Forward from: Myanmar Hard Talk
"မကွေးမြို့၌ ကားနှင့်ဆိုင်ကယ်တိုက်မိကာ ကားတိမ်းမှောက်ပြီး လူတစ်ဦးပိမိ"
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ နတ်မောက်လမ်း၊ ကံပြားအနောက်စုအနီး၌ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည်ပိုင်းက ကားတစ်စီးနှင့် ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားကာ ကားမှာတိမ်းမှောက်ခဲ့ပြီးနောက် လူတစ်ဦးကို ပိမိခဲ့ကြောင်း မကွေးမြို့အခြေစိုက် ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ထိုသို့ ကားတိမ်းမှောက်ခဲ့သဖြင့် ၎င်းကားနှင့် တိုက်မိခဲ့သော ဆိုင်ကယ်မောင်းနှင်သူမှာ ကားအောက်သို့ ရောက်ရှိသွားခဲ့ကာ ပိမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
မကွေးမြို့အခြေစိုက် ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းမှ သွားရောက်၍ ကားအောက်ရောက်နေသော အမျိိုးသားတစ်ဦးကို အများပြည်သူ၏ ဝိုင်းဝန်းကူညီမှုဖြင့် အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ပြီး မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ သဗ္ဗသုခလူမှုကူညီရေးအသင်းနှင့်အတူ အရေးပေါ်ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#mhtnews