Myanma Today (မြန်မာ့တူ​ဒေး)


Channel's geo and language: Myanmar, Burmese


နိုင်ငံတကာနှင့် ​ဒေသတွင်း သတင်းဦး၊ သတင်းထူး၊ သတင်းမှန်များ

Related channels  |  Similar channels

Channel's geo and language
Myanmar, Burmese
Statistics
Posts filter




Forward from: View of Sue
ဆန်အိတ်ပို့တာ လက်မခံသဖြင့်
ရခီးတွေ ဘင်ဂလားကို
ဝင်သိမ်းမည်


Forward from: View of Sue
AA ဆက်ကြေးစာရွက်နဲ့ ဆန်အိတ်ပို့တာ သူပုန်ထောက်ခံစာမို့
ဘင်္ဂလားဒေ့က လက်မခံ။
နောက်တခါ ထပ်လာရင် ပစ္စည်း သိမ်းမည်။


Forward from: Eleven Media Group
မန္တလေးမြို့တွင် စစ်မှုထမ်းစာရင်း၌ ပါဝင်ခြင်းမရှိစေရန် ပြုလုပ်ပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်တောင်းခံသူ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

“တောင်းတာတွေက အကြိမ်ကြိမ်ခွဲတောင်းတာ။ ပထမအရစ် သုံးသိန်း၊ နောက်တစ်ရစ် နှစ်သိန်းခွဲ အဲလိုတောင်းတာ။ တစ်ဦးကို ငါးသိန်းအထက်ပါသွားကြတယ်။ ဧည့်စာရင်းမစစ်စေချင်ရင်က ငါးသောင်း၊ စစ်မှုထမ်းစာရင်းထံမပါအောင် အုပ်ချုပ်ရေးမှူးကို ဘယ်လောက်ပြန်ပေးရမှာမို့ဆိုပြီး ထပ်တောင်းတာတွေများလာလို့ ရပ်ကွက်ရုံးလာမေးအကြောင်းကြားလာလို့ ဖမ်းမိလိုက်တာ။ လတ်တလောစစ်ဆေးချက်အရ သူလိမ်တာ ဆယ်ဦးလောက်ရှိမယ်။ လောဆယ်ငါးဦးလောက်ပဲ သက်သေလာထွက်ဆိုသေးတယ်” ဟု လိမ်လည်ခံရသူများနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်နေသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

■ Read More - - - >>> https://news-eleven.com/article/298462


Forward from: တိုက်ပွဲသတင်းစုံ
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၉ / ၁၂ / ၂၀၂၄ )ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ
=============================
(အမ်းမြို့)
နံနက် ၇ နာရီအချိန်ခန့်က တိုင်းရုံးအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့်‌နေ့လည် ၁၁ နာရီအချိန်အထိ နှစ်ဖက်တိုက်ပွဲ ၄ နာရီခန့် ဖြစ်ပွားခဲ့‌‌ကြောင်း၊ နံနက် ၈ နာရီအချိန်ခန့်က ဆင်ခုံတိုင်စခန်း၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာရှိ ကာကင်းစခန်းများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး ရန်သူအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းသိရှိရပါသည်။

(စစ်တွေမြို့)
ယနေ့ည ၈ နာရီခန့်ကAA သောင်းကျန်းသူများမှ ခမောင်းတောကျေးရွာမှနေ၍ စစ်တွေမြို့ အရှေ့မြောက်ဘက်ရှိ ကာကင်းစခန်းတစ်ခုအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ၎င်းတို့ပစ်ခတ်သည့်နေရာအား အမြာက်လက်နက်ကြီးများ ဖြင့်လည်းကောင်း၊ ရေတပ်သ‌င်္ဘောမှ လက်နက်ကြီးများဖြင့်လည်းကောင်း ပစ်ခတ်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။

ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
https://t.me/newsmayyu


Forward from: Banyunt6
အင်းတော်မြို့၊ မြို့မ ဘုန်းကြီးကျောင်း တွင်စစ်ရှောင်နေထိုင်လျက်ရှိသည့်အရပ်သားပြည်သူများအား KIA/PDF အဖွဲ့မှ ရှော့တိုက်ဒုံးဖြင့်အကြောင်းမဲ့ပစ်ခတ်မှုကြောင့်စစ်ရှောင် အပြစ်မဲ့ ပြည်သူ အမျိုးသမီး၂ဦးသေဆုံးပြီးသံဃာ ၁ပါးနှင့် အမျိုးသမီး၁ဦးတို့ထိခိုက်ဒဏ်ရာရရှိ
-ဒီဇင်ဘာလ၁၆ရက်နေ့ နေ့လည်၁၂၀၀ နာရီခန့်တွင်KIA /PDFအဖွဲ့မှ အင်းတော်မြို့ မြို့မပရိယတ္တိစာသင်တိုက်အား ရှော့တိုက်ဒုံးဖြင့်အကြောင်းမဲ့ပစ်ခတ်မှုကြောင့်ကျောင်းဝင်းအတွင်းရှိ စစ်ရှောင် ယောဂီအဆောင် အားထိမှန်ပေါက်ကွဲခဲ့ပြီး စစ်ရှောင်နေသူ အသက်၄၉ နှစ် အရွယ် နှင့်    အသက်၅၃ နှစ် အရွယ်အမျိုးသမီး နှစ်ဦးတို့ ပွဲချင်းပြီး သေဆုံး၍ ကျောင်းနေ သံဃာ ၁ပါးနှင့်စစ်ရှောင်အမျိုးသမီး၁ဦးတို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့။
-ဒဏ်ရာရလူနာများအားအင်းတော်မြိုရှိတပ်မတော်စစ်ကြောင်းမှဆေးကုသမှု ပေးလျက်ရှိ ။
KIA /PDF အကြမ်းဖက် အဖွဲ့မှ အင်းတော်မြို့ အား သြဂုတ်လ၁၆ရက်နေ့စ၍အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြောင့် ဒေသခံလူထုမှာ မြို့မဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေထိုင်လျက်ရှိပြီးတိုက်ပွဲဖြစ်ပွားလျက်ရှိ သည့်၄လတာ ကာလအတွင်း စစ်ရှောင် ဒေသခံများအား အကြမ်းဖက်အဖွဲ့ မှရှော့တိုက်ဒုံး ၊ဒရုန်း၊စနိုက်ပါများဖြင့်ပစ်ခတ်မှုကြောင့်အပြစ်မဲ့ပြည်သူ စစ်ရှောင် သက်ကြီးရွယ်အိုအဘွား၃ ဦး၊၁၂နှစ်အရွယ်ကလေး၁ဦး အပါအဝင် ၁၂ဦး သေဆုံးခဲပြီး၄၀ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့။
အဆိုပါဖြစ်စဥ်များနှင်ပတ်သက်၍မိမိမြို့ကို ဖျက်ဆီးမီးရှို့ပြီး ဒေသခံများအားအကြမ်းဖက်ပစ်ခတ်နေမှု အပေါ် မြို့သူ မြို့သားများမှဝေဖန်ရှုံ့ချလျက်ရှိကြောင်းသိရှိရ

#BN


Forward from: တိုက်ပွဲသတင်းစုံ
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် - ၁၅ ရက်အတွင်း ရန်သူထံမှ အကျိုးအမြတ် ရရှိမှုစာရင်း
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

တိုင်းစစ်ဌာနချုပ်အလိုက် ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများ ဇယားပေါင်းချုပ်အား ဖော်ပြလိုက်ပါတယ်။
-
ဒီစာရင်းဇယားထဲမှ High Light ထုတ် ပြောရရင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းက တိုက်ပွဲဖြစ်စဉ်များပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး အကြမ်းဖက်သူပုန်များက ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း တပ်စခန်းများအား လာရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက် KIA/PDF (သေဆုံးမှုအနေဖြင့် ၁၈၇ ဦး ဒဏ်ရာရ ၂၂၈ ဦး) မိုးမောက်မြို့နယ်တွင်း တိုက်ပွဲဖြစ်စဉ်များတွင် အကြမ်းဖက် KIA/PDF များ (သေဆုံးမှုအနေဖြင့် ၈ ဦး ဒဏ်ရာရ ၂၄ ဦး)မံစီမြို့နယ်အတွင်း တပ်စခန်းများအားလာရောက်တိုက်ခိုက်စဉ် အကြမ်းဖက် KIA/PDF (သေဆုံး ၁ ဦး)၊ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်စဉ်တွင် အကြမ်းဖက် KIA/PDF (သေဆုံးမှုအနေဖြင့် ၅ ဦး၊ ဒဏ်ရာရ ၂ ဦး) အထိရှိခဲ့သည်။ ကချင်ပြည်နယ်တိုက်ပွဲများအတွင်း KIA/PDF များသေဆုံးမှု ၂၁၀ ဦးအထိရှိခဲ့၍ ဒဏ်ရာရ ၂၆၂ ဦးရှိခဲ့ကြောင်း တွေ့ရှိရပြီး ဗန်းမော်မြို့နယ်တွင် KIA/PDF အဖွဲ့မှ ခေါင်းဆောင်ပိုင်းများ အပါအဝင် အများအပြား သေဆုံး/ဒဏ်ရာရရှိခဲ့ကြောင်းတွေ့ရှိရပါသည်။
-
လက်ရှိအချိန်တွင် တပ်မတော်မှ ဗန်းမော်မြို့အား ဆက်လက်ထိန်းချုပ်ထားပြီး ဗန်းမော်မြို့နယ်အတွင်း ခိုအောင်းနေတဲ့ အကြမ်းဖက်သမားများကို လိုက်လံရှင်းလင်းလျက်ရှိပါသည်။
-
မှတ်ချက်။ မြေပြင်သိမ်းဆည်းရမိ အလောင်းလက်နက်၊ ဝေဟင်ကင်းထောက်မှု၊ ဖမ်းဆီးရမိအကြမ်းဖက်များ၏ ထွက်ဆိုချက်များနှင့် ကြားဖြတ်သတင်းများမှ အရေအတွက်များကိုသာဖော်ပြထားသဖြင့် မြေပြင်ထိခိုက် သေဆုံးသည့်အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။

တိုက်ပွဲသတင်းစုံ


Forward from: ရဲဝံ့စွန့်စား ပြည်ချစ်သား
ညောင်လေးပင်မြို့နယ်တွင် KNU/PDF အဖွဲ့ထောင်ထားသည့် မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အသက် (၆) နှစ်အရွယ်ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ဒီဇင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် KNU/PDF အမည်ခံ အကြမ်းဖက်သမား များ ပူးပေါင်းအဖွဲ့မှ ထောင်ထားသည့် မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် အသက် (၆)နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာနေ မောင်ဝဏ္ဏအောင် (၆)နှစ်သည် ၎င်း၏ နေအိမ်ရှေ့ရှိ ဗန်ဒါပင်အောက်၌ ဆော့ကစားနေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် ပဲခူးမြို့နယ်ရှိ မြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုမှုခံယူနေရကြောင်း သိရသည်။


Forward from: Kyaw Swar
19-12-2024 Kyaw Swar

ယနေ့ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်း၊ကျောက်တံခါး၊ ဂျားရွာ တို့ကို nug ပြည်ဖျက်မိစ္ဆာပဒက်များ ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် တပ်မတော် က လေကြောင်းမှ တိုက်ခိုက် ။

https://t.me/kyawswar49111


Forward from: Kyaw Swar
နပခ အမ်း ကို AA ရခွေးများ
နေ့စဉ်တိုက်ခိုက်နေသော်လည်း တပ်မတော်သားများ ရဲရဲဝံ့ဝံ့ခုခံတိုက်ခိုက်
နေခြင်းကြောင့် AAရခွေးများ အကျအဆုံးများလျှက်ရှိသည်။

AAရခွေးများ ရှေ့သို့တိုးမပေါက်ပဲ
အဝေးမှ လက်နက်ချရန် အော်နေသည်မှာ
၃ ရက်ခန့် ရှိပြီဖြစ်သည်။

လက်ရှိ အချိန်အထိ AAရခွေးများကို ထိန်းချုပ်ဟန့်တား နေကြဆဲဖြစ်သည်။

တပ်မတော် မှလည်း လေကြောင်းပစ်ကူ
နှင့် အမြောက်ပစ်ကူများပေးလျှက်ရှိသည်။

AA ရခွေးများက ရေလိုင်းများကို ဖြတ်တောက် ပြီး ရေပြတ်အောင်လုပ်ထားကြသည်။

နပခ အမ်းမှ စစ်သည်များ လက်နက်မချ
နောက်ဆုံးအဆင့် ရန်သူကျွေးသောထမင်းကိုစား၍ အကျဉ်းသားအဖြစ်အနှိပ်စက်ခံပြီး အသက်မဆက် ရန်သူကို အရှုံးမပေးပဲ
အသက်စွန့်သွားမည်ဟု ပြောဆိုထားသည်။

တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်။

https://t.me/kyawswar49111


ဟိုနေ့ကတည်းကဒီသတင်းတွေ့တယ်။ မသေချာလို့ အတည်မပြုသေးနိုင်တဲ့အတွက်အကြမ်းသဘောပဲတင်ထားခဲ့တာ အခုတော့ သတင်းတွေတက်လာပါပြီ မန်းလေးမှာဖြစ်သွားတာ ဆရာဝန်ကို အိုးဝေနဲ့ ဖမ်းတင်ပြီး ပြန်ပေးဆွဲတယ်။ ပြန်ပေးငွေ သိန်း ၃၀၀၀ တောင်းတယ်။ ငွေ သိန်း ၃၀၀၀ ပေးလိုက်ပေမယ့် ပြန်ပေးဆွဲ ခံရတဲ့ ဆရာဝန်က ပြန်ပေးသမားတွေလက်ချက်နဲ့ လက်လွန်ပြီးသေသွားတယ်။ အလှူငွေနဲ့ဝယ်ထားတဲ့ လက်နက်တွေများလာတာရယ် လူမိုက်လူရမ်းကားတွေကို တော်လှန်ရေးသမား လူလိမ်မာလေးတွေထင်ပြီး ဝိုင်းမြှောက်စားပေးထားလို့ ဂျိုကြွနေတာရယ်တွေကြောင့်ပဲ

https://www.facebook.com/836008417/posts/pfbid0vcoR1jrGFvFmkZJZ1bM1NewiHDwRrPptRHLyk81AKeHtgLoHKADVp3qbQp5pnkT5l/?app=fbl


Forward from: မှိုင်းဝေ
နစက၏ ရွေးကောက်ပွဲအစီအစဉ်အပေါ် မြန်မာ့အိမ်နီးချင်းနိုင်ငံများက အကောင်းမြင်ဟု ထိုင်းနိုင်ငံပြော
၁၉ ဒီဇင်ဘာ ၂၀၂၄
▪️မြန်မာနစက နိုင်ငံခြားရေးဝန်ကြီးတင်ပြတဲ့ နစကရွေးကောက်ပွဲအစီအစဉ်အပေါ် ဆွေးနွေးပွဲတက် ရောက်လာတဲ့မြန်မာအိမ်နီးချင်းနိုင်ငံတွေက ခြုံငုံပြီး အကောင်းမြင်ကြတယ် လို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ နီကွန်ဒက်ချ် ဘာလန်ကူရာက ပြောတဲ့အကြောင်း ဘန်ကောက်ပိုစ် သတင်းမှာ ဖော်ပြထားပါတယ်။
▪️မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက အကျပ်အတည်းနှင့်ပတ်သက်ပြီး အဖြေခပ်သွက်သွက်  လိုချင်ကြတယ်  လိုလည်း သူက ဖြည့်စွက်ပြောပါတယ်။
▪️“ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ခြုံငုံမိတဲ့နိုင်ငံရေးဆွေးနွေးမှုအတွက် တံခါးဖွင့်ထားတယ်လို ပြောပါ တယ်” လိုလည်း သူကပြောပါတယ်။
▪️မြန်မာနစက နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံဘန်ကောက်မြိုသိုရောက်ရှိနေပြီး မြန်မာနှင့် ယင်းရဲ့ အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောဆွေးနွေးပွဲသို ဒီဇင်ဘာ ၁၉ရက်က တက်ရောက်နေတာဖြစ်ပါတယ်။
▪️အဲဒီဆွေးနွေးပွဲသို တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံ(၅)နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန  ဝန်ကြီးများနှင့်အဆင့်မြင့်အရာရှိကြီးများတက်ရောက်နေကြပါတယ်။
▪️မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက လာမယ့်နှစ်မှာကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲအစီ အစဉ်ကို အိမ်နီးချင်းနိုင်ငံတွေကို ချပြခဲ့ပါတယ်။ သူက နိုင်ငံခြားက ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို ဖိတ်ခေါ် နိုင်ခြေရှိတာကိုလည်း ပြောပြခဲ့တယ်လို့ဆိုပါတယ်။


ပြည်သူ့ရင်ပြင်ရဲ့ ညနေခင်းတစ်ခုပါ


Forward from: 𝐊𝐚 𝐊𝐚 𝐇𝐚𝐧✍️
အကြမ်းဖက်သောင်းကျန်းသူ AA သူပုန်တွေကတော့ ပြည်သူတွေဆီကနေ စတင်ပြီး အခွန်တွေအဆမတန် ကောက်ခံနေပြီပဲ ဖြစ်ပါတယ်... သူပုန်ဆိုတာ ဘယ်သူပုန်ပဲဖြစ်ဖြစ် ပြည်သူတွေဒုက္ခရောက်မှာတို့ အဆင်မပြေအခက်အခဲဖြစ်မှာတို့ဆိုပြီး တွေးနေမှာမဟုတ်ဘူး... ငါတို့လက်ထဲမှာ လက်နက်ရှိတယ်... အဲဒီတော့ လက်နက်က ဥပဒေပဲ... မင်းတို့ပြည်သူတွေ ရှိရှိမရှိရှိ ငါတို့တောင်းရင်ပေးရမယ်... မပေးရင် အသတ်ခံရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကို ကိုင်ဆွဲထားတဲ့ကောင်တွေ... အဲဒီလိုကောင်မျိုးတွေ ဆက်လက်ပြီးအားပေးနေကြဦးမယ်ဆိုရင်တော့ ပြည်သူတွေရဲ့ဘဝက ဒုက္ခနွံထဲမှာ နစ်သထက်နစ်ဖို့ပဲ ရှိတော့တယ်...


Forward from: Ye Yint Htet (#yyh)
တပ်မတော်+ပြည်သူ့စစ်+ပြည်သူ

Dec -19

ပြည်သူများ၏ သတင်းအတိအကျပေးမှုကြောင့်  ကန့်ဘလူနယ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေခံပြည်သူစစ်များနှင့် ပူးပေါင်းကာ အကြမ်းဖက်သမားများ ခိုအောင်းနေသော တောင်ယာဆိတ်ရွာကို ဝင်ရောက်ရှင်းလင်းခဲ့ရာ…

(၁) လက်လုပ်စိန်ပြောင်း (၂) လက်
(၂) ဗုံးသီး (၁၈) လုံး
(၃) လက်လုပ်မိုင်း (၂၅) လုံး သိမ်းဆည်းရမိ။

-
ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူစစ်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တွဲလက်ညီညီ ပူးပေါင်းဆောင်ရွက် ချေမှုန်းမှုများကြောင့် အကြမ်းဖက်သမားသည် ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ယခုကဲ့သို့ အောင်မြင်မှုများ ရရှိခြင်းဖြစ်ပါသည်။

တိုက်ပွဲသတင်းစုံ


Forward from: Ye Yint Htet (#yyh)
-
AA  အခွန်ပြေစာဖြင့် မောင်းတောမှ ဘင်္ဂလားဒေ့ရှ်ကို
ပို့လာတဲ့ ဆန်အိတ်များကို လက်မခံဘဲ ပြန်ပို့

ဒီဇင်ဘာ-၁၉

AA ထိန်းချုပ်ထားတဲ့ ဆိပ်ကမ်းကနေ တင်ပို့လာတဲ့ ဆန်အိတ်တင်စက်လှေတစ်စီးကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိလာတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာတွေ ဖော်ပြထားပါတယ်။

အဆိုပါလှေပေါ်မှာ ဆန်အိတ်တန်ချိန် ၁၉ တန်ခန့်  (အိတ် ၄၀၀ ကျော်) တင်ဆောင်လာပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့က
တက္ကနက်ဆိပ်ကမ်းကို ရောက်ရှိလာတာလို့ သိရပါတယ်။

စက်လှေပေါ်မှာ AA လက်နက်ကိုင်သူပုန်အဖွဲ့ကို
အခွန်ဆောင်ပြီးကြောင်း ပြေစာဖြင့် တင်ဆောင်လာတဲ့
ဆန်အိတ်တွေ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းအာဏာပိုင်များက
AA ဟာ တရားဝင် နိုင်ငံတကာလက်ခံထားတဲ့ အစိုးရမဟုတ်တဲ့အတွက် အဆိုပါဆန်အိတ်တွေကို လက်မခံဘဲ ပြန်ပို့ခဲ့ကြောင်း
သိရပါတယ်။

ယခုကဲ့သို့ စာရွက်တွေက တရားဝင်မဟုတ်ဘဲ
ဆက်ကြေးသဘောမျိုးပေးဆောင်ပြီး သယ်ဆောင်လာတဲ့အတွက်
ဆီလျော်မှုမရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပစ္စည်းပို့တဲ့သူတွေအနေနဲ့ နောက်ထပ်ဆီလျော်တဲ့
စာရွက်စာတမ်းတွေ မရှိဘဲ ကုန်တွေ တင်ပို့လာမယ်ဆိုရင်
ကုန်ပစ္စည်းတွေကို သိမ်းဆည်းမယ်လို့ ပြောဆိုထားကြောင်း
သိရပါတယ်။

#ဒီဂျစ်တယ်နေ့စဥ်



17 last posts shown.