Pae Toe Media


Channel's geo and language: not specified, not specified
Category: not specified


သတင်းနှင့် ဗဟုသုတ မီဒီယာ

Related channels

Channel's geo and language
not specified, not specified
Category
not specified
Statistics
Posts filter




ဒရုန်းများအတွက် မောင်းတုံးမဲ့သေနတ်ကို တရုတ်တီထွင်
+++++
တရုတ်သိပ္ပံပညာရှင်များက ဒရုန်းများ အတွက်ရည်မှန်းပြီး လူမဲ့စစ်ဆင်ရေးနည်းပညာကိုတစ်ခေတ်ဆန်းသစ်စေမယ့် သေနတ်တစ်မျိုးကို တီထွင်ဖန်တီးလိုက်တာတွေ့ရပါတယ်။

အဲဒီသေနတ်က ၇ ဒသမ ၆၂ မီလီမီတာ ကျည်ဆန်ကို တစ်စက္ကန့်မှာ မီတာ ၇၄၀ မှ ၉၀၀ အထိအလျင်နဲ့ပစ်ခတ်နိုင်စေမှာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကျော်သေနတ် အမျိုးအစားဖြစ်တဲ့ AK-47 ရဲ့စွမ်းဆောင် ရည်နဲ့အတူတူပါပဲ။

ဒါပေမဲ့ သူ့မှာထူးခြားချက်က သာမန် သေနတ်လိုမျိုးမဟုတ်ဘဲ မောင်းတုံးမဲ့ သေနတ်အမျိုးအစားဖြစ်နေတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုပစ်ခတ်ရာမှာတကယ့်ကိုပေါ့ပါးနေတာတွေ့ရပါတယ်။

သာမန်အားဖြင့်ဆိုရင် ဒရုန်းတွေမှာ ဗုံးသီးတွေကိုချိတ်ဆွဲဖြုတ်ချတာမျိုးတွေပဲလုပ်နိုင်ပါတယ်။ အဆင့်မြှင့်တင်ထား တဲ့ဒရုန်းတွေတောင်မှ မောင်းကန်အား ရှိတဲ့သေနတ်တွေရဲ့ ပစ်ခတ်မှုအားကိုမခံနိုင်ပါဘူး။

ဒီလိုမျိုးဆန်းသစ်ထားတဲ့သေနတ်ကို ဒရုန်းများမှာသာမက လက်ရှိခေတ်စား နေတဲ့စက်ရုပ်ခွေးများမှာလည်း တပ်ဆင် အသုံးပြုနိုင်မှာဖြစ်တာကြောင့် မောင်းတုံး ကန်အားပြင်းထန်တဲ့သမားရိုးကျသေနတ်တွေထက်တော့ ပေါ့ပါးစွာပစ်ခတ် နိုင်မှာအသေအချာပါပဲ။


သမိုင်းတကျော့ပြန်လေပြီ
==================
၂၀၁၅ ဧပြီလ ၉ ရက်နေ့ မန်တုံမှာ ပလောင် pslo/psla တွေ တပ်မတော်ထံလ/က်န/က်အပ်နှင့်ခဲ့တဲ့ သမိုင်းကြောင်း ကိုသိကြမယ်ထင်ပါတယ်။ သမိုင်းမှာ ဘာလို့အဲ့ဒီလိုဖြစ်ခဲ့တာလဲဆိုတာ ရှင်းရှင်းလေးပါပဲ နောက်ကွယ်ကထောက်တိုင် မရှိတော့တဲ့ အခြေအနေဖြစ်ခဲ့လို့ပေါ့ဗျာ။
နောက်တစ်ခုကတော့ ပေါက်ဖော်ကြီးတို့က ဝ တွေကို ပေးထားတဲ့ တာဝန်တစ်ခုရှိတယ် အဲ့ဒါကတော့ TNLA ကို ဆန်၊ စားနပ်ရိက္ခာ၊ ကျည်၊ ပိုက်ဆံ စသည်ဖြင့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စမှန်သမျှ ကို ထောက်ပံ့ဖို့ ဆယ်နှစ်စာ တာဝန်ပေးထားမှုဟာ ၂၀၂၄ နိုဝင်ဘာမှာ ပြည့်မှာဆိုတော့ အခုဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေက တိုက်ဆိုင်မှု တစ်ခုမှမပါပါဘူး။ မအေးဝင်းကြိုတင်စီစဥ်ထားတာပဲဗျ
နောက်တစ်ခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမျိုးသားနေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ "နိုင်ငံရေးကို လက်နက်နဲ့ ဖြေရှင်းလို့မရဘူး" လို့ ပြော ကြားခဲ့ပြီးနောက်မှာ ပလောင်အဖွဲ့ကအဲ့ဒီနေ့မှာပဲ တွေ့ဆုံဆွေးနွေးဖို့စိတ်ဝင်စားကြောင်း တရားဝင်စာထုတ်ပြန်လာတာကို တွေ့ရပါတယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာလည်း တစ်ခုမှမရှိပါဘူး။
ဒီလိုပါပဲ သမိုင်းတစ်ကျော့ပြန်လာတဲ့ အချိန်ကိုရောက်လာပါပြီ။ အဲ့လိုရောက်လာချိန်မှာ လှေနံနှစ်ဘက်မကနင်းထားတဲ့ ပဒက်တွေရဲ့ ဘဝကတော့ မတွေးရဲစရာပါပဲ။ ဒီတော့ အလင်းထဲပြန်လာမလား အမှောင်ထဲကိုထပ်တိုးတော့မလားဆိုတာကတော့ ကိုယ်ရွေးချယ်ရမယ့်လမ်းပဲဗျာ။ သမိုင်းတစ်ကျော့ပြန်ချိန်မှာ ကြားမညပ်ဖို့ အမှားသိမြင် အမှန်ပြင်နိုင်ကြပါစေဗျာ။

ပေတိုးမီဒီယာ


ကိုမျိုးဝင်းဆိုလိုတာက ဖရီးဂိတ်ကြီး ကို သဗ္ဗာန်လို ချောင်းထဲမြောင်းထဲ ဝင်ခိုင်းတိုက်ခိုင်းနေတာမှမဟုတ်တာ ပါတဲ့ လက်နက်စံနစ်တွေနဲ့ နခခ၅ကို လှမ်းပစ်ကူပေးလို့မရဖူးလား
ရေယာဥ်specification မှာဖေါ်ပြထားတဲ့ ဟာတွေက ထင်သလောက်မဟုတ် မရောက်တဲ့ ဟာတွေ ဘိုးတော်ကြီးကို ထည့်ထားတဲ့ဂျင်းတွေလား ဒါမှမဟုတ် ဝယ်လာတဲ့ကောင်တွေက ကော်ရှူထားတာလား
ဖောဖောလိုက်နေရင်း ဒီလက်နက်တွေ မလေ့ကျင့်ထားလို့ ဗေထိဆို မပစ်တတ်တော့တာလား ဒါတွေ
ဆက် မေးရလျှင် အစတွေထွက်ကုန်မယ်နော် ဟိုတနေကမှ ပွိုင့်5 ကြီးကားပေါ်ဖိန့်ဖိန့်ကြီး တင်ထားတဲ့ကောင်တွေ မိုးထဲရေထဲ မပစ်တတ် လို့ ငါ video callနဲ့ လှမ်း သင်တန်းပေးလိုက်ရသေးတယ် 
တခါကလည်း  uniform အမည်း
နဲ့ Aerosoft tractical gear တွေ ဝတ်ထားတဲ့ ကြိုးဇောက်ထိုးဆင်းတဲ့အဖွဲ့ တပ်ခွဲတခွဲစာလောက် သူတို့တခါမှမပစ်ဖူးတဲ့လက်နက်တွေအောလပုံ ကားတစီးတိုက်စာသယ်လာ ပြူးကြောင်ကြောင်နဲ့စစ်ကူဆိုပြီး ရောက်လာတာ ငပွေးက ပါလာတဲ့လက်နက်တွေလိုချင်လို့ inbush လုပ်
ဝိုင်းသိပ်လို့ အသဲအသန်ကယ်ထုတ်ပေးလိုက်ရသေး သေမလိုရှင်မလို သရဲဖြစ်မည့်ဆဲဆဲတောင် ကားပေါ်က ပါလာတဲ့ဟာတွေ ထုတ်မပစ်တတ်ကြဖူး ငါသိပ်မပြောချင်ဖူးနော် စောက်ပေါက်ကပိတ်ထားတာကောင်းမယ်.....

စောပေတိုး
တီကောင်ကော်လံ


စစ်ခင်းတယ်ဆိုတာတစ်ဘက်နဲ့တစ်ဘက်မာယာချင်းပြိုင်ကြတာဖြစ်ပါတယ်။ အဲ့လိုမာယာများတာကိုပဲစစ်နည်းဗျူဟာလို့ပြောကြတာဖြစ်ပါတယ်။ ရန်သူမိမိအားသာချက်အားနည်းချက်တွေကိုနှိုင်းယှဥ်ချိန်ထိုးပြီး မိမိအားသာချက်ကိုအသုံးချ၊အားနည်းချက်ကိုပြင်ဆင်၊ ရန်သူ့အားသာချက်ကိုထိုးနှက်၊ အားနည်းချက်ကိုဖိနင်းရတာဖြစ်ပါတယ်။ လက်ရှိရန်သူအားသာချက်က မြို့တွင်းစစ်နည်းဗျူဟာ၊ Drone နည်းပညာ၊ လူငယ်မျိုးဆက်သစ်ပဲရှိပါတယ်။ မိမိဘက်မှာလေယာဥ်၊အမြောက်၊ဒုံး၊သံချပ်ကာ၊နည်းပညာမြင့်စနစ်တွေရှိနေပါတယ်။ ဒါတွေကိုရှိလျက်နဲ့မအောင်မမြင်ဘာလို့ဖြစ်နေသလဲဆိုတာကို လက်ရှိရန်သူနဲ့ရင်ဆိုင်ခဲ့တဲ့သူတွေဆီကနေ brain stroming လုပ်ပြီးပြင်ဆင်လိုက်ရင် turning point ရောက်ပါလိမ့်မယ်။


ရိက္ခာချတာက အမေရိကန်လေတပ်တောင်မှပဲ CEP 800 meter လောက်အနီးကပ်ဆုံးချနိုင်တာပါ။
ကိုယ့်စခန်းပတ်လည် မီတာ ၁၀၀၀လောက် အထိသာ စိုးမိုးထားနိုင်ရင်တော့ ချသမျှရဲ့ ၆၀%လောက်ပဲ ကိုယ့်ဘက်ကရနိုင်ပါတယ်။
လေယာဥ်လာတာနဲ့ မြေပြင်တပ်က လေထီးနဲ့ကျလာမည့်ရိက္ခာထုတ် ကောက်ဖို့သာ အာရုံထားနေတာ ဘေးပတ်ချာလည်က ကိုယ်လိုပဲ အငမ်းမရလာကောက်မည့် ကောင်တွေကို လှော်ထုတ်ဖို့က မလုပ်ကြလို့ပါ

တီကောင်ကော်လံ


ချင်းမိုင်က မန္တလေးဆိုင်မှာ သူပုန်တွေ ထပ်ရောက်နေပါပြီ 😁😄


နဝတ/နအဖ အစိုးရလက်ထက်မှာပဲ
တရုတ်နယ်စပ်က ဖုန်မိသားစု ခြေမှုန်းခံခဲ့ရတဲ့
အခြေအနေကို ပြန်ရောက်လာနိုင်ပါတယ် ...
(အဲ့ဒီတုန်းက လက်ရှိတပ်ချုပ်ဟာ တသခတိုင်းမှူးဖြစ်တယ်လို့ သိထားပါတယ် လွဲနေရင် ပြင်ပေးပါ)

တနည်း မြန်မာ ဗဟိုအစိုးရဟာ
တရုတ်ရဲ့ backing ကို ရယူပြီး အလယ်ပိုင်းဒေသက
NUG လက်တံ PDF အဖွဲ့တွေကို ခြေမှုန်းဖို့လည်း
ပြင်ဆင်ဟန်တူပါတယ် ...

ဒါပေမယ့် ရွေးကောက်ပွဲကျင်းပဖို့နဲ့
နိုင်ငံပြန်လည်တည်ဆောက်ရေးခေါင်းစဉ်အောက်မှာ
PDF အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးမှာပါဝင်ဆွေးနွေးဖို့
ဖိတ်ခေါ်ထားတာမို့ ဗဟိုအစိုးရနဲ့ တပ်အနေနဲ့ NUGနဲ့
သဘောထား မတိုက်ဆိုင်တဲ့ PDF အဖွဲ့တွေကို
ဆွေးနွေးကာ နှစ်ခြမ်းကွဲနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်း
ပြန်လည်စေ့စပ်ရေး တည်ငြိမ်ရေး အထိုက်အလျောက်
ကြိုးပမ်းလိုတာမျိုးဖြစ်မလား တွေးမိပါတယ် ...

သုတေသီဆရာတစ်ဦးက
တရုတ်ကို လွှဲအပ်ခဲ့တဲ့ ကိုးကန့်ပြည်သူ့စစ်
ခေါင်းဆောင်တွေကို မြန်မာအစိုးရအနေနဲ့
မြန်မာ့တရားဥပဒေအတိုင်း ရုံးတင်နိုင်ဖို့ တရုတ်ကို
ပြန်တောင်းဆိုသင့်တယ်လို့ ရေးတာဖတ်ရပါတယ်

ဒီအပေးအယူသာ အမှန်တကယ် လုပ်နိုင်ခဲ့ရင်
ကိုးကန့်ဒေသကို မြန်မာအစိုးရကသာ အပြီးသတ်
လုံးဝထိန်းချုပ်နိုင်ပြီး တရုတ်ကလည်း ကြည်ဖြူနိုင်တဲ့
အခြေအနေတစ်ရပ်ကို တည်ဆောက်ဖို့ လုပ်နိုင်မယ်လို့
မှန်းဆရပါတယ်
(လောလောဆယ်တော့ ဒါက စိတ်ကူးမျှသာ
ဖြစ်နိုင်ပါသေးတယ်)

အခြားတဖက်မှာတော့
တရုတ်က မြောက်ပိုင်းသုံးဖွဲ့စလုံး မဟုတ်ရင်တောင်
ဒီအဖွဲ့ဝင်တစ်ခုခု(ဒါမှမဟုတ်)FPNCC ထဲက တရုတ်ရဲ့
စိတ်တိုင်းကျ အင်အားစုတချို့ကို မြန်မာ့အရေး
အခြေအနေကိုကြည့်ပြီး ဆက်ကိုင်ထားဦးမှာလည်း
ရှိပါတယ် ...

ထိုင်း - မြန်မာနယ်ခြားက UWSA စခန်းတွေ
ဆုတ်ခွာဖို့ ထိုင်းဖက်က ဖိအားပေးတယ်ဆိုတဲ့
သတင်းတွေ ဖတ်ရတဲ့အခါ ထိုင်းအနေနဲ့ မြန်မာ့
လက်ရှိအခြေအနေပေါ်မူတည်ပြီး သူဖန်တီးခွင့်ရတဲ့
အခြေအနေတခု ကို ဆုပ်ကိုင်တာလို့ပဲ ယူဆရမယ် ထင်ပါတယ် ...

၂၀၀၀ ခုနှစ်လွန်ကာလမှာ
မြန်မာ့သမိုင်းစာအုပ်မှာ ပြဌန်းခဲ့ဖူးတဲ့အထိ
ပြင်းထန်ခဲ့တဲ့ ထိုင်း - မြန်မာ နယ်စပ်အငြင်းပွားမူ့ကနေ
ထိုင်းက SSA ကို proxy အဖြစ်သုံး ၊ မြန်မာဖက်က
UWSA ကို proxy အဖြစ်ပြန်သုံးပြီး တိုက်ခိုက်ခဲ့ရာက
ထိုင်းနယ်စပ်ကို ဟုန်ပန်းကုမ္မဏီကားတွေနဲ့ ဝ တပ်တွေ
ဝင်လာပြီး ပြန်မထွက်တော့တာ အခုထိပါပဲ ...

ထိုင်းအတွက် ဒါဟာ စိတ်မသက်သာစရာ
အခြေအနေ ဖြစ်နေသလို လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း
ဝ တပ်က ခေါ်သွင်းလာတဲ့ တရုတ်သတ္တုတူးသူတွေရဲ့
အလွန်အကျွံသတ္တုတူးဖော်မူ့တွေ၊ ထိုင်း - မြန်မာနယ်ခြားမြစ် ချောင်းတွေထဲ သတ္တုတူးဖေါ် မှုဘေးထွက် ဓာတုဆေးရည်တွေ စွန့်ပစ်မူ့
ကြောင့် UWSAဟာ ထိုင်းအတွက် လည်ချောင်းထဲက ဆူး လိုဖြစ်လာနေခဲ့တာကြာပါပြီ ...

ဒါကို ဖြေရှင်းဖို့ ထိုင်းနိုင်ငံဖက်က
အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ် ...

1027 မတိုင်ခင်ကတည်းက မြန်မာနဲ့ထိုင်း အကြား
နယ်စပ်အရေး ဆွေးနွေးမူ့မှာ ထိုင်းနယ်စပ်က
UWSA တပ်တွေ ဆုတ်ပေးရေး မကြာခဏပါဝင်ပေမယ့်
မြန်မာအစိုးရဖက်ကတော့ ထိုင်းနယ်မြေကို အခြေခံပြီး
မြန်မာအစိုးရကို ဆန့်ကျင်နေသူတွေကို ထိုင်းက
အရေးယူရေးနဲ့ ပြန်တုန့်ပြန်လေ့ ရှိပါတယ် ...

အခုတော့ ထိုင်းဟာ
လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေကို အသုံးချ Wa ကိုဆုပ်ကိုင်ဖို့ ကြိုးစားလာပြီလို့မှန်းဆရပါတယ် ...

၂၀၀၀ ပြည့်နှစ်လွန် ကာလတွေနဲ့ ကွဲပြားတာက
အဲ့ဒီကာလမှာ ထိုင်းဟာ မြန်မာနဲ့ ရန်ဖက်ဖြစ်သလို
နှစ်နိုင်ငံစလုံးက ဦးတည်ရန်သူအဖြစ် သဘောထား
ရှိကြတာပါ ...

အခုကာလမှာတော့ ထိုင်းဟာ မြန်မာနဲ့ မိတ်ဖက်
အထူးသဖြင့် ထိုင်းစစ်ဖက်နဲ့ မြန်မာစစ်ဖက်အကြား
ရင်းနှီးမူ့လည်း ကြီးလာသလို ထိုင်းဟာ မြန်မာ့အရေး
အတွက် အဓိကစေ့စပ်သူ ကိုယ်စားလှယ်တဖြစ်လဲပုံစံဖြစ်လာတာပါ ...

ထိုင်းလူထုနဲ့ မြန်မာအကြားလည်း ရင်းနှီးမူ့
မြင့်မားလာနေပြီး မြန်မာသန်းနဲ့ချီ ထိုင်းနိုင်ငံအတွင်း
အလုပ်လုပ်ကိုင်နေသလို အရင်က မြန်မာနယ်စပ်က
တိုင်းရင်းသားတွေနဲ့သာ ထိုင်းနဲ့ နီးစပ်ရာက
ရွှေ့ပြောင်း မြန်မာလုပ်သားတွေကြောင့် တဖြေးဖြေး
မြန်မာလူထုနဲ့ပါ နီးစပ်သွားတဲ့သဘောပါပဲ ...

UWSA ဟာ ဒီအခြေအနေကို
သဘောပေါက်တာကြောင့် တရုတ်နိုင်ငံခြားရေးဝန်
ဝမ်ယီခရီးစဉ်အပြီးမှာ တောင်ပိုင်းက ဝ အမျိုးသားတွေ
စစ်မူ့ထမ်းဖို့အတွက် ပြန်လာဖို့ ထူးထူးခြားခြားထုတ်ပြန်ခဲ့ဟန် တူပါတယ် ...

UWSA အနေနဲ့ ဝ တောင်ပိုင်းနယ်မြေတွေကို
ထိန်းဖို့ဆိုရင် မြန်မာဗဟိုအစိုးရရဲ့ အကူအညီမပါပဲ
မဖြစ်နိုင်ဘူးဆိုတာ နားလည်လာမယ်လို့ ယူဆရပါတယ်

ဒါ့အပြင် ဦးခွန်ဆာလက်ထက်ကတည်းက
ဝ တောင်ပိုင်းဒေသဟာ ရှမ်းတိုင်းရင်းသားတွေနဲ့
ရင်ဆိုင်တိုက်ခိုက်နေကြတာမို့ အခု ထိုင်း backing နဲ့
RCSS ပြန်လှုပ်ရင် ဝ ပြည်နယ်အိပ်မက်က
လိုလားတဲ့ နယ်မြေတွေ ပြန်ဆုံးရှုံးနိုင်ခြေကို စဉ်းစားပြီးဟန် တူပါတယ် ...

စိုးရိမ်စရာကတော့ ထိုင်း - မြန်မာနယ်ခြား
အငြင်းပွားမူ့ပြဿနာ တစခန်းထလာနိုင်တာပါပဲ
ထိုင်း Backing ရယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ
ပြန်ခေါင်းထောင်လာနိုင်ခြေလည်း ရှိပါတယ် ...


စောပေတိုး


(နိုဝင်ဘာ-၂၆၊ ၂ဝ၂၄)

​အော်ဒါနဲ့  Huazin Zhong An Group တဲ့ တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီအမည်ကို ကြားဖူးကြလား ပေတိုးကမသိလို့

စောပေတိုး


နိုဝင်ဘာ ၂၆ ၊ ရခိုင်။

ဒီနေ့လည်း ပုချေတို့ကို ထပ်ကြိတ်နေပြန်ပြီ


(၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေတံဆိပ် ၅  ခု၊ ငွေတံဆိပ် ၄  ခု၊ ကြေးတံဆိပ် ၇  ခုတို့ ရရှိခဲ့ပြီး နိုင်ငံအလိုက် တတိယအဆင့်တွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရ.....

အိမ်း မင်းတို့ပြန်လာလျှင် ရိုးရာမပျက် နေပြည်တော်မှာပဲနေ ရှေ့တန်းမလိုက်ကြနဲ့ သိလား ယောင်မှားလိုက်လာလျှင်ငါနဲ့တွေ့မယ်......

စောပေတိုး


CDF-Lautuလဒူဒုတပ်ရင်းမှူး ဆလိုင်းကျော်သန်းအောင်သေဆုံး
နိုဝင်ဘာ၂၆၊၂၀၂၄

လဒူ(CDF-Lautu)တပ်မဟာ၁၊တပ်ရင်း၁မှဒုတပ်ရင်းမှူး ဆလိုင်းကျော်သန်းအောင်နိုဝင်ဘာ၂၅ရက်မှာဟားခါး-ထန်တလန်ကြားတိုက်ပွဲမှာညနေ၅နာရီအသက်ပေးလှူသွားတယ်လို့ သူပုန်မီဒီယာက သတင်းထုတ်ပြန်ထားပါတယ်။

ပေတိုးမီဒီယာ


my enemy of enemy is friend 😁


Video is unavailable for watching
Show in Telegram
အဘမျိုးဝင်း ထပြောလိုက်တာနဲ့
၁၀မျိုး၁၀ဘောင် ဖရဲခင်းကြီးထဲ အိပ်ပျော်နေတဲ့ အဘပု အိမ်မက်ကနိုးထပြီး လှမ်းဆဲတော့ အခုဆို
နခခ၅ နဲ့ ၂၅မိုင်အကွာ ပင်လယ်ပြင်ထဲ ကျောက်ချ ဆက်ကြေးကောက်နေရာက အိပ်ယာနိုးလာတဲ့ ရေဘဲတွေ အခုမှဖရီးဂိတ်တွေ စက်ကို မီးဒုတ်ပြနိုးပြီး အပုချေတို့ကို အမြှောက်တွေနဲ့အငြိုးကြီးစွာ လိုက်ပတ် ထုနေတော့တာပါပဲဗျာ😁
မလုပ်လည်းမရဖူး နောက်နှစ် ရေဘဲတွေ ဘတ်ဂျက်က အလုပ်မလုပ်တော့ အဖြတ်ခံရတော့မှာကိုးဗျ 😁

စောပေတိုး


မအေးဝင်းစီစဥ်သည်.....

TNLA နဲ့ MNDAA စစ်ဦးကျိုးချိန် နောက်ကွယ်က ဒီအဖွဲ့တွေကို လက်နက်ခဲယမ်း လူပံ့ပိုးနေတဲ့ Proxy လက်မည်း ဖြစ်သူ UWSA နဲ့ ထိုင်းတပ်မတော် တို့ မယ်ဟောင်စွမ်border lineဖက်မှာ အချိန်ကိုက် စစ်ရေးတင်းမာလာသလို ဟိုတလောက သံချပ်ကာများအမြှောက်များပါဝင်တဲ့ တပ်ဖက်က mobile column စစ်ကြောင်းကြီးတခု တက်သွားတယ် ဘာညာရွှီရှောင် ရေးနေကြတယ်မဟုတ်လား နောက် ကချင်ပြည်နယ် ကန်ပိုက်တီးဖက်က နေ KIA ကို ခံမတိုက်ပဲ ဆုတ်ခွာလာတဲ့ တပ်အင်အားစုတွေ တရုတ်ပြည်ထဲကနေတဆင့် မူဆယ်ဖက် ပြန်ပေါင်းလာကြတာလည်း တွေ့ရမှာပါ အခုလည်း ဒီကိစ္စ အဝဝကို online ပညာရှင်ပေါင်းစုံက စာအရှည်ကြီးတွေ ရေးသုံးသပ်ဖို့ ပြင်နေကြပါတယ်
စောပေတိုးကတော့ ဘာဆက်ဖြစ်လာမယ်ဆိုတာ ၈၀% ခန့်မှန်းမိနေတာ ၂ပတ်လောက်ကြာပါပြီ
တခုတော့ကြိုတင် ပြောပြပါမယ် အဲ့ဒါ မအေးဝင်းစီစဥ်တာပဲဗျ 😁

စောပေတိုး
တီကောင်ကော်လံ


" စစ်ကစားခြင်း "
=============
By -Geopolitic
စစ်ပွဲနယ်မြေကြီးတစ်ခုကိုခြုံငုံသုံးသပ်ကြတဲ့အခါမှာ စစ်ကစားလွယ်မှုကျင့်သုံးနိုင်​ခြင်းရှိမရှိကိုထည့်သွင်းတွက်ချက်ရပါတယ်။ စစ်ပွဲနယ်​မြေဆိုတာ အနိမ့်ဆုံးအဆင့် တိုင်းစစ်ဌာနချုပ်နယ်မြေကိုဆိုလိုပါတယ်။ ဥပမာရှမ်းပြည်နယ်မြောက်ပိုင်းပါ။

စစ်ကဏ္ဍကြီးလေးရပ်ဖြစ်တဲ့ ချီစစ်၊ တိုက်စစ်၊ ခံစစ်၊ ခွာစစ်ဆိုတဲ့ ကဏ္ဍလေးရပ်စလုံးကိုပိုင်နိုင်ကျင့်သုံးမှစစ်နည်းဗျူဟာမြောက်ပါတယ်။ ရှေးခေတ်မြန်မာ့သေနင်္ဂဗျူဟာစစ်ပညာမှာလည်း စစ်ချီ၊ စစ်ကပ်၊ စစ်ထိုး၊ စစ်ခံ၊ စစ်ဖျက်၊ စစ်ပြန်ရယ်လို့ပါရှိပြီးသားမို့ စစ်ကဏ္ဍတွေကို အခြေအနေအချိန်အခါပေါ်မူတည်ပြီးလိုက်လျောညီထွေကျင့်သုံးခြင်း၊ စစ်ကစားခြင်းဟာလက်ရုံးရည်သမားစစ်သားတွေရဲ့ နှလုံးရည်ပြည့်ဝမှု 'စံ ပေတံ' ပဲဖြစ်ပါတယ်။

ဒီဘက်ခေတ်မြန်မာတပ်မှူးတွေဟာ မြေပုံတင်ရှင်းလင်းရင်တောင် အရှုံးကိုမလိုချင်ဘူး၊ ဆုတ်ခွာတယ်လို့မကြားချင်ဘူးဆိုတဲ့အယူအဆရှိကြပါတယ်။ အချို့ကခွာစစ်ကိုရှုံးနိမ့်ထွက်ပြေးကြတယ်လို့ အယူအဆမှားပြီးခွာစစ်ကျင့်သုံးမှု၊ လေ့ကျင့်မှုမရှိပါဘူး။ တာဝန်ယူရမဲ့သူတွေကလဲ အကျိုးမရှိတဲ့အခြေအနေမျိုးမှာ ခွာစစ်ဆင်ဖို့တာဝန်ခံပြီးအမိန့်မပေးရဲကြပါဘူး။

လွယ်လွယ်ရှင်းရှင်းပြောရရင် ခွာစစ်ဆိုတာလက်ရှိနေရာမှာရန်သူကိုခုခံခြင်းကအကျိုးမရှိခြင်း၊ ရန်သူကိုကျုံးသွင်းလိုခြင်းတို့ကြောင့် တိုက်ပွဲမှဆုတ်ခွာခြင်း(သို့) နောက်ပိုင်းသို့ဆုတ်ခွာခြင်း ဖြစ်ပါတယ်။

စစ်သမိုင်းမှာသင့်တော်တဲ့အချိန်မှာ ခွာစစ်၊ဟန့်စစ်မဆင်ခဲ့တဲ့အတွက် ဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့သာဓကတွေရှိပါတယ်။ သင့်တော်တဲ့အချိန်မှာခွာစစ်၊ ဟန့်စစ်၊ တန်ပြန်ထိုးစစ် စစ်ကစားခဲ့လို့ ရန်သူအောင်မြင်ပြီလို့သွေးနားထင်ရောက်ချိန်မှာသတ်ကွင်းထဲဆွဲခေါ်နိုင်ပြီး အကျိုးအမြတ်ရခဲ့တဲ့သာဓကတွေလဲရှိပါတယ်။

၁၀၂၇ ပထမပိုင်းမှာ ချင်းရွှေဟော်ကိုမြောက်သုံးဖွဲ့ဝင်ရောက်တိုက်ခိုက်ပြီးထောက်ပံ့ရေးလမ်းကြောင်းဖြတ်တောက်ကာမြောက်ဘက် လောက်ကိုင်ကိုနယ်မြေသိမ်းပြီးဖြည်းဖြည်းချင်းတက်လာတာပါ။ ရှမ်းမြောက်ဒေသတစ်ခုလုံးကိုတစ်ပြိုင်နက်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး Drone နဲ့လူလှိုင်းနည်းပညာအားသာလွန်နေတာကိုထင်ထင်ရှားရှားသိမြင်ရပါတယ်။

အဲ့ဒီအချိန်မှာ လောက်ကိုင်မြောက်ဘက် တောင်ပေါ်ဒေသတွေဖြစ်တဲ့ တာရွှေထန်၊ ကုန်းကြမ်း၊ ရှင်ပင်ကိုင်း၊ ဆုံကန်၊ မော်ထိုက်ဘက်တစ်ကြောမှာ MNDAA ရဲ့စစ်ရေးမဖော်ဆောင်သေးပါဘူး။ တောင်ပေါ်ဘက်မှာ တပ်ရဲ့ (စကခ ၁၂)၊ (တပ်မဟာ ၁၆) နဲ့ တပ်ရင်းတွေရှိနေပါတယ်။ ရန်သူရဲ့စစ်နည်းပညာတစ်ဆင့်မြင့်နေမှုကိုကြိုတင်သုံးသပ်ပြီး တောင်ပေါ်ကတပ်မတွေအကျိုးမရှိတဲ့နေရာမှာ ဆက်မနေသင့်ကြောင်းသုံးသပ်ပြီး အချိန်အခါကိုက် ဆုတ်ခွာခွင့်ပေးလိုက်ရင်၊ လောက်ကိုင်ကိုအင်အားအပြည့်ပေါင်းစေခဲ့ရင် စစ်ဟာအလှည့်အပြောင်းဖြစ်နိုင်ပါတယ်။

လူတော်တော်များများက လောက်ကိုင်မှာဗိုလ်ချုပ် ၅ ယောက်နဲ့တပ်မ ၄ ခုရှိတယ်လို့ပဲအပေါ်ယံသိကြတာဖြစ်ပါတယ်။

တကယ်တမ်းမှာ အကျိုးမရှိတဲ့နေရာကနေ အချိန်မီခွာစစ်မဆင်နိုင်ခဲ့တဲ့အတွက် တောင်ပေါ်ဆုတ်ခွာရာလမ်းမှာတင် MNDAA အဖွဲ့တွေရဲ့ကြားဖြတ်တိုက်ခံခဲ့ရပြီး စစ်နည်းဗျူဟာ မမြောက်စွာအင်အားလုံးပါးပါးခဲ့ရပါတယ်။

တပ်မတစ်ခုလျှင် ပျမ်းမျှအင်အား ထောင်ဂဏန်းရှိတဲ့အနက် လောက်ကိုင်ကိုရောက်လာချိန်မှာ တစ်ရာဝန်းကျင်သာကျန်ရှိတဲ့ရုံးအဖွဲ့သာလာပေါင်းနိုင်ခဲ့တာဖြစ်ပြီး တိုက်စွမ်းအားဘယ်လိုမှမထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တာကထန်တောင်ကြောပေါ်ကနေ ရှော့တိုက်ဒုံး၊ Drone၊ လက်နက်ကြီးပုံသေပစ်ကြောင်းဆင်ပြီး ပါစင်ကျော်တပ်ကိုရန်သူက သတ်ကွင်းဖန်တီးထားပါတယ်။ မိမိတပ်ကိုပုံသေပစ်ကြောင်းနဲ့တဒိုင်းဒိုင်းပစ်နေတဲ့ ရန်သူကိုရှာဖွေတိုက်စစ်ဆင်ဖို့အမိန့်ပေးရမဲ့အ​ခြေအနေမှာ ပါစင်ကျော်မကျရေးဆိုပြီး ရန်သူ့သတ်ကွင်းထဲကို တပ်မ ၅၅ တပ်တွေနေ့လယ်ခင်းကြီးတစ်ကြောင်းထိုးတက်ခိုင်းလိုက်ပါတယ်။ တပ်တွေဟာရန်သူ့ drone အောက်ပြားပြားဝပ်ပြီး ရှေ့တက်မရ၊နောက်ဆုတ်မရနဲ့ ပေးဆပ်လိိုက်ရပါတယ်။

အလားတူ ကုန်းကြမ်းတပ်ရင်း၊ ညံခွမ်းတပ်ရင်းတွေဟာအချက်အခြာ​မြေလည်းမဟုတ်၊ ဘေးကစစ်ကူပစ်ကူလည်းမပေးနိုင်တဲ့အ​ခြေအနေဖြစ်လာချိန်မှာ အချိန်မီခွာစစ်၊ ဟန့်စစ် မဆောင်ရွက်နိုင်ခဲ့ဘဲ ရန်သူ့ထံမှာတတိတိနဲ့ပေးဆပ်လိုက်ရပြီးလက်နက်ချတဲ့အထိဖြစ်သွားတာဖြစ်ပါတယ်။

စစ်နယ်မြေတစ်ခုလုံးကိုသုံးသပ်ပြီးအချိန်ကိုက်ချီ၊ တိုက်၊ ခံ၊ ခွာ စစ်ကစားမှုမကျင့်သုံးနိုင်ခဲ့တဲ့အားနည်းချက်နဲ့၊ တစ်ခါမှခွာစစ်မကျင့်သုံးခဲ့ဘူးတဲ့တပ်မှူးတွေပေါင်းဆုံပြီး လမ်းမှာတင်အင်အားပြုန်းတီးသွားတာဖြစ်ပါတယ်။

သင်ခန်းစာဖော်ထုတ်ယူနိုင်ဖို့ပါ။

ချီစစ်မှာအလဲအကွဲ၊ ခံစစ်မှာခံစစ်သေ၊ တိုက်စစ်ကိုမဖော်နိုင်၊ ခွာစစ်ကဖရိုဖရဲ ဖြစ်နေခဲ့တယ်ဆိုရင်မိမိတို့ဘာမှားနေပြီလဲဆိုတာဆန်းစစ်ဖို့လိုပါတယ်။

ပေတိုးမီဒီယာ


မြန်မာ့တပ်မတော် မျိုးဆက်တွေရဲ့
စိတ်ဓာတ်အင်အားနှိုင်းယှဥ်ချက်

+++++++++++++++

ဒီနိုင်ငံမှာဖြစ်နေတဲ့ပြဿနာအပေါ်မှာကျင့်ဝတ်၊ စံတန်ဖိုး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ soft power၊ social norms တွေကိုင်တွယ်ဖို့ကျွန်တော်အမြဲပြောခဲ့ပါတယ်။ မြန်မာတပ်ဘာလို့အားနည်းနေသလဲဆိုတဲ့အချက်ကိုအများကြီးရေးခဲ့ပြီးပြီ။ အဓိကကျတာတွေအခုထိမဖြည့်နိုင်သေးလို့ ထပ်ရေးရဦးမယ်။
____

စစ်တိုက်တယ်ဆိုတာအတူတူတိုက်ပွဲဝင်ကြတဲ့အိုးစားဖက်တွေစုပြီး မိမိအသက်၊အခြားသူတွေအသက်ကိုလောင်းကြေးထပ်ရတာဖြစ်ပါတယ်။

လူတစ်ယောက်ဟာအဖိုးတန်လှတဲ့မိမိရဲ့အသက်ကိုနှမြောတသမှုကင်းမဲ့စွာစွန့်လွှတ်ပြီး နိုင်ငံတော်၊ တပ်မတော်၊ အကြီးအကဲ၊ ရဲဘော်အချင်းချင်းအတွက် ပေးဆပ်ဖို့ဆိုတာလွယ်ပါ့မလား။

မလွယ်ပါဘူး။

မလွယ်တဲ့မိမိရဲ့အသက်ပေးချင်စိတ်ဖြစ်လာအောင်တပ်မှူးဟာ မိမိနဲ့မိမိတပ်ရဲ့စိတ်ဓာတ်ကိုပြုစုမွေးမြူပေးရတယ်။
____

" မြန်မာတပ်မတော်ဟာအဲ့ဒီစိတ်ဓာတ်မွေးမြူရေးဆိုတဲ့ စိတ်ပညာသဘော၊ ဒဿနိကပညာသဘောကိုဘယ်တုန်းကမှမကိုင်တွယ်ခဲ့ဘူး "

မြန်မာတပ်မတော်ကိုမျိုးဆက်အရပိုင်းခြားရင် ၃ ဆက်ပိုင်းလို့ရတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်ခဲ့တဲ့ပထမမျိုးဆက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်ခဲ့တဲ့ဒုတိယမျိုးဆက်၊ လက်ရှိတာဝန်ထမ်း​ဆောင်နေတဲ့တတိယမျိုးဆက်။

ပထမမျိုးဆက်ဟာနယ်ချဲ့လက်အောက်မှာခါးသီးမှုတွေခံစားခဲ့ရပြီးလွတ်လပ်ရေးရဲ့တန်ဖိုး၊ ကျွန်ဘဝရဲ့နိမ့်ကျမှုကိုလက်တွေ့သိမြင်ခဲ့တယ်၊ ရဲဘော်သုံးကျိတ်ဝင်တွေကိုယ်တိုင်ခေါင်းဆောင်ခဲ့တဲ့ဒေါင်ဒေါင်မြည်စစ်သားတွေဖြစ်လို့ စိတ်ဓာတ်အနေနဲ့​သီးသန့်မွေးမြူပေးဖို့မလိုဘူး။ အစ္စရေးက မိုရှေဒါယန်တို့လိုစစ်မှော်အောင်သူတောင်မြေပုံစီးချင်းထိုးရာမှာအရှုံးပေးရတဲ့ ဗိုလ်ချုပ်ကြီးထွန်းရီတို့လို ထိတ်ထိတ်ကြဲနာမည်ကျော်တပ်မှူးကြီးတွေဦးဆောင်ခဲ့တယ်။

ဒုတိယမျိုးဆက်ဟာ အဲ့ဒီပထမမျိုးဆက်တပ်မှူးကြီးတွေဆီကပညာရခဲ့တဲ့မျိုးဆက်ဖြစ်တယ်။ ၁၉၈၈ ကနေ ၂၀၁၀ အထိကြားကာလမှာလည်းမှတ်ကျောက်တင်စရာ ပြင်းထန်တဲ့တိုက်ပွဲကြီးတွေမရှိခဲ့ဘူး။

အတိတ်ကိုပြန်လှန်ကြည့်ရင်မြန်မာပြည်သူတွေတပ်ကိုမုန်းတီးတာ ဒုတိယမျိုးဆက်ရဲ့ ၁၉၈၈ နောက်ပိုင်းမှများလာတာပါ။

အထက်ကမျိုးဆက်နှစ်ဆက်မှာ နိုင်ငံရေးစနစ်အရ၊ အုပ်ချုပ်မှုအရ စစ်သည်တော်တွေရဲ့စိတ်ဓာတ်ကိုရိုက်ချိုးတိုက်စားနိုင်တဲ့လှုံ့ဆော်မှုမရှိခဲ့ဘူး။ မလှုံ့ဆော်ရဲခဲ့ဘူး။ လှုံ့ဆော်ရေးသတင်းဖြန့်ဝေမှုဟာယနေ့အင်တာနက်ခေတ်လိုလဲမြန်ဆန်ခြင်းမရှိဘူး။
___

တိယမျိုးဆက်ဟာ ၂၀၁၀ ဒီမိုကရေစီဖွင့်ချလိုက်တာနဲ့တိုက်ဆိုင်နေတယ်။ Myanmar's Glasnot ဟာ အရပ်သားပြည်သူတင်မဟုတ်ဘဲ စစ်မျိုးဆက်ကိုပါလာရိုက်ခတ်တယ်။

အင်တာနက်ဖွင့်ခြင်းနဲ့ အထိန်းအကွပ်မရှိပွင့်လင်းမြင်သာမှုက မသမာသူတွေ(ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ အုပ်စု၊ လော်ဘီအုပ်စု၊ နိုင်ငံရေးအုပ်စု၊ အရပ်ဘက်အုပ်စုအသီးသီးက) အတွက် အင်တာနက်ကမ္ဘာကနေအုပ်စုဖွဲ့အမုန်းစိတ်တွေဖြန့်ဖြူးပြီး စစ်သည်တွေရဲ့စိတ်ဓာတ်ကိုရိုက်ချိုးနိုင်စေခဲ့တယ်။

လက်နက်ကိုင်တွေကလဲ တပ်ပါးဝလာပြီး လက်နက်ကိုင်နည်းအပြင် နိုင်ငံရေးနည်း၊ မီဒီယာနည်း၊ လွှတ်တော်နည်းတွေနဲ့ပါ ဖိအားပေးလာကြတယ်။

စစ်ခွေးလို့အခေါ်ခံရတာ၊ ယူနီဖောင်းဝတ်ပြီးတပ်ပြင်မထွက်ရဲတော့လောက်တဲ့အထိဖြစ်လာတာတွေဟာ စစ်သားတစ်ယောက်ဖြစ်တည်မှုရဲ့ဂုဏ်ဒြပ်ကိုသိမ်ငယ်လာစေပါတယ်။ နိုင်ငံရေး၊ လွှတ်တော်၊ မီဒီယာကနေဖိအားပေးလာတာကြောင့် စစ်တိုက်နိုင်စွမ်းကို ကန့်သတ်ချက်တွေများလာတယ်။

External factor က အုပ်စုဖွဲ့ပြီးစိတ်ဓာတ်စစ်ဆင်ရေးလှိုင်းနဲ့ဖိနှိပ်နေချိန်၊ အတွင်း Internal မှာပေးတဲ့အမိန့်နဲ့ညွှန်ကြားချက်တွေဟာလဲ စစ်သားတစ်ယောက်နဲ့မဆိုင်တဲ့အရာများစွာပုခုံးပေါ်ထမ်းရင်းဖိစီးလာတယ်။

ကွပ်ကဲအုပ်ချုပ်မှုမှာ ဆရာတပည့်စိတ်၊ ဖခင်ကောင်းသဖွယ်စိတ်၊ ရဲဘော်ရဲဘက်စိတ်နဲ့ကွပ်ကဲအုပ်ချုပ်တဲ့တပ်မှူးတွေအရေအတွက်နဲ့ အထက်ဖားအောက်ဖိအရေအတွက်ယှဥ်ရင်ဘယ်ဟာကသာနေသလဲဆိုတာဆန်းစစ်သင့်ပါတယ်။

ဒီဒဏ်တွေကို ဆယ်နှစ်မကခံစားလာခဲ့ရတဲ့စစ်သည်တော်တွေရဲ့စိတ်ပိုင်းဆိုင်ရာကိုဘယ်လောက်ပြုစုပေးဖို့လိုသလဲဆိုတာစဥ်းစားရမယ်။
_

Har
d power အမာအားကိုအခြေခံတဲ့ နိုင်ငံအနှံ့အပြားကဗွက်ထနေတဲ့ လက်နက်ကိုင်အားလုံးကို ပါဝါဟန်ချက်ထိန်းထားတာ ဒီတပ်ပါပဲ။ ပါဝါမဏ္ဍိုင်ဖြစ်တဲ့ ဒီတပ်ပျက်ရင်နိုင်ငံပျက်မယ်၊ နှစ် ၃၀ လောက်အဖတ်ဆယ်မရဘူးဆိုတာ ပညာရှင်တိုင်းသိကြပါတယ်။

လွတ်လပ်ရေးရကာစ ရန်ကုန်အစိုးရခေတ်က စစ်သည်တော်တွေနဲ့ယနေ့ခေတ်စစ်သည်တော်တွေရဲ့ စိတ်ဓာတ်အင်အားနှိုင်းယှဥ်ချက်ကြောင့် ဒီနေ့ခေတ်ကြုံနေရတဲ့မြန်မာ့အကြပ်အတည်းဟာ၊ လွတ်လပ်ရေးရကာစခေတ်ထက်ပိုမိုကြီးမားတယ်၊ ရုန်းထွက်ရခက်တယ်၊ ပြိုကျသွားနိုင်တယ်လို့ပြောလို့ရပါတယ်။

" လူ့သဘောသဘာဝကိုနားလည်ပါ " ဆိုတဲ့အချက်ကိုလုံးဝမပေါ့ဆပါနဲ့။

စစ်နိုင်ဖို့၊ ဒီအကြပ်အတည်းကရုန်းထွက်နိုင်ဖို့ စစ်သည်တော်တွေရဲ့စိတ်ဓာတ်ကိုမွေးမြူပေးဖို့လိုပါတယ်။ စိတ်ဓာတ်ကျဆင်းစေမဲ့အပြုအမူတွေကိုဒီအချိန်မှာလျော့ဖို့လိုပါတယ်။ မွေးရမဲ့နည်းလမ်းကိုပညာရှင်တွေနဲ့တိုင်ပင်ပါ။

Geopolitic


#BreakingNews
  AA အကြမ်းဖက်သောင်းကျန်းသူများမှ အမ်းမြိုဟောင်းက လူတွေကို ယနေ့နံနက်ပိုင်းက ဖုန်းဖြင့်ဆက်သွယ်ကာ အတင်းအဓမ္မမောင်းထုတ်နေသဖြင့် ဒေသခံများ မြို့ကထွက်ပြေးနေကြရကြောင်း၊ ထွက်ပြေးတိမ်းရှောင်လာသည့်သူများအား မီဒီယာမှတဆင့် ၎င်းတို့ကယ်ထုတ်နေသည်ဟု ဝါဒဖြန့်လှုံ့ဆော်နိုင်ရေး ဓာတ်ပုံမှတ်တမ်းများရိုက်ယူနေကြောင်းနှင့် ဓာတ်ပုံမှတ်တမ်းရိုက်ပြီးပါက ၎င်းတို့လူသစ်ရရှိရေးအတွက် ဖမ်းဆီးသွားကြောင်း မျက်မြင်တွေရှိသူများထံမှ သိရှိရသည်။ ထိုအပြင် ပျဥ်းတောမြိုဟောင်း/မြိုသစ်ကလူတွေကိုလည်း ဖုန်းဖြင့် ဆက်သွယ်ပြီး အကုန်ထွက်ပြေးခိုင်းနေကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ယခင် သံတွဲမြို့၊ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့၌လည်း ယခုကဲသို့ မောင်းထုတ်ခဲ့ပြီး ၎င်းတို့ရိက္ခာရရှိရေးအတွက် ကျန်ရှိခဲ့သည့်အိမ်များအား ဖောက်ထွင်းကာဝင်ရောက်ယူဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရှိရသည်


😂
ကျုပ်ပြောပါတယ် ခေတ်သစ်က စစ်တပ်နဲ့မိတ်ဖက်လော်ဘီပါဆို

သူ post တင်ပြီး 10 min အတွင်းဖုန်း 2 call ဝင်တယ် ။

ဘယ်လိုအာမခံချက်ပေးမလဲ ?
မိသားစုလုံခြုံရေး ပေးမလား မိသားစုကိုရော ခေါ်လာလို့ရလားလို့မေးလာတယ် ။

ဒါတင်လားဆိုတော့မကဘူး

အရင်တုန်းကလဲကျုပ်တို့ PDF သတင်းလိုချင်ရင် ခေတ်သစ်ကိုဝင်ကြည့်ရတာဗျ ဘယ်ဒေသမှာ PDF အင်အားဘယ်လောက်နဲ့ သင်တန်းဆင်းတာ ဘာလက်နက်တွေတက်ဆင်ထားတာကအစ သတင်းရမျိုးဗျ

ဘယ် PDF တပ်ရင်းဘယ်လောက်ကကျည်ဆံမရှိတော့လို့အလှူခံပါတယ်ဆိုတာမျိုး တက်လာရင်တစီးရှင် အာမီက အဘတို့ကလွတ်ပျော်ဗျ နောက်ရက် ဝင်သိမ်းပြီလေအဲ့စခန်း😁

ဝင်သိမ်းခံရရင်လဲ မပြီးသေးဘူး ဘယ်ကိုဆုတ်ခွါသွားပါတယ်ဆိုမျိုးက အစ ကြားညှပ်သတင်းထပ်ပေးသေးတာ ခေတ်သစ်က

မှတ်ထား စစ်တပ်လော်ဘီဆိုတာ ခေတ်သစ်လို သတင်းဌာနမျိုးကိုခေါ်တာဗျ 😁

စောပေတိုး🇲🇲



20 last posts shown.