ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ အနီးတွင် CDF အမည်ခံ အကြမ်းဖက် အဖွဲ့များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွား CDFများထံမှ အလောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
===================
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် #FiftyTwoNews
မနေက နံနက် ၅ နာရီခွဲခန့်တွင် ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊ သိုင်းငင်းလမ်းကြောင်းထိန်းစခန်းတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး အဖွဲ့ဝင်များအား CDF အမည်ခံ အကြမ်းဖက် အဖွဲ့များမှ ၄၀မမ ၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ပြန်လည်တိုက်ခိုက်ခဲ့ရာ CDF အမည်ခံ အကြမ်းဖက်များသည် အလောင်းများပင် ပြန်မကောက်နိုင်ပဲ အထိနာစွာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရပါသည်။
ဖြစ်စဉ်တွင် CDF အမည်ခံ အကြမ်းဖက်ထံမှ ဖော်ပြပါတိုင်း အကျိုးအမြတ် ရရှိခဲ့ပါသည်-
- CDF အလောင်း ၃ လောင်း
- ကျည်အိမ် ၃ ခု
- ကျောပိုးအိတ် ၂ လုံး
- ဆေးမျိုးစုံ ၁ထုပ် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။