Posts filter


ကြည့်မြင်တိုင်တွင် ယာဉ်တစ်စီးမှ ဆိုက်ကားအားတိုက်မိရာ အမျိုးသားတစ်ဦးသေဆုံး၊ ထိုယာဉ်မှာ မောင်းနှင်ထွက်ပြေး


ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဈေးကြီးလမ်း ဒေါင့်တွင် ယာဉ်တစ်စီးမှ အနှေးယာဉ်(ဆိုက်ကား)အားတိုက်မိရာ အမျိုးသားတစ်ဦးသေဆုံးပြီး ထိုယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။

ယင်းဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၉ ရက် ည ၇ နာရီ ၃၀ အချိန်တွင် ယာဉ်တိုက်မှုုဖြစ်ကြောင်း သတင်းရရှိသော ကြောင့် Yangon Rescue Organization(YRO) ၏ အဖွဲ့ဝင် "ဝင်းမေတ္တာ-လူမူကူညီရေးအသင်း(ကြည့် မြင်တိုင်)၊ ဝန်းရံမှူး - ကူညီကယ်ဆယ်ရေးအသင်း(ကြည့်မြင်တိုင်)နှင့် နယ်မြေခံအသင်းများ" မှ စေတနာ့ ဝန်ထမ်းများမှ ဖြစ်စဉ်နေရာသို့ သွားရောက်ကူညီခဲ့တယ်လို့ပြောပါတယ်။


ယာဉ်တိုက်ခံရမှုကြောင့် အနှေးယာဉ်(ဆိုက်ကား)နင်းသူ အသက်(၃၀) ကျော်ရှိသည့် အမျိုးသားမှာ ခြေကျိုး ခြင်း၊ ခန္တာကိုယ်တွင် ပြင်းထန်ဒဏ်ရာများရရှိ၍ အခင်းနေရာ၌ သေဆုံးသောကြောင့် ရုပ်အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ထိုအသင်းမှ ပို့ဆောင်လိုက်ကြောင်း သိရပါတယ်။


Forward from: People Media
Video is unavailable for watching
Show in Telegram
တောင်ကုတ်-ဂွ အခြေအနေ

မတ္တရာ-ပုသိမ်ကြီးမြို့နယ်ကြားက ထန်းပင်ကုန်းရွာ တိုက်ပွဲ

မန္တလေးမှာ ဆရာဝန် အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှု

#People@peoplemedianews


Forward from: Thazin Oo 🇲🇲
အင်းတော်မြို့၊ မြို့မ ဘုန်းကြီးကျောင်း တွင်စစ်ရှောင်နေထိုင်လျက်ရှိသည့်အရပ်သားပြည်သူများအား KIA/PDF အဖွဲ့မှ ရှော့တိုက်ဒုံးဖြင့်အကြောင်းမဲ့ပစ်ခတ်မှုကြောင့်စစ်ရှောင် အပြစ်မဲ့ ပြည်သူ အမျိုးသမီး၂ဦးသေဆုံးပြီးသံဃာ ၁ပါးနှင့် အမျိုးသမီး၁ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။

ဒဏ်ရာရ လူနာများအား အင်းတော်မြို့ရှိ တပ်မတော် စစ်ကြောင်းမှ ဆေးကုသပေးလျှက်ရှိ။


Forward from: အညတရစစ်သားအို
-
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် အငြင်းပွားနယ်မြေများမှ “ဝ” တပ်ဖွဲ့ (UWSA) ဆုတ်ပေးရေးကိစ္စ ဆက်လက်ဆွေးနွေးနေသည်ဟု ထိုင်းပြောကြား
========================================================
ထိုင်းနယ်မြေထဲမှ စစ်သားများ ဆုတ်ခွာရေးဆွေးနွေးပွဲများကို မြန်မာ၏ “၀” တပ်ဖွဲ့ (UWSA) နှင့်အတူ လုပ်ဆောင်နေသည်ဟု ထိုင်းနိုင်ငံ၏ 3rd Army Region တပ်မှူးက ပြောကြားသည်။

နယ်စပ်ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် တာဝန်ရှိသော အာဏာပိုင်များ၏ ကျွမ်းကျင်မှုများနှင့်လုပ်ငန်းဆိုင်ရာ စွမ်းရည်များ တိုးတက်အောင် အလေးပေးလုပ်ဆောင်သော ပစ်ဆာနူလွတ် အခမ်းအနားတွင် တပ်မှူးဒုတိယဗိုလ်ချုပ်ကစ်တီပေါင်ဂျမ်ဆူဝမ်က “၀” တပ်ဖွဲ့ (UWSA) နှင့် သက်ဆိုင်သော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

■ Read More - - - >>> https://news-eleven.com/article/298512


တိုက်ကြီးတွင်ဆိုင်ကယ်နှင့်ရထားတိုက်====

ဒီဇင်ဘာ၂၀၊၂၀၂၄

တိုက်ကြီးမြို့နယ်၊လိ​မ္မော်ခြံ​ကျေးရွာအုပ်စု၊​ညောင်​လေးပင်​ကျေးရွာ၊ရန်ကုန်-ပြည်ကားလမ်းမိုင်တိုင်၄၀/၂၁နှင့်၄၀/၂၂ကြားရထားလမ်းကူးတွင်ဒီဇင်ဘာလ၃၀ရက်ည​နေ၃နာရီကရထားနှင့်ဆိုင်ကယ်တိုက်မိ​ကြောင်းသိရသည်။
ဦးစိန်လွင်သည်Turbo Starဆိုင်ကယ်ဖြင့်​မောင်းလာစဥ်ရထားလမ်းကူးအ​ရောက်ပြည်မှကြည့်မြင်တိုင်သို့​မောင်းနှင်လာ​သောအမှတ်(၆၄)အစုန်စာပို့ရထားဖြင့်တိုက်မိခဲ့သည်။ဆိုင်ကယ်​မောင်းလာသူဦးစိန်လွင်တွင်ယာမျက်ခုံး​ပေါက်ပြဲ၊ယာချို​စောင်း​ပေါက်ပြဲ၊ဝဲနဖူးနှင့်ပါးဖူး​ယောင်၊ဒူးများပွန်းပဲ့ဒဏ်ရာများရသဖြင့်တိုက်ကြီး​ဆေးရုံသို့ပို့​ဆောင်ခဲ့ပြီးဆိုင်ကယ်ကိုမဆင်မခြင်​မောင်းနှင်မှုဖြင့်အမှုဖွင့်ရန်ရဲတပ်ဖွဲ့ကစီစဥ်​နေ​ကြောင်းသိရသည်။


နတ်မောက်မြို့နယ်၊ ဆုံကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဆုံကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ကျော်လင်း (၅၆) နှစ်သည် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်၌ နေအိမ်တွင်ရှိနေစဉ် မော်တော်ယာဉ်တစ်စီးဖြင့် PDF အကြမ်းဖက်သမားသုံးဦးရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။


Forward from: 🕊️ PEACE MYANMAR 🕊️
ကိုယ့်ဖက်က ဟိုက်ဂင်စာချုပ်ကြီးအရ လက်ဦးမှုမယူနိုင်ခဲ့ပါ။ လာတိုက်မဲ့အထိ ထိုင်စောင့်နေရတယ်။

ယခုလည်း ဟိုပန်မှာ UWSAက ဦးဆောင်ပြီး 1027 တတိယလှိုင်း ဆင်နွဲဖို့ eaos တွေနဲ့ အစည်းဝေး လုပ်သွားပြီ ။

သူတို့အဓိက စည်းဝေးသွားတာက
2025 Jan , လထဲမှာ1027 တတိယလှိုင်းအတွက် တိုက်ကွက် စ,ဖော်ဆောင်မယ် ၊
မန်း ၊ တောင်ငူ ၊ နပတ တပြိုင်နက် စစ်ရေးလှုပ်ရှားမယ်။ ပလောင် နဲ့ ကိုးကန့်က pdf ဝတ်စုံတွေ ပြောင်းဝတ်ပြီးတိုက်ပွဲဝင်မယ်။

UWSA ကတော့ ထုံးစံအတိုင်း ဝင်မတိုက်ဘူး။ လိုအပ်ရင် သူ့လူတွေ ဝတ်စုံလဲ ဖြည့်တင်းပေးမယ်။

အဓိက တာဝန်ယူထားတာက ဒီစစ်ဆင်ရေးအတွက် အရင်အကြိမ်တွေတုန်းကလိုပဲ လက်နက်ခဲယမ်း ထောက်ပို့ လုပ်ပေးမယ်
အားဖြည့်ပေးမှာက ထိုင်ဝမ် ။

လက်ရှိလည်း လားရှိုးမှာ လိုအပ်တဲ့လက်နက် ခဲယမ်း အမြောက်အများ ပို့ဆောင်ထားပြီ။

နောက်တချက်က အထူး ၂ ပန်ဆန်းနဲ့ ဆက်နေတဲ့ ရှမ်းရှေ့ မိုင်းခတ် ၊ မိုင်းညှင်းကနေ နောင်ချို ၊ မိုင်းပျဉ်းလမ်းကို ‘ဝ’ တွေက ပြင်ဆင်ထားပြီ။

အရင် တပ်ချုပ်ကြီး တသခ တိုင်းမှူးဘဝ ပန်ဆန်းအစည်းဝေးကနေ အပြန် မူးယစ်ဆေး လက်နက်ခဲယမ်းတွေ သယ်လာမယ်ဆိုတဲ့ သတင်းအရ တပ်ချုပ်ကြီးကိုယ်တိုင် နောင်ချို နဲ့ မိုင်းပျဉ်းကြား ကျောက်မိုင်းခွဲ လမ်းလုပ်သား လမ်းပြင်နေတဲ့ပုံစံ ဖျက်ပြီး စောင့်ဖမ်းခဲ့ရတဲ့ လမ်းကြောင်းပေါ့ ။

အဲ့ဒီလမ်းကြောင်းသာ ပေါက်သွားရင် အထူးဒေသ ၂ ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို အလွယ်တကူ ကူးသန်းလို့ ရသွားပြီ။

‘ဝ’ဖက်က လာမယ်ဆိုရင် မိုင်းညှင်းရွာကို မဝင်ပဲ အနောက်ဖက်က ကွင်းပြီး လွယ်တောက်ရွာ ၊ လွယ်တောက် ၊ တောင်ကျောပေါ် နေရာယူလိုက်မယ်ဆိုရင် မိုင်းညှင်းကျပြီ။

ဒီလမ်းကြောင်းကနေ ‘ဝ’ တွေ မူးယစ်ဆေးဝါး သယ်နေမှန်းသိလို့ ပိတ်ထားတာကြာပြီ။

သို့သော် ယခုတော့ ‌ရွာချင်းဆက်လမ်းအဖြစ် အသုံးပြုခွင့် တိုင်းမှူးဆီ တင်ပြထားတယ်လို့ သတင်းကြားနေရတယ်။

ခွင့်ပြု မပြုတော့ မသိရသေးပါ။

နောက်တချက်က မိုင်းလား ၊ မိုင်းဖျန် ၊ မိုင်းပေါက် နယ်ချင်းဆက်ကနေ မြန်မာပိုင်နက်ဖက်ကို ‘ဝ’တွေက မြေခိုးကျူးကျော်နေရုံမျှမက ဝ - တရုတ် ပူးပေါင်းပြီး မိုင်းညှင်းနယ်မြေထဲမှာ သတ္တုတွေ ခိုးတူးနေကြသလို
လူ(၃၀၀)စာ စာသင်ကျောင်းလိုလို ဆေးရုံလိုလို ဘာမှန်းမသိရတဲ့ အဆောက်အဦး ခိုးဆောက်ဖို့ ပြင်ဆင်နေကြတာကို နယ်မြေခံ တပ်မှူးတွေ ဗျုဟာမှူးတွေလည်း သိလိမ့်မယ် ထင်ပါရဲ့။

ဆိုလိုချင်တာက UWSA သည် တိုင်းပြည်ကနေ ဘယ်တော့မှ ခွဲမထွက်ပါဘူးဆိုတဲ့
စကားလေးတစ်လုံးနဲ့ ချွေးသိပ်ထားပြီး တိုင်းပြည်နောက်ကျော ဓားတဆုံး ထိုးနေသော အင်မတန်အန္တရာယ်ကြီးသော အဖွဲ့အစည်းသာ ဖြစ်နေပါသဖြင့် အဓိက ဖြိုရမဲ့ ရန်သူသည် UWSA သာ ဖြစ်ပါသည်။

အောင်နိုင်သူ


Forward from: 🕊️ PEACE MYANMAR 🕊️
အမြတ်ထွက်တာကတော့ MNDAA ပဲ။ ဒီလို ဆက်လက် ဆွေးနွေးနေမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ လားရှိူးအပါအဝင် ဒီဒေသ ကို တပ်က ဗုံးလာကျဲမှာ မဟုတ်
တော့ဘူးလို့ ယူဆကာ အုပ်ချုပ်မှုယန္တယား တည်ဆောက်သွားမဲ့ သဘောတွေ့ရတယ်။

ဒီဒေသ တွေမှာ MNDAA ရဲ့ အုပ်ချုပ်မှု အနည်ထိုင်မသွားအောင် အစိုးရအနေနဲ့ ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်ကလည်း စိတ်ဝင်စားစရာပါ။

EAOs တွေအနေနဲ့ နားလည်ထားရမှာက စစ်တိုက်ပြီး တောင်းလို့ရတဲ့ အယူအဆဟာ မမှန်ကန်သလို လက်ခံပေးလို့လည်း ရမှာ မဟုတ်ပါဘူး ။

ပိုဆိုးတာက နစကဟာ ခေတ္တ တာဝန်ယူထားရတဲ့ အစိုးရဖြစ်လို့ ဒီလိုပေးဖို့ အခွင့်အာဏာလည်း ရှိမနေပါဘူး။ ရွေးကောက်ခံအစိုးရ တက်လာရင်လည်း ဒီလိုပေးလို့ မရပါဘူး။

တစ်ခုပဲ ရှိတယ် . . .
၂၀၀၈ ခြေဥ ပုဒ်မ ၅၂ (က) (ခ) (ဂ) (ဃ) (င) ၊ ပုဒ်မ ၅၃ (က) ( ခ ) (ဂ) (ဃ) (င) (စ) ၊ ပုဒ်မ ၅၄ ၊ ၅၅တို့ရဲ့ နယ်နိမိတ်သတ်မှတ်ပြဌာန်းချက်များနဲ့ အညီသာ ဆောင်ရွက်ခွင့်ရှိတာတွေ့ရတယ်။ အရှည်သိချင်ရင်တော့ အဲ့ဒီပုဒ်မတွေ ရှာဖတ်ကြည့်ပေးပါ။

သေချာတာကတော့ လွှတ်တော် မရှိဘဲနဲ့ ဘာမှလုပ်လို့ ရမှာ မဟုတ်သလို လွှတ်တော်ရှိလာရင်တော့ ဒေသခံပြည်သူလူထုရဲ့ ဆန္ဒမဲကို ရယူဖို့ လိုပါတယ်။ ဒေသခံပြည်သူလူထု လက်ခံမှ ရပါလိမ့်မယ်။

စစ်တိုက်ပြီး သိမ်းပိုက်အုပ်ချုပ်လို့ ရကြေး ဆိုရင် အမေရိကန်လည်း အီရတ် ၊ အာဖဂန် ကနေ အခုထိ ထွက်အုံးမှာ မဟုတ်သေးပါဘူး။

၁၉ ရာစုခေတ်က အင်္ဂလိပ်တွေလို အတင်း
အဓမ္မ ကိုလိုနီ,ကျွန်ပြုပြီး အုပ်ချုပ်နေကြအုံးမှာပါ။

ဒါ့ကြောင့် ဘယ်လောက်ပဲတိုက်တိုက် ကိုယ့်နယ်မြေမဟုတ်ဘဲ ယူထားရင်တော့ အချိန်တန်ရင် ပြန်ပေးရမှာပဲ။

ကိုးကန့်တွေ ကိုးကန့်နယ်မြေ ပြန်သွားမှသာ ဒီရှမ်းမြောက်စစ်ပွဲက ပြီးဆုံးသွားပါလိမ့်မယ်။

တရုတ်က မဟာဗျူဟာကျကျ ပူးပေါင်းဖို့
လိုတယ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

တည်ဆဲအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားတဲ့ သူပုန်အဖွဲတစ်ဖွဲ့ကို အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံက ကမကထ,လုပ်ပေးလို့ ငြိမ်းချမ်းရေးအတွက် သွားရောက်ဆွေးနွေးပေးရတယ်ဆိုတဲ့ လုပ်ရပ်ဟာ တကယ့်ကို ကသိကအောက် ဖြစ်စရာကောင်းတဲ့ လုပ်ရပ်ပါ ။

ဂုဏ်သိက္ခာရှိတဲ့ အိမ်နီးချင်းတိုင်းဟာလည်း ဒါမျိုးမလုပ်သင့်ဘူးလို့ ယူဆမိပါတယ် ။

တကယ်ဆိုရင် အိမ်နီချင်း တရုတ်အနေနဲ့ အိမ်နီးချင်းကောင်း ပီသတယ် ၊ ဂုဏ်သိက္ခာရှိတယ်ဆိုရင် လုပ်ပေးရမှာက တစ်ခုပဲရှိပါတယ် ။

အဲဒါကတော့ မြန်မာအစိုးရက အကြမ်းဖက်
အဖွဲ့အဖြစ် ကြေငြာထားတဲ့ သူပုန်ထိပ်တန်းခေါင်းဆောင်မှန်သမျှကို ဖမ်းဆီးပေးပြီး မြန်မာအစိုးရထံ သိက္ခာရှိရှိ လွှဲပေးဖို့ပါပဲ ။

အကြမ်းဖက်အဖွဲ့ခေါင်းဆောင် လောက်တော့ မဆိုပါနဲ့ ။ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေခဲ့တဲ့ ကျားဖြန့်လောင်းကစား ဂိုဏ်ခေါင်းဆောင်လို့ ယူဆရသူတွေကိုတောင် မြန်မာအစိုးရအနေနဲ့ သိက္ခာရှိရှိလွှဲပေးခဲ့မဟုတ်လား ။

ဒါဟာမြန်မာရဲ့ အိမ်နီးချင်းကောင်း ပီသမှုကို ပြသခဲ့တာမို့ တရုတ်အနေနဲ့လည်း မြန်မာလို အိမ်နီးချင်းကောင်း ပီပီသသ ဖြစ်စေချင်ပါတယ် ။

တစ်ဖက်မှာလည်း စဥ်းစားစရာတော့ ရှိပါတယ် ။ ကျားဖြန့်ခေါင်းဆောင်တွေကို တရုတ်က တောင်းဆိုလာလို့ လွှဲပေးရတာ
ဖြစ်တယ်လို့ ဆိုနိုင်သလို မြန်မာဘက်ကနေ
တောင်းဆိုထားတာ မရှိလို့ မလွှဲပေးဘူးဆိုတာမျိုးလည်း တရုတ်ဘက်က အကြောင်း
ပြချက်ပေးနိုင်ပါတယ် ။

အကြမ်းဖက်ခေါင်းဆောင်တွေကို လွှဲပေးဖို့ တရုတ်ထံ တောင်းဆိုထားတာ ရှိ ၊မရှိ
မသိရသေးပေမယ့် နှစ်နိုင်ငံအကျိုးစီးပွား
အတွက် အတူတကွ အကောင်အထည်ဖော်သွားကြမယ်ဆိုရင် တရုတ်-မြန်မာ နယ်စပ်တွေမှာ ဒီသူပုန်တွေ မရှိမှ ဖြစ်လိမ့်မယ် ။

ရှိခဲ့တယ်ဆိုရင်တော့ မြန်မာအစိုးရရဲ့ ဩဇာအာဏာ အောက်ကနေ ရပ်တည်ရတဲ့ လက်နက်ကိုင်အဖွဲ့မျိုးဖြစ်မှသာ တရုတ်ရော မြန်မာအတွက်ပါ စိတ်အေးရမယ့် အခြေအနေမို့ နယ်စပ်ဒေသရှိ သောင်းကျန်းသူအရေးကို တရုတ်အနေနဲ့ ခြံစည်းရိုးခွ မထိုင်သင့်တော့ပါဘူး ။

အခုသိရသလောက်ဆိုရင် ဝ ၊ ကိုးကန့် ၊ မိုင်းလား ၊ KIA တို့ ထိန်းချုပ်ထားတဲ့လွတ်မြောက် နယ်မြေတွေထဲမှာ ထိုင်ဝမ်သူလျှိုတွေ ၊ အမေရိကန် CIA သူလျှိုတွေ အမြောက်အများ ရောက်နေပြီလို့ ဆိုပါတယ် ။ ဒီနေရာကိုရောက်နေတဲ့ ဒီသူလျှိုတွေဟာ တစ်ချိန်မှာ တရုတ်ရဲ့နောက်ကျောကို ဓားနဲ့ ထိုးကြပါလိမ့်မယ်။

မြန်မာ-တရုတ် နယ်စပ်ဒေသတွေမှာ စစ်ဘုရင်ဝါဒကို ထူထောင်ထားတဲ့လွတ်မြောက်နယ်မြေတွေ များပြီး ကျယ်လာလေလေ တရုတ်နိုင်ငံအတွက် ပိုပြီး အန္တရာယ်ကြီးထွားလာလေလေ ဆိုတာကို တော့ တရုတ်နိုင်ငံအနေနဲ့ သတိပြုဖို့ လိုကြောင်း အကြံပေးချင်တယ် ။

အကောင်းဆုံးကတော့ တရုတ်-မြန်မာနယ်စပ်က လွတ်မြောက်နယ်မြေတွေ ကျဥ်းမြောင်းသထက် ကျဥ်းမြောင်းသွားအောင် ၊ စစ်ဘုရင်ဝါဒ ကျဆုံးသွားအောင် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းကာ မဟာဗျူဟာကျကျ ကိုင်တွယ်ဖြေရှင်းသွားမှသာ မြန်မာနဲ့တရုတ်ရဲ့ အနာဂတ်အကျိုးစီးပွားကို ကောင်းမွန်စွာ အကောင်
အထည်ဖော်နိုင်မှာ ဖြစ်ပါတယ် ။

သုံညကို ဖြိုမှရမယ်
°°°°°°°°°°°°°°°°°°°

ရမခ ကို မတိုက်ခင် 1027 ဒုတိယလှိုင်းစတင်ဖို့ ပလောင် ၊ ကိုးကန်းတွေ ခုလိုပဲ တပ်တည်/တပ်ရွှေ့တွေ လုပ်လာတာကို မြေပြင်သတင်းတွေအရရော သူတို့တင်ထားတဲ့ video တွေအရပါ တပါတ်လောက် ကြိုတင်သိရှိခဲ့ရတယ်။


Forward from: 🕊️ PEACE MYANMAR 🕊️
မရေရာတဲ့ရလဒ် နဲ့ ကိုးကန့်အနာဂတ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

တရုတ်ပြည် ကူမင်းဆွေးနွေးပွဲမှာ ကိုးကန့် MNDAA က သူတို့ထိန်းချုပ်ထားတဲ့ လားရှိူးအထိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုသတဲ့ ။

နစကဘက်ကတော့ ကိုးကန့်တွေအနေနဲ့ လားရှိူးကနေ ချင်းရွှေဟော် လောက်ကိုင်အထိ တဆင့်ချင်း ပြန်ဆုတ်သွားဖို့ နဲ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေ ပြန်လွှတ်ပေးဖို့ကိုသာ အဓိကထားတောင်းဆိုပြီး ကျန်တာတွေ နောက်မှ ဆက်ဆွေးနွေးဆိုလို့ ဆွေးနွေးပွဲက ဘာရလဒ်မှ မရဘဲ ပြီးဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ်တွေ့ဆုံမှုကိုတော့ ၂၀၂၅ခုနှစ် ၊ ဇန်နဝါရီလ မှာ လုပ်ဖို့ သဘောတူညီထားတယ်လို့ လည်း သိရတယ်။ ဘာရလဒ်မှ မထွက်ခဲ့တဲ့အပေါ် တရုတ်က စိတ်မကောင်း ဖြစ်ရတဲ့အကြောင်း တိန်းရှီးကျွမ်းကတဆင့် ထုတ်ပြောလာပါတယ်။


Forward from: Michael Saw
Video is unavailable for watching
Show in Telegram
ယနေ့ နံနက် ၃ နာရီ အချိန်က စပြီး
မတ္တရာမြို့နယ်၊ ကျောက်တံခါး၊ ဂျားရွာ၊
ထန်းပင်ကုန်း တိုက်ပွဲဖြစ်ပွားနေသည်။

အခြားသတင်းများ အရ မိုးကုတ်ဘက်မှ
ပလောင်များလည်းဆင်းလာနေကြောင်း
သိရသည်။

ရည်ရွယ်ချက်မှာ မတ္တရာကိုသိမ်းပြီး မန္တလေးမြို့ကို ထိန်းချုပ်ရန် nug ပြည်ဖျက် မိစ္ဆာ ပဒက်များ လုပ်ဆောင်နေခြင်း
ဖြစ်ပါသည်။
Credit


Breaking  News

ရခိုင်ပြည်နယ်    စစ်တွေ ဒေသဘက်မှာတော့   သတိပေး  / အချက်ပေး ခေါင်းလောင်းသံတွေ ဆူညံကုန်ပါပြီ

မနေ့က  ည ၈ ိာရီလောက်မှာ   စစ်တွေရဲ့ အရှေ့မြောက်ဘက်အရပ်မှာရှိတဲ့ တပ်စခန်းတစ်ခုကို  AA ခွေးအများမှ  လက်နက်ကြီးဖြင့်   ခမောင်းတောရွာဘက်မှ  ပစ်ခတ်ခဲ့ပါတယ်

          တပိမတော်  ရေ    Navy  မှ  လက်နက်ကြီးများ  စစ်တွေ ဒကစ မှ  အမြောက်လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ရပါတယ်

          Search  Fire  ခေါ်     ခေါ်ပစ်  ပစ်ခတ်လာပြီဆိုတော့  စိတ်ဝင်စားဖို့ကောင်းပါတယ်      မုဆိုးပီသတယ်လို့ဘဲ  မှတ်ယူရမလိုပါဘဲ

မုဆိုးကောင်းတို့မည်သည်    သားကောင်ကို  သူတပြန် ကိုယ်တပြန် ချောင်းမြောင်းနေရာမှ   သားကောင်ဟာ  အစာစားချိန်   ရေသောက်ချိန်    နို့ချိုတိုက်ကြွေးချိန်များနှင့်  တိုက်ဆိုင်နေခဲ့လျှင်   အသံပေး  ခြောက်လှန့်စေပြီးမှ   ပစ်ခတ်လေ့ ရှိတယ်မဟုတ်ပါလား

          ခုလည်း   စစ်နိုင်သူ  သူရဲကောင်းတစ်ဦးပမာ   Self  Confident  ကိုယ့်ကိုယ်ကို  ယုံကြည်မှု အပြည့်ဖြင့်    စစ်တွေ  ဒကစမှုးနဲ့ တပ်မတော်သားများကို   နားရွက် တံတွေးလာစွပ်နေပါရောလား

Respond ကတော့ မိုက်တယ်    Counter  Fire  ချက်ချင်း လုပ်တယ်    ခုချိန်ထိတော့  ဟုတ်နေသလိုလိုဘဲဗျ

          ပြီးမှ   ချိုမိုင်မိုင်  က  နေမယ်ဆိုရင်တော့  စစ်တွေလည်း   အောင်ဖြာလိပ်သွားရမှာပါခင်ဗျာ

ရန်သူဘက်ကတော့   ယုံကြည်မှု  အပြည့်ရှိနေတာ  လုံးဝ  သေချာပါတယ်    မဖြစ်   ဖြစ်အောင် လုပ်တတ်တဲ့သဘောရှိပါတယ်   နခခ ၅ ကိုတိုက်ပွဲဝင်ခဲ့တဲ့  ရခီး ခွေးအ  တွေက  Tunnel  Warfare  ခေါ်  ဥမှင်လိှုင်ခေါင်းတူးပြီး   ကွန်ကရစ်အုတ်တိုင်ဖြင့် သံဆူးကြီုး  ကာရံထားတဲ့ အတားအဆီးကို  ဖြတ်ကျော်ဖို့  အပင်ပန်းခံ  လုပ်ဆောင်ခဲ့တာကို  သတိပြုရမှာဖြစ်ပါတယ်

         ရန်သူဘက်က  ရာမ  စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲပြီး  တိုက်တယ်ဆိုတာ  သိနေတာဘဲ   ကိုယ်တွေဘက်ကလည်း  အာမီရမ် သောက်ပြီး  ပြန်ဆော်သင့်ရင်လည်း  ပြန်ဆော်ရမှာပါဘဲ

           စစ်တွေဟာ   ပင်လယ်ရေ  ပါတ်လည်ဝိုင်းနေတဲ့  ၉ မိုင်ပါတ်လည်  ကျွန်းတစ်ခုသာ  ဖြစ်ပါတယ်     ရန်သူ  AAဟာ   Water  Crossing  ခေါ်  ရေပြင်အတားအဆီးကို   အမြင့်ကျွန်းတံတားပေါ်ကနေ  ဖြတ်လာမှာလား  ဒါမှမဟုတ်   အငူမော်ဘက်မှ  စက်လှေ  သင်္ဘောများဖြင့်  ရေချမ်းပြင်ဆိပ်ကမ်းကို  ကမ်းတက်ပြီး  လာရောက်ချေမှုန်းမှာလား  ဆိုတာကတော့  ဥာဏ်ရှိသလို  သုံးပေတော့ဘဲဗျ   

တိုက်ပွဲထလရ  ဘာသာရပ်မှာ   ရန်  ဥ  မြေ  ခေါ်   ရန်သူ  ဥတု  မြေအနေအထား ကိုတော့  ပိုင်နိုင်အောင်အသုံးချဖို့လိုပါလိမ့်မယ်ခင်ဗျာ     ဒီရေ  အတက်အကျနဲ့ လဆုတ်ရက်  လဆန်းရက်  ရေထ ရက်  ရေဆုတ်ရက်ကိုမှ  နားမလည်ရင်တော့  နားကား ဖို့သာ  ပြင်ပေတော့

           ထစ်ကနဲရှိ   ထွက်​ေပြးဖို့ဘဲ  စဥ္းစားနေရင်တော့   Navy က  ကမ်းထိုးရေယာဥ္  Landing  Craft  တွေ  ရှိပါတယ်ဗျာ     Do  or  Die  .  သေမလား   တိုက်မလား  ??? ဆိုတာ စဥ်းစားပေါ့

          ရန်သူရဲ့ တဖက်သတ်ချေမှုန်းတာ ခံရတဲ့ဖြစ်စဥ္ တွေ   ရန်သူ့ထံ  လက်နက်ချအညံ့ခံတဲ့ ဖြစ်စဥ္ တွေ အားလုံးရဲ့ တရားခံဟာ  စစ်ခေါင်းဆောင်နဲ့ တိုက်ရိုက်ပါတ်သက်ပါတယ်     မိမိ စစ်သည်တွေ ရန်သူ့ထံ အဖမ်းခံရပြီး  စစ်သုံ့ပန်း ဖြစ်နေတဲ့ပုံတွေ    စစ်မဟာဗျူဟာမြောက် အမြောက်  ဒုံးပစ်စင်များ  သံချပ်ကာကား  တင့်ကားများ  လက်နက် ခဲယမ်းများကို   ရန်သူကသိမ်းပိုက်ပြီး  အောင်ပွဲခံနေကြတာ   သိပ်ရှက်ဖို့ကောင်းပါတယ်ခင်ဗျာ   စီမံခန့်ခွဲမှု  အမှားများကို  အချိန်မှီပြုပြင်သင့်ကြောင်း  အကြံ့ြပု တင်ပြပါရစေ

          စစ်တွေဟာ   ပင်လယ်ရေ  ပါတ်လည်ဝိုင်းနေသောကြောင့်  သဘာဝ အတားအဆီးကြီးဟာ  တကယ်တော့  စစ်တွေ ဒကစ အတွက် ဘုရားပေးတဲ့ ဆုလာဘ်ဆိုရင်လည်း  မမှားပါဘူး

        ပြီးတော့   ၉ မိုင်ပါတ်လည် ကျွန်းဖြစ်တဲ့  စစ်တွေ  ဒကစကို  သိမ်းပိုက်နိုင်ဖို့ဆိုတာက  ကုန်းတွင်းပိတ် ဒေသမဟုတ်ဘဲ  မြန်မာ့တပ်မတော်အတွက်  ကြည်း  ရေ  လေ  ဘက်ပေါင်းစုံ  စစ်ကူ  ပစ်ကူ  ပေးနိုင်ပြီး  မိမိဘက်က  အလေးသာနေပါလျှက်နဲ့  ရန်သူအတွက်  တကဲ့ သားရဲတွင်းပမာ  ဖြစ်နေသော  စစ်တွေ  ဟာ   AA  ရခီးတွေနဲ့ မဟာမိတ် ရန်သူတွေအတွက်  သချင်္ိုင်း ဖြစ်စေရမယ်  မဟုတ်ပါလား ခင်ဗျာ

ဟုတ်ကဲ့  ပါဒလိတ် သား  ထလရ တပ်ကြပ် ဖြစ်ခဲဘူးသူ  စစ်သည်တော်ဟောင်း တစ်ဦးရဲ့ အပေါ်ယံ ရှပ်ပြီး  သုံးသပ် တင်ပြရတာပါ  

          စစ်တွေ  ဒကစမှုးကြီးအတွက်   ရာထူးတက်မဲ့ကိန်းတော့ မြင်နေရပါပြီ   စားရကံကြုံတော့လည်း   မုတ်ဆိပ်ကို  ပျားလာစွဲ  တယ်လို့ဘဲ  သတ်မှတ်ပေးပါ ဒကစမှုး ဗိုလ်ချုပ်ခင်ဗျာ  

        စစ်တွေ ဒကစ မှုးနှင့် တိုက်ပွဲဝင်မည့်  အရာရှိ  စစ်သည်တော်များ  ရန်သူကို  ရန်သူလို သဘောထားပြီး  ရန်သူအပေါ်  နေလိုမီးလိုကျင့်ကာ   ရန်သူ၏စိတ်ဓါတ်ကို  ယတိပြတ် ချိုးနှိမ်၍  အပြီးသတ်  အောင်ပွဲ ခံယူနိုင်ကြပါစေကြောင်း  ဆုမွန်ကောင်းများပို့သအပ်ပါတယ်ခင်ဗျာ

အားလုံးကို  လေးစားရိုသေစွာဖြင့် 

ရဲသုံးဖေါ်
၂၀၂၄   ဒီ  ၂၀  ၁၁၂၀
Bo Saw🌿🌿🌿


ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံအလွတ်သဘောဆွေးနွေးပွဲမှာ ၂၀၂၅ မှာ ကျင်းပမယ့်ရွေးကောက်ပွဲအစီအစဥ်အကြောင်း ရှင်းလင်း
၁၉.၁၂.၂၀၂၅
    ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံအလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ၂၀၂၅ မှာ ကျင်းပမယ့်ရွေးကောက်ပွဲအစီအစဥ်အကြောင်း ရှင်းလင်းပြောကြားခဲ့သလို ပြင်ပနိုင်ငံတွေက ရွေးကောက်ပွဲစောင့်ကြည့်သူတွေ ဖိတ်ခေါ်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမယ့်အကြောင်း ပြောပြခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။
     ထိုင်းကဦးဆောင်ပြီး လုပ်ဆောင်နေတဲ့ မြန်မာ့အရေးဆွေးနွေးပွဲနှစ်ခုကို ဒီရက်သတ္တပတ်အတွင်းမှာ လုပ်ဆောင်နေပြီး ဒီနေ့ဆွေးနွေးပွဲက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဒဏ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ ဆွေးနွေးခဲ့တာပါ။
   မနက်ဖြန်သောကြာနေ့မှာတော့ အာဆီယံနိုင်ငံတွေ ဆွေးနွေးမှာပါ။ဒီနေ့ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးက SAC အစိုးရရဲ့ နိုင်ငံရေးလမ်းပြမြေပုံ၊ သန်းခေါင်စာရင်းကောက်ခံနိုင်ခဲ့ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုနဲ့ နိုင်ငံရေးပါတီ ၅၃ ခု မှတ်ပုံတင်နိုင်ခဲ့တဲ့ တိုးတက်မှုတွေအကြောင်း ရှင်းပြခဲ့တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆမ်ဂိုင်ပွန်ဆာက ပြောပါတယ်။
     မနက်ဖြန်ဆွေးနွေးပွဲဟာ ASEAN Troika Plus ဆွေးနွေးပွဲ ဖြစ်လာမှာဖြစ်ပြီး ယခင်၊ ယခုနဲ့ အနာဂတ် အာဆီယံဥက္ကဋ္ဌသုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနိုင်ငံတွေအပြင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေလည်း တက်ရောက်ဖွယ်ရှိနေပါတယ်။
     ထိုင်းနိုင်ငံဟာ မြန်မာ့အရေးမှာ ဦးဆောင်ဖြေရှင်းသူအဖြစ် ထင်ရှားစွာအသိအမှတ်ပြုခံရဖို့ ကြိုးပမ်းနေသလို ၂၀၂၅ အာဆီယံဥက္ကဋ္ဌသစ် မလေးရှားနိုင်ငံကလည်း မြန်မာ့အရေးဦးဆောင်ဖြေရှင်းပေးသူနိုင်ငံဖြစ်ဖို့ကြိုးပမ်းလာတာမြင်ရပြီး မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆာရီ အန်ဝါ အီဗရာဟင်ကလည်း ဒီကြိုးပမ်းမှုအောင်မြင်ဖို့ အထောက်အကူဖြစ်စေအောင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို သူ့ရဲ့ အလွတ်သဘောအကြံပေးအဖြစ် ခန့်အပ်ထားပြီး အာဆီယံရဲ့အစိုးရအဆင့်တိုင်းမှာ မြန်မာနိုင်ငံ ပြန်လည်ပါဝင်အောင် လုပ်ဆောင်မယ်လို့ ပြောကြားထားပါတယ်။


Forward from: DI သမီးတော်
Video is unavailable for watching
Show in Telegram
ယောက္ခမအိမ်က စစ်တပ်ထက်
ဆိုးတယ် ရွှေဘတို့ အားမငယ်နဲ့
နားပူနားဆာ အစား ပစ်သံ ခတ်
သံကမှ နားဝင်သေးတယ်။

ယောက္ခမ အစ်စ် ဆိုး ဘတ်ထ်

စစ်တပ် အစ်သည်ဘတ်စ်

ခစ်ခစ်

DI Thameedaw 🇲🇲


ဒေါက်တာ အောင်မြင့်မြတ်ထွန်းအား
ပြန်ပေးဆွဲ သတ်ဖြတ်မှုမှ
တရားခံ - ဒေါက်တာအောင်ဇင်ဖြိုး


Forward from: Myanmar Hard Talk
❝ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးကို အကြမ်းဖက်ရေးဘီလူးအဖွဲ့က သေနတ်ဖြင့်ပစ်သတ်သွား❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟐𝟎》

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စလုပ်ဆောင်နေသည့် အမျိုးသားတစ်ဦးကို အကြမ်းဖက် ရေးဘီလူးအဖွဲ့က ယနေ့ ဒီဇင်ဘာ ၂၀ ရက်၊ နံနက် ၇ နာရီအချိန်ခန့်တွင် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

သတ်ဖြတ်ခံရသူမှာ ရေးမြို့နယ်၊ ဒူးယားကျေးရွာတွင်နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ဦးညို ဆိုသူဖြစ်သည်ဟု သိရပြီး ၎င်းကျေးရွာရှိ ဂူကတောဘုန်းကြီးကျောင်း၌ ကျောင်းဝေယျာဝစ္စလုပ်ဆောင်နေစဉ် ရေးဘီလူးအကြမ်းဖက်အဖွဲ့က ‌သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးညိုတွင် ဝဲဘက်လက်ဖျံကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာဘက်လက်ဖျံ ကျည်ဖောက်ဝင်/ထွက်ဒဏ်ရာ လေးချက်၊ ယာဘက်လက်ကောက်ဝတ် ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်၊ ဝဲဘက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်၊ ဝဲဘက်ပုခုံးကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲဘက်ပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ကျောကုန်းကျည်ဖောက်ဝင်/ထွက်ဒဏ်ရာ တစ်ချက်တို့ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆံပင်အလှပြင်ဆိုင်တွင် တရားမဝင်အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းများက ဖော်ပြ

ဒီဇင်ဘာ ၁၉

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘွန်ခရိုင် နိုင်ယီရန်ဈေး၌ ဖွင့်လှစ်ထားသော ANGEL-20 ဆံပင်ညှပ်ဆိုင်တွင် ဆံပင်ညှပ်ဆရာအဖြစ် အလုပ်လုပ်ကိုင်နေသည့် မြန်မာများ ဖမ်းဆီးခံရခြင်းလည်း ဖြစ်သည်။

ဘန်ခွန်သီယန်ရဲစခန်းမှ ရဲစစ်ဆေးရေးအရာရှိ Kittisak Bunsermsak ထံ ပေးပို့သည့်သတင်းအရ ANGEL-20 ဆံပင်အလှပြင်ဆိုင်တွင် ထိုင်းနိုင်ငံသားများသာလုပ်ခွင့်ရှိသည့် အလုပ်ကို ထိုင်းနိုင်ငံသားမဟုတ်သူများ လုပ်နေသည်ဆို၍ သွားရောက်စစ်ဆေးစဉ် အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့က အဆိုပါ ဆံပင်ညှပ်ဆိုင်ကို ဝင်ရောက်စစ်ဆေးရာ မြန်မာနိုင်ငံသားများက ဧည့်သည်များကို ဆံပင်ညှပ်ပေးနေချိန်နှင့် တိုက်ဆိုင်စွာ တွေ့ရှိခဲ့ရကြောင်းဒေသတွင်း သတင်းများက ဆိုသည်။

“အလှပြင်ဆိုင်ထဲကို ဝင်လိုက်တာနဲ့ အလုပ်သမားတွေက ဖောက်သည်တွေနဲ့ အလုပ်ရှုပ်နေတာကို အရာရှိတွေက တွေ့တယ်။ ရဲတပ်ဖွဲ့က နိုင်ငံခြားသားတွေက အဲဒီမှာ အလုပ်လုပ်နေတာသတင်းအရ မှန်တယ်လို့ အတည်ပြုတယ်”ဟု ထိုင်းဒေသတွင်းသတင်းရင်းများအရ သိရသည်။

အဖမ်းခံရသည့် မြန်မာနိုင်ငံသား (၄) ဦးမှာ အသက်(၂၃)နှစ်အရွယ် ဝေယံလင်း၊ အသက်(၂၄)နှစ်အရွယ် မျိုးလင်းဌေး၊ အသက်(၂၄)အရွယ် နီနီဦးနှင့် အသက်(၃၁) မိုးကေပိုင်တို့ ဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းများက ဖော်ပြထားသည်။

အဆိုပါ အလုပ်သမားလေးဦးမှာ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်ခွင့် ဥပဒေပုဒ်မ ၈ တွင် ဖော်ပြထားသည့်အတိုင်း နိုင်ငံခြားအလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့် ဥပဒေပုဒ်မ ၁၀၁ (၂၀၁၇) အရ ပြစ် ဒဏ်ပေးခံရမည် ဖြစ်ကြောင်း၊၊ ၂၀၁၈ ခုနှစ် ပြင်ဆင်ချက်အမှတ် (၂) အရ ဖမ်းဆီးခံရသူများအား သက်သေများနှင့်အတူ အမှုစစ်ဆေးရေးအရာရှိများထံ ဆက်လက်တင်ပို့ကာ အရေးယူဆောင်ရွက်သွားရန်လည်းရှိကြောင်း သိရသည်။


လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဆည်မြောင်းဦးစီးဌာနရုံးရှေ့တွင်အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ=======

ဒီဇင်ဘာ ၂၀၊ ၂၀၂၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဆည်မြောင်းဦးစီးဌာနရုံးရှေ့တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လွိုင်ကော်မြို့နယ်၊ နမ့်ဘော်ဝမ် (က) ရပ်ကွက်နေ ဦးအုန်းရွှေ (၅၄) နှစ်သည် အဆိုပါရုံးရှေ့တွင် ခြံတံခါးပြုလုပ်ရန် မြေတူးဖော်နေစဉ် အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ဦးအုန်းရွှေတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။


Forward from: Ye Yint Htet (#yyh)
Video is unavailable for watching
Show in Telegram
မကောင်းတာ အကုန်လုပ်တဲ့ pdf တွေ။


ဒီလိုမျိုး ဖြေရှင်းမယ်ဆိုရင် လွယ်လွယ်နဲ့ အဆင်ပြေပါလိမ့်မယ် ။ အရေးကြီးဆုံးက စစ်မှုထမ်း ဗဟို မှ စီနီယာ စာရင်း အမြန်ဆုံး ချပေးနိုင်ဖို့ပါပဲ ။

            ငွေကြေးချမ်းသာသူများ ဒဏ်ကြေးပေး အချိန်ဆွဲကြရင်လည်း ဆွဲကြပါစေ ။ အကျိုးရှိမယ့်နေရာမှာ ဒီ ဒဏ်ကြေးကို ပြလည်သုံးစွဲလို့ ရနိုင်ပါတယ် ။    

               စစ်မှုထမ်း ပြဿနာရဲ့ အဓိက အားနည်းချက်က ဥပဒေ အတည်ပြုပြီးနောက် ၇ လလောက် ကြာတဲ့ အထိ ဗဟိုအဖွဲ့က အလုပ်မလုပ်ပဲ ငုတ်တုတ်ထိုင်နေလို့ပါပဲ ။ လိုအပ်တဲ့ နည်းပဒေကို ၇ လ အထိ အတည်မပြုနိုင်သေးပဲ ဖင်လေးနေတာ ဒီတိုင်းပြည်လို အရေးပေါ်ဖြစ်နေတဲ့ အခြေအနေနဲ့ မကိုက်ညီပါဘူး ။

          လစာထောက်ပံ့ကြေးယူပြီး အလုပ်မလုပ်တဲ့ ဗဟိုကို နစက အနေနဲ့ ဖင်တို့ပေးဖို့ အရေးတကြီး လိုအပ်နေပါပြီ ။ မှေးစား ပေါင်းစား မလုပ် မရှုပ် မပြုပ် ဆိုတဲ့ အသုံးမကျတဲ့ ရိုးရာတွေနဲ့ အထာကျနေတာတွေကို အရေးကြီးကိစ္စအဖြစ် ရှုမြင်တတ်ဖို့ လိုအပ်နေပါပြီ ။       

                ကိုရွှေမျိုးဝင်း


ဘာအကြောင်းအရာနဲ့ဖြစ်ဖြစ် ဆွေးနွေးပွဲ ဆက်မဖြစ်ဘူး ဆိုမှတော့ စစ်တိုက်ကြရုံပေါ့။ ဒီနေရာမှာ အရေးကြီးတာကတော့ "UWSA" နဲ့ တရုတ်ပဲ။

ဘယ်လိုပဲ ကာဗာလုပ်လုပ်၊ ကိုးကန့်က ပြည်သူစစ်တွေကို ကျားဖြန့်ခေါင်းစဉ်နဲ့ကြိုးတုပ်ပြီး MNDAA ကို မီးစိမ်းပြခဲ့တာက တရုတ်ပဲ။ ဒီ ၁ နှစ် အတွင်းမှာ မွေးထားတဲ့ EAO တွေက ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားခဲ့ရတာကို တရုတ်ပြန်ပြီး ထိန်းညှိပေးဖို့ လိုတယ်။


လက်ရှိ အခင်းအကျင်းအရ တပ်မတော်မှာ ရွေးချယ်စရာ ၂ ခုပဲရှိတယ်။ တပ်ချုပ်ကြီးက လက်နက်စွန့်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ပါလို့ ပြောထားတာက ဝန်ကြီးချုပ်တယောက်အနေနဲ့ရော ၊တပ်ချုပ်ကြီး တယောက်အတွက်ပါ စကား ကုန်ပြီလို့ ယူဆရတယ်။ ဆိုတော့ ....လက်ရှိနေမြဲ တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေအနေနဲ့ လွတ်လပ်ရေးပွဲတို့ ၊ ဒီဇင်ဘာ လူထု လမ်းလျှောက်ပြိုင်ပွဲတို့မှာ လားလား လားလား လုပ်မနေပဲ စနစ်တကျ ခံစစ်ပြင်ပြီး ဘယ်လို စစ်တိုက်မလဲ ဆိုတာ ဆွေးနွေးဖို့ပဲ လိုတော့တယ်။


ဒုတိယအချက်ကတော့ ....ဘယ်လိုမှ နောက်‌ဆုတ်မပေးဘူး ဆိုမှတော့ ကူမင်း ဆွေးနွေးပွဲလည်း ပျက်တဲ့အနေအထားမှာ ဟိုက်ဂင်ဆွေးနွေးပွဲကာလတုန်းက ဒီတိုင်း ခံစစ်အသေ ထိုင်စောင့်ခဲ့တာကို နမူနာယူကြပေါ့။ ဆိုလိုတာက ...ရန်သူကအထိမနာပဲနဲ့တော့ ငြိမ်းချမ်းရေးဆွေးနွေးချင်ပါတယ်ဆိုပြီး ထ ပြောစရာ အကြောင်းမှမရှိဘဲ။ ဒီတော့ တတက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပဲ။ အကြမ်းဖက်လူသတ်၊ ဘာသာရေးလည်း စော်ကား၊ လမ်းတံတားတွေချိုးပြီး မြို့တွေသိမ်းထားတဲ့ ရန်သူကို ဘယ်လိုနည်းနဲ့ ချေမှုန်းချေမှုန်း တရားတယ်လို့ ယူဆတာပဲ။ ရန်သူလုပ်တဲ့ ပုံစံကိုက နိုင်ငံတခုရဲ့ တပ်မတော်ကို ဖင်ပုတ်၊ ခေါင်းပုတ် လုပ်နေတယ်လို့ပဲ မြင်မိတယ်။ ဒါက ကိုယ်တယောက်တည်း အမြင်တော့ မဟုတ်ဘူး။ တတိုင်းပြည်လုံးက မြင်တဲ့အမြင်။ ကြာရင် အိမ်နီးနားချင်းတွေကပါ အထင်သေးပြီး သွေးတိုးစမ်းလာနိုင်တဲ့အခြေအနေမျိုးဆိုတာလည်း တွေးဖို့ လိုအပ်တယ်။


နောက်ဆုံးအချက်အရေးကြီးတာကတော့ ရန်သူက တတိယအကြိမ် တိုက်စစ်ဖွင့်တာကို ကိုယ်က ငြိမ်ခံမလား၊ ဒါမှမဟုတ် ကိုယ်အားသာတဲ့ လေကြောင်းနဲ့အရင် စိစိညှက်ချေမှုန်းမလား ဆိုတာ အဓိက ဖြစ်လာတယ်။ ဒီနိုင်ငံမှာ ဘရွှေ လက်ထက် တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်လို့ရတယ်ဆိုတာ တနိုင်ငံလုံးကို ပြားပြားဝပ်အောင် အရင်ဦးနှိမ်ထားလို့ လုပ်လို့ရခဲ့တာလို့ပဲ မြင်မိတယ်။ အကြမ်းဖက် လူသတ်နေတဲ့ သူတွေကို ဘာဒီမိုကရေစီ ရွှေရင်အေး တရားမှ ဟော နေစရာ အကြောင်းကို မရှိတာ။


ဒါနဲ့ မေးစမ်းပါဦးမယ်။  ခုချိန် တပ်က ရွေးကောက်ပွဲ လုပ်ပေးပြီး အရပ်သား အစိုးရတက်လာလည်း ခု အညာမှာ အခွန်ဆပ်ကြေးနဲ့ သာယာနေတဲ့ PDF တွေက လက်နက်စွန့်မယ် ထင်လို့လား။
အဖြေကဒါပဲ။



(နရီမိုး)

20 last posts shown.

38 035

subscribers
Channel statistics
Popular in the channel

နေပြည်တော်၊ ဒီဇင်ဘာ ၁၁   ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ နည်းပညာတက္ကသိုလ...
စလင်းမြို့နယ်၊ မြို့လှကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြ...
တောင်ကိုရီးယားပါလီမန်ကို အထူးတပ်ဖွဲ့များဝင်ရောက်နေရာယူ.....
လာပြန်ပြီ…. ပြောကြပြန်ပြီ…. "Norovirus" "နိုရိုဗိုင်းရပ်စ်"…တဲ့။ ကိုဗစ် မျိုးကွဲ ဆိုပဲ…..!!! ပြ...
ဗုဒ္ဓမြတ်စွယ်တော် တရုတ်နိုင်ငံ ပေကျင်း(ပီကင်း)မြို့၌ ကိန်းဝတ်တော်မူသော ဂေါတမမြတ်စွာဘုရား၏ စွယ်တော...