PAN


Kanal geosi va tili: Myanma, Birmancha


တိကျမှန်ကန် PAN
Viber 📬 09772979725
Email 💌 positiveanglenews.pan@gmail.com
Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK and Viber Channel. Wellcome to PAN.

Связанные каналы  |  Похожие каналы

Kanal geosi va tili
Myanma, Birmancha
Statistika
Postlar filtri


ညဘက်အစာစားခြင်း၏ ဆိုးကျိုးများ
*****
(ကျန်းမာရေး)ဇန်နဝါရီ  ၂၁

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ညဘက်အစာစားခြင်း၏ ဆိုးကျိုးများအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      လူ့ခန္ဓာကိုယ်မှာ Circadian Rhythm လို့ခေါ်တဲ့ တစ်နေ့ကို ၂၄ နာရီ အချိန်မှန်မှန်လည်ပတ်နေအောင်ထိန်းညှိပေးတဲ့ စနစ်တစ်ခုရှိပါတယ်။အကယ်၍ Circadian Rhythm ကို ဆန့်ကျင်ပြီး အကြောင်းအမျိုးမျိုးနဲ့ညဖက်တွေမှာ ရက်ဆက်ပြီး အစားအသောက်တွေ စားသောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဟော်မုန်းအပြောင်းအလဲတွေ၊ ခန္ဓာကိုယ်က အစိတ်အပိုင်းတွေရဲ့လုပ်ဆောင် ချက် အပြောင်းအလဲတွေဖြစ်ပေါ်လာနိုင်ပါတယ်။

       ညဘက်အစာစားခြင်းက ခန္ဓာကိုယ်မှာ အခုလို အပြောင်းအလဲလေးတွေ ဖြစ်ပေါ်လာစေပါတယ်။

၁။ ဟော်မုန်းထုတ်လုပ်မှုပြောင်းလဲလာခြင်း

      ညဘက်အစာစားခြင်းက အင်ဆူလင်ဟော် မုန်းပမာဏကို အပြောင်းအလဲ .....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage>>...
https://positiveanglenews.com/2025/01/20/ညဘက်အစာစားခြင်း၏-ဆိုးကျ/

https://t.me/positiveanglenews
#PAN


မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
​၄၇ ဦးမြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆို
(နိုင်ငံတကာ) ဇန်နဝါရီ ၂၁
အ​မေရိကန်၏၄၇ဦး​မြောက်သမ္မတအဖြစ်​ဒေါ်နယ်ထရမ့်နှင့် ဒုတိယ သမ္မတဗန့်တို့ သည် ဒေသစံတော်ချိန် မွန့်းတည့် ၁၂ ခန့်တွင်
ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

#PAN


ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့ မှ သတ်ဖြတ်
*******************
(မှုခင်း) ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်၊ မကျီးကန်ကျေးရွာ အရှေ့ဘက်ရှိ ဇရပ်အနီးတွင် အကြမ်းဖက် PDF အမျိုးသား ၃ ဦးမှ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးအား သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဒေါ်လဲ့လဲ့ဝင်း၊ ၄၀ နှစ်၊(ဘ)ဦးဆယ်မြင့်သည် နေအိမ်၌ရှိနေစဉ် မိခင်ဖြစ်သူမှ ဖုန်းဖြင့်ဆက်သွယ်၍ ဖခင်ဖြစ်သူ ဦးဆယ်မြင့်၊ ၆၅ နှစ်၊ (ဘ)ဦးညီမောင်၊ ယာဉ်မောင်း(ပြည်ခိုင်ဖြိုးပါတီဝင်)၊ မကျီးကန်ကျေးရွာနေသူအား မကျီးကန်ကျေးရွာ အရှေ့ဘက်ရှိ ဇရပ်အနီးတွင် အကြမ်းဖက် PDF အမျိုးသား ၃ ဦးမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ပြောကြားခဲ့သဖြင့် ဒေါ်လဲ့လဲ့ဝင်းမှ သွားရောက်ကြည့်ရှုခဲ့ရာ ဖခင်ဖြစ်သူ ဦးဆယ်မြင့်တွင် ဝဲ-နားရွက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲဘက်လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပုခုံး ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်....

Webpage>>...
https://positiveanglenews.com/2025/01/20/ပြည်ခိုင်ဖြိုးပါတီဝင်တ/

VK Link>>...
https://vk.com/wall-220066330_10336

Telegram»...
https://t.me/positiveanglenews

#PAN


#PAN


လက်စတာစီးတီးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိနေတဲ့ နည်းပြ နစ္စတယ်ရွိုင်း
*********************
(အားကစား) ဇန်နဝါရီ ၂၀

လက်စတာစီးတီးအသင်းဟာ လက်ရှိအချိန်မှာ ရလဒ်များအလွန်ဆိုးရွားနေခြင်းကြောင့် အသင်းနည်းပြ နစ္စတယ်ရွိုင်း ကို ရာထူးမှ ထုတ်ပယ်သွားဖွယ်ရှိကြောင်း သတင်းများက ထွက်ပေါ်နေပါတယ်။

လက်စတာစီးတီးအသင်းက ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ ပွဲကစားအပြီးမှာ ရမှတ် ၁၄ မှတ် နဲ့ အဆင့် (၁၉) နေရာမှာ ရပ်တည်ပြီး ရလဒ်များ အလွန်ဆိုးရွားနေခြင်းကြောင့် နည်းပြ နစ္စတယ်ရွိုင်း ကို ရာထူးမှ ထုတ်ပယ်သွားရန် စီစဉ်လျက်ရှိကြောင်း သတင်းများက ဖော်ပြနေကြတာ ဖြစ်ပါတယ်။

နည်းပြ နစ္စတယ်ရွိုင်း က လက်စတာစီးတီးအသင်းကို ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်က စတင်ကိုင်တွယ်ပြီး ပြိုင်ပွဲ ၁ဝ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၇ ပွဲရှုံးနဲ့.....

Webpage>>...
https://positiveanglenews.com/2025/01/20/လက်စတာစီးတီးအသင်းနည်းပ/

VK Link>>...
https://vk.com/wall-220066330_10335

Telegram»...
https://t.me/positiveanglenews

#PAN


ကုက္ကိုလ်စုကျေးရွာအနီး တပ်မတော်ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွား
*********************
(ပြည်တွင်း) ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုလ်စုကျေးရွာအနီးတွင် ယနေ့ညနေ ၅ နာရီအချိန်ခန့်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်ပူးပေါင်းအဖွဲ့သည် Y-8 ဖြင့် Air Drop ကောက်ယူရန်ဆောင်ရွက်နေစဉ် အကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးခန့် ချောင်းဖြတ်ကူးလာသည်ကိုတွေ့ရှိရပြီး တပ်မတော်ပူးပေါင်းအဖွဲ့မှ လက်ဦးမှုရယူ၍ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်ပြေး သွားခဲ့ရကြောင်း သိရသည်။

အဆိုပါထိတွေ့တိုက်ပွဲမှ အကြမ်းဖက်အဖွဲ့ဘက်မှ အရပ်ဝတ် ကျားအလောင်း ၂ လောင်း၊ M-22 သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ပူးပေါင်းအဖွဲ့မှ ပြည်သူ့စစ် ၁ ဦး.....

Webpage>>...
https://positiveanglenews.com/2025/01/20/ကုက္ကိုလ်စုကျေးရွာအနီး/

VK Link>>...
https://vk.com/wall-220066330_10333

Telegram»...
https://t.me/positiveanglenews

#PAN


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
အပစ်ရပ်လိုက်တာကြောင့် လာရှိုးကနေ MNDAA မူရ​င်းအရပ်ကို လာမယ့် ဇွန်လမှာ ပြန်ရမယ်


2025 Australian Open မှာ စတုတ္ထအဆင့်သို့ တက်ရောက်နိုင်ခဲ့တဲ့ အယ်လ်ကာရက်ဇ်
*********************
(အားကစား) ဇန်နဝါရီ ၂၀

သြစတြေးလျနိုင်ငံမှာ ကျင်းပပြုလုပ်လျက်ရှိသော အမျိုးသားတင်းနစ်ပြိုင်ပွဲဖြစ်တဲ့ 2025 Australian Open တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်သို့ စပိန်တင်းနစ်ကစားသမား အယ်လ်ကာရက်ဇ် တက်ရောက်ခဲ့ပါတယ်။

အဆိုပါ စပိန်တင်းနစ် ကစားသမား အယ်လ်ကာရက်ဇ် က 2025 Australian Open တင်းနစ်ပြိုင်ပွဲ တတိယအဆင့်မှာ ပေါ်တူဂီတင်းနစ် ကစားသမား နူနိုဘိုလ်ဂတ် ကို ၆-၂၊ ၆-၄၊ ၆-၂ နဲ့ အနိုင်ရရှိကာ စတုတ္ထအဆင့်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

2025 Australian Open တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်မှာ စပိန်တင်းနစ်ကစားသမား အယ်လ်ကာရက်ဇ် နှင့် ဗြိတိန်တင်းနစ်ကစားသမား ဂျက်ဒစ်ဖာ တို့.......

Webpage>>...
https://positiveanglenews.com/2025/01/20/2025-australian-open-မှာ-စတုတ္ထအဆင့်သို့-တ/

VK Link>>...
https://vk.com/wall-220066330_10331

Telegram»...
https://t.me/positiveanglenews

#PAN


စိတ်ကျန်းမာရေးမကောင်းသူ မိခင်ဖြစ်သူမှ ၄ နှစ်အရွယ် သမီးအား သတ်ပြီး ကြိုးဆွဲချသေဆုံး
******************
(မှုခင်း) ဇန်နဝါရီ ၂၀

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းအုပ်စု၊ ရွာသစ်ကျေးရွာတွင် သားမိနှစ်ဦး နေအိမ်တွင် သေဆုံးနေကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ဒေါ်သိန်းမူ၊ ၄၀ နှစ်၊ (ဘ)ဦးစိန်ကြီး ရွာသစ်ကျေးရွာနေသူသည် ၎င်းနေအိမ် အပေါ်သစ်သားထုပ်တန်းအား အစိမ်း၊အနီ၊ အပြာရောင် ပလတ်စတစ်ကျစ်ကြိုးအားချည်၍ ကြိုးစတစ်ဘက်တွင် လည်ပင်းအားချည်နှောင်ကာ ကြိုးတန်းလန်းဖြင့် ကြမ်းခင်းပေါ်တွင် ခြေဖျားထောက်၊ ဒူးကွေး၊လျှာထွက်၊ ယာဘက်လက်ချောင်းများတွင် သွေးစများ၊ လည်ပင်းကြိုးကွင်းရာဖြင့် အရှေ့ဘက်သို့ မျက်နှာမူကာ သေဆုံးနေကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ဒေါ်သိန်းမူ၏ အရှေ့ဘက် အိပ်ယာထဲတွင် ၎င်း၏ သမီး မသီရိဇော်၊ ၄ နှစ်၊ (ဘ)ဦးမင်းဇော်သည် ဘေးတစောင်းအနေအထားဖြင့် တောင်ဘက်သို့ လှည့်ကာ လည်ပင်းတွင် ဓါးဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်တွင်....

Webpage>>...
https://positiveanglenews.com/2025/01/20/စိတ်ကျန်းမာရေးမကောင်းသ/

VK Link>>...
https://vk.com/wall-220066330_10330

Telegram»...
https://t.me/positiveanglenews

#PAN


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ထိုင်း - မြန်မာ နယ်စပ်က ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်တွေကို နှစ်နိုင်ငံပူးပေါင်းနှိမ်နှင်းဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။

#pan_production


ရန်ကုန်- မန္တလေးကားလမ်းဟောင်းတွင် ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွာ
******
(မှုခင်း) ဇန်နဝါရီ ၂၀

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာ ရန်ကုန်- မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်(၂၂၆/၆)နှင့် (၂၂၆/၇)ကြားတွင် ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်ကဘပျဉ်းမနားမြို့ဘက်မှ တပ်ကုန်းမြို့ဘက်သို့ ဥက္ကာမောင်၊ ၂၈ နှစ်၊ (ဘ)ဦးကျော်မောင်၊ ကင်းသာကျေးရွာ၊ တပ်ကုန်မြို့နယ် နေသူမောင်းနှင်သည့် ၇၆ယ/........၊ Luojia အနက်ရောင်ယာဉ်အား‌ မောင်းနှင်လာစဉ် လမ်း၏အနောက်ဘက်မှ အရှေ့ဘက်သို့ တင်ဦး၊ ၅၄ နှစ်၊ (ဘ)ဦးမောင်ကို၊ စိမ်းစားပင်ကျေးရွာ၊ မအူတောကျေးရွာအုပ်စု၊ ဇေယျာသီရိမြို့နယ်နေသူ မောင်းနှင်သည့် ၂၄ ယ/.......၊ Luojia အနက်ရောင်ယာဉ်သည် လမ်းအားဖြတ်မောင်စဉ် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့်.....

Webpage>>...
https://positiveanglenews.com/2025/01/20/ရန်ကုန်-မန္တလေးကားလမ်းဟ/

VK Link>>...
https://vk.com/wall-220066330_10329

Telegram»...
https://t.me/positiveanglenews

#PAN


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ဂွမြို့နယ် ဆတ်သွားကျေးရွာက AA ခေါင်းဆောင်ပိုင်းတစ်ချို့နေထိုင်တဲ့အိမ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် အိမ်ပေါ်မကျပဲ သင်တန်းကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့လို့ AA စစ်သင်တန်းသားသစ် ၆၀ ဦးထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။

#pan_production


ဖိလစ်ပိုင်နှင့်အမေရိကန်တို့က တောင်တရုတ်ပင်လယ်အတွင်း ပဉ္စမအကြိမ်အဖြစ် ပူးတွဲ ရေတပ်စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်
*********************
(နိုင်ငံတကာ) ဇန်နဝါရီ ၂၀

ဖိလစ်ပိုင်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် တောင်တရုတ်ပင်လယ်အတွင်း ပဉ္စမအကြိမ်အဖြစ် ရေတပ်စစ်ရေးလေ့ကျင့်မှုများကို ပူးတွဲဆောင်ရွက်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံက ဇန်နဝါရီလ ၁၉ ရက်တွင် ထုတ်ပြန် သည်။

နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဇန်နဝါရီလ ၁၇ နှင့် ၁၈ ရက်တို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ဖိလစ်ပိုင်စစ်ဘက်က ထုတ်ပြန်သည်။

ယခုလုပ်ဆောင်ခဲ့သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ဖိလစ်ပိုင် နှင့် အမေရိကန်တို့ကြား ယခုနှစ်အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင် သည့် ၂၀၂၃ ခုနှစ်မှစ၍ ပဉ္စမအကြိမ်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နှင့် အမေရိကန်တို့ကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများသည်....

Webpage>>...
https://positiveanglenews.com/2025/01/20/ဖိလစ်ပိုင်နှင့်အမေရိကန/

VK Link>>...
https://vk.com/wall-220066330_10327

Telegram»...
https://t.me/positiveanglenews

#PAN


ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွား
*******************
(မှုခင်း) ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ အကွက်(၇၄၀)၊ ၃၂×၇၃ လမ်းဒေါင့်ရှိ နေအိမ်တစ်လုံးတွင် ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာနံနက် ၅ နာရီ ၄၁ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုဖြစ်စဥ်တွင် ရန်မျိုးလုံရပ်ကွက်ရှိ ဒေါ်သန်းသန်းဦး၊ (ဘ)ဦးချစ်အောင်၏ နေအိမ်အပေါ်ထပ် ဘုရားစင်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ ဖယောင်းတိုင် လဲသွားပြီး ဘုရားစင်အခင်း အထပ်သားသို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အဆောက်အဦးနှင့် နေအိမ်ရှိပစ္စည်များ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ်စဥ်တွင် ဒေါ်သန်းသန်းဦး၊ (ဘ)ဦးချစ်အောင်၊ စျေးရောင်းတွင် ဝဲ/ယာလက်ဖမိုး မီးလောင်....

Webpage>>...
https://positiveanglenews.com/2025/01/20/ဖယောင်းတိုင်မီးဖြင့်-ဘု/

VK Link>>...
https://vk.com/wall-220066330_10326

Telegram»...
https://t.me/positiveanglenews

#PAN


နာမည်ကျော် ဘောလိဝုဒ်မင်းသားကို ဓားဖြင့်ထိုးမှုဖြင့် လူတစ်ဦးဖမ်းဆီးခံရ
*********************
(နိုင်ငံတကာ) ဇန်နဝါရီ ၂၀

နာမည်ကျော် အိန္ဒိယသရုပ်ဆောင် Saif Ali Khan ကို ဓားဖြင့်ထိုးမှုဖြင့် လူတစ်ဦးဖမ်းဆီးခံရကြောင်းသိရသည်။

အိန္ဒိယကြယ်ပွင့်သည် နေအိမ်တွင် ရှိနေစဉ် ကျူးကျော်ဝင်ရောက်လာကာ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရမှုကြောင့် Saif Ali Khan သည် ချက်ချင်းခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ယခုအခါ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းသိရသည်။

အိန္ဒိယအာဏာပိုင်များသည် အဓိက သံသယရှိသူတစ်ဦးဖြစ်သည့် Mohammad Shariful Islam Shehzad ကို ဖမ်းဆီးခဲ့ပြီး သံသယရှိသူမှာ အိန္ဒိယတွင် တရားမဝင်နေထိုင်သည့် ဘင်္ဂလားဒေ့ရှိနိုင်ငံသား တစ်ဦးဖြစ်ကြောင်းသိရသည်။

မစ္စတာ Shehzad ရဲ့ ရှေ့နေက စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား မဟုတ်ကြောင်းငြင်းဆိုထားသည်။

Saif Ali Khan သည် ဓားဖြင့် ၆ ချက်အထိုးခံခဲ့ရပြီးနောက် လူနေထူထပ်သည့်.....

Webpage>>...
https://positiveanglenews.com/2025/01/20/နာမည်ကျော်-ဘောလိဝုဒ်မင်/

VK Link>>...
https://vk.com/wall-220066330_10325

Telegram»...
https://t.me/positiveanglenews

#PAN


သမ္မတအဖြစ် တက်ရောက်လာပြီးနောက် တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်ရန် ထရမ့်က ဆန္ဒရှိဟု ဆို
*********************
(နိုင်ငံတကာ) ဇန်နဝါရီ ၂၀

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဒေါ်နယ်ထရမ့်သည် ၎င်းတက်ရောက်လာပြီးနောက် မကြာမီ တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်ရန် ဆန္ဒရှိသည်ဟု အကြံပေးများအား ပြောကြားခဲ့ကြောင်း Wall Street ဂျာနယ်က ဖော်ပြသည်။

သမ္မတအဖြစ် တက်ရောက်လာပြီးနောက် ရက်ပေါင်း ၁၀၀ အတွင်း တရုတ် နိုင်ငံသို့ သွားရောက်ရန် ထရမ့်က စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း ထရမ့်ရဲ့အကြံပေးတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ Wall Street ဂျာနယ်က ဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကြား တွေ့ဆုံဆွေးနွေးရန် အမေရိကန်နှင့်တရုတ် ကိုယ်စားလှယ်များ က စေ့စပ်ဆွေးနွေးခဲ့ကြပြီး ထရမ့်အနေဖြင့် သမ္မတရှီအား အမေရိကန်ပြည်ထောင်စုသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားကြောင်း ဂျာနယ်တွင်.....

Webpage>>...
https://positiveanglenews.com/2025/01/20/သမ္မတအဖြစ်-တက်ရောက်လာပြ/

VK Link>>...
https://vk.com/wall-220066330_10324

Telegram»...
https://t.me/positiveanglenews

#PAN


လူဒါဇင်နှင့်ချီသေဆုံးခဲ့သည့် တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သူများအား တရုတ်သေဒဏ်ပေး
*********************
(နိုင်ငံတကာ) ဇန်နဝါရီ ၂၀

ယမန်နှစ် နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုနှင့် တိုက်ခိုက်သူတို့အား တရုတ်အာဏာပိုင်များမှ သေဒဏ်အသီးသီးချမှတ်ခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံ Zhuhai မြို့ အားကစားကွင်းအပြင်ဘက်ရှိ လူအုပ်အား တိုက်မိခဲ့သည့်ဖြစ်စဉ်မှာ ဆယ်စုနှစ်တစ်ခုအတွင်း လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ကြောင်းသိရသည်။

ပြစ်မှုကျူးလွန်သူမှာ အသက် ၆၂ အရွယ် Fan Weiqiu ဆိုသူဖြစ်ကြောင်းသိရပြီး အခင်းဖြစ်ပွားသည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် Wuxi အရှေ့ပိုင်းတက္ကသိုယ်တွင် ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူ ၈ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်မှ အသက် (၂၁) အရွယ် Xu Jiajin ဆိုသူကိုလည်း....

Webpage>>...
https://positiveanglenews.com/2025/01/20/လူဒါဇင်နှင့်ချီသေဆုံးခ/

VK Link>>...
https://vk.com/wall-220066330_10323

Telegram»...
https://t.me/positiveanglenews

#PAN


စပိန် အပန်းဖြေစခန်းတစ်ခု ဓာတ်လှေကားပြိုကျပြီး လူပေါင်းများစွာ ဒဏ်ရာရ
*********************
(နိုင်ငံတကာ) ဇန်နဝါရီ ၂၀

စပိန်နိုင်ငံရှိ အပန်းဖြေစခန်းတစ်ခုတွင် နှင်းလျှောစီးသည့် ဓာတ်လှေကားပြိုကျခဲ့ခြင်းကြောင့် လူ ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Pyrenees တောင်တန်းရှိ Astun နှင်းလျှောစီးအပန်းဖြေစခန်းတွင် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း Aragon အရပ်ဘက်ကာကွယ်စောင့်ရှောက်ရေးရုံးမှ ထုတ်ပြန်ထားသည်။

ဒဏ်ရာရသူများတွင် ၁၀ ဦးကို ဒေသဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဦးစားပေးကုသရန် လိုအပ်ကြောင်းသိရသည်။

အဆိုပါ နှင်းလျှောစီးသည့် ဓာတ်လှေကားသည် ၄၉ ပေကျော်မြင့်ကြောင်း စပိန်မြို့ပြ အစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဒေသစံတော်ချိန် ညနေ ၃ နာရီခန့်တွင် နှင်းလျှောစီးသည့် ဓာတ်လှေကားပြိုကျမှုကြောင့် ပိတ်မိနေသူများအား ဘေးလွတ်ရာသို့ .....

Webpage>>...
https://positiveanglenews.com/2025/01/20/စပိန်-အပန်းဖြေစခန်းတစ်ခ/

VK Link>>...
https://vk.com/wall-220066330_10320

Telegram»...
https://t.me/positiveanglenews

#PAN


မြန်မာ့မီးရထားမှ မြေ၊ အဆောက်အဦနှင့် Taxi ယာဉ်များကို ငှားရမ်းလုပ်ကိုင်လိုသူများအား ဈေးပြိုင်စနစ်နဲ့ တင်ဒါခေါ်ယူ
**********************
(ပြည်တွင်း) ဇန်နဝါရီ ၂၀

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ မြေ၊ အဆောက်အဦနှင့် Taxi ယာဉ်များကို ၅ နှစ်နဲ့ ၃ နှစ် အသီးသီး လုပ်ကိုင်ခွင့်ပြုမယ့် လုပ်ငန်းများအတွက် ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူနေကြောင်း သိရပါတယ်။

အဆိုပါ လုပ်ငန်းများတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထိပ်ရှိ မြန်မာ့မီးရထားပိုင် မြေအကျယ်အဝန်း (အလျား ၈၀ ပေ၊ အနံ ၁၇ ပေ)နှင့် ယင်းမြေပေါ်ရှိ ၈ ခန်းပါ RC (၄)ထပ်အဆောက်အဦ ကြမ်းခင်းဧရိယာ ၅,၄၄၀ စတုရန်းပေ/မီတာနဲ့ ၅၀၅ ဒသမ ၅၈ စတုရန်းမီတာအား ရုံးခန်း၊ သင်တန်းကျောင်း၊ Showroom၊ ဈေးဆိုင်ခန်း၊ စားသောက်ဆိုင် လုပ်ငန်းများစတဲ့ လုပ်ငန်းတစ်ခု(သို့မဟုတ်) လုပ်ငန်းနှစ်ခု ပူးတွဲလုပ်ကိုင်ခွင့်အတွက် ကုမ္ပဏီအဖွဲ့....

Webpage>>...
https://positiveanglenews.com/2025/01/20/မြန်မာ့မီးရထားမှ-မြေ၊-အဆ/

VK Link>>...
https://vk.com/wall-220066330_10322

Telegram»...
https://t.me/positiveanglenews

#PAN

20 ta oxirgi post ko‘rsatilgan.