တကယ့်ရာဇဝတ်မှုကျူးလွန်နေသူတွေက ဘယ်သူတွေလဲ
(Zawgyi Version)
မနက်စောစောစီးစီး စိတ်မကောင်းစရာ Movie File လေးတစ်ခု အွန်လိုင်းမှာ တက်လာလို့ ဝင်ကြည့်မိတယ်။ မူဗီထဲမှာပါတာက ယောကျာင်္းတစ်ယောက်ကို နောက်ထပ် ယောကျာင်္းတစ်ယောက်က ဖမ်းဆီးထားပြီး အဲ့ အဖမ်းဆီးခံ ပုဂ္ဂိုလ်ရဲ့ ရှေ့တည့်တည့်မှာ အမျိုးသမီးတစ်ယောက်က မျက်နှာချင်းဆိုင်ထိုင်ပြီး စိန်ပြေ နပြေ ပါးထိုင်ရိုက်နေတာ။ သူတို့ပြောပုံဆိုပုံအရဆိုရင်တော့ ဖမ်းဆီးခံ အမျိုးသားက တပ်မတော်(သို့)မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ဖြစ်မယ်လို့ ယူဆရတယ်။ ယူဆရတယ်ပြော တာနော် ... ဟုတ်လား မဟုတ်လားတော့မသိသေးဘူးရယ်။ စာရေးသူ သိသလောက် လည်း အဲ့လို လုံခြုံရေးတပ်ဖွဲ့ဝင် ဖမ်းခံရတယ်ဆိုတာတော့ ဘယ်ကမှ မကြားသေးဘူး ရယ်။
ထားပါ ... ကဲ အဖမ်းခံရတာ လုံခြုံရေးတပ်ဖွဲ့ဝင်ပဲဆိုပါတော့။ အဲ့လို ဆက်ဆံ လို့ရလား။ မရပါဘူး ... လုံးဝလုံး၀ မရပါဘူး။ ဘာလို့မရတာလဲ ... အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေ အရမရတာပါ။ အဆိုပါ ဥပဒေမှာ ဘယ်လိုပါလဲ။ ပြောပြပါမယ် ... ဘယ်လိုပါလဲ။
- စည်းမျဉ်း ၉၀ မှာ ညှင်းပန်း နိုပ်စက်ခြင်း၊ ရက်ရက်စက်စက် (သို့မဟုတ်) လူမဆန်စွာပြုခြင်းနှင့် လူ့ဂုဏ်သိက္ခာထိခိုက်စေမည့်ရက်စက်မှုများ၊ အထူးသဖြင့် အရှက်ခွဲခြင်းနှင့် နှိမ့်ချဆက်ဆံခြင်းတို့ကိုတားမြစ်သည်။ (နိုင်ငံတကာလက်နက် ကိုင် ပဋိပက္ခ/နိုင်ငံတကာအရေးအခင်းမဟုတ်သော လက်နက်ကိုင် ပဋိပက္ခ)
- စည်းမျဉ်း ၉၁ မှာ ရိုက်နှက်အပြစ်ပေးခြင်းကိုတားမြစ်သည်။ (နိုင်ငံတကာ လက်နက်ကိုင် ပဋိပက္ခ/နိုင်ငံတကာအရေးအခင်းမဟုတ်သော လက်နက်ကိုင် ပဋိပက္ခ)
ဆိုတော့ကာ ခုလိုမျိုး ဖိနပ်နဲ့ ရိုက်တာကို ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းက လက်မခံပါဘူး။ တရားဝင်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဒါကို လုပ်ခြင်း သည် လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့မညီဘူးလို့ သတ်မှတ် ထားတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်ထား တဲ့ ISIS လို အယ်ကိုင်ဒါလို အဖွဲ့တွေပဲဒါမျိုးတွေလုပ်တာ။ အစွန်းရောက် အကြမ်း ဖက်အဖွဲ့တွေမှာ ဥပဒေမှမရှိတာကိုး။ အေးပေါ့လေ .. ခုလုပ်သွားတာလည်း PDF အဖွဲ့တွေ။ သူတို့မှာ ဥပဒေတွေ နည်းနာနိသယ တွေဆိုတာ ဘယ်ရှိမလဲ။ နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေမှာပါတဲ့ အချက်တွေမညီလို့ မညီပါလားလို့ သွားပြောရင် သူတို့ကို တရားဝင် လက်နက်ကိုင်အဖြစ် စိတ်ထဲအသိအမှတ်ပြုနေလားဆိုပြီး အထင်တွေ ဖြစ်သွားမှာ လည်းစိုးရသေးတယ်။
ထားပါ .. ပြောချင်တာက ခုမှစတာ။ ဒီနေ့ ဒီ Movie တက်လာတာသည် စိတ် မကောင်းဖြစ်ခြင်းနဲ့ ဒေါသဖြစ်ခြင်းတွေဖြစ်ရသလို တစ်ခုလည်းသက်သေထူလို့ ရသွား ပါတယ်။ အဆိုးထဲက အမြတ်လို့ပဲပြောရမှာပဲ။ ဘာအမြတ်ထွက်သွားလဲဆိုတော့ .. ခေတ်သတ် တို့ မဇ္ဇိုမ တို့ နေ့စဉ်စွပ်စွဲနေတဲ့ PDF တွေကို တပ်က ခေါင်းတေ့ ပစ်တယ် တို့၊ ရွာတွေကို မီးရှို့တယ်တို့ဆိုတာတွေဟာ မဖြစ်နိုင်ဘဲ PDF တွေကသာ ဘယ်လို အကျင့်ရှိတယ်ဆိုတာ တစ်ခါတည်း ချပြပြီးသားဖြစ်သွားတာပေါ့။
အဲ နောက်ထပ်တစ်ခု ထပ်ပြီး စဉ်းစားမိတာ ဒီ PDF အဖွဲ့တွေကို Control ပေးနေပါတယ်လို့ တရားဝင်ကြေငြာထားတဲ့ NUG ဆိုတဲ့ မတရားအသင်းသည်လည်း အကြမ်းဖက်အားပေးနေပါတယ်ဆိုတာကို သက်သေရသွားပြီပေါ့လေ။ အေးပေါ့လေ .. မြို့ထဲမှာ အပြစ်မဲ့ပြည်သူတွေကို လူသတ်၊ ကျောင်းတွေကို ဗုံးခွဲ လုပ်ဖို့ မဟာဗျူဟာ Plan ချတဲ့ အဖွဲ့နဲ့ လုပ်ဆောင်နေတဲ့ အဖွဲ့တွေအတွက် သုံ့ပန်းကို ဒီလိုဖိနပ်နဲ့ ပါးရိုက် တဲ့ အလုပ်က ဘာမှမထူးဆန်းတော့ပါဘူး။ သူတို့လည်း သူတို့ အကြမ်းဖက်တွေ ထုံးစံ အတိုင်း အကြမ်းဖက် အပြုအမူပြုပြသွားတာပါ။
ဒီတော့ ခုချိန်မှာ အဆိုပါ သက်သေတွေကို လက်ကိုင်ပြပြီး တဆက်တည်း ရှင်းပြ ချင်တာလေးတစ်ခုပဲရှိပါတယ်။ မိဘပြည်သူများ ခင်ဗျား ... တပ်မတော်သည် ခုလက်ရှိ ခေတ်သတ် တို့ မဇ္ဇိုမ တို့မှာ ရေးနေသလို အပြစ်မဲ့ပြည်သူတွေကို ပစ်သတ်ခြင်း၊ ရွာတွေကို မီးရှို့ခြင်း အလျဉ်းမလုပ်ပါခင်ဗျာ။ တပ်မတော်ဆိုတာ စည်းနဲ့ကမ်းနဲ့ နေရ တဲ့ အဖွဲ့အစည်းကြီးပါ။ နိုင်ငံတကာဥပေဒ၊ စည်းမျဉ်း၊ ပဋိဉာဉ် တွေ အပြစ် စစ်စည်းကမ်း နဲ့ အရပ်ဘက်ဥပဒေကိုပါလေးစားလိုက်နာရတဲ့ တပ်မတော်သားတွေပါဝင်သော အဖွဲ့ အစည်းဖြစ်တာမို့ အဆိုပါ ဖြစ်ရပ်များသည် လုပ်ကိုမလုပ်ဆိုတာ အာမခံသက်သေ တည်ရဲပါသည်။ ထိုသို့ ဆောင်ရွက်ဖို့မဆိုထားနှင့် လက်နက်ကိုင်တိုက်ပွဲအတွင်း ဖမ်းဆီး ရမိတဲ့ လက်နက်ကိုင်သောင်းကျန်းသူ ကိုတောင် ဥပဒေမဲ့ နိုပ်စပ်ညှင်းပန်းခြင်း၊ ခုလိုမျိုး ဖိနပ်နဲ့ပါးရိုက်ခြင်း ပြုလုပ်ခြင်းမရှိပါဘူး။ အဲ့လိုပြောလို့ မင်းတို့ တပ်မတော်မှာ တပ်မတော်သားတိုင်းက ခြောက်ပြစ်ကင်းသဲလဲစင်တွေလားဆိုပြီး စကားကပ် မေးဖို့ ရှိပါတယ်။ ဟုတ်ကဲ့ .. မဟုတ်ပါဘူး။ စစ်သားသည်လည်း လူသားပေပဲမို့ မှားယွင်းတဲ့ လူ ရှိကောင်းရှိနိုင်ပါတယ်။ အဲ့လို မှားယွင်းတဲ့လူတွေကိုလည်း တပ်မတော်က စစ် စည်းကမ်းအတိုင်း ပြင်းထန်စွာ အပြစ်ပေးပြီးသားပါ။ ဥပမာ - ရှမ်းပြည်နယ်ဘက်က မြို့တစ်မြို့မှာဖြစ်ပွားခဲ့တဲ့ အမှုဆိုရင် ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်ခဲ့ပါတယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေလည်း နောက်ထပ်ရှိပါသေးတယ်။ ထပ်ဖော်ပြနေရင် ဆောင်းပါး ရှည်သွား မှာစိုးလို့ မဖော်ပြတော့ပါဘူး။