အကယ်ဒမီပေးပွဲ ကျင်းပမည့် ညတွင် ပဲခူးမြို့ပေါ်ရှိ လူစည်ကားရာနေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံးနှင့် ပစ်ခတ်တိုက်ခိုက်မည့် DSRB အဖွဲ့ကို လက်နက်များနှင့်အတူ ဖမ်းမိ
══════════════════════ { ပဲခူး }
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့် ယမန်နေ့ညက ပဲခူးမြို့ပေါ်ရှိ လူ
စည်ကားရာနေရာများဖြစ်သည့် စားသောက်
ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်နေသည့် DSRB အဖွဲ့အား ရှော့တိုက်ဒုံး ၁၀ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG လက်အောက်ခံ Dark Side Revolution Burma (DSRB) အဖွဲ့သည် အများပြည်သူများ ပျော်ရွှင်စွာကြည့်ရှု့မည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည့်ညတွင် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဉ်လျက်ရှိကြောင်း အကြမ်း
ဖက်မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ စစ်ဆေးမှုများအရ ဖေဖော်ဝါရီလ ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ကမာနတ်ကျေးရွာအနီး၊ ပဲခူး-သနပ်ပင်လမ်းဆုံ၌ ခဲရောင်မော်တော်ယာဉ်ပေါ်မှ Dark Side Revolution Burma (DSRB) အဖွဲ့ဝင်များဖြစ်သည့် ထက်နောင်နောင် (ခ) နောင်နောင်၊ အောင်နိုင်မျိုး၊ ကျော်ကျော်၊ လှဦး၊ ကေသီနှင့် ဥူးသောဘန (ခ) သာကျော်ဌေးတို့ ၆ ဦးတို့အား KIA အဖွဲ့မှ ထုတ်လုပ်သည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ စနစ်တံ ၁၀ ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့်တရားခံ အောင်နိုင်မျိုး၏ ထွက်ဆိုချက်အရ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ရေတံခါးတာဝ ကျေးရွာရှိ ၎င်း၏ နေအိမ်ခြံဝန်းအတွင်း၌ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေခဲ့ရာ ၄၀ မမ လက်လုပ်ဗုံးပစ် လောင်ချာ တစ်လက်၊ လက်လုပ်ရှေ့ထွက်မိုင်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်။
ဖမ်းမိခဲ့သည့် တရားခံများ၏ ထွက်ဆိုချက်အရ NUG လက်အောက်ခံ Dark Side Revolution Burma (DSRB) အဖွဲ့မှ တရားခံပြေး ရှိုင်းဝေ (ခ) အာအိုင်မှ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့်ညတွင် အပြစ်မဲ့ပြည်သူများ ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်လျက် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စေ
ခိုင်းခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်မှုများ ဆောင်ရွက်ရန်အတွက် သိမ်ဇရပ်မြို့အဝင်တွင် ရှိုင်းဝေ(ခ) အာအိုင်ထံမှ ၁၀၇ မမ ရှော့တိုက်ဒုံးများအား သွားရောက်ယူဆောင်၍ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့၏ ထွက်ဆိုချက်များအရ အဆိုပါ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် နေရာများအား ပစ်မှတ်ထား ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရသည်ဟု ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
ဖြစ်စဉ်တွင်တရားခံကျး(၅)ဦး ၊မ(၁)ဦးတို့အား
KIAအဖွဲ့မှထုတ်လုပ်သည့် ၁၀၇ မမရှော့တိုက်ဒုံး(၁၀)လုံး၊စနက်တံ(၁၀)ခု၊၄၀မမ လက်ပစ်ဗုံးပစ်လောင်ချာ ၁ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း
(၁)လုံးတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
#YNI
#ပဲခူး
#DSRB အဖွဲ့ကို
#လက်နက်များနှင့်အတူ ဖမ်းမိ