သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ကို ဗဟိုဘဏ် ထပ်မံရောင်းချပေးမည်
နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားပါတယ်။
ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် အခြားသွင်းကုန်များ တင်သွင်းရန်အတွက် အဓိကလိုအပ်သည့် ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်တိုကိုပါ ထုတ်ရောင်းပေးခဲ့ရာ ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ သုံးလကျော်တွင် ဒေါ်လာ ၂၅၆ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၀၅၄ ဘီလျံနှင့် တရုတ်ယွမ် ၅၁ သန်းကျော်အထိ ထုတ်ရောင်းပေးထားပါတယ်။
#News