Soft Power မဟာဗျူဟာများကို အသုံးချခြင်းဖြင့် အပြုသဘောဆောင်သည့် ဒေသကိုယ်စားပြု သရုပ်သကန်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။
ထို့အပြင် ရာသီဥတုပြောင်းလဲမှု၊ ကျန်းမာရေးလုံခြုံရေးနှင့် စားရေရိက္ခာဖူလုံမှုကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာပြဿနာများကို ရင်ဆိုင်နေရသည်နှင့်အမျှ အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ထိုစုပေါင်းကြိုးပမ်းမှုများအတွက် ထောက်ခံအားပေးရမည် ဖြစ်ပါသည်။
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရိုက်ခတ်လာသည့် ရာသီဥတုပြောင်းလဲမှုကို ပြင်းထန်စွာ ခံစားနေရသည်ဖြစ်ရာ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိရန် လုပ်ဆောင်မှုသည် ဒေသတွင်းအစီအစဉ်များတွင် ဉီးစားပေး အနေဖြင့် လုပ်ဆောင်သင့်ပါသည်။ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့်၊ မိမိတို့ဒေသတွင်းသာမက ကမ္ဘာ့အသိုင်းအဝိုင်းကိုပါ အကျိုးရှိစေမည့် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။
ဗဟုမဏ္ဍိုင်သို့ ဉီးတည်နေသည့်ကမ္ဘာကြီးတွင် ဒေသတွင်း နိုင်ငံများသည် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် လိုအပ်ပါသည်။ အကြမ်းဖက်မှုနှင့် ပင်လယ်ဓားပြမှုများကဲ့သို့သော ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အရှေ့တောင်အာရှနိုင်ငံများအကြား ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင်ပြုလုပ်ရန် လိုအပ်ပါသည်။ ထို့ပြင် မိမိတို့နိုင်ငံများအနေဖြင့် ပဋိပက္ခများကို စီမံခန့်ခွဲရန်နှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် မတူကွဲပြားသော အင်အားစုများ စုပေါင်း လုပ်ဆောင်သည့် နိုင်ငံစုံ လုံခြုံရေးမူဘောင်များတွင်လည်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။
ဤသို့သော ဗဟုမဏ္ဍိုင်အနာဂတ်တွင် အရှေ့တောင်အာရှဒေသတွင်းသာမက ဒေသပြင်ပတွင်လည်း ၎င်း၏မိတ်ဖက်ဆက်ဆံရေးများကို အားကောင်းခိုင်မာစေရန် လိုအပ်ပါသည်။ ထွန်းသစ်စ စီးပွားရေးနှင့် ရှိပြီးအင်အားကြီးနိုင်ငံများနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် မတူကွဲပြားသော မဟာမိတ်ကွန်ရက်များကို ဖြစ်ထွန်းစေမည်ဖြစ်သည်။ ဤချဉ်းကပ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှုများတွင် ဒေသတွင်း နိုင်ငံများ၏ ဩဇာကို ချဲ့ထွင်စေရုံသာမက နိုင်ငံဖြတ်ကျော်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် မိမိတို့၏စွမ်းရည်များကိုလည်း မြှင့်တင်ပေးမည်ဖြစ်သည်။
ပထဝီဝင်နိုင်ငံရေး မျက်မှောခေတ်သစ်တွင် ဗဟုမဏ္ဍိုင်အနာဂတ်ကမ္ဘာကို ပုံဖော်ရာတွင် အရှေ့တောင်အာရှ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန် လိုအပ်ပါသည်။ ဗဟုမဏ္ဍိုင်ကမ္ဘာကြီး၏ ဆင့်ကဲဖြစ်စဉ်သည် အရှေ့တောင်အာရှဒေသအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ နှစ်မျိုးလုံးကို ဖြစ်ပေါ်စေပါသည်။ ဤလမ်းခရီးကို ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားကြရမည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလက်ခံရန်၊ အားလုံးပါဝင်နိုင်သောတိုးတက်မှုကို မြှင့်တင်ရန်နှင့် ငြိမ်းချမ်းရေးကိုမြှင့်တင်ရန်တို့မှာ မြန်မာအပါအဝင် ဤဒေသတွင်းရှိနိုင်ငံများအတွက် မရှိမဖြစ် လိုအပ်ပါသည်။ အရှေ့တောင်အာရှဒေသကြီးသည် ပိုမိုရှုပ်ထွေးလာသောသော ကမ္ဘာ့အခင်းအကျင်းတွင် တည်ငြိမ်မှုနှင့် သာယာဝပြောမှု၏ မီးရှူးတန်ဆောင် ဖြစ်လာနိုင်ချေများစွာ ရှိနေပါသည်။
နိဂုံး