Pae Toe Media dan repost
Lucky Baskhar ဆိုတဲ့ ဇာတ်ကားကြည့်ရင်း ဘာသွားမြင်လဲဆိုတော့ လူလည်တွေရဲ့ ပရဟိတအပေါ် ငွေမဲ ခဝါချတာကိုပါ။
"ဘာစကာ" ဆိုတဲ့ ဘဏ် casher ငမွဲလေးက ဘဝမှာ မထင်မှတ်ထားလောက်တဲ့အထိ ငွေကြေးတွေ ပိုင်ဆိုင်သွားတယ်။
သူပိုင်တဲ့ငွေတွေက တရားဝင်နည်းနဲ့ ရလာခဲ့တာတော့ မဟုတ်ခဲ့ဘူး။
ဒီလိုပါပဲ အပြင်လောကမှာ လူတယောက်ဟာ ငွေ သိန်း သောင်းဂဏန်းအထက် ချမ်းသာလာခဲ့ပြီဆို တလုံးတခဲတည်း ထီပေါက်တာ မဟုတ်ရင် တရားမဝင်လမ်းကြောင်းကသာ ဖြစ်ဖို့များပါတယ်။
"ဘာစကာ"က သူပိုင်ဆိုင်တဲ့ တရားမဝင်ငွေမဲတွေကို တရားဝင်ငွေဖြူဖြစ်စေဖို့ ထီထိုးတယ်၊ အစိုးရဘက်က သတိမထားမိအောင် Digital Money ငွေကြေး စာရင်းတွေကို မသုံးဘဲ ငွေသားသီးသန့်ကိုသာ အရောင်းအဝယ်လုပ်တယ်။
နောက်ဆုံးတော့ သူပိုင်ဆိုင်သမျှကို အကုန်သယ်သွားပြီး အမေရိကန်မှာ အချေချသွားနိုင်ခဲ့တယ်။
ကျနော်တို့နိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုစာအတွင်း ပရဟိတဖောင်ဒေးရှင်းအကြီးကြီးတွေပါ ပေါ်လာတယ်။
နောက် အစွယ်အပွားတွေ အဖြစ်နဲ့ ဝန်းရံဖောင်ဒေးရှင်း အသေးလေးတွေကလည်း ဒုနဲ့ဒေး ဖြစ်လာတယ်။
တစ်ဖက်က ကြည့်ရင် လူထုအကျိုးပြု ပရဟိတလုပ်ငန်းတွေ များလာတာ ကောင်းပါတယ်။
ဒါပေမယ့် ဒီဖောင်ဒေးရှင်းဖြစ်တည်လာပုံတွေက အဲ့လောက်ရိုးရှင်းခဲ့သလား...?
ဒီဖောင်ဒေးရှင်းတွေအတွက် ငွေကြေးတွေက ဘယ်ကလာခဲ့သလဲ...?
တခုချင်းစီမှာ ဘယ်လောက်ပမာဏအထိ ပိုင်ဆိုင်နေခဲ့သလဲ...?
ဘယ်လိုအကျိုးပြုတွေလုပ်ငန်းတွေ ချပြနိုင်ခဲ့လဲ....? မေးခွန်းတွေ အများကြီး ရှိလာစေခဲ့တယ်။
တရားဝင်ချပြလို့ မရတဲ့ ငွေမဲတွေကို ငွေဖြူဖြစ်အောင် ခဝါချရတဲ့အခါ နည်းလမ်းတွေအများကြီးထဲက အလွယ်ဆုံးနည်းတွေဟာတော့ တရားဝင်လောင်းကစားတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာ လည်ပတ်စေလိုက်တာပါပဲ။
လူတယောက်မှာ ငွေမဲ သိန်း ၅ သောင်း ပိုင်ဆိုင်ထားရင် သိန်း ၁၀၀၀ ဖိုး အစိုးရထီထိုးလိုက်မယ်။
သိန်း ၁၀၀၀ ဖိုး ထီအစောင်ရေ အများကြီးထဲက အကြောင်းတိုက်ဆိုင်လို့ သိန်း ၅၀၀ ထီ တစောင် ပေါက်ခဲ့မယ်။
အဲ့ဒိသိန်း ၅၀၀ ကို အခြေတည်ပြီး စီးပွားရေးလုပ်လိုက်တာ သိန်း သောင်းချီ ထပ်ပိုင်ဆိုင်လာခဲ့တာပါပေါ့။
ပြီးတော့မှ ထီပေါက်ငွေ သိန်း ၅၀၀ အခြေတည် စီးပွားလုပ်လို့ရလာတာပါဆိုတဲ့ နဂို ငွေမဲ သိန်း ၅ သောင်းထဲက အစိုးရကို ဝင်ငွေခွန် ဆောင်ပေးလိုက်ရင် ပိုင်ဆိုင်သမျှ အကုန် ငွေဖြူတွေ ဖြစ်သွားစေတော့တာပါ။
ဒီလိုနည်းနဲ့ တရားဝင်ဖွင့်ထားတဲ့ ကာစီနိုတွေမှာလည်း သူဌေးကြီးတွေက ငွေမဲတွေကို ခဝါသွားချလေ့ရှိကြတယ်။
နောက်တခုက ပရဟိတ။
ဘယ်က ဘယ်လို ရလာ ရောက်လာမှန်း မသိနိုင်တဲ့(မသိအောင်လုပ်ထားတဲ့) ငွေမဲတွေကို ငွေဖြူဖြစ်အောင် လုပ်မယ်ဆို ပရဟိဖောင်ဒေးရှင်း (သို့) NGO အဖွဲ့အစည်းတွေကို ဖွဲ့လိုက်ကြတာပါပဲ။
ပြီးတော့မှ လူထုအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေမှာ သုံးပါတယ်လို့ သိန်း ၁၀၀၀ လောက် အသုံးပြပြီး သိန်း တစ်သိန်းလောက်ကို ကိုယ့်လူတွေနဲ့ ကိုယ့်အဖွဲ့စည်းတွေကို ခိုင်မာအောင် ခွဲဝေ အသုံးပြုလိုက်ကြတာပါပဲ။
ဒီအတတ်ပညာတွေ ဒီစည်းမျဉ်းဥပဒေသတွေကို INGO အောက်မှာ လုပ်ခဲ့ဖူးသူတွေ၊ Activist တွေ၊ လော်ဘီတွေက ကောင်းကောင်း တတ်မြောက်ကြတယ်။
ပြည်သူလူထု အများစုမှာတော့ တနေ့စာ တနေ့တောင် မနည်းရှာဖွေနေရတော့ ငွေဖြူငွေမဲတွေ ခဝါချတာတွေဟာ ဘာမှန်းတောင် မကြားဖူးကြဘူး။
အဲ့ဒိ မသိနားမလည်မှုအပေါ်ကို အသုံးချရင်း လူထုကို ၁၀၀ ဖိုးလောက် ပေးကမ်းလိုက် ၁ သောင်းဖိုးလောက် ကိုယ်ကျိုးရှာလိုက်နဲ့ ဒီလူတွေကို လူထုခမျာမှာတော့ ကယ်တင်ရှင်သူရဲကောင်းကြီးတွေ အဖြစ် တရားသေစွဲမှတ်သွားကြတယ်။
ဘာဖောင်ဒေးရှင်း ညာဖောင်ဒေးရှင်းဆို သတိသာ ထားရပါလိမ့်မယ်။
အားလုံးက ထောင်မြင်လို့ ရာစွန့်ပေးမယ့် မီးခိုးမထွက်တဲ့ လုပ်ငန်းတွေ။
စီးပွားရေးရုပ်ရှင်ကြည့်ရတာ ကြိုက်ရင် Lucky Baskhar ဆိုတဲ့ အိန္ဒိယဇာတ်ကားလေး ရှာကြည့်စေချင်ပါတယ်။