တပ်မတော်ဆေးတက္ကသိုလ်၏ (၂၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
+++++++++++++++++++++++++++++++++++++++++++++
နေပြည်တော် ဒီဇင်ဘာလ ၁၈ ရက်
တပ်မတော်ဆေးတက္ကသိုလ်၏(၂၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးညွန့်၊ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့် တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ ဝင်များ စုံညီစွာတက်ရောက်ကြ သည်။
အစီအစဉ်အရ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် မြန်မာ့ဆိုင်းတူရိယာအဖွဲ့ က နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာ ခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ် အတိုင်းဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ်က ဆေးပညာဘွဲ့ နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ ရရှိသူတို့အား ဘွဲ့လက်မှတ် များချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့ရသူများအားဘွဲ့များနှင့်လျော်ညီ သောအဆောင်အ ယောင်အမှတ်လက္ခဏာဖြစ်သည့်ဝတ်ရုံများကိုဝတ်ဆင်ခွင့်ပြုခဲ့ပြီးဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင်လက်မှတ် ရေးထိုးသည်။
ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနား ကိုရုပ်သိမ်းကြောင်း ကြေ ညာကာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များသည် ဘွဲ့ နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။
အဆိုပါ တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းများရရှိသည့် ပညာရည်ထူးချွန်ဆုအဆင့်များ ဂုဏ်ထူးများ သည် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်သာ စစ်ဆေး ခြင်းမဟုတ်ဘဲ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေး တက္ကသိုလ် (မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး)စသည့် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် စာစစ်ပုဂ္ဂိုလ်များ၏ စစ်ဆေးချက်များနှင့်အညီ ချီးမြှင့်ခြင်းဖြစ် ကြောင်း၊ တပ်မတော်ဆေး တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကိုလည်း အခြားသောတက္ကသိုလ်များနှင့် ညှိနှိုင်းရေးဆွဲထားရှိပြီး ဆေးပညာ သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းအရ စံချိန်စံညွှန်းသတ်မှတ်ချက် များနှင့်အညီ အထူးအောင်သတ်မှတ် ခြင်းနှင့် ဂုဏ်ထူးပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။