The River News TRN


Kanal geosi va tili: Myanma, Birmancha
Toifa: Siyosat


ပြည်တွင်းသတင်းများ၊ နိုင်ငံတကာသတင်းများ

Связанные каналы

Kanal geosi va tili
Myanma, Birmancha
Toifa
Siyosat
Statistika
Postlar filtri


ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်


ဘားအံမြို့နယ်၊ မိကရင်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ၅ ဦးအား PDF အမည်ခံ အကြမ်းဖက် အဖွဲ့များက အကြောင်းမဲ့ လာရောက်ပစ်ခတ်သတ်ဖြတ်
နေပြည်တော်၊ နိုဝင်ဘာ - ၁၈


တစ်ဖက်သတ်စွပ်စွဲချက်များအပေါ် အခြေခံပြီး နိုင်ငံရေးသဘောသက်ဝင်သည့် နိုင်ငံတစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထား ချမှတ်သော ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံက ကန့်ကွက်ပယ်ချ


မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်ဈေးတွင် ဈေးလာဝယ်သူဇနီးမောင်နှံနှစ်ဦးကို အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်သွား၊ ခင်ပွန်းဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူဒဏ်ရာရ

စက်တင်ဘာ ၂၀၊ ၂၀၂၂ TRN

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်ဈေး၌ စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်က ဈေးလာဝယ်သူ ဇနီးမောင်နှံနှစ်ဦးကို အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်သွားသဖြင့် ခင်ပွန်းဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူဒဏ်ရာရခဲ့ကြောင်းသိရသည်။

နန္ဒဝန်ရပ်ကွက်နေ ကိုကျော်ကျော် (၃၀) နှစ်နှင့် ဇနီးဖြစ်သူ မနှင်းအေးခိုင် (၂၂) နှစ် တို့သည် အဆိုပါရပ်ကွက်ဈေး၌ ဈေးဝယ်နေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမား အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုကျော်ကျော်တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မနှင်းအေးခိုင်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

TRN


မုံရွာမြို့နယ် နန္ဒာဝန်ရပ်ကွက်တွင် အမျိုးသားတစ်ဦးကို အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်သတ်

စက်တင်ဘာ ၂၀၊ ၂၀၂၂ TRN

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နန္ဒာဝန်ရပ်ကွက်၊ နယ်မြေ (၈) ၌ စက်တင်ဘာ ၁၉ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် အမျိုးသားတစ်ဦးကို အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။

အဆိုပါရပ်ကွက်နေ ကိုထွန်းထွန်းဝင်း (၄၂) နှစ် သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် အကြမ်းဖက်သမားအမျိုးသားနှစ်ဦးသည် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုထွန်းထွန်းဝင်းတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

TRN


ဝက်လက်မြို့နယ် စိုင်းနိုင်းလေးကျေးရွာအုပ်ချုပ်ရေးမှူးကို အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်

စက်တင်ဘာ ၁၄၊ ၂၀၂၂ TRN

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ စိုင်းနိုင်လေးကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးကို စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်းသိရသည်။

ကျေးရွာအုပ်ချုပ် ရေးမှူးဖြစ်သူ ဦးညိုသန်းသည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် အကြမ်းဖက်သမားနှစ်ဦးက နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးညိုသန်းတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသမှုခံယူနေရသည်။

TRN


ပုလောမြို့နယ်တွင် တောင်ယာကမ်းကျေးရွာအုပ်ချုပ်ရေးမှူးကို အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်သတ်

စက်တင်ဘာ ၁၄၊ ၂၀၂၂ TRN

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် တောင်ယာကမ်း ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်းသိရသည်။

စပူပြင်ကျေးရွာနေ တောင်ယာကမ်း ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးယုနိုင်သည် တောင်ယာကမ်းကျေးရွာမှ စပူပြင်ကျေးရွာသို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် ပြန်လာစဉ် အကြမ်းဖက်သမား ၅ ဦးခန့်က မော်တော်ယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စပူပြင် ကျေးရွာဆိုင်းဘုတ်နှင့် ၃ ဖာလုံခန့်အကွာရှိ မြိတ်-ထားဝယ်ကားလမ်း ဝဲဘက်ရေမြောင်းစပ်တွင် သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးယုနိုင်တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

TRN


အဆိုပါ Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းသည် Ulan-Ude မြို့မှ ၂၃ ကီလိုမီတာအကွာ Buryatia ဒေသ၊ Verkhnyaya Ivolga ရွာအနီးတွင်တည်ရှိပြီး ၁၉၄၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်က အဆိုပါ ဘုန်းတော်ကြီးကျောင်းသည် Central Spiritual Board of Buddhists of the USSR ၏ နေရာဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ရုရှားနိုင်ငံရှိ သံဃာအဖွဲ့အစည်းများအတွက် အသုံးပြုလာခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ နေရာသည် ရုရှားနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ ဌာနချုပ်တစ်ခုကဲ့သို့ဖြစ်ပြီး ဗုဒ္ဓဘာသာဆိုင်ရာ ပညာရပ်များနှင့် လေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိသည် နေရာတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Republic of Buryatia ပြည်နယ်၊ Ulan-Ude မြို့သို့ရောက်ရှိ Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းတို့သို့ သွားရောက်လေ့လာ

နေပြည်တော် စက်တင်ဘာ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Amur ပြည်နယ်၊ Blagoveshchensk မြို့၊ Ignatyevo အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် Republic of Buryatia ပြည်နယ်၊ Ulan-Ude မြို့၊ Baikal လေဆိပ်သို့ရောက်ရှိကြရာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov က ၎င်းတို့ပြည်နယ်မှ နောက်ဆုံးအဆင့်မြှင့်တင်ထုတ်လုပ်ထားသည့် ရဟတ်ယာဉ်ကို လေဆိပ်၌လိုက်လံပြသခဲ့ပြီး အတွင်းပိုင်း၊ အပြင်ပိုင်း ပြင်ဆင်ထားရှိမှုနှင့် စွမ်းဆောင်ရည်များကို ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိကြရာ မဟာယနဗုဒ္ဓဘာသာခေါင်းဆောင် Damba Bandmaeich Ayusheev နှင့် သံဃာတော်များက ကြိုဆိုနှုတ်ဆက်ကြပြီး ကျောင်းတော်အတွင်း ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းပြသသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ၁၂ ပါးမြောက် လားမားဘုန်းတော်ကြီး၏ ရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားမှုအပေါ် နာယူကြည်ညိုသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား မဟာယနဗုဒ္ဓဘာသာခေါင်းဆောင် Damba Bandmaeich Ayusheev နှင့် သံဃာတော်ကြီးများက ကျောင်းဧည့်ခန်းမတွင် လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များ မြန်မာနိုင်ငံသို့ သာသနာပြုရောက်ရှိခဲ့စဉ် ရှေးဟောင်းဘုရားစေတီပုထိုးများအား ရှေးမူလက်ရာမပြတ်ထိန်းသိမ်းထားရှိမှုနှင့် နေရာဒေသတိုင်းတွင် ဗုဒ္ဓသာသနာတော် ယဉ်ကျေးမှုများကို တွေ့မြင်ခဲ့ရသည့်အတွက် ကြည်နူးဝမ်းမြောက်မိသည့် အခြေအနေများ၊ မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်၌ မြန်မာနိုင်ငံမှ ရွှေစည်းခုံပုံတူစေတီတော်ကြီး လာရောက်တည်ထားကိုးကွယ်မှုသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ပထမဆုံးလာရောက်တည်ထားကိုးကွယ်သည့် ဗုဒ္ဓသာသနာစေတီပုထိုးဖြစ်ပြီး ဗုဒ္ဓသာသနာတော်ထွန်းကားရေးအတွက် များစွာအထောက်အပံ့ဖြစ်စေသည့် အခြေအနေများနှင်ပတ်သက်၍ မိန့်ကြားတော်မူသည်။

ဆရာတော်ကြီး၏ မိန့်ကြားမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြပြီး အခြားသော ကိုးကွယ်ရာဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပြုပေးထားသည့် အခြေအနေများ၊ သာသနာတော်ဆိုင်ရာ အဆောက်အဦများကို အထွတ်အမြတ်ထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ပူဇော်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ နှုတ်ကပါဌ်တော်များကို ကျောက်စာချပ်များပေါ်တွင် ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်၍ ကျောက်စာရုံစေတီတော်များ တည်ထားပူ‌ဇော်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ လျှောက်ထားတော်မူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာယနဗုဒ္ဓဘာသာခေါင်းဆောင် ဆရာတော်ကြီးအား ဗုဒ္ဓရုပ်ပွားတော်မြတ်များ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၏ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် စုပေါင်းအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီး လက်ခံရယူပြီး ဓမ္မလက်ဆောင်များကို ပြန်လည်ပေးအပ်သည်။


တနင်္သာရီတိုင်း ရေဖြူမြို့နယ် လဲရှောင်ကျေးရွာတွင် အကြမ်းဖက်သမားများက အမျိုးသားတစ်ဦးကို ပစ်သတ်

စက်တင်ဘာ ၉၊ ၂၀၂၂ TRN

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ လဲရှောင်ကျေးရွာ၌ စက်တင်ဘာလ ၈ ရက် နံနက် ၉ နာရီခွဲအချိန်တွင် အဆိုပါကျေးရွာနေ ဦးကြည်စိုး (၆၂) နှစ် ကို အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းသိရသည်။

ဦးကြည်စိုးသည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမားလေးဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဦးကြည်စိုးအား သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးကြည်စိုးတွင်ဦးခေါင်းဝဲဘက် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်းသိရသည်။

TRN


တောင်ငူမြို့နယ် မြပင်ကူးကျေးရွာအနီးလယ်ကွင်းအတွင်း၌ အလုပ်လုပ်နေသူတစ်ဦးကို အကြမ်းဖက်သမားက သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေး

စက်တင်ဘာ ၉၊ ၂၀၂၂ TRN

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြပင်ကူးကျေးရွာအနီး လယ်ကွင်း၌ အလုပ်လုပ်ကိုင်နေသူတစ်ဦးကို စက်တင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ပချိန်တွင် အကြမ်းဖက်သမားက သေနတ်ဖြင့်ပစ်ခတ်ခွက်ပြေးသွားကြောင်းသိရသည်။

မြပင်ကူးကျေးရွာနေ ဦးမြင့်လွင် (၄၈) နှစ်ကျေးရွာ၏တောင်ဘက် ၃ ဖာလုံခန့်အကွာရှိ ၎င်းပိုင်လယ်ကွင်းအတွင်း၌ အလုပ်လုပ်ကိုင်နေစဉ် အကြမ်းဖက်သမားရောက်ရှိလာပြီး‌ သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်လွင်တွင် ယာပုခုံး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

TRN


မော်လမြိုင်မြို့မှ လူနာပို့ဆောင်ပြီး ရေးမြို့သို့ပြန်လာသည့် လူမှုကူညီရေးယာဉ်တစ်စီးအား သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်းနှင့် အကူယာဉ်မောင်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိ
နေပြည်တော်၊ စက်တင်ဘာ ၉


မြင်းခြံမြို့နယ် ကျောက်တန်းကျေးရွာအနီးတွင် အကြမ်းဖက်သမားများက အမျိုးသားတစ်ဦးကို ချောင်းမြောင်းပစ်သတ်

စက်တင်ဘာ ၉၊ ၂၀၂၂ TRN

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောက်တန်းကျေးရွာအနီး မြင်းခြံ-တောင်သာကားလမ်း မိုင်တိုင် အမှတ် ၄၅၁/ ၃ အနီးတွင် စက်တင်ဘာ ၈ ရက်နေ့ညနေ ၃ နာရီအချိန်က ကျောက်တန်းကျေးရွာနေအမျိုးသားတစ်ဦးကို အကြမ်းဖက်သမားများက ချောင်းမြောင်းပစ်သတ်ခဲ့ကြောင်းသိရသည်။

ကျောက်တန်းကျေးရွာနေ ဦးစိန်သောင်း (၆၈) နှစ် သည် မြင်းခြံမြို့မှ ကျောက်တန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မြင်းခြံ-တောင်သာကားလမ်းအတိုင်း ပြန်လည်မောင်းနှင်လာစဉ် ကျောက်တန်းကျေးရွာအနီး အခင်းဖြစ်ရာအရောက်၌ အကြမ်းဖက်သမားများက သေနတ်ဖြင့်ချောင်းမြောင်း လုပ်ကြံပစ်ခတ်ခဲ့သဖြင့် ဦးစိန်သောင်းတွင် နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ယာနားထင်မှ ဝဲချိုစောင်းကျည် ဖောက်ထွက်ဒဏ်ရာတစ်ချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

TRN


ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ လောကနန္ဒာဘုရားကမ်းပါးအောက်ခြေ ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ရေအောက်ကေဘယ်လ်စနစ် (SEA-ME-WE-5) ၏ Cable Landing Station ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ လောကနန္ဒာဘုရား ကမ်းပါးအောက်ခြေ ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ရေအောက်ကေဘယ်လ်စနစ် (SEA-ME-WE-5) ၏ Cable Landing Station တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နံနက်ပိုင်းတွင် ပုသိမ်မြို့အနီး၊ ငဝန်မြစ်ရေတိုက်စားမှုမှ ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လောကနန္ဒာဘုရား ကမ်းပါးအောက်ခြေတွင် ကမ်းပြိုမှုကာကွယ်ရေး ဆောင်ရွက်ထားရှိမှု၊ ကမ်းပြိုကာကွယ်ရေး ထိန်းသိမ်းနိုင်ရန် ဘုရား၏အထက်ဘက် Up Stream မှ သောင်တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်ထားရှိမှုကို အသေးစိတ်ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက ရေတိုက်စားမှု ဖြစ်ပေါ်သည့်ကမ်းပါးနေရာများ တည်တံ့အောင် စနစ်တကျ စံချိန်စံညွှန်းနှင့်အညီ ပြုပြင်ဆောင်ရွက်ရန်၊ ရေတိုက်စားမှု ထပ်မံမဖြစ်ပွားစေရေး၊ လိုအပ်သည့် နေရာများတွင် သောင်တူးဖော်ရေးလုပ်ငန်းများအား ကြိုတင်စီမံဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဝဲဒေါင့်ဆိပ်ကမ်းရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဆိပ်ခံတံတားနေရာသို့ လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပြီး တံတားပြုပြင်မွမ်းမံရေး ဆောင်ရွက်ရန် အခြေအနေများ၊ တံတားအနီးသောင်တူးဖော်ရေး ဆောင်ရွက်သင့်သည့် အခြေအနေများကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရေအောက် ကေဘယ်လ်စနစ် (SEA-ME-WE-5) ၏ Cable Landing Station သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရေအောက်ကေဘယ်စနစ်နှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးစနစ်များ ကောင်းမွန်နေစေရေး၊ ပင်လယ်ရေအောက်နှင့်ကုန်းပေါ်တွင်ဆက်ကြောင်း ပြတ်တောက်ပါက အချိန်တိုအတွင်း သိရှိစေရေးနှင့် အမြန်ဆုံးပြုပြင်နိုင်ရေး စီမံဆောင်ရွက်ထားရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အစည်းအဝေးခန်းမတွင် ပုသိမ်မြို့၌ တာဝန်ထမ်းဆောင်လျက် ရှိကြသော ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများကို တွေ့ဆုံရာ တိုင်းဒေသကြီးအဆင့် တာဝန်ခံအရာရှိများကဌာန၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဘဏ္ဍာငွေရှာဖွေနိုင်မှုနှင့်သုံးစွဲမှု၊ ဝန်ထမ်းသက်သာ ချောင်ချိရေးဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မိမိဌာနအလိုက် ရည်မှန်းချက်၊ လုပ်ငန်းတာဝန်နှင့် စွမ်းဆောင်ရည်မြင့်မားရေးကို အလေးထားဆောင်ရွက်ရေး၊ လက်ရှိအခြေအနေ အချိန်အခါနှင့် ကိုက်ညီသော လုပ်ငန်းအစီအမံများကို ပြန်လည်သုံးသပ်၍ လုပ်ငန်းများတိုးတက်အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ရေး၊ အများ ပြည်သူသယ်ယူပို့ဆောင်ရေး (Public Transportation) လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရေးနှင့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး၊ ဝန်ထမ်းများ လုံခြုံရေးအသိ/သတိရှိရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးအစီအမံများကို ရေးဆွဲချမှတ်လေ့ကျင့် ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော SOP နှင့်အညီ လိုက်နာရေးရုံးဌာနများတွင် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။


ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ လောကနန္ဒာဘုရားကမ်းပါးအောက်ခြေ ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ရေအောက်ကေဘယ်လ်စနစ် (SEA-ME-WE-5) ၏ Cable Landing Station ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၉


မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် အကြမ်းဖက်သမားများက အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်

စက်တင်ဘာ ၈၊ ၂၀၂၂ TRN

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာ ရပ်ကွက်တွင် စက်တင်ဘာ ၈ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်က အဆိုပါရပ်ကွက်နေ ဦးလှဝင်းသိန်းကို အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်းသိရသည်။

ဦးလှဝင်းသိန်းသည် နေအိမ်ဈေးဆိုင်ရှေ့ ပလက်ဖောင်းပေါ်တွင်ရှိနေစဉ် ဆိုင်ကယ်မောင်းနှင် လာသည့် အကြမ်းဖက်အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးလှဝင်းသိန်းတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်းသိရသည်။

TRN


ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် အကြမ်းဖက်သမားများက ရာအိမ်မှူးတစ်ဦးကို ပစ်သတ်

စက်တင်ဘာ ၈၊ ၂၀၂၂ TRN

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မိုးကောင်းဘူတာအနီးရှိ စိုးကံသာ ထမင်းဆိုင်၌ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် ရာအိမ်မှူးတစ်ဦးကို အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်းသိရသည်။

ဈေးကုန်းရပ်ကွက်နေ ရာအိမ်မှူး ဦးသောင်းနိုင်စိုးသည် ၎င်းပိုင် စိုးကံသာ ထမင်းဆိုင်အား ဖွင့်လှစ်ရန် ပြင်ဆင်နေစဉ် အကြမ်းဖက်အမျိုးသားသုံးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးသောင်းနိုင်စိုးတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်းသိရသည်။

TRN


အကြမ်းဖက်သမားများက ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာ၊ ပေါ်ဦးရပ်ကွက်အနီးရှိ ဓာတ်အားပေးတာဝါတိုင် ၁ ခုအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး၊ လောပိတ - တီကျစ် မဟာဓာတ်အားလိုင်း ဓာတ်အား ပို့လွှတ်မှု ပြတ်တောက်
နေပြည်တော်၊ စက်တင်ဘာ - ၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့တွင် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တွေ့ဆုံဆွေးနွေးမှုများ၊ အစည်းအဝေးတက်ရောက်ခြင်းများကို ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားနိုင်ငံနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း ROSCOSMOS ၏ အကြီးအကဲဖြစ်သူ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Yuri Borisov ဦးဆောင်သည့် အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ သိပ္ပံနှင့်နည်းပညာ နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လေကြောင်းနှင့် အာကသနယ်ပယ် ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားနိုင်ငံ အာကာသနည်းပညာအေဂျင်စီ ROSCOSMOS အကြီးအကဲတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

အလားတူ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU)အတွင်း၌ တွေ့ဆုံ၍ ဘွဲ့လွန်သင်တန်းသားများ စေလွတ်ရေး၊ ဘွဲ့ကြိုကျောင်းသားများ လက်ခံသင်ကြားပေးရေး၊ ဆေးတက္ကသိုလ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ ဆေးရုံများအချင်းချင်းပူးပေါင်းဆောင်ရွက်ရေး၊ ကူးစက်မြန် ကပ်ရောဂါထိန်းချူပ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ ကျန်းမာရေး ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို ရင်းနှီးစွာဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


ပဲခူးမြို့နယ် ကင်းပိုင်ချုံကျေးရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

စက်တင်ဘာ ၇၊ ၂၀၂၂ TRN

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ကင်းပိုင်ချုံကျေးရွာတွင် စက်တင်ဘာ ၆ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်တွင် အကြမ်းဖက်သမားများက အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက်သမားများသည် အဆိုပါကျေးရွာနေ ဦးကျော်ဆင့်ကို ၎င်း၏နေအိမ်အပေါက်ဝတွင် သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားသဖြင့် ဦးကျော်ဆင့်တွင် ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ၂ ချက်၊ ယာနားထင်ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ဖြင့် အခင်းဖြစ်ရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

TRN

20 ta oxirgi post ko‘rsatilgan.

3 039

obunachilar
Kanal statistikasi