လောင်းလုံးမှာ တနင်္သာရီတိုင်းဝန်ကြီးနဲ့ NLD ဗဟိုကော်မတီဝင်တို့ရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံရ
တနင်္သာရီတိုင်းမ်၊ နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်းအစိုးရအဖွဲ့ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနဲ့ NLD ပါတီရဲ့ ဗဟိုကော်မတီ(CC) ဝင် ဦးဗိုလ်ထွေးတို့ရဲ့နေအိမ်တွေကို ချိတ်ပိတ်လိုက်တယ်လို့သိရပါတယ်။
လောင်းလုံးမြို့နယ် မင်းရပ်ရွာက ဦးမြင့်စန်းရဲ့နေအိမ်နဲ့ ကျောက်ဆင်ရွာက ဦးဗိုလ်ထွေးတို့ရဲ့ နေအိမ်တွေကို နိုဝင်ဘာလ ၂၂ ရက်မှာလာရောက်ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။
ဦးမြင့်စန်းနဲ့ ဦးဗိုလ်ထွေးတို့ဟာ သူတို့ရဲ့နေအိမ်တွေမှာ မနေတာကြာပြီလို့သိရပါတယ်။
ဝန်ကြီး ဦးမြင့်စန်းဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း လောင်းလုံးမဲဆန္ဒနယ်အမှတ် ၂ ကနေ အနိုင်ရခဲ့သူဖြစ်ပြီး NLD ပါတီရဲ့မြို့နယ်အတွင်းရေးမှူးတစ်ယောက်လည်းဖြစ်ပါတယ်။
ဦးဗိုလ်ထွေးကတော့ လောင်းလုံးမဲဆန္ဒနယ် အမှတ် ၁ က တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ထပ်ပြီးအနိုင်ရရှိထားသူဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲက NLD ပါတီရုံးတချို့ ပစ်မှတ်ထားဖျက်ဆီးခံရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။
The Tanintharyi Times
ဓာတ်ပုံ - ကျောက်ဆင်ရွာက ဦးဗိုလ်ထွေးနေအိမ်။