Posts filter




တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ
+++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဒီဇင်ဘာလ ၁၈ ရက်
တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲအခမ်းအ နား ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး၏ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ပြည်ထောင်စုဝန်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက် ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သင်တန်းဆင်းအရာ ရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲ တက်ရောက်လာကြသူများ နှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ဆေးတက္ကသိုလ် ဂုဏ်ပြုစစ်တီး ဝိုင်းတပ်ဖွဲ့၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှု အားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်းအရာရှိများနှင့်အတူ ဘွဲ့နှင်းသဘင်ခန်းမ ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် မြဝတီတေးဂီတအဖွဲ့၏ တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှု များ အား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းဗိုလ်လောင်းများအား ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကျင်းပ
++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဒီဇင်ဘာလ ၁၈ ရက်
တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅)ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင်တပ်မတော်ဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ တပ်မတော်ဆေး တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးညွန့်နှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက် ရောက်ကြသည်။ယင်းနောက်စစ်ရာထူးခန့်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်၊တပ်မတော်အရာရှိကြီးများနှင့်တပ်မတော် ဆေး တက္ကသိုလ်ကျောင်းအုပ်ကြီးတို့သည် စင်မြင့်ထက်တွင် နေရာယူကြပြီးနောက် ဒုတိယဗိုလ်ချုပ် ကြီးလင်းအောင်ကကျောင်းဆင်းဗိုလ်လောင်းတစ်ဦးချင်းစီအားပြန်တမ်းဝင်ခန့်အပ်လွှာများပေးအပ်၍ စစ်ရာထူး ခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင် က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။




တပ်မတော်ဆေးတက္ကသိုလ်၏ (၂၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
+++++++++++++++++++++++++++++++++++++++++++++
နေပြည်တော် ဒီဇင်ဘာလ ၁၈ ရက်
တပ်မတော်ဆေးတက္ကသိုလ်၏(၂၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးညွန့်၊ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့် တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ ဝင်များ စုံညီစွာတက်ရောက်ကြ သည်။
အစီအစဉ်အရ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် မြန်မာ့ဆိုင်းတူရိယာအဖွဲ့ က နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာ ခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ် အတိုင်းဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ်က ဆေးပညာဘွဲ့ နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ ရရှိသူတို့အား ဘွဲ့လက်မှတ် များချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့ရသူများအားဘွဲ့များနှင့်လျော်ညီ သောအဆောင်အ ယောင်အမှတ်လက္ခဏာဖြစ်သည့်ဝတ်ရုံများကိုဝတ်ဆင်ခွင့်ပြုခဲ့ပြီးဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင်လက်မှတ် ရေးထိုးသည်။
ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနား ကိုရုပ်သိမ်းကြောင်း ကြေ ညာကာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များသည် ဘွဲ့ နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။
အဆိုပါ တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းများရရှိသည့် ပညာရည်ထူးချွန်ဆုအဆင့်များ ဂုဏ်ထူးများ သည် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်သာ စစ်ဆေး ခြင်းမဟုတ်ဘဲ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေး တက္ကသိုလ် (မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး)စသည့် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် စာစစ်ပုဂ္ဂိုလ်များ၏ စစ်ဆေးချက်များနှင့်အညီ ချီးမြှင့်ခြင်းဖြစ် ကြောင်း၊ တပ်မတော်ဆေး တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကိုလည်း အခြားသောတက္ကသိုလ်များနှင့် ညှိနှိုင်းရေးဆွဲထားရှိပြီး ဆေးပညာ သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းအရ စံချိန်စံညွှန်းသတ်မှတ်ချက် များနှင့်အညီ အထူးအောင်သတ်မှတ် ခြင်းနှင့် ဂုဏ်ထူးပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။




တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိကောင်း များအဖြစ် နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူလူထုအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ပြောင်း လဲတိုးတက်နေသည့် ဆေး သိပ္ပံပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသုတေသနပြုပြီး ကျွမ်းကျင် သည့် ဆေးသိပ္ပံပညာရှင်များဖြစ်အောင် ကြိုးစားသွားကြရန်၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ ရည်မှန်းချက်ဖြစ်သော “ကျန်းမာကြံ့ခိုင် တိုက်နိုင်ရန်” ဟူသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင် နေကြ သည့် တပ်မတော်သားများကျန်းမာ ကြံ့ခိုင်ပြီး ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး မိမိတို့ တတ်ကျွမ်း သည့် ဆေးပညာဖြင့်စောင့်ရှောက်ကာကွယ်သွားကြရန်၊ တပ်မတော်ဆေးတက္ကသိုလ်၏ ဂုဏ်၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ဂုဏ်၊ တပ်မတော်၏ဂုဏ်ကို မြှင့်တင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေသည့် “သမားဇာနည် အောင်စစ်သည်” များ ဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြား သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် မိဘများကို တွေ့ဆုံ၍ ဂုဏ်ပြု အမှာစကား ပြောကြား ရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိကြသည့်အတွက် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ သင် တန်းကာလတစ်လျှောက်လုံး မျှော် မှန်းချက်၊ ရည်မှန်းချက်ရှိစွာဖြင့် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် အစဉ်တစိုက် ကြိုးစား အားထုတ်ခဲ့ပြီး မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနှင့် နေထိုင်ခဲ့မှု အကျိုးရလာဒ်ကို ခံစားရခြင်းပင်ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းပညာကို မြင့်မားသောရမှတ်များ ဖြင့် အောင်မြင်ခဲ့သည့် အခြေခံကောင်းများကို ယခုတက္ကသိုလ်ပညာရပ်များ ဆည်းပူးရာ တွင်လည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ကြိုးစားခဲ့သောကြောင့် ထူးချွန်စွာ အောင်မြင်ခဲ့ ပြီးဖြစ်သဖြင့် ရှေ့ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးတစ် လျှောက်တွင်လည်း မိမိတို့ ၏ ရည်မှန်းချက်များ မပျောက်ပျက်၊ မယိမ်းယိုင်စေရေးအတွက် ရှိပြီးဖြစ်သည့် အခြေခံ ကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကြိုးစားအား ထုတ်မှုရှိ မှသာလျင် ဘဝရပ်တည်မှုများ မြင့်မားမည်ဖြစ်သဖြင့် မိမိတို့၏ ရည်မှန်းချက် ပန်းတိုင် မပျောက်စေရေးအတွက် စဉ်ဆက်မပြတ်ဆက်လက် ကြိုးပမ်းအားထုတ်သွား ရန်နှင့် မိမိကိုယ်ကို စောင့်ထိန်းနေထိုင်သွားကြရန် လိုကြောင်း၊ ပြောင်းလဲတိုးတက်နေ သည့် ခေတ်နှင့်အမီလိုက်နိုင်ရေးအတွက် စာပေဖတ်ရှုလေ့လာခြင်း၊ လက်တွေ့အသုံးချ ခြင်း၊ မျှဝေခြင်းများကို ဆောင်ရွက်သွားရန်လည်းလိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင် ရာဒေသများအလိုက်တွင် ပြည်သူလူထုကို ဆေးပညာဖြင့်သာ အကျိုးပြုရုံမကဘဲ မိမိတို့သိရှိထားသည့် စာပေဗဟုသုတများဖြင့် နည်းကောင်းလမ်းပြပေးခြင်းဖြင့်လည်း အကျိုး ပြုသွားကြရန်လိုကြောင်း။
ငယ်စဉ်ကလေးဘဝမှ တက္ကသိုလ်ရောက်သည်အထိ ကျွေးမွေးစောင့်ရှောက် သွန် သင်ပေးခဲ့သည့် ကြီးမား လှသည့် မိဘဆရာတို့၏ဂုဏ်ကျေးဇူးကို သိတတ်နားလည် ကျေးဇူးဆပ်ရမည်ဖြစ်သကဲ့သို့ အသိပညာများနှင့် အတတ်ပညာများကို သင်ကြားပေး လိုက်သည့် တပ်မတော်ဆေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ တပ်မတော် နှင့် နိုင်ငံတော် ၏ ဂုဏ်ကျေးဇူးကိုလည်း စစ်သားကောင်းတစ်ဦး၊ ဆရာဝန်ကောင်းတစ်ဦး ပီသစွာနေ ထိုင် ကျင့်ကြံခြင်း၊ မိမိကိုယ်ကိုတန်ဖိုးထား၍ ဆက်လက် တိုးတက်အောင်နေထိုင်ခြင်း၊ သစ္စာရှိရှိဖြင့် ပေးအပ် လာသည့် တာဝန်များကိုကျေပွန်အောင် ထမ်းဆောင်ခြင်းတို့ဖြင့် ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ ရှေ့ဆက် လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်လုံး အောင်မြင်သူများဖြစ်စေရေး၊ ခေါင်းဆောင်ကောင်း များဖြစ် စေရေး၊ ကြီးမားသည့်တာဝန် များကို လက်ဆင့်ကမ်းတာဝန်ပေးအပ်နိုင်ရေး မိမိဘဝကိုမိမိ ကြိုးစား တည် ဆောက် သွားကြရန်လိုကြောင်းဖြင့်မှာကြားခဲ့သည်။


ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ဆေးဝန်ထမ်းတပ်ဖွဲ့ကလည်း ပြည်သူ လူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို အလေးထား မြှင့်တင်ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတကာ ဆေးတပ်ဖွဲ့များနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ပြည်တွင်း၌ ဆေးသိပ္ပံညီလာခံများ၊ ဆေးပညာနှီးနှော ဖလှယ် ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ပေးပြီး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဘက်ကျန်း မာရေး စောင့် ရှောက်မှု အတွေ့အကြုံဖလှယ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ပြောင်း လဲတိုးတက်လာနေသည့် ဆေးပညာဘာသာရပ်များကို မျက်ခြည်မပြတ် လေ့လာနိုင်ရေးအတွက် သုတေသ နလုပ်ငန်းများကိုလည်း နိုင်ငံတကာစံချိန် စံညွှန်း များနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးလျက်ရှိ ကြောင်း၊ ထို့ကြောင့် တာဝန် ကျရာ ဒေသအသီးသီးကို ရောက်ရှိသည့်အခါ၌ ဆေးဝန်ထမ်းတပ်ဖွဲ့၏ မူလ တာဝန် များအပြင် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးလုပ်ငန်းစဉ်များကို အထောက် အကူပြုပေးနိုင် သည့် တပ်မတော်သားဆရာဝန်သမားကောင်းများအဖြစ် တာဝန်ထမ်း ဆောင်သွားကြရန် မှာကြားလိုကြောင်း။
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်ရန်အတွက် ကျန်းမာကြံ့ခိုင်သည့် လူ့ စွမ်းအားအရင်းအမြစ်များ လိုအပ်သည်ဖြစ်သောကြောင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု (Public Health Care)သည် လွန်စွာအရေးကြီးကြောင်း၊ ပြည်သူလူထု၏ကျန်းမာရေးနှင့်ပတ်သက်ပြီး “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့်အတိုင်း မိမိတို့တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုအတွက် ပိုမို ကောင်း မွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြည်သူများ၏ နေ့စဉ် လူမှုဘဝ လုံခြုံရေးကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေး တွင် ပြည်သူလူထုကို ဆေးအကာအကွယ်ပေးရေးအပါအဝင် နိုင်ငံအနှံ့အပြားအခမဲ့
ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေခြင်းသည် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်ကို တာဝန်သိသိဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ပြည်သူလူထု၏ အသက် ခန္ဓာများကို ကာကွယ်စောင့်ရှောက်ပေးနေခြင်းဖြစ် သောကြောင့် တစ်နည်းအားဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေခြင်းဖြစ်သည်ကို သိရှိ နားလည်ထားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ကျရာနယ်မြေ ဒေသအသီးသီး သို့ ရောက်ရှိချိန် တွင် မိမိတို့တတ်ကျွမ်းထားသည့် ဆေးပညာများကို လက်တွေ့အသုံးချ ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အားတက်သရော အောင်မြင်စွာ လုပ်ဆောင်သွား ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ခေတ်မီဖွံဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ် တည်ဆောက်ရာတွင် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သည် အရေးကြီးဆုံးဖြစ်သကဲ့သို့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုသက်ရှည်ကျန်း မာ ရေးသည် အခြေခံအကျဆုံး ဖြစ်ကြောင်း၊ ပြည်သူလူထုသက်ရှည်ကျန်းမာစေရေးအတွက် အရည်အချင်း ပြည့်ဝ သည့် ပါရဂူ၊ဆရာဝန်များနှင့်ကျန်းမာရေးဝန်ထမ်းများ ပြည့်စုံလုံလောက်စွာရှိရန်အလွန် အရေး ကြီး ကြောင်း။
မြန်မာ့လူမှုပတ်ဝန်းကျင်တွင် ဆရာဝန်များကို သမားဂုဏ်အရ တလေးတစား နေရာပေးလေ့ရှိသကဲ့သို့ တပ်မ တော်သား ဆရာဝန်အရာရှိများကိုလည်း ကိုယ်ကျိုးစွန့် အနစ်နာခံသည့် ယောက်ျားကောင်းများအဖြစ် အသိ အမှတ်ပြုနေကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အပင်ပန်းခံကြိုးစားအားထုတ်ပြီး ရရှိလာခဲ့သည့် တပ်မတော်သား အရာရှိ ဆရာဝန်ဆေးမှူးဟူသည့်ဂုဏ်ပုဒ်ကို မထိခိုက်မပျက်စီးစေရေး အစစအရာရာ ကိုယ် တိုင်ထိန်းသိမ်း နေထိုင်သွားကြရန်လိုအပ်ကြောင်း၊ ထို့ပြင် တပ်မတော်သားဆရာဝန် များဖြစ်သည်နှင့်အညီ လိုအပ်လာပါက ခြေလျင်စစ်သည်များနှင့်အတူ နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကိုပါ ထမ်းဆောင်ကြရမည် ဖြစ်သဖြင့် အမိန့်နာခံမှုကောင်းပြီး စစ်ပညာများကို အသုံးချတတ်သည့် စစ်ခေါင်း ဆောင်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း။
ဆေးကုသရေးတာဝန် ထမ်းဆောင်ချိန်တွင် ဆေးပညာရပ်များကို အသုံးချပြီး လူနာများအပေါ်တွင် ကောင်း မြတ်သည့်စေတနာ၊ မွန်မြတ်သည့်စိတ်ထား၊ ပြည့်ဝသည့်အကြင်နာ မေတ္တာတရားများနှင့် တာဝန်ထမ်း ဆောင် ကြ ရမည်ဖြစ်သကဲ့သို့ စစ်ဆင်ရေး နှင့်လုံခြုံရေးတာဝန်များထမ်းဆောင်ချိန်တွင်လည်း သင်ကြားပေး လိုက် သည့် စစ်ပညာ ရပ်များကို အသုံးချပြီး “တပ်မတော်၏ အစဉ်အလာကို အသက်ပေး စောင့်ထိန်းလို သည့်စိတ် ဓာတ်”ဖြင့် တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စိတ် ဓာတ်ကောင်းများမွေးမြူပြီး လက်ရုံး ရည်၊ နှလုံးရည်ပြည့်ဝသည့် တပ်မတော်သား ဆရာဝန်၊ ခေါင်းဆောင်ငယ်များအဖြစ် နိုင်ငံတော်နှင့်တပ်မတော် က အားကိုးအားထား ပြုရသည့် ဆေးဝန်ထမ်းတပ်ဖွဲ့၏အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ယူ ဆောင် ရွက်နိုင်မည့် “သမားဇာနည် အောင်စစ်သည်” များဖြစ်အောင် အထူး ကြိုးစား သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဒီဇင်ဘာလ - ၁၈ ရက်
တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်း အနား ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင် တန်း အမှတ်စဉ်(၂၅)မှ အောင်စစ်သည်ဆု ရရှိသူ ဗိုလ်လောင်း ကောင်းမြင့်မြတ်ထွန်း ၊ လေ့ကျင့်ရေးထူးချွန်ဆု ရရှိသူ ဗိုလ်လောင်း သော်ဇင်ဦး နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အောင်ကိုကိုထက် တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် သင်တန်း ဆင်းမိန့်ခွန်းပြောကြားရာတွင် တပ်မတော်ဆေးတက္ကသိုလ်ကို “တပ်မတော် (ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင်အရာရှိ ကောင်းများ မွေးထုတ်ပေးရန်” ဟူသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်အရာရှိ ဆရာဝန် ဆေးမှူးများကို စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ တပ်မတော် ဆေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်သည့် တပ်မတော် သားဆေးသိပ္ပံပညာရှင်များသည် တပ်မတော်သားအရာရှိ၊ စစ်သည်မိသားစုဝင်များသာမက တိုင်းရင်းသားပြည် သူလူထု၏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနေ သကဲ့သို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် ဆေးသိပ္ပံပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင်လည်း အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို ဂုဏ်ယူဝမ်းမြောက် ဖွယ် တွေ့မြင်ကြရမည် ဖြစ်ကြောင်း။တပ်မတော်အရာ ရှိ ဆရာဝန်ဆေးမှူးများ၏ ကျွမ်းကျင်မှုနှင့် ကျန်းမာရေး စောင့် ရှောက်ပေးမှုများသည် မိမိတို့တပ်မတော်သား များ၏ ကျန်းမာကြံ့ခိုင်ရေးအတွက် အလွန်အရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်ပြီး တပ်မတော်အင်အား တောင့် တင်းခိုင်မာရေး အတွက်အခြေခံလိုအပ်ချက်ဖြစ်သကဲ့သို့ နိုင်ငံတော်ကာကွယ်ရေးစွမ်းပကား မြင့်မားစေ ရေးအတွက်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုလျက်ရှိကြောင်း၊ တိုက်ပွဲဝင် စစ်သည်တိုင်း တိုက်စွမ်းရည်မြင့်မားရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေး အထူးလိုအပ်သော ကြောင့် သင်ယူတတ်မြောက်ထားသည့် ဆေးပညာ ရပ်များကို အသုံးချပြီး နေရာဒေသမရွေး၊ အချိန်အခါမရွေး လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးသွားကြရမည်ဖြစ်ကြောင်း။ယနေ့ခေတ်သည် သိပ္ပံနှင့် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဆေးသိပ္ပံပညာရပ် နယ်ပယ်သည်လည်း တစ်နေ့တခြားတိုးတက်ပြောင်းလဲ နေ သည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ ဆန်းသစ်ပြောင်းလဲလာသည့်ကုထုံးနှင့်ဆေး ဝါးကိရိယာအသစ်များ ပေါ်ပေါက် လာသကဲ့သို့ ထူးခြားဆန်းပြားသည့်ရောဂါဘယများကလည်း ဆေးပညာနယ်ပယ်ကို စိန်ခေါ်လျက်ရှိ နေကြကြောင်း၊ ယင်းတို့ကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ဆေးသိပ္ပံဆိုင်ရာ ပညာရပ်များနှင့်ပတ်သက်၍ သုတေသ နပြုခြင်းအပါအဝင် တီထွင်ဆန်းသစ်မှုများကို လည်း စဉ်ဆက်မပြတ် လေ့လာဆောင် ရွက်သွားကြရ မည်ဖြစ် ကြောင်း၊ လက်ရှိ မိမိတို့ နိုင်ငံတွင်လည်း အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီကို ဖွဲ့စည်း ထားပြီး ဆန်းသစ်တီထွင်မှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေကြောင်း၊ ကျန်း မာရေး ကဏ္ဍဆိုင်ရာ တွင် နည်းပညာအသစ်များနှင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု၊ ကျန်းမာရေးနှင့် လူသားအရင်းအမြစ်ချိတ် ဆက်မှု၊ ဆေးပညာဆိုင်ရာ တက္ကသိုလ်အဆင့် ချိတ်ဆက်မှုများမှတစ်ဆင့် ကုသမှုနည်းပညာများ ပေါင်းစည်း ခြင်းနှင့် အဆင့်မြင့်ကုသ နည်းဖော်ထုတ်ခြင်း အစရှိသည်တို့ကို နည်းပညာလွှဲပြောင်းမှု စင်တာများနှင့် အသိပညာ ဖြန့်ဝေရေးစင်တာများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ပြောင်း လဲတိုးတက်လာသည့် နည်းပညာရပ်များ၊ ဆေးသိပ္ပံပညာရပ်များကို မျက်ခြည် မပြတ်စေဘဲ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ဆေးသိပ္ပံပညာရှင်များဖြစ်အောင် တပ်မတော်ဆေးတက္ကသိုလ်က သင်ကြားပေး လိုက် သည့် ဆေးပညာရပ်များမှတစ်ဆင့် အဆင့်မြင့်ဆေးပညာရပ်များကို ဆက်လက် ဆည်းပူး လေ့လာဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ် အနက် လူမှုရေးဦးတည်ချက်ဒုတိယအချက်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူ အား လုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူသည့်အချက်ကို အကောင်အထည် ဖော် ရန်အတွက်


စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်း
++++++++++++++++++++++++++++++++++++++++++
ဒီဇင်ဘာလ ၁၈ ရက်


လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်း
++++++++++++++++++++++++++++++++++++
ဒီဇင်ဘာလ ၁၈ ရက်


စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်း
+++++++++++++++++++++++++++++++++
ဒီဇင်ဘာလ ၁၈ ရက်

12 last posts shown.