RSN WEB


Kanal geosi va tili: Myanma, Birmancha
Toifa: Siyosat


ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ပက်သတ်သည့် ထူးခြားဖြစ်စဉ်များကို အဓိကထား တင်ပြပေးပါသည်။
သတင်းပေးပို့ရန် - 📬 @Inform_RSN

Связанные каналы  |  Похожие каналы

Kanal geosi va tili
Myanma, Birmancha
Toifa
Siyosat
Statistika
Postlar filtri


🔴 စမ်းချောင်းမြို့နယ်

ယနေ့ နေ့လည် ၁၂ နာရီခန့်က စမ်းချောင်းမြို့နယ်၊ Sanchaung Garden Resident အတွင်းသို့ စစ်ကားများနှင့် အိမ်စီးကားများရောက်လာကာ ရှာဖွေသွားခဲ့ပြီး နေ့လည် ၁ နာရီခန့်တွင် ပြန်ထွက်ခွာသွားကြသည်။ ကားများ ပြန်ထွက်ခွာသွားသော်လည်း အဆိုပါ Resident ထဲရှိ ယခင်ချိတ်ပိတ်ခံထားရတဲ့အခန်းထဲမှာ အရပ်ဝတ်တချို ကျန်ရှိခဲ့ကြောင်းလည်း သိရှိရသည်။ – Sanchaung Scout Channel

22 Nov 2024
#RangoonScoutNetwork


⚫️ မရမ်းကုန်းမြို့နယ်

နိုဝင်ဘာ ၂၁ ရက်နေ့ညက မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝင်းထဲ အုပ်ကြီး စိန်ဝင်းမြင့် ဦးဆောင်ပြီး စစ်မှုထမ်းအတွက် လူလိုက်ဆွဲခဲ့ရာ ပွဲရုံဝင်းထဲမှ လူ ၈ ဦး အဆွဲခံလိုက်ရကြောင်း သတင်းရရှိသည်။

အဆိုပါ အုပ်ကြီး စိန်ဝင်းမြင့်က မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်ထဲရှိ သုံးဘီးဘေးတွဲသမားများကို စစ်မှုထမ်းအတွက် ဆွဲလို့ရမည့်သူရှိပါက သတင်းပေးဖို့နှင့် သတင်းပေးသူများကို မဆွဲဘူးဟုဆိုကာ ခြိမ်းခြောက်စည်းရုံးထားကြောင်းလည်း သိရသည်။

22 Nov 2024
#RangoonScoutNetwork


🟣 တောင်ဥက္ကလာမြို့နယ်

နိုဝင်ဘာ ၂၁ ရက်နေ့ ည ၉ နာရီခန့်က တောင်ဥက္ကလာမြို့နယ်၊ ငွေတောင်စားသောက်ဆိုင်ဘေးရှိ ၁၄ ရပ်ကွက်ရုံးကို ပစ်မှတ်ထား၍ မြောက်ဥက္ကလာမြို့နယ် ပကဖ အဖွဲ့မှ လက်ပစ်ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်တွင် မစ်ရှင်းလုပ်ဆောင်ရင်း ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ၏ ဖမ်းဆီးသတ် ဖြတ်ခြင်း ခံလိုက်ရသော ရဲဘော် ချောကလက် (ခ) သာဒင်အတွက် လက်စားချေတုန့်ပြန်သည့် အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ – Khit Thit

22 Nov 2024
#RangoonScoutNetwork


DAILY HIGHLIGHTS (21 Nov 2024) - 1
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ရခိုင်၊ တောင်ကုတ်မြို့ပေါ်ကို အေအေထိန်းချုပ် – BBC

လေကြောင်းမှ အပြင်းအထန်ခုခံခဲ့သော်လည်း အမ်းရှိ ခမရ ၃၇၁ကို စစ်ကောင်စီ လက်လွှတ်လိုက်ရ – AT

ကန်ပိုက်တီမြို့နှင့် တရုတ်-မြန်မာ နယ်စပ် ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်းတွင် ကချင်အမျိုးသားအလံတော်ကို KIA က လွှင့်တင်လိုက်ပြီး ထွက်ပြေးနေသော စစ်ကောင်စီဘက်တော်သားများကို ဖမ်းဆီးရှင်းလင်းနေ – KT

စစ်ကောင်စီက ဆုံးရှုံးသွားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် ဒကစနှင့် ဗျူဟာဌာနများ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များကို ပြန်လည်ဖွဲ့စည်း၊ နယ်မြေများ ပြန်သိမ်းပိုက်ပြီးပါက ချက်ချင်းအစားထိုးနိုင်ရေး အသင့်ပြင် – KT
•••
📊 စီးပွားရေးထူးခြားသတင်းများ

စည်းကမ်းတင်းကျပ် အခွန်ကောက်မှုများကြောင့် အွန်လိုင်းဈေးရောင်းလုပ်ငန်းများ အခက်ကြုံ – DVB

ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် ပေးသွင်းနေရသဖြင့် ကုန်သည်များ အရှုံးပေါ် – DVB

တရုတ်စီမံကိန်း တည်ရှိသည့် ကျောက်ဖြူတွင် ဘဏ်စနစ်အားလုံးရပ်ဆိုင်း – DVB

ရွှေရည်ညွှန်းဈေး ကျပ်၂သိန်းနီးပါး ပြန်မြင့်တက် – DVB

ဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀ နှင့် ဘတ် သန်း ၁၀၀ ထုတ်ရောင်း – DVB
•••
🖥 အခြားထူးခြားသတင်းများ

ခြံအမှတ် ၅၄ ကို လေလံကြမ်းခင်းဈေး ထပ်မံလျှော့ချရန် တရားရုံးဆုံးဖြတ် – DVB

ခြံအမှတ် ၅၄ ကို ဈေးလျှော့ပြီး ရောင်းချမဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေအဖွဲ့ ကန့်ကွက် – RFA

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဝန်ကြီးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းများနှင့် စစ်အရာရှိဟောင်းများ၏ နေအိမ်များကို စည်ပင်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ စစ်တပ်၊ရဲနှင့်စည်ပင်များက ဝင်ရောက်ဖျက်ဆီး – KT

လူဦးရေရဲ့ ၆၃ ရာခိုင်နှုန်းကျော်ကို သန်းခေါင်စာရင်း ကောက်ယူ နိုင်ခဲ့ – BBC

သန်းခေါင်စာရင်း ရှေ့ပြေးအစီရင်ခံစာကို ဒီဇင်ဘာလဆန်း စစ်ကောင်စီ ထုတ်ပြန်မည် – DVB
•••
နိုဝင်ဘာ ၂၁ ရက်နေ့တွင် 🌐 နိုင်ငံခြားရေးထူးခြားသတင်း များပြားသဖြင့် သပ်သပ်ခွဲ၍ နိုင်ငံအလိုက် ဖော်ပြထားသည်။

DAILY HIGHLIGHTS (21 Nov 2024) - 2

#RangoonScoutNetwork


DAILY HIGHLIGHTS (21 Nov 2024) - 2
•••••••••••••••®•••••••••••••••
🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

🇨🇳 တရုတ်

စစ်ကောင်စီအသက်ဆက်နိုင်ရေး ယွမ်ငွေဘီလီယံချီ တရုတ်ကူညီမည် – MN

တော်လှန်ရေးတပ်ထိန်းချုပ်ဒေသများကို ဆက်လက်ပိတ်ဆို့ပေးမည့် ကတိကဝတ် တရုတ်ထံမှရခဲ့ကြောင်း စစ်ကောင်စီကြေညာ – MN

မူဆယ် ကျင်စန်းကျော့ - ဝမ်တိန် ဂိတ် ပြန်ဖွင့် – DVB
•••
🇷🇺 ရုရှား

စစ်ခေါင်းဆောင်က ၎င်း၏ တရုတ်ခရီးစဉ်အပြီး စစ်ရေးကိစ္စအတွက် ရုရှားသို့ ထပ်မံသွားရောက်ရန် ပြင်ဆင် – AT
•••
🚩 အာဆီယံ

စစ်ကောင်စီကာကွယ်ရေး ညွှန်ချုပ် လာအိုမှာကျင်းပတဲ့ အာဆီယံ ADMM Plus အစည်းအဝေးကို တက်ရောက် – BBC

နေပြည်တော်ကို ပထမဆုံးသွားခဲ့တဲ့ အာဆီယံအထူးသံ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခံရ – BBC

မြန်မာလုပ်ရပ်ကြောင့် အာဆီယံ ထိခိုက်ဟု စင်ကာပူ ကာကွယ်ရေးဝန်ကြီးပြော – TI

မြန်မာပဋိပက္ခကြောင့် ထိုင်းအိမ်ခြံမြေ အဝယ်လိုက်နေ – TI
•••
🇺🇳 ကုလသမဂ္ဂ

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်စည်းဝေး – VOA

မြန်မာ့အရေး ဆုံးဖြတ်ချက်အဆိုမူကြမ်းကို ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအချို့ တားဆီးပိတ်ပင် – PS

မြန်မာတွင် လူဦးရေ ၁၃သန်းကျော် စားနပ်ရိက္ခာ လုံလောက်မှုမရဟု WFP ပြော – TI
•••
🇪🇺 ဥရောပ

မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းနှင့် ထောက်လှမ်းနည်းပညာလွှဲပြောင်းရောင်းချခြင်းမပြုရန် EU တောင်းဆို – DVB

စစ်တပ်က ဩဂုတ်နဲ့ အောက်တိုဘာမှာ လေကြောင်းတိုက်ခိုက်မှု အမြင့်ဆုံးလုပ်ခဲ့တယ်လို့ ဗြိတိန်ပြော – BBC
•••
🇧🇩 ဘင်္ဂလာဒေ့ရှ်

ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားများ GBF ထံ AA ပြန်လွှဲ – TI

#RangoonScoutNetwork


🔴 ရန်ကင်းမြို့နယ်

ယနေ့ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကင်းမြို့နယ်၊ ကံဘဲ့ရပ်ကွက်ထဲ အကြမ်းဖက် တပ်သားများ၊ မီးသတ်၊ အုပ်ကြီး‌နှင့် နောက်လိုက်များ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။

21 Nov 2024
#RangoonScoutNetwork


🟠 တောင်ဒဂုံမြို့နယ်

ယနေ့ည တောင်ဒဂုံမြို့နယ်၊ ၁၄၀ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။ လက်ရှိ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ၁၄၀ ရပ်ကွက်ရုံးထဲ စစ် DC ၁ စီး ရပ်ထားကြောင်းလည်း သိရသည်။

21 Nov 2024
#RangoonScoutNetwork


🔴 မင်္ဂလာတောင်ညွန့်မြို့နယ်

ယနေ့ည ၁၀ နာရီ ၁၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ ရေကျော်လမ်းမရှိ တိုက်များကို အကြမ်းဖက်တပ်သား ၄ ယောက်၊ အရပ်ဝတ်များ၊ အုပ်ကြီး၊ ထွန်းထွန်းနှင့် နောက်လိုက်များ ဧည့်စစ်ဝင်သွားခဲ့ပြီး YMBA ဘက်ထွက်သွားကြကြောင်း သိရှိရသည်။ အဖမ်းအဆီးမရှိကြောငိးလည်း သိရသည်။ – MGTN Spring News and Scout Channel

21 Nov 2024
#RangoonScoutNetwork


🔴 တောင်ဒဂုံမြို့နယ်

ယနေ့ည ၁၀ နာရီခွဲခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၁၀၆ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – South Dagon Scouting Infos (SDG)

21 Nov 2024
#RangoonScoutNetwork


🔴 စမ်းချောင်းမြို့နယ်

ယနေ့ည ၁၀ နာရီ ၅ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ ရန်ပြိုလမ်း၊ တိုက် ၁၂ ကို အကြမ်းဖက်တပ်သားနှင့် အရပ်ဝတ်များ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ – Sanchaung Scout Channel

21 Nov 2024
#RangoonScoutNetwork


🟣 မှော်ဘီမြို့နယ်

ယနေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် မှော်ဘီမြို့နယ်၊ စစ်ကောင်စီ မြဝတီအသံလွှင့်ဌာကို ပစ်မှတ်ထား၍  Yangon Army တပ်ဖွဲ့က အဖွဲ့တည်ထောင်ခြင်း ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် M79 လက်နက်၊ ၄၀ မမ  ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ – Yangon Army

21 Nov 2024
#RangoonScoutNetwork


⚫️ တောင်ဒဂုံမြို့နယ်

နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က အရှေ့ဒဂုံမြို့နယ်ရှိ စက်မှုဇုန်တစ်ခုမှ တောင်ဒဂုံမြို့နယ်ဘက်သို့ စက်ဘီးများဖြင့် အလုပ်သိမ်းပြန်လာသည့် အလုပ်သမား လူငယ် ၈ ဦးကို အကြမ်းဖက်တပ်သားများနှင့် နောက်လိုက်ပျူများက ဖမ်းဆွဲသွားပြီး တောင်ဒဂုံရဲစခန်းသို့ ခေါ်သွားခဲ့ကြောင်း သတင်းရရှိသည်။

ရဲစခန်းတွင် ၂ ရက်ခန့် ချုပ်ထားပြီးနောက် လူငယ် ၁ ဦးကို ၂ သိန်းကျပ်စီတောင်း အကြပ်ကိုင်ကာ သူတို့ပါလာသည့် ဖုန်း၊ ပိုက်ဆံအိတ်၊ စက်ဘီးများ သိမ်ဆည်းပြီး ပြန်လွှတ်လိုက်ကြောင်းလည်း သိရှိရသည်။

21 Nov 2024
#RangoonScoutNetwork


DAILY HIGHLIGHTS (20 Nov 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

တရုတ်နိုင်ငံ၏ ဖိအားရှိနေသည့်ကြားမှ နှစ်နိုင်ငံနယ်စပ်မြို့ ကန်ပိုက်တီကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ ကချင်အထူးဒေသ ၁ တစ်ခုလုံးကို KIA က လုံး၀ ထိန်းချုပ်လိုက်ပြီ – KT

တရုတ်ဖိအားကြား လားရှိးကို MNDAA အင်အားဖြည့် – TI

ဆီဆိုင်တွင် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်း ထိုးစစ်ဆင် – TI

⚠️ မိတ်ဖက်ပြဿနာ

ချင်းပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ဖြစ်ပွားသော ပဋိပက္ခသည် AA နှင့် မဆိုင်ဟု MDF ပြော – AT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

တရုတ်နိုင်ငံက မိမိတို့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော – KT

အမည်ပျက် ရုရှားအုပ်ချုပ်ရေးမှူးကို မင်းအောင်လှိင် ကော်ဇောနီနဲ့ ကြိုဆို – TI

ဆီးရီးယားကို ကျော်တက်ပြီး မြန်မာက မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်လာ – TI

📊 စီးပွားရေးထူးခြားသတင်းများ

ဆုံးရှုးနယ်မြေများသို လောင်စာဆီမရောက်ရေး စစ်ကောင်စီ ပိတ်ဆို – TI

🗑 ကျားဖြန့်

တန့်ယန်းမှာ ကျားဖြန့်လုပ်တဲ့တရုတ် ၇၀၀ ကျော်ကို ‘ဝ’ တပ်က တရုတ်ဘက်ကို လွှဲပြောင်း – BBC

🖥 အခြားထူးခြားသတင်းများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်ကပြန်ရောက်လာပြီးနောက် ဟိုတယ်ခရီးဝန်ထမ်းများအား တရုတ်ဘာသာစကားသင်ခိုင်း – PS

#rangoonscoutnetwork


⚫️ တောင်ဒဂုံမြို့နယ်

နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်က တောင်ဒဂုံမြို့နယ်၊ ၇၁ ဈေးထဲက လူငယ်လေး တစ်ယောက်ကို စစ်တပ်နောက်လိုက်များမှ ကားဖြင့် ဖမ်းဆွဲသွားကြကြောင်း သတင်းရရှိသည်။

ဖမ်းဆွဲသွားသူများတွင် တောင်ဒဂုံမြို့နယ်၊ ၅၄ ရပ်ကွက်နေ အုပ်ကြီး သီဟမျိုးနိုင်နှင့် သူ့နောက်လိုက်များဖြစ်သည့် ရာအိမ်မှူး ဟိန်းထက်၊ ဆယ်အိမ်မှူးတို့ အုပ်စုပါဝင်ကြောင်း သိရသည်။

ဖမ်းခေါ်ပြီးနောက် ထိုလူငယ်လေး၏ ဇနီးဖြစ်သူနှင့် မိဘတို့ကို အကြောင်းမကြားပဲ စစ်မှုထမ်းဖို့ စစ်တပ်ထဲသို့ နေ့ချင်းပြီး ပို့လိုက်ကြောင်းလည်း သိရှိရသည်။

21 Nov 2024
#RangoonScoutNetwork




🟣 မင်္ဂလာဒုံမြို့နယ်

ယနေ့ည ၆ နာရီ ၅၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲနှင့် ပြည်လမ်းထောင့်ရှိ မင်္ဂလာဒုံ မြို့မရဲတပ်ဖွဲ့စခန်းကို ပစ်မှတ်ထား၍ Dark Shadow တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး ရန်သူဘက်မှ ပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်မှုမရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြကြောင်း သိရှိရသည်။ – Dark Shadow

20 Nov 2024
#RangoonScoutNetwork


'ကျိုက်လတ်တွင် အင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်'

... မြေငလျင် တခု ယနေ့ ညနေ ၅ နာရီ ၄၈ မိနစ်အချိန်တွင် လှုပ်ခတ်သွားကြောင်း စစ်ကောင်စီ လက် အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၂ မိုင်ခန့်ကွာဝေးသော ကျိုက်လတ်မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၆ ဒသမ ၄၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၆၈)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄ ဒသမ ၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်သွားကြောင်း မိုးဇလက ဖော်ပြထားသည်။

အဆိုပါ မြေငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့နေပြည်သူများပါ သိသိသာသာ ခံစားလိုက်ရကြောင်း ပြောဆိုရေးသားထားကြသည်။ – The Irrawaddy

20 Nov 2024
#RangoonScoutNetwork


DAILY HIGHLIGHTS (19 Nov 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

စစ်ကောင်စီနှင့် ရှမ်းနီ တပ်စခန်း ၄ ခုထက်မနည်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး KPDF ၂ ဦးကျဆုံး – KT

အနန်းကွင်းစစ်ဗျူဟာ စခန်းသိမ်းတိုက်ပွဲ ပြင်းထန် – DVB

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ထိန်းသိမ်းထားမှု တရုတ်ငြင်း – TI

AA ၏ ထိုးစစ်ကြောင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရန် တရုတ်- စစ်ကောင်စီ ပူးတွဲ လုံခြုံရေး အဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်း ဦးဆောင်ပြီး တရုတ်များပါ ပါဝင်ဖွဲ့စည်း – KT

မူဆယ် ဆင်ဖြူဂိတ်ကို တရုတ်နိုင်ငံဘက်က ပြန်ဖွင့်ပေး – RFA

မြန်မာသံရုံးဘက်က ထောက်ခံချက်မရ၍ အိန္ဒိယအကျဥ်းထောင်မှ မလွတ်မြောက်ဟု ထောင်အာဏာပိုင် ဆို – MZM

အိန္ဒိယထောင်တွင် အကျဥ်းကျနေသည့် မြန်မာနိုင်ငံသားများ ထောင်အာဏာပိုင်နှင့်ဆွေးနွေးပြီးနောက် အစာငတ်ခံဆန္ဒပြမှုရပ်ဆိုင်း – MZM

ထိုင်းတွင်မွေးသည့် မြန်မာကလေးငယ်များ မွေးစာရင်းလုပ်ရန် စစ်ကောင်စီသံရုံးထုတ်ပြန် – DVB

📊 စီးပွားရေးထူးခြားသတင်းများ

နိုင်ငံခြားငွေလိုနေတဲ့ စစ်ကောင်စီ ကျောက်စိမ်းတွဲ ပိုထုတ်ရောင်းလာ – TI

#rangoonscoutnetwork


🔴 မြောက်ဥက္ကလာမြို့နယ်

နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ က ရပ်ကွက်၊ မေယုလမ်းဘက်၌ မီးဖျက်ပြီးနောက် အကြမ်းဖက်တပ်သားများ ဝင်ရောက်၍ အမျိုးသမီး ၁ ဦးကို ဖမ်းခေါ်သွားပြီး စစ်ဆေးကာ ယနေ့ ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

19 Nov 2024
#RangoonScoutNetwork


🔴 တောင်ဒဂုံမြို့နယ်

ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်က တောင်ဒဂုံမြို့နယ်၊ ၅၅ ရပ်ကွက်၊ သမိန်ဗရမ်းထဲ ဧည့်စစ်ဝင်သွားကြောင်း သတင်းရရှိသည်။

19 Nov 2024
#RangoonScoutNetwork

20 ta oxirgi post ko‘rsatilgan.