ဒရုန်းများအတွက် မောင်းတုံးမဲ့သေနတ်ကို တရုတ်တီထွင်
+++++
တရုတ်သိပ္ပံပညာရှင်များက ဒရုန်းများ အတွက်ရည်မှန်းပြီး လူမဲ့စစ်ဆင်ရေးနည်းပညာကိုတစ်ခေတ်ဆန်းသစ်စေမယ့် သေနတ်တစ်မျိုးကို တီထွင်ဖန်တီးလိုက်တာတွေ့ရပါတယ်။
အဲဒီသေနတ်က ၇ ဒသမ ၆၂ မီလီမီတာ ကျည်ဆန်ကို တစ်စက္ကန့်မှာ မီတာ ၇၄၀ မှ ၉၀၀ အထိအလျင်နဲ့ပစ်ခတ်နိုင်စေမှာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကျော်သေနတ် အမျိုးအစားဖြစ်တဲ့ AK-47 ရဲ့စွမ်းဆောင် ရည်နဲ့အတူတူပါပဲ။
ဒါပေမဲ့ သူ့မှာထူးခြားချက်က သာမန် သေနတ်လိုမျိုးမဟုတ်ဘဲ မောင်းတုံးမဲ့ သေနတ်အမျိုးအစားဖြစ်နေတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုပစ်ခတ်ရာမှာတကယ့်ကိုပေါ့ပါးနေတာတွေ့ရပါတယ်။
သာမန်အားဖြင့်ဆိုရင် ဒရုန်းတွေမှာ ဗုံးသီးတွေကိုချိတ်ဆွဲဖြုတ်ချတာမျိုးတွေပဲလုပ်နိုင်ပါတယ်။ အဆင့်မြှင့်တင်ထား တဲ့ဒရုန်းတွေတောင်မှ မောင်းကန်အား ရှိတဲ့သေနတ်တွေရဲ့ ပစ်ခတ်မှုအားကိုမခံနိုင်ပါဘူး။
ဒီလိုမျိုးဆန်းသစ်ထားတဲ့သေနတ်ကို ဒရုန်းများမှာသာမက လက်ရှိခေတ်စား နေတဲ့စက်ရုပ်ခွေးများမှာလည်း တပ်ဆင် အသုံးပြုနိုင်မှာဖြစ်တာကြောင့် မောင်းတုံး ကန်အားပြင်းထန်တဲ့သမားရိုးကျသေနတ်တွေထက်တော့ ပေါ့ပါးစွာပစ်ခတ် နိုင်မှာအသေအချာပါပဲ။