Ko Thet dan repost
◾️ ဒီကနေ့အထိ စစ်ပွဲရဲ့ ၆ ရက်တာ ကာလအတွင်းမှာ ရန်သူကို နောက်ဆုံးအချိန်ထိ ရင်ဆိုင်တိုက်ခိုက်ပြီး တပ်မတော် နဲ့တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် တချို့လည်း အနည်း နဲ့အများ ရှိခဲ့တယ်။ ဒီနေ့အထိ တပ်မတော်က စွန့်လွှတ်ပေးလိုက်တယ်ဆိုတဲ့ စခန်း တွေကလည်း သိပ်ပြီး ပြောပလောက် တဲ့ စခန်းတွေတော့မဟုတ်ဘူး။ အများစုက နယ်စပ်ဒေသလုံခြုံရေးနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိမ်းတဲ့တပ်စုအဆင့်စခန်းတွေမို့ တက်နိုင်သလောက် ခံစစ်ပြင်ပြီး အင်အား မတန်တဲ့အခါ ဆုတ်ပေးလိုက်တာမျိုးက ဖြစ်လည်းဖြစ်သင့်တယ်။
◾️ မြောက်ပိုင်း ၃ ကောင်အဖွဲ့ရဲ့ တိုက်တွန်းနှိုးဆော်ချက်ဆိုတဲ့ စာက အောက်တိုဘာ ၃၁ ရက်စွဲနဲ့ (မနေ့)က ထုတ်ပြန်လာခဲ့တာတွေ့ရတယ်။ ဒီထဲမှာ ဘယ်အချက်တွေ သွားတွေ့ သလဲဆိုတော့ “စစ်သားတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို မထိခိုက်အောင် ဆောင်ရွက် ပေးမည် တို့၊ လက်နက်ချရင် ဖမ်းဆီးခြင်းမပြုပါ” ဆိုတာမျိုးတွေက အတော်လေးကို ယုတ္တိမဲ့တဲ့ ထုတ်ပြန်ချက်ဆိုက်ဝါးတွေဆိုတာ တွေ့လိုက်ရတယ်။(ယုံရင် ဖောင်ဆိပ် ရဲကင်း အသတ်ခံရတာကို ပြန်ကြည့်ပါ) တပ်မတော်က ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိတွေအနေနဲ့ CDM လုပ်လို့ ဟိုဘက်ရောက်သွားတာတောင် အသတ်ခံရတဲ့သူက ခပ်များများရယ်။ အသက်ရှင်ကျန်ခဲ့တဲ့သူတွေအနေနဲ့လည်း တသက်လုံး လူတောမတိုးနိုင်တော့ဘူး။ ကိုယ့်အဖွဲ့အစည်း အပေါ်တောင် သစ္စာမရှိဘဲ ဘက်ပြောင်းတဲ့သူမျိုးကို ဘယ်အဖွဲ့ အစည်းကမှ စိတ်ချလက်ချ ယုံကြည်ပြီး အရှင်လည်း မထားဘူး။ အရှင်ထားလောက် အောင်လည်း မြောက်ပိုင်း ၃ ကောင် အဖွဲ့ဆိုတာက အနိမ့်ဆုံးအဆင့် အစိုးရ ၊ တပ်မတော်နဲ့ ငြိမ်းချမ်းရေးအဆင့်တောင် စာချုပ် ချုပ်ထားတာ မရှိဘူး။
◾️လက်ရှိ လက်နက်ကိုင်တချို့တွေအနေနဲ့ လူကြားကောင်းအောင် ဘယ်လိုပဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတို့ ဘာတို့ အော်နေပါစေ NCA ကို လက်မှတ်မထိုးချင်ဘူးဆိုတာ ရှင်းတယ်။ NCA ရဲ့နောက်ဆုံးသွားရာ လမ်းကြောင်းဟာ နိုင်ငံရေးပဲ။ သေချာတာကတော့ သူတို့ခေါင်းဆောင်တွေကိုယ်တိုင် လက်ရှိ ဒေသအခြေစိုက်အာဏာမျိုးကို လက်မလွှတ် ချင်ဘူးဆိုတာ သေချာတာတွေ့ရတယ်။ ကချင်ဟာ ဝမ်ပေါင်နိုင်ငံဆိုပြီး တစင်ထောင်ချင် တယ်။ MNDAA ကလည်း နယ်မြေလိုချင်တယ်။ ရခိုင်ကတော့ ကြေးစားသာသာပဲ။ KIA ရဲ့ ခိုင်းဘက်ဆိုတော့ စစ်ကစားတဲ့နေရာတိုင်းမှာ အသုံးချခံရမှာပဲ။ ဒါ့ကြောင့်လည်း AA စစ်စခန်း တွေကို ကရင်ဘက်မှာလည်းတွေ့ရသလို မုန်လိုင်ခက်မှာလည်း ရှိနေတာ ဖြစ် တယ်။ ဒဲ့ပြောရရင် သူတို့အနေနဲ့ NCA ကို စိတ်ဝင်စားမှု မရှိဘူး။
◾️အရပ်သား အစိုးရ ၂ ဆက် ချိန်းသွားသည့်တိုင်အောင် ကျောက်မဲ၊နောင်ချို ဟာ အညိုလိုလို ၊ အဖြူလိုလိုဖြစ်နေတာမျိုးက အနာဂတ်အတွက် သိပ်တော့မကောင်းဘူး။ အပစ်အခတ်ရပ်စဲမှုရဲ့တချို့သော အကျိုးဆက်တွေကတော့ EAOs တွေရဲ့နယ်မြေချဲ့ထွင်မှု တွေပဲ။ မြောက် ၃ ကောင်ကို ထိထိရောက်ရောက်မှ မချေမှုန်းရင် မန္တလေး-မူဆယ် ကုန်သွယ်ရေးဇုန် လမ်းကြောင်းဟာ အတိုင်းအတာ တစ်ခုထိ ပိတ်သွားနိုင်တယ်။ ဒါဟာ တနည်းအားဖြင့်ကြည့်ရင် တရုတ်ရဲ့ ပိုးလမ်းမနဲ့ရပ်ဝန်း စီမံကိန်းကိုပါ တိုက်ရိုက်ထိခိုက်စေ တာလည်း တွေ့ရမှာဖြစ်တယ်။
◾️စစ်သားတွေရဲ့ အတွေး၊ တပ်မတော်ကို ချစ်တဲ့မိသားစုဝင်တွေရဲ့ ခံယူချက်က တော့ ရှင်းပါတယ်။ ကိုယ့်ရဲဘော်၊ ရဲဘက်တွေကိုထိရင် မချိအောင် နာတတ်ကြတာ သဘာဝပဲကိုး။ အပြစ်တော့ မပြောသာပါဘူး။ ပြည်သူပါတဲ့ စစ်ဟာ နိုင်ပါတယ်။ ကိုယ်အရင်အတိုက်ခံရလို့ ပြန်တိုက်ရတဲ့ လက်တုန့်ပြန်မှုတွေတိုင်းက တရားပါတယ်။ သူတို့လေးတွေကို ပျော်နိုင်အောင် လုပ်ပြပေးရုံလောက်ပဲ လိုတာပါ။
(နရီမိုး)