Postlar filtri


MHTNewsရဲ့(19-12-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
ထိုင်းနိူင်ငံမှာကျင်းပနေတဲ့မြန်မာ့အရေးဆွေးနွေးပွဲ၊
လူအများမသိသောတပ်မတော်ရဲ့အောင်မြင်မှုများ၊
⁃ (NUG)အုပ်စုကိုကိုရီးယားအစိုးရလက်မခံ၊
ကင်ဆာရောဂါပျောက်ဆေးတီထွင်လိုက်တဲ့ရုရှား၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

4.5k 0 25 20 162

Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
MHTNewsရဲ့(19-12-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
ထိုင်းနိူင်ငံမှာကျင်းပနေတဲ့မြန်မာ့အရေးဆွေးနွေးပွဲ၊
လူအများမသိသောတပ်မတော်ရဲ့အောင်မြင်မှု့များ၊
⁃ (NUG)အုပ်စုကိုကိုရီးယားအစိုးရလက်မခံ၊
ကင်ဆာရောဂါပျောက်ဆေးတီထွင်လိုက်တဲ့ရုရှား၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

10.7k 2 27 26 186

❝ထိုင်းနိုင်ငံမှာပြုလုပ်နေတဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဘာပြောသလဲ❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏𝟗》

ထိုင်းနိုင်ငံမှာပြုလုပ်နေတဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်နေပါတယ်။

အဆိုပါဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ယင်းဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဘာတွေပြောကြားခဲ့တယ်ဆိုတာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်ဆာက ပြောပြထားပါတယ်။

သတင်းအပြည့်အစုံကို ဒီနေရာမှာ👇

https://telegra.ph/Myanmar-Hard-Talk-12-19-13 ဖတ်ရှုနိုင်ပါတယ်။


အကြမ်းဖက်အုပ်စုဖြစ်တဲ့(AA) အခွန်ပြေစာဖြင့် မောင်းတောမှ ဘင်္ဂလားဒေ့ရှ်ကို
ပို့လာတဲ့ ဆန်အိတ်များကို လက်မခံဘဲ ပြန်ပို့၊

MHTNEWS (DEC~19)

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခံထားရတဲ့(AA )ထိန်းချုပ်ထားတဲ့ ဆိပ်ကမ်းကနေ တင်ပို့လာတဲ့ ဆန်အိတ်တင်စက်လှေတစ်စီးဘင်္ဂလားဒေ့ရှ်ဘက်မှာရှိတဲ့တက္ကနက်ဆိပ်ကမ်းကို ဒီဇင်ဘာ(၁၉)ဒီကနေ့မှာရောက်ရှိလာတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာတွေတွေမှာဖော်ပြထားပြီးအဆိုပါလှေပေါ်မှာ ဆန်အိတ်တန်ချိန် ၁၉ တန်ခန့်  (အိတ် ၄၀၀ ကျော်) တင်ဆောင်လာတယ်လို့ သိရပါတယ်။
စက်လှေပေါ်ကဆန်အိတ်တွေဟာ(AA)လက်နက်ကိုင်သူပုန်အဖွဲ့ကို အခွန်ဆောင်ပြီးကြောင်း ပြေစာဖြင့် တင်ဆောင်လာတဲ့
ဆန်အိတ်တွေ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းအာဏာပိုင်များက
AA ဟာ တရားဝင် နိုင်ငံတကာလက်ခံထားတဲ့ အစိုးရမဟုတ်တဲ့အတွက် အဆိုပါဆန်အိတ်တွေကို လက်မခံဘဲ ပြန်ပို့ခဲ့ကြောင်း
သိရပါတယ်။
ယခုကဲ့သို့ စာရွက်တွေက တရားဝင်မဟုတ်ဘဲ
ဆက်ကြေးသဘောမျိုးပေးဆောင်ပြီး သယ်ဆောင်လာတဲ့အတွက်
ဆီလျော်မှုမရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပစ္စည်းပို့တဲ့သူတွေအနေနဲ့ နောက်ထပ်ဆီလျော်တဲ့
စာရွက်စာတမ်းတွေ မရှိဘဲ ကုန်တွေ တင်ပို့လာမယ်ဆိုရင်
ကုန်ပစ္စည်းတွေကို သိမ်းဆည်းမယ်လို့ ပြောဆိုထားကြောင်း
သိရပါတယ်။
#mhtnews

5k 0 8 17 232

❝ရေဘေးကူညီဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းနိုင်ငံထဲအထိ ဝင်ရောက်အလှူခံနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက မိခင်နိုင်ငံသို့ ပြန်ပို့မယ်ဟုဆို❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏𝟗》

မြန်မာနိုင်ငံထဲက ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ထိုင်းနိုင်ငံထဲအထိ ဝင်ရောက်လာပြီး အလှူခံနေတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို ထိုင်းအာဏာပိုင်တွေက ထိမ်းသိမ်းထားပြီး မိခင်နိုင်ငံသို့ ပြန်ပို့သွားမယ်လို့ ချင်းရိုင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ပြောဆိုထားပါတယ်။

အဆိုပါ ချင်းရိုင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေနဲ့ မယ်ဆိုင်ရဲစခန်းမှ တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံအတွင်းကို တရားမဝင်ရောက်ရှိလာတယ်ဆိုတဲ့သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာကနေ စိုင်လွမ်ဂျွိုင်းဈေးအနီးဝန်းကျင်မှာ ထိုင်းနိုင်ငံသားတွေဆီ အလှူခံနေတဲ့ မြန်မာအုပ်စုကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အဲဒီမြန်မာနိုင်ငံသားတွေထဲမှာ ကလေးငယ် ၄ ဦး၊ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၁၈ ဦးပါဝင်တယ်လို့ မယ်ဆိုင်မြို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောဆိုထားပေမယ့် မြန်မာနိုင်ငံကိုပြန်ပို့မှာက ၁၂ ဦးလို့

Read More... https://telegra.ph/Myanmar-Hard-Talk-12-19-12


❝ကင်ဆာရောဂါကာကွယ်ဆေးကို ရုရှားပညာရှင်တွေက အောင်မြင်စွာစမ်းသပ်တွေ့ရှိခဲ့ပြီး လာမည့်နှစ် အစောပိုင်းမှာ စတင်ထုတ်လုပ် ဖြန့်ချိဖို့ မျှော်လင့်ထား❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏𝟗》

ရုရှားပညာရှင်တွေက ကင်ဆာရောဂါကာကွယ်ဆေးကို အောင်မြင်စွာစမ်းသပ်တွေ့ရှိခဲ့ကြပြီးဖြစ်လို့ အဲဒီဆေးကို လာမယ့် ၂၀၂၅ ခုနှစ်အစောပိုင်းမှာ စတင်ထုတ်လုပ် ဖြန့်ချိဖို့မျှော်လင့်ထားတယ်လို့ ရုရှားအစိုးရရဲ့ ပြောကြားမှုအရ သိရပါတယ်။

ရုရှားနိုင်ငံအနေနဲ့ သူ့ရဲ့ ကင်ဆာရောဂါကိုယ်ပိုင်ကာကွယ်ဆေးဖြစ်တဲ့ mRNA ကိုရှာဖွေတွေ့ရှိခဲ့ပြီး လူနာတွေကို အခမဲ့ဖြန့်ချိပေးမယ်လို့ ရုရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဓာတ်မှန်ဗေဒဆေးသုတေသနစင်တာမှ ညွှန်ကြားရေးမှူးချုပ် အန်ဒရေးကတ်ပရင်က ပြောဆိုခဲ့ကြောင်း Tass သတင်းဌာနမှာ ဖော်ပြသွားတာပါ။

အလားတူ ရုရှားသမ္မတ ပူတင်ကလည်း “ကျွန်တော်တို့အနေနဲ့ ကင်ဆာရောဂါ ကာကွယ်ဆေးတွေနဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားတုံ့ပြန်မှုကို ပြောင်းပေးနိုင်တဲ့ဆေးတွေကို ဖန်တီးတွေ့ရှိဖို့ နီးနေပါပြီ” ဆိုပြီး ယခု ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ပြောခဲ့ပါသေးတယ်။

ကြိုတင်စမ်းသပ်မှုတွေအရဆိုရင် အဲဒီကာကွယ်ဆေးဟာ ကင်ဆာအသားအကျိတ်ကြီးထွားလာမှုကို

Read More... https://telegra.ph/Myanmar-Hard-Talk-12-19-11

5.1k 0 18 3 221

❝ဒုတိယဝန်ကြီးချုပ်တွေက ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး ပြည်ထောင်စုဝန်ကြီးတွေက ဒုဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ကော်မရှင်အသစ် ၃ ခုကို နစက ဖွဲ့စည်း❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏𝟗》

ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် ကော်မရှင်အသစ် ၃ ခုကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒီဇင်ဘာ ၁၈ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စက်မှုကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်ဆောင်ရွက်နိုင်ဖို့အတွက် အသစ်ဖွဲ့စည်းလိုက်တဲ့ အဲဒီကော်မရှင်တွေက စက်မှုဖွံ့ဖြိုးရေးကော်မရှင်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်နဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံဖြိုးရေးကော်မရှင်တို့ ဖြစ်ကြပါတယ်။

အဲဒီကော်မရှင်တွေထဲက စက်မှုဖွံ့ဖြိုးရေးကော်မရှင်ကို ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်မှာဖြစ်သလို ဒုတိယဥက္ကဋ္ဌအဖြစ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ဆောင်ရွက်မှာဖြစ်ပါတယ်။

Read More... https://telegra.ph/Myanmar-Hard-Talk-12-19-10


တပ်မတော်ဆေးတက္ကသိုလ်အနေနဲ့ (၂၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲဒီမှာ တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းတွေရရှိတဲ့ ပညာရည်ထူးချွန်ဆုအဆင့်တွေ၊ ဂုဏ်ထူးတွေကို ဘယ်သူတွေက စစ်ဆေးခဲ့တာလဲ?

ပြီးတော့ တပ်မတော်ဆေး တက္ကသိုလ်ရဲ့ သင်ရိုးညွှန်းတမ်းတွေကိုရော ဘယ်လိုရေးဆွဲထားတာလဲ?

ဒီသတင်းမှာ👇
https://telegra.ph/Myanmar-Hard-Talk-12-19-9 ဖတ်ပါ။


❝စစ်ကိုင်းမြို့ပေါ်မှာနေထိုင်သူ အရပ်သားတစ်ဦးကို PDF အကြမ်းဖက်သမား (၄) ဦးက သတ်ဖြတ်သွား❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏𝟗》

စစ်ကိုင်းမြို့ပေါ်မှာနေထိုင်တဲ့ အရပ်သားတစ်ဦးကို PDF အကြမ်းဖက်သမား (၄) ဦးက သတ်ဖြတ်သွားတဲ့ဖြစ်စဥ်တစ်ခု ဒီဇင်ဘာ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူက စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်မှာနေထိုင်ကာ အရောင်းအဝယ်လုပ်ငန်းလြပ်ကိုင်တဲ့ အသက် (၅၀)နှစ်အရွယ် ဦးမင်းနိုင် ဆိုသူဖြစ်တယ်လို့ သိရပြီး စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်၊ ရွှေစင်ခဲရပ်ကိုသွားဖို့ ဆိုင်ကယ်နဲ့ တစ်ဦးတည်း ထွက်ခွာလာစဥ် ရွှေစင်ခဲရပ် ရွာလယ်လမ်းမအရောက်မှာ ဆိုင်ကယ်(၂)စီးနဲ့ ရောက်လာတဲ့ PDF အမျိုးသား (၄)ဦးက သေနတ်နဲ့ ပတ်ခတ်သွားခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ဦးမင်းနိုင်ဟာ နဖူးကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက်တို့နဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး အကြမ်းဖက် PDF တွေကတော့ ထုံးစံအတိုင်း စစ်ကိုင်းနယ်မြေရဲစခန်းရဲ့ အနောက်တောင်ဘက် (၉)မိုင်ခန့်အကွာမှာရှိတဲ့ နောက်ကြည့်ကျွန်းကျေးရွာကို ပြန်ပြေးသွားကြတယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎


❝တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏𝟗》

တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး၏ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်ဟု သိရသည်။

အဆိုပါ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ပြည်ထောင်စုဝန်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်...

Read More.. https://telegra.ph/Myanmar-Hard-Talk-12-19-8


❝တာချီလိတ်မြို့က ပြန်ပေးဆွဲဂိုဏ်းအဖွဲ့ဝင် (၆) ဦးကို အသေပစ်ခတ်ဖမ်းဆီးပြီး ပြည်ပေးဆွဲခံရသူကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ဟုဆို❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏𝟗》

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ်က ပြန်ပေးဆွဲဂိုဏ်းအဖွဲ့ဝင် (၆) ဦးကို လုံခြုံရေးတပ်ဖွဲ့မှ အသေပစ်ခတ်ဖမ်းဆီးပြီး ပြန်ပေးဆွဲခံရသူ အမျိုးသားကြီးတစ်ဦးကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့သည်ဟု လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၃)ရက်နေ့၊ နံနက်ပိုင်းက တာချီလိတ် မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ❛အိုကေ❜ ငွေလဲဆိုင်ပိုင်ရှင် ဦးရန်ထင်ချမ်းဆိုသူ ပြန်ပေးဆွဲခံရမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များမှ စုံစမ်းစစ်ဆေးရှာဖွေမှုများ ပြုလုပ်ရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဦးရန်ထင်ချမ်းဆိုသူသည် ၎င်း၏ အိမ်ရှေ့တွင် ရေဖြန်းနေစဉ်အမည်မသိ အမျိုးသား (၄) ဦးမှ ကားတစ်စီးဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ ပြန်ပေးဆွဲသွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့ရာ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက် ဆင်ဖြူမင်းလမ်းကြားရှိ အိမ်အမှတ် (၁/၂၇၀) တွင်

Read More... https://telegra.ph/Myanmar-Hard-Talk-12-19-7



12 ta oxirgi post ko‘rsatilgan.