အမေရိကန် ပြည်တွင်းစစ် ဖြစ်သွားနိုင်တယ်လို့ ပြောဆိုလိုက်တဲ့ တက္ကဆက်အုပ်ချုပ်ရေးမှုး Abbott
*********
ရွှေ့ပြောင်းနေထိုင်သူတွေ / ခိုးဝင်သူတွေဆီကမဲရဖို့ ကြိုးစားနေတဲ့ အဘိုးကြီး ဘိုင်ဒင်နဲ့ နယ်စပ်စည်းရိုးပြသနာ
***************
အတွေးအမြင် ဆောင်းပါး
********
ပြည်နယ် ၅၀ နဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရေစီ အရေး / လူ့အခွင့်အရေး တွင်တွင်အော်နေပြီး လုပ်ချင်ရာ လုပ်တဲ့ ဒီမိုကရက်တစ်ပါတီ အင်အား ကောင်းတဲ့ ပြည်နယ်တွေ ရှိသလို Great American Again ဆိုပြီး လူဖြူကြီးစိုးပြီး အမေရိကန် အကျိုးစီးပွားကိုသာ ကြည့်ရှု့တဲ့ ရီပါပလေကင် ပါတီတွေ အင်အားကောင်းတဲ့ ပြည်နယ်တွေ လည်း ရှိပါတယ် ၊ ဒါ့အပြင် သင့်တော်တယ့် ပါတီကိုဘဲ မဲထည့်မယ် ဆိုပြီး အခြေအနေ စောင့်ကြည့်နေတဲ့ ပြည်သူတွေ အများအပြား နေတဲ့ ပြည်နယ်တွေလည်း ရှိကြပါတယ် ။
အမေရိကန် ပြည်ထောင်စု ရဲ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စနစ် ကလည်း အများထင်သလို မရိုးရှင်းလှဘဲ ရှုပ်ထွေးမှု့တွေလည်း ရှိပါတယ် ၊ ပြည်နယ်တွေကလည်း ကိုယ့်ပြည်နယ် အလိုက် ဥပဒေတွေ ပြဋ္ဌာန်းခွင့်ရှိသလို ပြည်နယ် အုပ်ချုပ်ရေးမှုးတွေကိုလည်း ပြည်နယ်တွေကသာ ရွေးကောက်တင်မြှောက်ထာလေ့ ရှိပါတယ်။
ရီပါပလေကင် သမ္မတ လက်ထက်မှာ ဒီမိုကရက်တစ်ပါတီ ပြည်နယ် အုပ်ချုပ်ရေးမှုးတွေ နဲ့ အဆင်မပြေကြသလို လက်ရှိ ဒီမိုကရက်တစ်ပါတီ သမ္မတ ဘိုင်ဒင် လက်ထက်မှာလည်း ရီပါပလေကင် ပါတီ က ပြည်နယ်အုပ်ချုပ်ရေးမှုးတွေနဲ့လည်း အမြဲတမ်းလိုလို ပြသနာ တက်လေ့ရှိပါတယ် ။ အထူးသဖြင့် လူဖြူကြီးစီုးပြီး တရားဥပဒေ ကို လေးစားလိုက်နာတဲ့ တက္ကဆက်လို ပြည်နယ်မျိုးမှာတော့ သမ္မတ နဲ့ အုပ်ချုပ်ရေးမှုး အကြားမှာ တစောင်းဇေး နဲ့ မျက်ချေးဆိုသလို အဆင်ချောမွေ့ပြေလည်မှု့ မရှိပါဘူး ။
ကမ္ဘာ့ စစ်ရေး အင်အား၊ နိုင်ငံရေး၊ စီးပွားရေး ၊ နည်းပညာ ထိပ်တန်းနိုင်ငံ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတက ကမ္ဘာပေါ်မှာ သြဇာ အာဏာအရှိဆုံး သမ္မတ လို့ ပြောဆိုကြသလို အမေရိကန် စစ်တပ်ရဲ့ စစ်သေနာပတိချုပ်ကလည်း သမ္မတဘဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ပြည်နယ်တွေ မှာလည်း ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့် ၊ ရွေးချယ် တင်မြှောက်မှု့တွေ ရှိကြလို့ ဥပဒေ / နိုင်ငံ အကျိုးစီးပွားနဲ့ ဆန့်ကျင်တယ်လို့ ယူဆရင်တော့ သမ္မတ အမိန့်ကို လိုက်နာလေ့ မရှိဘဲ တရားလွှတ်တော်ချုပ်အထိ တရားပြန်စွဲခဲ့ တဲ့ အုပ်ချုပ်ရေးမှုးတွေလည်း ရှိခဲ့ကြပါတယ် ။
အမေရိကန် တောင်ပိုင်း မက္ကဆီကို နယ်စပ်နဲ့ ထိစပ်နေတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဒုတိယ အကြီးဆုံး ပြည်နယ် ဖြစ်တဲ့ တက္ကဆက် ပြည်နယ် မှာတော့ မက္ကဆီကိုက တဆင့် အမေရိကန် ပြည်ထောင်စုကို ခိုးဝင်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေ သိန်းနဲ့ချီ ရှိနေပါတယ် ။ သမ္မတ ဒေါ်နယ် ထရန့် လက်ထက်မှာ နယ်စပ်တလျှောက် ခိုးဝင် သူတွေကို ဟန့်တားဖို့ အတွက် အမေရိကန် ဒေါ်လာ ၁ .၅ ဘီလီလျံ ကုန်ကျတဲ့ သံဆူးကြိုးကာတဲ့ တံတိုင်းတွေ တည်ဆောက်ခဲ့ပါတယ် ။ ဒါ့အပြင် ရီပါပလေကင် ပါတီရဲ့ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott လက်ထက်မှာလည်း ခိုးဝင်တဲ့ ရွှေ့ပြောင်းအခြေချ သူတွကို ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူတဲ့ အတွက် ခိုးဝင်တဲ့ သူတွေတော်တော်များများ အခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ် ။
ဒီမိုကရက်တွေနဲ့ လူ့အခွင့်အရေး သမားတွေကတော့ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott ရဲ့ လုပ်ဆောင်ချက်တွေက အမေရိကန် စံနှုန်းနဲ့ မညီဘူး လူ့အခွင့်အရေးတွေ ချိုးဖောက်တယ် လို့ စွပ်စွဲကြပါတယ် ။ နယ်စပ်လုံခြုံရေး လိုလားတဲ့သူတွေ နဲ့ ရီပါပလေကင် ပါတီထောက်ခံသူတွေကတော့ Greg Abbott ရဲ့ ဆောင်ရွက်ချက်တွေကို ကြိုဆိုကြပါတယ် ။
အများသိကြတဲ့
လက်သုံးချောင်း ဗီဇာ လို့ ခေါ်တဲ့ နိုင်ငံရေး ရွှေ့ပြောင်း အခြေချသူတွေ နဲ့ ခိုးဝင်လာသူ အများစုက သူတို့ကို မျက်နှာသာ မပေးတဲ့ ရီပါပလေကင် ပါတီအင်အားကောင်းတဲ့ ပြည်နယ်တွေမှာ အခြေချလေ့ မရှိကြပါဘူး ၊ သူတို့ကို စာနာထောက်ထားပြီး နေစရာ စားစရာ ပေးပြီး လူ့အခွင့်အရေး အကြောင်း အမြဲ ပြောကြတဲ့ ဒီမိုကရက်တစ်တွေ အားကောင်းတဲ့ ဝါရှင်တန် လို ပြည်နယ်တွေမှာ သာ အခြေချနေထိုင်လေ့ ရှိပါတယ် ။အနေကြာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကလည်း နိုင်ငံသားတွေ ဖြစ်လာကြသလို Green Card တွေလည်း ရကြလို့ သူတို့ကလည်း ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တစ်တွေကို မဲပြန်ပေးကြပါတယ် ။
နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲ အတွက် အခုအခါမှာ ပါတီတွေ အပြိုင်အဆိုင် လှုပ်ရှားနေကြပါပြီ ၊ လူထုထောက်ခံမှု့ကျဆင်းနေပြီး လူသိပ်မကြိုက်တော့တဲ့ လက်ရှိဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ပြန်အရွေးခံမယ်လို့ ကြေညာထားပါတယ် ၊ဒါကြောင့်လည်း ဒီမိုကရက်ပြည်နယ်တွေမှာ ရှိတဲ့ သူ့ကိုထောက်ခံသူတွေ အပြင် ရွေ့ပြောင်းအခြေချ နေထိုင်သူတွေဆီကနေ မဲရဖို့ အတွက်လည်း ကြိုးစားလာပါတယ် ။