ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၂၆/၁၁/၂၀၂၄ ရက် ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)
နံနက်ပိုင်း ၈ နာရီအချိန်ခန့်က အမ်းလေဆိပ်မြောက်ဘက် ကာကင်းနေရာအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်စစ်ကူစစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်းမှစ၍ ရန်သူတိုက်စစ် နောက်ကျောဘက်နေရာများအား စတင်ရှင်းလင်း တိုက်ခိုက်လျက်ရှိရာ နံနက် ၁၀ နာရီခန့်က ကြောင်ဖြူကွင်းရွာအနီး နှစ်ဖက်တိုက်ပွဲ ၃ နာရီခန့်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ကြောင်းနှင့် ယနေ့တွင်လည်း စစ်ကူစစ်ကြောင်းများအား ရဟတ်ယာဉ်များဖြင့် ထပ်မံပို့ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။
(တောင်ကုတ်)
နံနက် ၈ နာရီအချိန်ခန့်က AA သောင်းကျန်းသူများမှ အဖွဲ့ငယ်များခွဲကာ စကခ ၅ အနောက်ဘက် ကာကင်းနေရာနှင့် ရိပ်သာတို့အား လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ၃ နာရီခန့် ဖြစ်ပွားခဲ့ကာ သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်းနှင့် နံနက်ပိုင်း ၁၁ နာရီခန့်က မြို့အရှေ့တောင်ဘက် မီတာ ၂၃၀၀ ခန့်အကွာရှိ ဆက်သွယ်ရေးကာကင်းကုန်းအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ ၂ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တား နိုင်ခဲ့ကြောင်း သိရှိရသည်။
(မောင်တော)
နံနက်ပိုင်း ၉ နာရီအချိန်ခန့်က နခခ(၅)ရှိ ဘန်ကာ(၅)နေရာအား AA အကြမ်းဖက် သောင်းကျန်းသူများမှ လက်နက်ကြီး/ငယ်များဖြင့် လာရောက် တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ အပြင်းအထန် ပြန်လည်တိုက်ခိုက်ချေမှုန်းမှု၊ လက်နက်ကြီးများဖြင့် သောင်းကျန်းသူရှိရာ နေရာများအား တိုက်ခိုက်ချေမှုန်းမှုတို့ကြောင့် ညနေ ၆ နာရီခွဲ အချိန်ခန့်ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။