နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဒီဇင်ဘာလ - ၁၈ ရက်
တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်း အနား ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင် တန်း အမှတ်စဉ်(၂၅)မှ အောင်စစ်သည်ဆု ရရှိသူ ဗိုလ်လောင်း ကောင်းမြင့်မြတ်ထွန်း ၊ လေ့ကျင့်ရေးထူးချွန်ဆု ရရှိသူ ဗိုလ်လောင်း သော်ဇင်ဦး နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အောင်ကိုကိုထက် တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် သင်တန်း ဆင်းမိန့်ခွန်းပြောကြားရာတွင် တပ်မတော်ဆေးတက္ကသိုလ်ကို “တပ်မတော် (ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင်အရာရှိ ကောင်းများ မွေးထုတ်ပေးရန်” ဟူသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်အရာရှိ ဆရာဝန် ဆေးမှူးများကို စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ တပ်မတော် ဆေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်သည့် တပ်မတော် သားဆေးသိပ္ပံပညာရှင်များသည် တပ်မတော်သားအရာရှိ၊ စစ်သည်မိသားစုဝင်များသာမက တိုင်းရင်းသားပြည် သူလူထု၏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနေ သကဲ့သို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် ဆေးသိပ္ပံပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင်လည်း အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို ဂုဏ်ယူဝမ်းမြောက် ဖွယ် တွေ့မြင်ကြရမည် ဖြစ်ကြောင်း။တပ်မတော်အရာ ရှိ ဆရာဝန်ဆေးမှူးများ၏ ကျွမ်းကျင်မှုနှင့် ကျန်းမာရေး စောင့် ရှောက်ပေးမှုများသည် မိမိတို့တပ်မတော်သား များ၏ ကျန်းမာကြံ့ခိုင်ရေးအတွက် အလွန်အရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်ပြီး တပ်မတော်အင်အား တောင့် တင်းခိုင်မာရေး အတွက်အခြေခံလိုအပ်ချက်ဖြစ်သကဲ့သို့ နိုင်ငံတော်ကာကွယ်ရေးစွမ်းပကား မြင့်မားစေ ရေးအတွက်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုလျက်ရှိကြောင်း၊ တိုက်ပွဲဝင် စစ်သည်တိုင်း တိုက်စွမ်းရည်မြင့်မားရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေး အထူးလိုအပ်သော ကြောင့် သင်ယူတတ်မြောက်ထားသည့် ဆေးပညာ ရပ်များကို အသုံးချပြီး နေရာဒေသမရွေး၊ အချိန်အခါမရွေး လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးသွားကြရမည်ဖြစ်ကြောင်း။ယနေ့ခေတ်သည် သိပ္ပံနှင့် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဆေးသိပ္ပံပညာရပ် နယ်ပယ်သည်လည်း တစ်နေ့တခြားတိုးတက်ပြောင်းလဲ နေ သည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ ဆန်းသစ်ပြောင်းလဲလာသည့်ကုထုံးနှင့်ဆေး ဝါးကိရိယာအသစ်များ ပေါ်ပေါက် လာသကဲ့သို့ ထူးခြားဆန်းပြားသည့်ရောဂါဘယများကလည်း ဆေးပညာနယ်ပယ်ကို စိန်ခေါ်လျက်ရှိ နေကြကြောင်း၊ ယင်းတို့ကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ဆေးသိပ္ပံဆိုင်ရာ ပညာရပ်များနှင့်ပတ်သက်၍ သုတေသ နပြုခြင်းအပါအဝင် တီထွင်ဆန်းသစ်မှုများကို လည်း စဉ်ဆက်မပြတ် လေ့လာဆောင် ရွက်သွားကြရ မည်ဖြစ် ကြောင်း၊ လက်ရှိ မိမိတို့ နိုင်ငံတွင်လည်း အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီကို ဖွဲ့စည်း ထားပြီး ဆန်းသစ်တီထွင်မှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေကြောင်း၊ ကျန်း မာရေး ကဏ္ဍဆိုင်ရာ တွင် နည်းပညာအသစ်များနှင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု၊ ကျန်းမာရေးနှင့် လူသားအရင်းအမြစ်ချိတ် ဆက်မှု၊ ဆေးပညာဆိုင်ရာ တက္ကသိုလ်အဆင့် ချိတ်ဆက်မှုများမှတစ်ဆင့် ကုသမှုနည်းပညာများ ပေါင်းစည်း ခြင်းနှင့် အဆင့်မြင့်ကုသ နည်းဖော်ထုတ်ခြင်း အစရှိသည်တို့ကို နည်းပညာလွှဲပြောင်းမှု စင်တာများနှင့် အသိပညာ ဖြန့်ဝေရေးစင်တာများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ပြောင်း လဲတိုးတက်လာသည့် နည်းပညာရပ်များ၊ ဆေးသိပ္ပံပညာရပ်များကို မျက်ခြည် မပြတ်စေဘဲ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ဆေးသိပ္ပံပညာရှင်များဖြစ်အောင် တပ်မတော်ဆေးတက္ကသိုလ်က သင်ကြားပေး လိုက် သည့် ဆေးပညာရပ်များမှတစ်ဆင့် အဆင့်မြင့်ဆေးပညာရပ်များကို ဆက်လက် ဆည်းပူး လေ့လာဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ် အနက် လူမှုရေးဦးတည်ချက်ဒုတိယအချက်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူ အား လုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူသည့်အချက်ကို အကောင်အထည် ဖော် ရန်အတွက်