မြောက်ပိုင်းမဟာမိတ်အဖွဲ့ ရယ်၊ နောက်ကွယ်က ထောက်ပံ့ခဲ့ကြတဲ့ အဖွဲ့အစည်းတွေကြောင့် မြို့ရွာတွေ အများအပြား ပျက်စီးခဲ့ရတယ်။ လူပေါင်းများစွာသေပြီး အိမ်ထောင်စုပေါင်းများစွာ စစ်ဘေး ရှောင်ခဲ့ကြရတယ်။ အထူးသဖြင့် ရှမ်းမြောက်က ဒေသခံတွေဟာ တံတားတွေ အချိုးခံရကတည်းက အခက်အခဲပေါင်း မြောက်များစွာ ခံစားခဲ့ကြရသလို လက်ရှိအချိန်မှာလည်း ပြန်စရာ အိမ်မရှိတော့တဲ့ အခြေအနေမျိုး ပိုင်ဆိုင်နေကြရတဲ့သူတွေကလည်း ဒုနဲ့ဒေးပဲ။
ဒီအထဲမှာမှ မြို့နေလူထု မကျန်တော့တောင် မြို့ေစာင့်တပ်ပုံစံနဲ့ အသက်တွေစတေးပြီး ရန်သူ့လက်အောက် မြို့မကျအောင် မှီခိုသူကအစ ရဲမေမကျန် ရှိတဲ့ စွမ်းအားတွေနဲ့အားကုန် ထုတ်ကာကွယ်ကြတဲ့ တပ်မိသားစုတွေကတော့ အဆိုးဆုံးပဲ။ စစ်သည် ယောက်ျား မရှိတော့ရင် နေစရာ မရှိတော့တဲ့ ဘဝတွေ၊ ပြန်စရာ တပ်မရှ်တော့တဲ့ အခြေအနေတွေကို မျက်ဝါးထင်ထင် နဖူးတွေ့ ဒူးတွေ့ကြုံခဲ့ကြရတယ်။
ဒါတွေအားလုံးကို တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်လို့ စစ်တိုက်ရပါတယ်ဆိုတဲ့ EAO တွေရဲ့ အကြောင်းပြချက်က တကယ် တရားရဲ့လား ဆိုတာ မေးရတော့မယ်။ ကျားဖျန့်ကို ခေါင်းစဉ်တပ်ပြီး ချင်းရွှေဟော် က ရဲကင်းစခန်းက ရဲဝန်ထမ်းတွေ ရက်ရက်စက်စက် အသတ်ခံရတာတွေ၊ ဘာသာရေး အရ ကိုးကန့်တွေက စော်ကားခဲ့တာတွေ၊ သမိုင်းအစဉ်အဆက်အရ ဘယ်တုန်းကမှ မပိုင်ဆိုင်ဖူးတဲ့ လားရှိုးကိုတောင် အထူးဒေသ အဖြစ်သတ်မှတ်နေမှုတွေဟာ သူတို့အစဉ်တစိုက်ပြောနေတဲ့ စစ်အာဏာရှင်တိုက်ထုတ်ရေးခေါင်းစဉ်နဲ့ ထပ်တူ ကြပါရဲ့လားဆိုတာ မေးခွန်းထုတ်ဖို့ လိုလာတယ်။
ဒီ နေ့ အချိန်အထိ ကိုယ်တွေရေးသမျှဟာ စစ်ဖြစ်ဖို့ ၊ စစ်သွေးကြွဖို့ပဲ မဟုတ်ဘူး။ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ ပေးဆပ်မှုတွေ ၊ ဘဝပျက်သွားကြတဲ့ ပြည်သူလူထုရဲ့ အနာဂတ် တွေ၊ ဒီမိုကရေစီနည်းလမ်းမကျတဲ့ လက်နက်ကိုင်နယ်မြေချဲ့ပြီး နိုင်ငံရေး တောင်းဆိုမှုတွေဟာ ဘယ်ခေတ်မှာ ဖြစ်ဖြစ် အားပေးဖို့ မထိုက်တန်ဘူးဆိုတာကို မီးမောင်းထိုးပြချင်တာပါ။
ဆိုခဲ့ဖူးသလိုပဲ ရခိုင်ပြည်ကို ရခိုင်လူထုက စီမံချင်တာဟာ ခွင့်ပြုလို့ရကောင်းတဲ့ ဖက်ဒရယ်အစီအစဉ်ပါပဲ။ ဒါပေမယ့် လက်နက်ကိုင်အင်အားစုက စသ်ဘုရင်ဝါဒကျင့်သုံးပြီး ဒီမိုကရေစီကိုသွေဖယ်တဲ့ စနစ်မဖြစ်ဖို့ လိုတာပါ။ ဦးသိန်းစိန် လက်ထက်ဖြစ်ဖြစ်၊ NLD လက်ထက်ဖြစ်ဖြစ် ရခိုင်ပြည်ဟာ ရခိုင်ပါတီတွေပဲ ကြီးစိုး အုပ်ချုပ်ကြတာပဲမဟုတ်လား။ ရခိုင်ပြည်မှာ တပ်မတော် ကင်းရှင်းရေးဆိုတာထက် ရခိုင်လူစု သီးသန့်ရှင်သန်ရေးဆိုတဲ့ အိပ်မက်တွေကသာ ရခိုင်သားတိုင်း ကြီးစိုးနေတဲ့ စိတ်ကူးဖြစ်နေတာက ဒီလို ဖြစ်စေတဲ့အကြောင်းတရားတွေပါလို့ ပြောရင် ဘယ်သူမှ ငြင်းနိုင်မယ်မထင်ဘူး။
နိုင်ငံရေးဟာ အေးအေးချမ်းချမ်းပြီးဆုံးသွားရင် ကောင်းတယ်။ ဒါပေမယ့် ကိုယ်တွေဆိုနေတဲ့ သစ္စာလေးချက်တွေထဲက ကျဆုံးလေပြီးသော တပ်မတော်သားတို့ရဲ့ သစ္စာကို စောင့်သိရိုသေပြီး ဂုဏ်သိက္ခာရှိသော တပ်မတော် ၊ လေးစားထိုက်သော တပ်မတော် ဖြစ်စေချင်တာတော့ အမှန်ပဲ။ ရေရှည်အတွက်မှ မဟုတ်ရင် ဘယ်ငြိမ်းချမ်းရေးကမှ ကြာရှည်မခံဘူး။ ရှေ့မှာ ဆာဆာကာဝါလုပ်သွားတဲ့ ငြိမ်းချမ်းရေးတွေ၊ မိုခါကြောင့် ကစထမှူးတွေကိုယ်တိုင် ကွင်းဆင်းကြီးကြပ်ခဲ့တဲ့ လုပ်ရပ်တွေတောင် မှင်မခြောက်လောက်သေးဘူး။
မြောက်ပိုင်း၃ ဖွဲ့နဲ့ ဒီစစ်ပွဲတွေဖန်တီးခဲ့ကြတဲ့ လက်သည်တိုင်းအတွက် ထိုက်တန်တဲ့ တရားမျှတမှုတော့ တကယ် လိုအပ်ပါတယ်။ ပြည်သူတွေ၊ စစ်သည်တွေရဲ့ အသက်ဟာ ဈေးမှမပေါကြပဲ။
(နရီမိုး)