တရုတ်-မြန်မာ လုံခြုံရေးကုမ္ပဏီပူးပေါင်းတည်ထောင်ခြင်း အလားအလာ
မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ အဲ့ဒီစီမံကိန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ် နိုင်ငံသားတွေ ဘေးကင်းစေဖို့အတွက် လုံခြုံရေးကုမ္ပဏီ ပူးပေါင်းတည်ထောင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
-
မြန်မာအစိုးရရဲ့ထုတ်ပြန်ချက်အရ အဖွဲ့ဝင် ၁၃ ဦးပါဝင်တဲ့ လုပ်ငန်းကော်မတီမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီက ဦးဆောင်ပြီး ဒုရဲချုပ်၊ ကာကွယ်ရေး၊ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတွေပါဝင်တယ်လို့ဆိုပါတယ်။
-
ဒီလုံခြုံရေးကုမ္ပဏီဟာ ဆက်သွယ်ရေးကိရိယာတွေ၊ ကန့်သတ်ပစ္စည်းတွေအပါအဝင် လက်နက်နဲ့ အထူးကိရိယာ တွေကို တပ်ဆင်မယ်လို့ သိရပါတယ်။
-
လက်နက်တပ်ဆင်ထားတဲ့ တရုတ်လုံခြုံရေးဝန်ထမ်းတွေ တာဝန်ထမ်းဆောင်မယ်ဆိုရင်တော့ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ လက်နက်ကိုင် နိုင်ငံခြားသားတပ်တွေ အခြေချခွင့်မပြုရဆိုတဲ့ ပုဒ်မနဲ့ ငြိနိုင်ပါတယ်။ ဒါကြောင့် ပူးတွဲလုံခြုံရေးကုမ္ပဏီမှာ တာဝန်ထမ်းဆောင်မယ့် တရုတ်နိုင်ငံသားတွေက လက်နက်မတပ်ဆင်တဲ့ နည်းပညာ ကျွမ်းကျင်သူပညာရှင်တွေ သို့မဟုတ် မြန်မာနိုင်ငံက လက်နက်တပ်ဆင်ပေးထားတဲ့ ဝန်ထမ်းတွေ ဖြစ်မယ်လို့ ယူဆရပါတယ်။
-
အဲ့ဒီပူးတွဲလုံခြုံရေးကုမ္ပဏီထူထောင်ဖို့ ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းကတော့ ဇူလိုင်လမှာ PDF အဖွဲ့က မန္တလေးမှာရှိတဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ Alpha Cement စက်ရုံနဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်က နီကယ်စက်ရုံကို သိမ်းယူခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွါးခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးလာလုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို မကြာခဏဖမ်းဆီးပြီး ပြန်ပေးဆွဲနေကြလို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်ရင်းနှီးမြုပ်နှံမှူတွေနဲ့ တရုတ် နိုင်ငံသားစီးပွါးရေးသမားတွေကို ကာကွယ်ပေးဖို့လို့ ဆိုပါတယ်။
-
ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံစဉ်မှာ ဝမ်ယိက မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ တရုတ်ဝန်ထမ်းတွေနဲ့ စီမံကိန်းတွေရဲ့လုံခြုံရေးကို အလေး အနက်ထား ကာကွယ်ပေးဖို့ ပြောကြားခဲ့တဲ့အတွက်ကြောင့်လည်း နစကဥက္ကဌအနေနဲ့ တရုတ်အဆိုပြုတဲ့ ပူးတွဲလုံခြုံရေးကုမ္ပဏီကို လက်ခံလိုက်ခြင်း ဖြစ်မယ်ထင်ပါတယ်။
-
ပူးပေါင်းလုံခြုံရေးကုမ္ပဏီကို ဘယ်အချိန်မှာ တည်ထောင်မလဲဆိုတာကိုတော့ သေချာမသိရှိရသေးပါဘူး။ NUG အဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုတွေကို ကာကွယ်မယ်လို့ အကြိမ်ကြိမ်ကတိပြု ထားပေမယ့် EAOs တွေနဲ့ ဆက်ဆံရေးမှာ NUG ဆိုတာ လိုသုံး အသေခံဒိုင်း အဆင့်သာဖြစ်ပြီး တရုတ်အကျိုးစီးပွါးတွေကို ထိပါးနှောက်ယှက်မှုတွေမလုပ်ဖို့ PDF အပါအဝင် EAOs တွေကို အမိန့်ပေးနိုင်တဲ့ အဆင့်မှာ ရှိမနေပါဘူး။ သာမာန်အောက်ဆွဲ ပြည်ပြေးအစိုးရအဆင့်သာရှိနေတဲ့အပြင် NUG ဟာ အမေရိကန်ရဲ့နောက်ဆွဲ ခိုင်းတာလုပ်ရတဲ့အဆင့်ဖြစ်လို့ မြန်မာနိုင်ငံတွင်းက တရုတ်ရင်းနှီးမြုပ်နှံမှုတွေ ထိခိုက်ဆုံးရှုံးအောင်လုပ်ဖို့ အမေရိကန်ခိုင်းလာရင် NUG ကသေချာပေါက်လုပ်ရမှာ ဖြစ်ပါတယ်။
-
ဒါကြောင့် လုံခြုံရေးကုမ္ပဏီ ပူးပေါင်းထူထောင်မှာကို အမေရိကန်အပါအဝင် အနောက်အုပ်စုတွေက မနှစ်လိုတဲ့ အပြင် မြန်မာနိုင်ငံအတွင်းက အနောက်အုပ်စုယိမ်းတဲ့ နီပိတ်အဖွဲ့တွေလည်း မလိုလား မနှစ်သက်တာတွေ ရှိတာကြောင့် အကြောင်းအမျိုးမျိုးပြပြီး နှောက်ယှက်တာမျိုးပြုလုပ်လာနိုင်ပါတယ်။
-
ဒါတင်မက လုံခြုံရေးကုမ္ပဏီပူးပေါင်းတည်ထောင်မယ့်အပေါ် မြန်မာနဲ့တရုတ်အခုလို နီးနီးကပ်ကပ်ရှိနေခြင်းမှာ တရုတ်က မြန်မာနိုင်ငံအတွင်းရှိတန်ဖိုးမြင့် သယံဇာတတွေကြောင့် နိုင်ငံရေးနဲ့စီးပွားရေးအရ အမြတ်ထုတ်ဖို့ တရုတ်နိုင်ငံက ကြံစည်နေတယ်လို့ အနောက်အုပ်စုက ဆိုရှယ်မီဒီယာတွေမှာ လိုရာဆွဲယူရေးသား နေတာကိုလည်း တွေ့မြင်ကြရမှာပါ။
-
ကျနော့်အမြင်ပြောရရင်တော့ တရုတ်-မြန်မာ လုံခြုံရေးကုမ္ပဏီ တည်ထောင်တာကို သတိထားလုပ်ဆောင်ရမှာ ဖြစ်ပြီး ဒါဟာ PLA က (တရုတ်တပ်မတော်) မြန်မာနိုင်ငံမှာ အခိုင်အမာခြေကုပ်ယူပြီး လွှမ်းမိုးဖို့ ခြေလှမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။
-
ခေတ်အဆက်ဆက် ပြည်ပစစ်တပ်တွေက နိုင်ငံတွင်း ခြေကုပ်မယူခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရပ်တည်မှုနဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုကြောင့် ဒီကိစ္စအပေါ် အနောက်နိုင်ငံတွေက အပြည့်အဝ ဝင်ရောက် စွက်ဖက်လာနိုင်သလို နောက်ဆက်တွဲ အကျိုးဆက်တွေကလည်း အရမ်းအန္တရာယ်များလှပါတယ်။
-
လုံခြုံရေးကုမ္ပဏီဆိုတာ ကြေးစားစစ်တပ်အမည်ခံ တရုတ်တပ်စခန်းပဲဖြစ်နိုင်ပြီးတော့ ဒီလို ခြေလှမ်းကြဲတာဟာ တစ်ဖက်ကကြည့်ရင်တော့ အကိုင်အတွယ်မတတ်ရင် အန္တရာယ်များပြားတယ်လို့ ထင်မြင်ယူဆလို့ရနိုင်ပါတယ်။