီလူတွေ ပြောချင်ရာပြောပြီး ပျောက်သွားတယ် ထင်တာ။ အံမယ် စိတ်တောင် ကွက်မိသေးတယ်။
.
နောက်ပိုင်းမှ ပိုပြီး နားလည်လာရတာက အင်တာနက်အခက်အခဲ၊ လုံခြုံရေးကြောင့်၊ လေယာဉ်ဗုံးကြဲ စတာတွေကြောင့် ရှောင်ကြရတာ၊ ဒါတွေကြောင့် တခါတလေ စကားပြန်မရဘဲ ၃-၄ ရက် ကြာနေတတ်ကြတယ်။
.
ခုလည်း ထောက်ပို့အတွက် စာပို့ထားတာမှာ ရဲဘော်ဈာပနကိစ္စ၊ လေယာဉ်ကိစ္စတွေ။ တချို့ဒုက္ခတွေကိုတော့ ဘယ်လောက်သိပါတယ်ပြောပြော ကိုယ်တိုင်ခံစား နားလည်ဖို့ မလွယ်လှ။ စိတ်ဓာတ်တွေ နုန်းခွေသွားပေမဲ့ ရပ်နေလို့ မဖြစ်၊ ဆက်လုပ်ကြပြန်တယ်။ သူတို့စကားလုံးတွေမှာ အားတွေ တွေ့ရတယ်။
.
ခု ဒီအဖွဲ့က လုပ်တဲ့ အစီအစဉ်ကို ကျနော်ကတော့ သဘောကျမိတယ်။ တရက်ကို ၁ ဒေါ်လာပဲ လှူပေးပါတဲ့။ ပြည်ပရောက်နေသူတွေအနေနဲ့ဆို ပိုတွက်ရလွယ်မယ်။ ၁ ဒေါ်လာဆိုတာ မပြောပလောက်တဲ့ ပမာဏ။ Starbucks, McDonald's သွားလို့ ပိုတဲ့ အစွန်းထွက် အကြွေလောက် ရှိမယ်ထင်ပါတယ်။
.
တရက် ၁ ဒေါ်လာ များတယ်လို့ တွေးရင်တောင် တပတ် ၁ ဒေါ်လာဆိုရင် ချွင်းချက်ရှိမယ် မထင်ပါ။ ပြီးတော့ ဘဏ်အကောင့်ကနေ လွှဲမယ်ဆိုရင် တစ်ပတ်မှာ တစ်ကြိမ် သူ့အလိုလို လွှဲနေအောင် Setting ချထားလို့လည်း ရနိုင်တယ်။ တကြိမ်တည်း အလုံးအရင်းလိုက် လှူရတာမျိုး မဟုတ်လို့ အမြဲတမ်း လှူနေတယ်ဆိုတဲ့ စိတ်ခံစားမှုကို ရစေပါတယ်။
.
ထောက်ပို့ချင်သူတွေအနေနဲ့ ဒီ Link (https://www.facebook.com/KNDFB03/posts/pfbid037C88xPQvBj9nTj6mf1pGogYVKrMUYT1k6xNsewQzaFgQFvowfhQUxsuihEz5CUAl) မှာ ယုံယုံကြည်ကြည် ပေးပို့နိုင်ပါတယ်။ ပြည်တွင်းနေသူတွေအနေနဲ့လည်း ငွေမထောက်ပံ့နိုင်ဘူးဆိုရင် ဒီ Link မှာ Like/Comment/Share အဆင်ပြေရာတခုခု လုပ်ပေးခဲ့ရင် ပျံ့နှံ့မှုများပြီး အများကြီး ထိရောက်ပါတယ်။








"ဒီနေ့ကတော့ ရှိသမျှပစ်လို့ရတဲ့ဟာတေအကုန်ပစ်တယ်" လို့ ဒေသခံက စာပို့ပြီး ကျနော့်ကို ပြောပါတယ်။ ပြီးတော့ "ကြည်း၊ ရေ၊ လေအကုန်ပါပဲ" လို့ သူက ဆိုပါတယ်။

ကျိန္တလီမြို့တွင်းမှာ လက်ရှိအချိန်ထိ စစ်ဘေးမရှောင်နိုင်သေးဘဲ ကျန်ရှိနေတဲ့ ဒေသခံတွေ အများကြီး ရှိပါသေးတယ်။ တိုက်ပွဲတွေ ပြင်းထန်တာကြောင့် တချို့နေရာတွေမှာ အသံပဲ ကြားရပြီး အိမ််ပြင်ကိုတောင် မထွက်ရဲကြဘူးလို့လည်း ဆိုကြပါတယ်။

"အကုန်နဲ့ကို ပစ်ကြ ခတ်ကြ လိုက်တာ ကျိန္တလီမြို့လေး တသိမ့်သိမ့်တုန်ပါပဲ။ တိုက်ပွဲ ၅ ရက်တာကာလအတွင်း ဒီနေ့ကတော့ အဆိုးဆုံးပါပဲ" လို့လည်း သူက ရေးထားပါတယ်။

အာရက္ခတပ်တော် အေအေ တပ်ဖွဲ့တွေဝင်မလာအောင် တားဆီးနိုင်ဖို့ ကျိန္တလီမြို့ အဝင်မှာရှိတဲ့ 'ချင်းကွင်းတံတား' ကို ပြီးခဲ့တဲ့လက စစ်ကောင်စီ တပ်က ချိုးဖျက်ခဲ့ပါသေးတယ်။

အေအေဟာ ရခိုင်ပြည်တောင်ပိုင်းမှာ သံတွဲ၊ မဇင် လေဆိပ်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ဇူလိုင်လက တရားဝင်ကြေညာထားပါတယ်။ ဒါပေမဲ့ သံတွဲမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့တော့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ သံတွဲကမ်းခြေဒေသတွေဖြစ်တဲ့ ဂျိတ္တော၊ မြပြင်၊ လုံးသာ စတဲ့နေရာတွေနဲ့ တဖက်ကမ်း ကွင်းဝိုင်း ရေတပ်နေရာတွေမှာ ကြိုကြားကြိုကြား တိုက်ပွဲတွေ ရှိနေပါသေးတယ်။ ကွင်းဝိုင်း ရေတပ်ကို သိမ်းနိုင်ဖို့လည်း အေအေက ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

ကွင်းဝိုင်းရေတပ်ကနေ ရေလမ်းကြောင်းက လာရင် လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ကျိန္တလီကို အလွယ်တကူ ရောက်နိုင်ပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ ကျိန္တလီ တိုက်ပွဲတွေမှာ ရေတပ်ကို အသုံးပြုနေနိုင်တာလည်း ဖြစ်ပါတယ်။


ရခိုင်၊ ကျိန္တလီ မြို့တွင်းတိုက်ပွဲ ယနေ့ အပြင်းထန်ဆုံးဟုဆို

ရခိုင်ပြည်နယ် တောင်ပိုင်း ကျိန္တလီမြို့တွင်းမှာ သြဂုတ် ၁၅ ညပိုင်း လက်ရှိ သတင်းရေးနေတဲ့အချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းမှနေ၍ ဆက်တိုက်ပစ်ခတ်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ကျိန္တလီမြို့ဆိုတာ ရခိုင်ပြည်နယ် အစွန်ဆုံး နယ်စပ်မြို့ဖြစ်တဲ့ ဂွမြို့ကို မရောက်ခင် မိုင် ၄၀ အကွာမှာ ရှိတဲ့ မြို့ငယ်ကလေးတခု ဖြစ်ပါတယ်။ သံတွဲမြို့နဲ့ဆိုရင် မိုင် ၄၀ လောက် ဝေးပါတယ်။ ဒါကြောင့် သူက သံတွဲနဲ့ဂွမြို့နယ် အလယ်လောက်မှာ ရှိပါတယ်။

20 ta oxirgi post ko‘rsatilgan.