တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိကောင်း များအဖြစ် နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူလူထုအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ပြောင်း လဲတိုးတက်နေသည့် ဆေး သိပ္ပံပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသုတေသနပြုပြီး ကျွမ်းကျင် သည့် ဆေးသိပ္ပံပညာရှင်များဖြစ်အောင် ကြိုးစားသွားကြရန်၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ ရည်မှန်းချက်ဖြစ်သော “ကျန်းမာကြံ့ခိုင် တိုက်နိုင်ရန်” ဟူသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင် နေကြ သည့် တပ်မတော်သားများကျန်းမာ ကြံ့ခိုင်ပြီး ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး မိမိတို့ တတ်ကျွမ်း သည့် ဆေးပညာဖြင့်စောင့်ရှောက်ကာကွယ်သွားကြရန်၊ တပ်မတော်ဆေးတက္ကသိုလ်၏ ဂုဏ်၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ဂုဏ်၊ တပ်မတော်၏ဂုဏ်ကို မြှင့်တင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေသည့် “သမားဇာနည် အောင်စစ်သည်” များ ဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြား သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် မိဘများကို တွေ့ဆုံ၍ ဂုဏ်ပြု အမှာစကား ပြောကြား ရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိကြသည့်အတွက် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ သင် တန်းကာလတစ်လျှောက်လုံး မျှော် မှန်းချက်၊ ရည်မှန်းချက်ရှိစွာဖြင့် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် အစဉ်တစိုက် ကြိုးစား အားထုတ်ခဲ့ပြီး မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနှင့် နေထိုင်ခဲ့မှု အကျိုးရလာဒ်ကို ခံစားရခြင်းပင်ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းပညာကို မြင့်မားသောရမှတ်များ ဖြင့် အောင်မြင်ခဲ့သည့် အခြေခံကောင်းများကို ယခုတက္ကသိုလ်ပညာရပ်များ ဆည်းပူးရာ တွင်လည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ကြိုးစားခဲ့သောကြောင့် ထူးချွန်စွာ အောင်မြင်ခဲ့ ပြီးဖြစ်သဖြင့် ရှေ့ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးတစ် လျှောက်တွင်လည်း မိမိတို့ ၏ ရည်မှန်းချက်များ မပျောက်ပျက်၊ မယိမ်းယိုင်စေရေးအတွက် ရှိပြီးဖြစ်သည့် အခြေခံ ကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကြိုးစားအား ထုတ်မှုရှိ မှသာလျင် ဘဝရပ်တည်မှုများ မြင့်မားမည်ဖြစ်သဖြင့် မိမိတို့၏ ရည်မှန်းချက် ပန်းတိုင် မပျောက်စေရေးအတွက် စဉ်ဆက်မပြတ်ဆက်လက် ကြိုးပမ်းအားထုတ်သွား ရန်နှင့် မိမိကိုယ်ကို စောင့်ထိန်းနေထိုင်သွားကြရန် လိုကြောင်း၊ ပြောင်းလဲတိုးတက်နေ သည့် ခေတ်နှင့်အမီလိုက်နိုင်ရေးအတွက် စာပေဖတ်ရှုလေ့လာခြင်း၊ လက်တွေ့အသုံးချ ခြင်း၊ မျှဝေခြင်းများကို ဆောင်ရွက်သွားရန်လည်းလိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင် ရာဒေသများအလိုက်တွင် ပြည်သူလူထုကို ဆေးပညာဖြင့်သာ အကျိုးပြုရုံမကဘဲ မိမိတို့သိရှိထားသည့် စာပေဗဟုသုတများဖြင့် နည်းကောင်းလမ်းပြပေးခြင်းဖြင့်လည်း အကျိုး ပြုသွားကြရန်လိုကြောင်း။
ငယ်စဉ်ကလေးဘဝမှ တက္ကသိုလ်ရောက်သည်အထိ ကျွေးမွေးစောင့်ရှောက် သွန် သင်ပေးခဲ့သည့် ကြီးမား လှသည့် မိဘဆရာတို့၏ဂုဏ်ကျေးဇူးကို သိတတ်နားလည် ကျေးဇူးဆပ်ရမည်ဖြစ်သကဲ့သို့ အသိပညာများနှင့် အတတ်ပညာများကို သင်ကြားပေး လိုက်သည့် တပ်မတော်ဆေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ တပ်မတော် နှင့် နိုင်ငံတော် ၏ ဂုဏ်ကျေးဇူးကိုလည်း စစ်သားကောင်းတစ်ဦး၊ ဆရာဝန်ကောင်းတစ်ဦး ပီသစွာနေ ထိုင် ကျင့်ကြံခြင်း၊ မိမိကိုယ်ကိုတန်ဖိုးထား၍ ဆက်လက် တိုးတက်အောင်နေထိုင်ခြင်း၊ သစ္စာရှိရှိဖြင့် ပေးအပ် လာသည့် တာဝန်များကိုကျေပွန်အောင် ထမ်းဆောင်ခြင်းတို့ဖြင့် ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ ရှေ့ဆက် လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်လုံး အောင်မြင်သူများဖြစ်စေရေး၊ ခေါင်းဆောင်ကောင်း များဖြစ် စေရေး၊ ကြီးမားသည့်တာဝန် များကို လက်ဆင့်ကမ်းတာဝန်ပေးအပ်နိုင်ရေး မိမိဘဝကိုမိမိ ကြိုးစား တည် ဆောက် သွားကြရန်လိုကြောင်းဖြင့်မှာကြားခဲ့သည်။