အောင်နိုင်သူ dan repost
#အထိန်းကွပ်မဲ့နေတဲ့ကမ္ဘာကြီးဖြစ်ပြီလား
ဆီးရီးယား မြန်မာ ယူကရိန်း အစ္စရေး
အရေးအခင်းတွေကြည့်ပြီးတော့
ကမ္ဘာကြီး က အန္တရာယ်အကြီးဆုံးအချိန်
ကို ရောက်နေပြီလို့ မြင်မိတယ်။ ဆရာမိုးတင့်
ပြောသလို ကမ္ဘာကြီး က စစ်ဖြစ်ရမယ့်အချိန်
ကို ရောက်နေပြီ တဲ့ ။
ဘာကြောင့် ဒီလောက်တောင် စစ်မက်ထူပြော
ချိန်ရလာရသလဲလို့ ကျွန်တော် ဆန်းစစ်ကြည့်
တဲ့ အခါ ၂ ချက်ကို သတိပြုမိတယ်။
ပထမ အချက်က လူတွေရဲ့ အတ္တလောဘ
အာဏာလောဘကြီးမှုနဲ့ အတူ နိုင်ငံကြီးတွေ ရဲ့
အင်အားချိန်ခွင်ရှာအားပြိုင်မှု ကြောင့်
ဖြစ်ရတယ်လို့ ယူဆတယ်။
ဒုတိယ အချက်က ခေတ်မီ စစ်လက်နက်
နည်းပညာ ပေါက်ကွဲခေတ်ကို ရောက်လာနေ
တာကြောင့် ယူဆမိပါတယ်။
ဒီမှာ ပျောက်ဆုံးနေတဲ့ အချက်တစ်ချက်က
ကိုယ်ချင်းစာ တရား လို့ ခေါ်ရမယ့် စာနာစိတ်ကို
အခြေခံတဲ့ ဥာဏ်ပညာ အမြော်အမြင်နဲ့ ဖြေရှင်း
ဖို့ မေ့နေကြတာပဲ။ ဖြေရှင်းပေးနိုင်လောက်တဲ့
ကမ္ဘာ့ခေါင်းဆောင်တွေ မရှိသလို တစ်ချိန်က
ဩ ဇာ ရှိခဲ့ဖူးတဲ့ UN လို အဖွဲ့အစည်းကြီးက
လည်း ဘာလုပ်ပိုင်ခွင့် အခွင့်အာဏာ မှ ရှိမနေ
တော့ ဘဲ ဘေးရောက်သွားရတာ လည်း ပါပါ
တယ်။
အသိဥာဏ်ပညာ က လူတွေနဲ့ ခေတ်မီစစ်လက်နက်
နည်းပညာ ပေါက်ကွဲမှု ကို အထိန်းအထေ မလုပ်
နိုင်တော့ဘူး။အာဏာလောဘ မီးနဲ့ စစ်လက်နက်
နည်းပညာပေါက်ကွဲမှု က ကမ္ဘာကြီးကို မင်းမူလာ
တာ ဝမ်းနည်းစရာပါ။
တစ်ချိန်က ကမ္ဘာကြီး ကို ပြောင်းလဲစေခဲ့တဲ့ ခေတ်
တွေ ရှိခဲ့ဖူးတယ်။
အခုလည်း ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ ခေတ်
တစ်ခေတ် ကို ရောက်လာနေပြီ။
ဟိုတုန်းက ခေတ် ပြောင်းလဲမှုမှာ အသိဥာဏ်ပညာ
တနည်းပြောင်ရရင် အိုင်ဒီယိုလော်ဂျီ အားကောင်း
ခဲ့လို့ လူတွေရဲ့ ဒုက္ခကို ကယ်တင်နိုင်ခဲ့တယ်။
အခုခေတ်ပြောင်းလဲမှု က အိုင်ဒီယိုလော်ဂျီ အား
ကောင်းလာတာမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ
မှု က သာ အားကောင်းလာတာမို့ ကမ္ဘာကြီးမငြိမ်းချမ်း
ရတာလို့ ယူဆမိပါတယ်။လူ့အဖွဲ့အစည်း ရော
လူ့ယဥ်ကျေးမှုတွေ ပါ ပျက်စီးရတော့ မလို ဖြစ်လာ
ရတာဟာ မှန်ကန်တဲ့ အိုင်ဒီယိုလော်ဂျီ ငုတ်လျှိုး
ပျောက်ကွယ်လာလို့ပဲ။
ခေတ်ပြောင်းလဲမှု ကို လေ့လာကြည့်တော့
( ၁ ) ဘီ ၄ ရာစု ၅ ရာစု ၆ ရာစု ကာလတွေကို
အသိဉာဏ် ပေါက်ကွဲခေတ်လို့ ပညာရှင်တွေက
တင်စားကြတယ်။
အဲဒီခေတ် က ဗုဒ္ဓမြတ်စွာဘုရားပွင့်တယ်။
ဂျိမ်းဘာသာဘုရား မဟာဝီရ ၊ ဆိုကရေးတီး
အပါအဝင် ဂရိအတွေးအခေါ်ပညာရှင် အများ
အပြားထွက်ခဲ့သလို တရုတ်မှာ ကွန်ဖြူရှပ်
လောင်ဇူး ဆွန်ဇူ တို့ ဟာ လည်း အဲဒီခေတ်က
တွေးခေါ်ပညာရှင် အဖြစ် ဒီနေ့တိုင်ထင်ရှား
နေကြတယ်။ ဒီမိုကရေစီ ဆိုတာကလည်း
အဲဒီခေတ် က ဂရိက နေ စခဲ့တာ ဒီနေ့တိုင်
လူတွေရဲ့ သည်းခြေကြိုက်ဖြစ်တုန်းပဲ။
အသိဉာဏ်ပညာ အားကောင်းတဲ့ ခေတ်မို့
အဲဒီတုန်းက ကမ္ဘာကြီး က ငြိမ်းချမ်းခဲ့ပါတယ်။
( ၂ ) အေဒီ ၁၄ ရာစု ၁၅ ရီနေဆန်း(Renaissance)
ခေတ် ၊ ဥာဏ်သစ်အရေးတော်ပုံခေတ် လို့
ဆိုကြတယ်။
စာပေညာရှင်တွေနဲ့ ယဥ်ကျေးမှု
အနုပညာရှင်တွေ အများကြီး ထွက်ခဲ့တဲ့ခေတ်။
စာပုံနှိပ်စက်တွေ ပေါ်လာသလို
စာပေပညာရှင် ပီးထရတ်တို့ အီရပ်ဇမပ် တို့
အီတာလျံ ကဗျာဆရာကြီး ဒန်တီ တို့ ရှိတ်စပီးယား
နဲ့ လီယိုနာဒို ဒါဗင်ချီ တို့ ပေါ်ပေါက်ခဲ့သလို
သိပ္ပံပညာ မှာ လည်း ကော့ပါ့နီးကပ် တို့ ဂယ်
လီလီယို တို့ ဟာ တစ်ခေတ်ထူထောင်ခဲ့ကြတယ်။
အသိဥာဏျပညာနဲ့ သိပ်ပ ပညာ က Chance &
balance ဖြစ်လို့ ကမ္ဘာကြီး ငြိမ်းချမ်းခဲ့ပါသေးတယ်။
( ၃) ၁၈ ရာစု ၁၉ ရာ စု စက်မှုတော်လှန်ရေးခေတ်။
သိပ္ပံပညာအလွန်အမင်း ထွန်းကားလာပြီး အသိပညာ
မှေးမှိန်လာလို့ နယ်ချဲ့ ကျူးကျော်မှု တွေ ကြောင့်
စက်မက်ထူပြောလာတဲ့ ခေတ်ကို ပြန်ရောက်သွား
တယ်။
( ၄ ) ၂၁ ရာစု ဒီနေ့ခေတ် ကတော့ သတင်းနည်း
ပညာပေါက်ကွဲတဲ့ခေတ် ၊ AI နည်းပညာထွန်းကား
လာတဲ့ခေတ် ၊ ခေတ်မီစစ်လက်နက်နည်းပညာ
ပေါက်ကွဲလာတဲ့ ခေတ်လို့ ဆိုရမှာ ဖြစ်တယ်။
ဒီလို နည်းပညာတွေ အလွန်အမင်း
ကန့်သတ်မဲ့ တိုးတက်လာသလောက် တစ်ဖက်
ကနေ လုံးဝ မှေးမှိန်သွားတာက အသိဥာဏ်ပညာ
ရဲ့ အခန်းကဏ္ဍပဲ။ ဒီလို အသိဥာဏ်ပညာ က
သာ စာနာမှု တရားမျှတမှု လူသန်းဆန်မှုတွေနဲ့
ဖြေရှင်းပေးဖို့ လို အပ်ပါတယ်။သူ ဟာ
နည်းပညာပေါက်ကွဲခေတ် မှာ လူတွေ ရဲ့
လောဘ အတ္တ တွေကို ထိန်းထေ ပေးရန်တာဝန်
ရှိပေမယ့် လုံးဝ မလုပ်နိုင်တော့ တာ တွေ့ရတယ်။
ဒါကြောင့် ကမ္ဘာကြီးဟာ စစ်မက်တွေ ထူပြော
နေရတာပဲ။ မထိန်းပေးနိုင်ရင်တော့ ရှေ့လျှောက်
ပိုဆိုးဖို့ ပဲ ရှိတာမို့ ငြိမ်းချမ်းပါစေ ကမ္ဘာကြီးရေ
လို့ ပဲ ဆုတောင်းပေးရပါတော့မယ်။
အောင်နိုင်သူ