မှုခင်းနှင့်ဆိုင်သော ဇာတ်ကားများ 🇲🇲


Channel's geo and language: Myanmar, Burmese


ကြေငြာထည့်လိုပါက @sora_entertainment_adminn သို့ ဆက်သွယ်နိုင်ပါသည်

Related channels  |  Similar channels

Channel's geo and language
Myanmar, Burmese
Statistics
Posts filter


❗️❗️❗️❗️❗️The Godfather Part II (1974)

IMDB ( 9.0 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/886

Review
~~~~~~~~~~~~~~~~~~

Part 2 လာပါပြီ …ထုံးစံအတိုင်းပေါ့ဗျာ… ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး…
တစ်ခုတော့ပြောလို့ရတယ်…ခင်ဗျားတို့ရဲ့ ရုပ်ရှင်ကြည့်သမိုင်းမှာ ထာဝရအကောင်းဆုံးဆိုသော ဇာတ်ကားစာရင်းထဲမှာ အခုရော နောင်ရောအမြဲရှိနေလိမ့်မယ်လို့ပါ…ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့…

1080p တော့မတင်တော့ဘူးစဉ်းစားထားတယ်…720p ကို အကောင်းမွန်ဆုံးတင်ပေးထားပါတယ်..


#uploadbyngenge


❗️❗️❗️❗️❗️The Green Mile (1999)

IMDB ( 8.6 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/885

Review
~~~~~~~~~~~~~~~~~~

ကျမတို့ဂြိုဟ်ကမ္ဘာမှာ တရားသဖြင့်ဆိုတဲ့စကားဟာ တကယ်ရှိရဲ့လား။
လူသားတစ်ယောက်နဲ့တစ်ယောက်နှိပ်စက်သတ်ဖြတ်ကြတာ ၊အားငယ်သူကို အားကြီးသူက ညှဉ်းပန်းတာ ၊ မတရားမှုမှန်းသိသိကြီးတောင်ဝင်မစွက်ရဲတာ / ဝင်စွက်ဖို့ရာအင်အားမလုံလောက်တာ ။ ကျမတို့မျက်စိရှေ့လေးတင်မှာပဲမတရားမှုကို တွန်းလှန်နိုင်တဲ့ အင်အားနည်းပါးလို့ ကျရှုံးခဲ့ရပြီးသူတွေဘယ်လောက်လောက် ရှိနေပြီလဲ။ကျမတို့ တတ်နိုင်သရွေ့ကယ်တင်ခဲ့လား။မမြင်ချင်ယောင်ဆောင်ခဲ့ကြလား။ဒါမှမဟုတ် ရှင်ဟာ တစ်ပါးသူနာကျင်မှုုအကြီးစားနဲ့ညည်းတွားနေတာကို လျှာလေးတသပ်သပ်နဲ့အရသာခံကြည့်တတ်သူလား။ကဲ အခု ကျမဇာတ်ကားဟောင်းတစ်ခုအကြောင်းနည်းနည်း ပြန်ပြောပြမယ်လေ။The Green Mile ဆိုတဲ့ ခြောက်အုပ်တွဲ ဝတ္ထုထဲကပထမတွဲကို ၁၉၉၆ ခုနှစ် မာ့ချ်လကုန်လောက်မှာ စထုတ်တယ်။ထုတ်ထုတ်ပြီးချင်းပဲ ဒုတိယတွဲအတွက်လူတွေ အုတ်အော်သောင်းနင်း ရင်ခုန်ကြသတဲ့။ဒါနဲ့ စာရေးဆရာ Stephen King ရဲ့ The Green Mileအခန်းဆက်ဝတ္ထုရှည်ဟာ ကမ္ဘာကျော်သွားခဲ့တယ်။၁၉၉၉ ဒီဇင်ဘာမှာ စကြဝဠာရဲ့အကောင်းဆုံးဇာတ်လမ်းကောင်းတွေကိုပဲ ထုတ်လုပ်တယ်လိ့ကြေငြာထားတဲ့Warner Bros ကနေ The Green Mile အမည်နဲ့ဇာတ်လမ်းတစ်ပုဒ် စတင်ဖြန့်ချိလာတယ်။Fantasy crime drama အမျိုးအစားပေါ့။ဝတ္ထုရော ဇာတ်လမ်းရောက Paul Edgecombe လို့အမည်ရတဲ့ ထောင်ဝါဒါဟောင်းတစ်ဦးကသူ့ရဲ့မိတ်ဆွေဖြစ်သူကို ၁၉၃၀ ဝန်းကျင်ကာလတွေတုန်းက အမေရိကရဲ့ တရားစီရင်ရေးနဲ့ချွတ်ချော်တိမ်းပါးမှုတွေ ၊ အမှားအယွင်းနဲ့အားနည်းချက်တွေအကြောင်းကို ပြန်ပြောပြနေဟန်ဇာတ်လမ်းတည်ထားတယ်။အင်းစိန်ထောင်ထဲမှာ အပြင်လူတွေ မသိနိုင်တဲ့အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေနဲ့တချို့ထူးဆန်းအံ့သြဖွယ် ရင်နာဖွယ်အဖြစ်တွေ ၊တရားရေးနဲ့ဥပဒေရဲ့အားပျော့ကွက်တွေကိုတဆင့်ပြန်ကြားနေရပုံနဲ့ ခပ်ဆင်ဆင်ပေါ့။ ပေါလ်ဟာ ၁၉၃၂ခုနှစ်များဆီတုန်းကတော့ ငယ်ရွယ်သန်မာတဲ့ထောင်ဝါဒါ လူလတ်ပိုင်းတစ်ဦးပေါ့။သူကြီးကြပ်ရတဲ့ ဝါ့ဒ်က သေဒဏ်ကျ အကျဉ်းသားတွေကိုသေဒဏ်မပေးခင် ယာယီချုပ်တဲ့ ဝါ့ဒ်ပေါ့။အင်မတန် စည်းကမ်းထားရပြီး တင်းကြပ်ထားတဲ့ဥပဒေနဲ့လူ့နူးညွတ်မှု စိတ်ခံစားချက်နှစ်ခုကြားအလယ်တည့်တည့်မှာ ၊ ဒါမှမဟုတ်ဥပဒေဘက်ခြမ်းမှာ မတ်မတ်နေပေးရတဲ့ နေရာပေါ့။ဒီနေရာဟာ သေဒဏ်ကျခံ အကျဉ်းသားတွေရဲ့အထီးကျန်ဆန်မှုတွေ၊ နောင်တနဲ့ ညည်းတွားသံတွေ၊အားငယ်စိတ်ပျက်ဟန်တွေကြား ထောင်အုပ်ချုပ်သူတို့ပါလိုက်ပြီး ယိမ်းယိုင်မသွားအောင် ဟန်ချက်လိုက်ညှိနေရတဲ့ နေရာပေါ့။အပြစ်လုပ်ခဲ့ရင်လည်းခံ၊ မလုပ်ခဲ့သည်ရှိသော်မှသက်သေအထောကိအထားခိုင်လုံနေခဲ့ရင်လည်း ခံပေါ့။ဥပဒေဟာ တကယ့်ကို စာအုပ်ကြီးပဲ။လူသားချင်း စာနာထောက်ထားစိတ် သူ့မှာမရှိဘူး။တခါတလေမှာ စစ်မှန်တဲ့ တရားမျှတမှုဆိုတာအကြီးဆုံးဒိုင်ဖြစ်တဲ့ အဲဒီဥပဒေဆိုတဲ့ကောင်ဆီမှာတောင် မရှိဘူး။ဒါဆို ဘာလို့ဥပဒေထားနေတော့မှာလဲ။ဘာလို့ဥပဒေထားနေတော့မှာလဲဆိုတော့အသိဉာဏ်နည်းတဲ့ တိရိစ္ဆန်ထက်စိတ်ဓာတ်အထားအသို ပိုနိမ့်ကျတဲ့လူ့တိရိစ္ဆာန်တွေ ရှိနေလို့ပေါ့။ဒီတော့လည်း လက်ခံကြရုံပေါ့။

ဒီဇာတ်ကားနဲ့အော်စကာရခဲ့တဲ့ ဇာတ်ညွှန်းခွဲသူကတော့Frank Darabont ပါတဲ့။နံမည်ကျော် ဒါရိုက်တာတစ်ယောက်လည်းဖြစ်တာမို့ဒီဇာတ်ကားကို အစအဆုံး သူပဲဇာတ်ညွှန်းခွဲသူပဲရိုက်ကူးခဲ့တာဖြစ်တယ်။ပရိုဂျူဆာလည်း သူပဲ။John Coffey နေရာမှာ Michael Clarke Duncan,supporting roles နေရာတွေမှာDavid Morse, Bonnie Hunt, Jamrs Cromwell နဲ့အသက်ကြီးသွားတဲ့ ပေါလ်အဒ်ချ်ကုမ့်ဘ် နေရာမှာတော့မင်းသားကြီး Dabbs Greer တို့ပါဝင်သရုပ်ဆောင်ထားတယ်။ကြုံတုန်း ထည့်ပြောရမယ်ဆိုရင် Dabbs Greer ဟာအဲဒီကားမှာ သရုပ်ဆောင်စဉ်အချိန်မှာအသက်ရှစ်ဆယ့်နှစ်နှစ်အရွယ် ရှိနေပြီမို့ ဒါဟာသူနောက်ဆုံးသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်တယ်။ တဲ့။ ဒီဇာတ်ကားရဲ့အားကြီးတဲ့ သက်ရောက်မှုကြောင့်အမေရိကရဲ့ တရားစီရင်ရေးစနစ်အချို့ပြောင်းလဲခဲ့တယ်။ဝတ္ထုမှာတင် အောင်မြင်ပြီးသားကမ္ဘာကျော်ပြီးသား The Green Mile ဟာဇာတိလမ်းအနေနဲ့လည်း အကောင်းဆုံးဇာတ်ကားဆု၊အကောင်းဆုံး အသံဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့အကောင်းဆုံး ဇာတ်ပို့ဆုအဖြစ်Michael Clarke Duncan (John Coffey) တို့ ရရှိခဲ့တယ်။ကန်ဒေါ်လာ သန်း ၆၀ ကုန်ကျခံရိုက်ကူးခဲ့ပြီးဝင်ငွေ ၂၉၀.၇ သန်း ကန်ငွေ ပြန်ရခဲ့တယ်။မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင် ကြည့်စေချင်တယ်။ကြည့်ပြီးရင်လည်း ထပ်ကြည့်ချင်တတ်တဲ့ ကားမျိုးပါ။
#uploadbyngenge


❗️❗️❗️❗️❗️The departed 2006

IMDB (8.5/10)

📱Channelအရင် join ပါ

https://t.me/+kCL2wmUR_sY4NjNl

📱ဇာတ်ကား link

https://t.me/c/2274736087/884

Review
~~
Jack Nicolson 630 တစ်ခု က Gangster ပါ။ ရပ်ကွက်ထဲက ဆိုးတဲ့ စရိုက် ရှိတဲ့ ကောင်လေးတွေ၊ သူ့ကို အထင်ကြီးတဲ့ ကောင်လေးတွေ၊ သူ့စကား နားထောင်မဲ့ ကလေးတွေကို ပေးကမ်းကျွေးမွေးထားတဲ့ သူတစ်ယောက်ပေါ့။

သူ့လက်တံရှည်တာမို့ ဒုစရိုက်မှုတိုင်း သက်သေမရှိပဲ သူ လွတ်နေလို့ ရဲတွေက အမှားစောင့်ကြည့်ရုံပဲ ကြည့်နိုင်တာပါ။

ဒီ ကြားထဲမှာမှ ရပ်ကွက်ထဲမှာ ဦးလေး နဲ့ နေ တဲ့ ကလေးလေးကို ငယ်ကတည်း စည်းရုံး ကျောင်းထား၊ ကျောင်းပြီး တဲ့ အချိန်မှာ ရဲ တပ်ဖွဲ့ထဲကို ပို့ပါတယ်။ အဲဒီ ကောင်လေးက Matt Damonပါ။

တချိန်တည်းမှာပဲ တခြားနေရာက မိသားစုမှာ ဒုစရိုက် နာမည်ပျက်တွေ ပြည့်နေတဲ့ ကောင် လေးတစ်ယောက်ကလည်း မိသားစု ကို စိတ်ကုန်ပြီး ရဲတပ်ဖွဲ့ထဲကို ဝင်ပါတယ်။ Dicaprioပါ။

တပ်ဖွဲ့မတူပေမဲ့ ထူးချွန်တာ တူတာမို့ အထူး တပ်ဖွဲ့က အင်တာဗျူးပြီး ခေါ်တဲ့ အခါမှာ Gangster Jack Nicolson က အမဲစက် Record မရှိဘဲ လူကြီးကြိုက်နဲ့ ရာထူး တစ်နေရာရသွားပါတယ်။Dicaprio ကတော့ မိသားစု အမဲစက်နဲ့ လူကြီး မျက်စိစူးပြီး Undercover ရဲ အနေနဲ့ ပဲ နေရမယ်လို့ ကမ်းလှမ်းခံရပါတယ်။
Mark Wahlberg (နောက်ဆုံး Transformer ကားရဲ့ မင်းသား)Alec Baldwin တို့က အထက်လူကြီးတွေ ပေါ့။Undercover Dicaprioပါ။ကိုယ်ရေးမှတ်တမ်းက Martin Sheen နဲ့ Mark Wahlberg တို့ပဲ သိထား ကိုင်ထားခွင့် ရှိတာဖြစ်ပါတယ်။

Matt Damon က သူ့မွေးစား အဖေ ကို စောင့်ကြည့်ဖမ်းဆီးရမဲ့ အထူးတပ်ဖွဲ့ထဲ ရာထူးတွေ တိုးတိုးလာချိန် တစ်ဖက်မှာလည်း Dicaprio က လူဆိုး ခေါင်းဆောင် Jack Nicolson နားမှာ နေရာ တစ်ခုရသူဖြစ်လာပါ တယ်။

သူလျှို ၂ ယောက် ဟိုဘက် ဒီ ဘက် သီတင်း အပြန်အလှန် ပေးနိုင်မှုတွေ
ရဲတပ်ဖွဲ့နဲ့လူဆိုးဂိုဏ်းကြား ဉာဏ်ကစားမှုတွေ ကို တဖြေးဖြေးချင်းရိုက်ပြသွားတာပါ။

#uploadedbyyumyatmin


SORA Entertainment တွင် ကြည့်ရှုနိုင်သော နောက်ဆုံးထွက် ဇာတ်ကားများ စုစည်းမှု

မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုနိုင်ပါသည်

အက်ရှင်ဇာတ်ကားများ
https://t.me/soramovie1

သရဲကားများ
https://t.me/soramovie2

အိန္ဒိယ ဇာတ်ကားများ
https://t.me/soramovie3

Drama ဇာတ်ကားများ
https://t.me/soramovie4

သမိုင်းဝင် ဇာတ်ကားများ
https://t.me/soramovie5

ကာတွန်းကားများ
https://t.me/soramovie6

မှုခင်းဇာတ်ကားများ
https://t.me/soramovie7


🎰စလော့ဂိမ်းကြိုက်တဲ့ဘော်ဘော်တိုအတွက် 💵အရင်းနည်းနည်းနဲ့ အမြတ်လဲကြမ်း၊ ငွေကြေးလဲခိုင်မာပြီး တိကျမြန်ဆန်ဝန်ဆောင်မှုကောင်းတဲ့
ဂိမ်းဆိုဒ်ကြီးတွေရှာနေတယ်ဆိုရင်တော့ ဘော်ဘော်တိုအတွက် Sexi-289 လေးရောက်လို့လာပါပြိနော် အသဲလေးတို့ရေ 🙆‍♀️❤️🙋‍♀️

✅🫴မန်ဘာသစ်ဘောနပ်စ် 100%
✅ 🫴နေ့စဉ်ဘောနပ်စ် 50 %
✅🫴မိတ်ဆက်ဘောနပ်စ် 20%
✅🫴 အပတ်စဉ်ရှုးကြေး Cashback 5%

➡️ဆက်သွယ်အကောင့်ဖွင့်လိုပါက  👇👇👇
📱Viber :
09696165914
  Viber Link :
https://msng.link/o?+959696165914=vi
📱Telegram :
09696165914 /@sexi289
Telegram link ;
https://t.me/sexi289
Official Channel Link : https://t.me/sexibetofficial
Official Facebook Link :https://www.facebook.com/sexi289mm?mibextid=ZbWKwL


SORA Entertainment တွင် ကြည့်ရှုနိုင်သော နောက်ဆုံးထွက် ဇာတ်ကားများ စုစည်းမှု

မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုနိုင်ပါသည်

အက်ရှင်ဇာတ်ကားများ
https://t.me/soramovie1

သရဲကားများ
https://t.me/soramovie2

အိန္ဒိယ ဇာတ်ကားများ
https://t.me/soramovie3

Drama ဇာတ်ကားများ
https://t.me/soramovie4

သမိုင်းဝင် ဇာတ်ကားများ
https://t.me/soramovie5

ကာတွန်းကားများ
https://t.me/soramovie6

မှုခင်းဇာတ်ကားများ
https://t.me/soramovie7


Video is unavailable for watching
Show in Telegram
😀စိတ်ကြိုက်ဆော့ ၊ စိတ်ကြိုက်ထုတ် 😀
ရှမ်းကိုးမီး ၊ ဘူကြီး ၊ ငါးပစ် ၊ အသေးစား စိတ်ကြိုက်ကစား

⚡️ကစားဝိုင်းစည်းကမ်းချက်မရှိဆ နဲ့ ကစားရန်မလို⚡️

🎁ဆ နဲ့ ကစားရန်မလို မန်ဘာသစ် 100% နဲ့ 𝟱𝟬% ဘောနပ်

🎁 𝟑𝟎𝟎𝟎 သွင်း အပို 𝟏𝟓𝟎𝟎 (𝟱𝟬% ဘောနပ်)
🎁20,000 သွင်း အပို 20,000 (100% ဘောနပ်)

🎁 ဆ မလို သွင်းတိုင်းရ 10%
🎁 အပတ်စဥ်ဖရီးဘောနပ် 3000
🎁နေ့စဥ် နေ့တိုင်း ရှုးကြေး10%
🎁သူငယ်ချင်းမိတ်ဆက်ဘောနပ် 50%

.
🏪 နာရီဝန်ဆောင်မှုသို ဆက်သွယ်ရန် 💻

📱 🤩 09883656816
📱 🤩 @SHWESINSKM
🔞 https://t.me/addlist/r7r_-wr8_h44YTVl 🆓


❗️❗️❗️❗️❗️Joker (2019)

IMDB (8.4/10)

📱Channel အရင် join ပါ

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/864

Review
---------
DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။

ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာ အကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေ ရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။

အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်က နေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန် ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေ ရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ် တဲ့ သူတွေရော သဘောကျကြမှာပါ

#uploadbyhsukaykhaing


❗️❗️❗️❗️❗️Se7en (1995)

IMDB ( 8.6 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/862

Review
------------

IMDb 8.6/10 နဲ့ RT 80% ရထားခဲ့တဲ့ Se7en (1995)ဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားတွေထဲမှာ ဂန္တဝင်ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကို အညွှန်းရေးရင် ကျွန်တော် သတိအထားဆုံးအရာက Spoil လုပ်လိုက်မိမှာကိုပါ။ တချို့ဇာတ်ကားတွေမှာ ဒါက သိပ်မသိသာပေမယ့် အလှည့်အပြောင်းအဝေ့အဝိုက်များတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားတွေမှာ အရမ်းသိသာပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာဆို ပိုတောင်သိသာပါတယ်။ ဒါကြောင့်အညွှန်းကို သဘောလောက်ပဲ ရေးပေးပါရစေ။

ဇာတ်လမ်းကဒီလိုပါ... ဝီလီယမ် ဆမ်မာဆတ်(Morgan Freeman)ဟာ ရာဇဝတ်မှုတွေထူပြောတဲ့မြို့လေးတစ်မြို့က အမှုလိုက်အရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူ့လုပ်သက်တစ်လျှောက်လုံးမှာ တွေ့ကြုံခဲ့ရတဲ့ ရာဇဝတ်မှုတွေကြောင့် မြို့ကိုရော သူ့ရဲ့အလုပ်ကိုပါစိတ်ကုန်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူအနားယူဖို့ တစ်ပါတ်အလိုမှာ သူ့နေရာကို ဆက်လက်တာဝန်လွှဲပြောင်းယူရမယ့် ဒေးဗစ်မီလ် (Brad Pitt)ဆိုတဲ့ အမှုလိုက်အရာရှိ အသစ်တစ်ယောက် ရောက်လာခဲ့ပါတယ်။ မီလ် ကတော့ ဆမ်မာဆတ်နဲ့ ကွဲပြားစွာပဲ တာဝန်ထမ်းဆောင်ဖို့ အလွန်တက်ကြွနေပြီး ဒီမြို့ကလေးအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲကို ဖော်ဆောင်ပေးချင်နေတဲ့သူပါ။ မီလ်ဟာ လူငယ်လည်းဖြစ်တဲ့ အလျောက် စိတ်မြန်လက်မြန်ရှိပြီး ခေါင်းမာတဲ့သူတစ်ယာက်လည်းဖြစ်ပါတယ်။ မီလ်မှာ့ သူ့ကိုအရမ်းချစ်ပြီး နားလည်မှုလည်းရှိတဲ့ ချစ်စရာကောင်းတဲ့ ထရေစီ (Gwyneth Patrow)ဆိုတဲ့ ဇနီးတစ်ယောက်ရှိပါတယ်။ ထရေစီဟာ သူ့ခင်ပွန်းနဲ့ အတူတွဲပြီး အလုပ်လုပ်ရမယ့် ဆမ်မာဆတ်ကို ညစာဖိတ်ကျွေးရင်း သူတို့တွေ ရင်းနှီးခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ဆမ်မာဆတ်နဲ့မီလ်ဟာ အတူတွဲပြီး အလွန်ရက်စက်ပြီး ထူးဆန်းတဲ့လူသတ်မှုတစ်ခုကို စုံစမ်းဖို့ဖြစ်လာပါတယ်။ အဲဒီအမှုကို စုံစမ်းထောက်လှမ်းရင်းနဲ့ဆမ်မာဆတ်နဲ့ မီလ်တို့နှစ်ယောက် ဘယ်လိုအဖြစ်အပျက်တွေနဲ့ ဆက်လက်ကြုံတွေ့ပြီး ဘယ်လိုဖြစ်ပျက်ကြမယ်ဆိုတာကိုတော့...ဇာတ်ကားကိုသာဆက်လက်ကြည့်ရှု ခံစားလှည့်ကြပါလို့ပြောပါရစေ။

#uploadbykevinaris


❗️❗️❗️❗️❗️The Silence of the Lambs (1991)

IMDB ( 8.6 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/863

Review
~~~~~~~~~~~~~~~~~~

The Silence of the Lambs (1991) ဟာ Horror & Thriller အမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ် အော်စကာဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု အပါအဝင် စုစုပေါင်း ဆု (၅)ခု ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ The Exorcist(1973) နဲ့ Jaw (1975) တို့နောက်ပိုင်း Horror Movie တွေထဲမှာ ရှားရှားပါးပါး အော်စကာဆုရခဲ့တဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ သောမတ်စ်ဟာရစ်ရဲ့ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေထဲက လူသားစား မှုခင်းဆိုင်ရာ စိတ်ရောဂါကုဆရာဝန် စိတ္တဇလူသတ်သမားဖြစ်တဲ့ ဒေါက်တာ ဟန်နီဗယ်လက်တာ ဆိုတဲ့ ဇာတ်ကောင်ပေါ်မှာ အခြေတည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒေါက်တာ Lacter ရဲ့ Character ဟာ အလွန်ပဲကျော်ကြားခဲ့ပြီး သူ့အကြောင်းကိုလည်း ရုပ်ရှင်တွေနဲ့ TV Serie တွေအများအပြားရိုက်ကူးခဲ့ကြပါတယ်။


အဲဒီရုပ်ရှင်တွေကတော့ Manhunter (1986)၊ The Silence of the Lambs (1991)၊ Hannibal (2001)၊ Red Dragon (2002) နဲ့ Hannibal Rising (2007) တို့ဖြစ်ပြီး Hannibal ဆိုတဲ့နာမည်နဲ့ပဲ TV Series တစ်ခုကိုလည်း ရိုက်ကူးခဲ့ကြပါတယ်။ Hannibal Lacter အဖြစ် သရုပ်ဆောင်ခဲ့သူများထဲမှ Anthony Hopkins ရဲ့ Hannibal ကို ၂၀၀၃ ခုနှစ်မှာ American Film Institute ကနေပြီး 1st Movie Villain အဖြစ်ရွေးချယ်ခဲ့ကြပြီး ၂၀၁၀ ခုနှစ်မှာ Entertainment Weekly ကလည်း 100 Greatest Characters of Last 20 years ထဲမှာ ထည့်သွင်းခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်း

Clarice Starling(Jodie Foster)ဟာ ထူးချွန်တဲ့ FBI အကယ်ဒမီရဲ့ကျောင်းသူတစ်ဦးဖြစ်ပြီး စိတ္တဇလူသတ်သမားတွေနဲ့ပါတ်သတ်ပြီး လိမ္မာပါးနပ်စွာ သုံးသပ်နိုင်သူလည်းဖြစ်ပါတယ်။ FBI ရဲ့ Behavioral Science Unit က Jack Crawford (Scott Glenn) က အမျိုးသမီးငယ်လေးတွေကို သတ်ပြီး အရေခွံခွါယူလေ့ရှိတဲ့ “Buffalo Bill” ဆိုတဲ့ နာမည်ပြောင်ရထားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ကို ဖမ်းဆီးဖို့ရာ စုံစမ်းစစ်ဆေးနေသူဖြစ်ပါတယ်။

တစ်နေ့မှာ Jack Crawford က Clarice Starling ကို ခေါ်ယူပြီး လူတွေကို သတ်ပြီးစားသောက်ခဲ့၍ ထောင်ဒဏ်တစ်သက်ကျခံနေရတဲ့ မှုခင်းဆိုင်ရာစိတ်ရောဂါကုဆရာဝန် လူသားစား စိတ္တဇဝေဒနာရှင် ဒေါက်တာ Hannibal Lacter(Anthony Hopkins) ဆိုသူကို အင်တာဗျူးလုပ်ပေးဖို့ စေခိုင်းပါတယ်။ Crawford က ဒေါက်တာ Lacter အနေနဲ့ “Buffalo Bill” ရဲ့လူသတ်မှုတွေနဲ့ပါတ်သတ်ပြီး အကူအညီပေးနိုင်မယ်လို့ ယုံကြည်မိတာကြောင့် လှပပြီးထက်မြက်တဲ့ Clarice ကို အသုံးချပြီး အကူအညီရဖို့စေခိုင်းခဲ့တာဖြစ်ပါတယ်။

ပါးနပ်ထက်မြက်တဲ့ Clarice နဲ့ အကင်းပါးပြီး ရက်စက်တတ်တဲ့ ဒေါက်တာ Lacter တို့ ဘယ်လိုအပေးအယူတွေနဲ့ ညှိနှိုင်းကြမလဲ??? “Buffalo Bill” ရဲ့ အမှုကိုရော ဘယ်လိုပုံစံမျိုးနဲ့ ဖော်ထုတ်မလဲ??? ဒေါက်တာ Lacter နဲ့ Clarice ရဲ့ကြားထဲမှာရော ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်ပေါ်လာမလဲ??? ဆိုတာကတော့ ပရိသတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါခင်ဗျာ။
#uploadbyngenge


❗️❗️❗️❗️❗️The Dark Knight Rises (2012)

IMDB ( 8.4 )

📱 Channel အရင် Join ပါ
t.me/soramovie1

📱 ဇာတ်ကား Link
https://t.me/soramovie1/1314

Review
~~~~~~~~~~~~~~~~~~

ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။

ဇာတ်လမ်းအစမှာ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ Batman ကလည်း Gotham မြို့ကနေ ပျောက်သွားခဲ့ပါတယ်။ ၈နှစ်လုံးလုံး Harvey Dent ရဲ့ လူသတ်မှုတွေကို Batman သတ်တယ်လို့လူတွေထင်နေကြပြီး၊ Harvey Dent ကြောင့် ပေါ်လာတဲ့ ဥပဒေကြောင့် Organized Crime တွေလည်း ပပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲနောက်ထပ် ရန်သူတစ်မျိုးက Gotham ကို နှောက်ယှက်ဖို့ ပြင်ဆင်နေပါတယ်။တစ်ဖက်မှာ Bane (Tom Hardy) က CIA က ထိန်းသိမ်းထားတဲ့ Nuclear Physicist တစ်ယောက်ကို ဖမ်းခေါ်သွားသလို၊ Selina Kyle (Anne Hathaway) (ကာတွန်းထဲမှာ Catwoman) ကလည်း Bruce Wyane ရဲ့ အိမ်မှာ Harvey Dent အမှတ်တရပွဲလုပ်နေတုန်း ခိုးဝင်ပြီး Bruce အမေရဲ့ လည်ဆွဲကိုခိုးသွားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အဓိက ပစ်မှတ်က Bruce ရဲ့ လက်ဗွေ ဖြစ်ကြောင်း Bruce က ရိပ်မိသွားပြီး စုံစမ်းမှုတွေပြု လုပ်ခဲ့ပါတယ်။


Selina က Bruce ရဲ့ လက်ဗွေကို ခိုးပြီးတဲ့နောက်မှာ ပါတီပွဲက Congressman တစ်ယောက်ကိုပါ ပြန်ပေးဆွဲသွားပြီးတော့ လက်ဗွေကိုခိုးခိုင်းတဲ့ သူနဲ့တွေ့ဖို့အတွက် ခေါ်သွားခဲ့ပါတယ်။ ဒါကို Gordon တို့လိုက်ရှာရာကနေ Gordon တစ်ယောက် အဖမ်းခံရပြီး Bane နဲ့တွေ့ခဲ့ပါတယ်။ Bane က Gotham မြိ့ုက မြေအောက် မြောင်းတွေထဲမှာ တပ်စွဲထားတာ ကိုတွေ့လိုက်ပြီး Gordon တစ်ယောက် ကိုယ်လွတ်ရုံးပြေးနိုင်ခဲ့ပါတယ်။နောက်တစ်ဖက်မှာ Robin John Blake (John Blake လို့ပဲ တစ်ကားလုံးသုံးသွားခဲ့ပါတယ်။) ဆိုတဲ့ ရဲအရာရှိတစ်ယောက်က Gordon ကိုရှာတွေ့သွားပြီးဆေးရုံကိုပို့ပေးခဲ့ပါတယ်။ John Blake ဆိုတဲ့ Character ကို ဒါရိုက်တာက Robin သဘောနဲ့ထည့်ပေးတာဖြစ်ပြီး၊ Batman နဲ့ Robin ဆိုတဲ့ပုံစံကို သွယ်ဝိုက်ပြီးထည့်ပေးထားတာဖြစ်ပါတယ်။ Christopher Nolan က Robin ကို ကာတွန်းထဲကလို ကလေး တစ်ယောက် ထည့်ပေးရင် ယုတ္တိမရှိဘူးလို့ ယူဆတာရယ်၊ Batman & Robin ဇာတ်ကားက လူကြီး Robin ကို ပရိတ်သတ်တွေမကြိုက်တာရယ်ကြောင့် ရဲအရာရှိတစ်ယောက် အနေနဲ့ ထည့်ပေးထားတာဖြစ်ပါတယ်။ဒီနေရာမှာ Bane ရဲ့ ဇာတ်ကြောင်းကို Alfred က Bruce ကိုပြောပြပါတယ်။ Batman Begins မှာတုန်းက Batman ကိုပညာသင်ပေးခဲ့တဲ့ Ra’s Al Ghul ရဲ့ တပည့်ဖြစ်ကြောင်း သိလိုက်ရပါတယ်။ Bane က မြေအောက်အကျဉ်းထောင်ထဲမှာ မွေးခဲ့တာဖြစ်ပြီး၊ အစပိုင်းတုန်းက Bane ကို Ra’s Al Ghul ရဲ့ သားလို့ Batman က ထင်ခဲ့ပါတယ်။ Bane ရဲ့ အဓိက ရည်ရွယ်ချက်က ပထမဆုံးဇာတ်ကားက Ra’s Al Ghul ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ Gotham ကို ဖျက်စီးဖို့ ဖြစ်ပါတယ်။ဒီရည်ရွယ်ချက်ကို ဘယ်လိုအကောင်အထည်ဖော်မလည်း၊ Batman ကရော Gotham မြိ့ုကိုဘယ်လို ကယ်တင်မလည်းဆိုတာ စိတ်ဝင်စား၊ စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။

Batman Begins, The Dark Knight, The Dark Knight Rises သုံးကားစလုံးက သမိုင်းမှာအကောင်းဆုံး Superheros ဇာတ်လမ်းတွဲ အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သလို၊ ဒီသုံးကားက ပရိတ်သတ်တွေ ရင်ထဲမှာ ကျန်နေခဲ့မယ့် ဇာတ်ကားကောင်းသုံးကားဆို တာ အငြင်းပွားစရာမှရှိနိုင်ပါဘူး။ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး၊ Sex Scene တစ်ခန်းပါပေမယ့် Explicit မဖြစ်ပါဘူး။ မိသားစုတူတူ ကြည့်ရှုနိုင်မှာဖြစ်သလို၊ အက်ရှင်ကားကြိုက် ပရိတ်သတ်တွေ အကြိုက်တွေ့စေမှာပါ။
#Sololay(ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက် မှကူးယူဖော်ပြသည်။)4K Version က HDR ဖြစ်တာကြောင့် HDR ကို Support ပေးနိုင်တဲ့ Android TV နဲ့ ခေတ်ပေါ် Smart Device တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ DS4K 1080p Version ကတော့ Color Regrade ပြန်လုပ်ထားတဲ့ Version ဖြစ်တာကြောင့် ဖိုင်သေးသေးနဲ့ ပိုမိုကြည်လင်ကြောင်းနဲ့ Device မျိုးစုံမှာ ကြည့်လို့အဆင်ပြေနိုင်ကြောင်း အသိပေးပါရစေ။
#uploadbyngenge


SORA Entertainment တွင် ကြည့်ရှုနိုင်သော နောက်ဆုံးထွက် ဇာတ်ကားများ စုစည်းမှု

မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုနိုင်ပါသည်

အက်ရှင်ဇာတ်ကားများ
https://t.me/soramovie1

သရဲကားများ
https://t.me/soramovie2

အိန္ဒိယ ဇာတ်ကားများ
https://t.me/soramovie3

Drama ဇာတ်ကားများ
https://t.me/soramovie4

သမိုင်းဝင် ဇာတ်ကားများ
https://t.me/soramovie5

ကာတွန်းကားများ
https://t.me/soramovie6

မှုခင်းဇာတ်ကားများ
https://t.me/soramovie7


👌အခုနိုင်အခုထုတ်ဝန်ဆောင်မှုအပြည့်နဲ့ ဂိမ်းဆိုဒ်ကြီးကိုရှာနေပါသလား ⁉️

➡️ဒါဆိုရင်တော့ Sexi-289 ကိုသာလှမ်းခဲလိုက်တော့နော်🙆‍♀️ ❤️🙆‍♀️

🎁မန်ဘာသစ်ဘောနပ်စ် 100%
🎁 နေ့စဉ်ဘောနပ်စ် 50 %
🎁မိတ်ဆက်ဘောနပ်စ် 20%
🎁 အပတ်စဉ်ရှုးကြေး Cashback 5%

🌈 တိကျ မှန်ကန်တဲ့ 24နာရီဝန်ဆောင်မှု
🌈 ယူနစ် အထုတ်အသွင်း မြန်ဆန်မှု
🌈 ငွေကြေး စိတ်ချရမှု
🌈 အမှန်ကန်ရော်နေတဲ့ PP slot
🌈 ဖော်ရွေ ပျူငှာပြီး တိကျ ဝန်ဆောင်မှု များကို ရရှိစေရပါမယ်ရှင့်

➡️ဆက်သွယ်အကောင့်ဖွင့်လိုပါက  👇👇👇
📱Viber :
09696165914
  Viber Link :
https://msng.link/o?+959696165914=vi
📱Telegram :
09696165914 /@sexi289
Telegram link ;
https://t.me/sexi289
Official Channel Link :
https://t.me/sexibetofficial
Official Facebook Link :
https://www.facebook.com/sexi289mm?mibextid=ZbWKwL


SORA Entertainment တွင် ကြည့်ရှုနိုင်သော နောက်ဆုံးထွက် ဇာတ်ကားများ စုစည်းမှု
မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုနိုင်ပါသည်

နိုင်ငံခြားဇာတ်ကားများ
https://t.me/soramovie1

သရဲကားများ
https://t.me/soramovie2

အိန္ဒိယ ဇာတ်ကားများ
https://t.me/soramovie3

Drama ဇာတ်ကားများ
https://t.me/soramovie4

ဟာသဇာတ်ကားများ
https://t.me/soramovie5

ကာတွန်းကားများ
https://t.me/soramovie6

မှုခင်းဇာတ်ကားများ
https://t.me/soramovie7


Video is unavailable for watching
Show in Telegram
😀စိတ်ကြိုက်ဆော့ ၊ စိတ်ကြိုက်ထုတ် 😀
ရှမ်းကိုးမီး ၊ ဘူကြီး ၊ ငါးပစ် ၊ အသေးစား စိတ်ကြိုက်ကစား

⚡️ကစားဝိုင်းစည်းကမ်းချက်မရှိဆ နဲ့ ကစားရန်မလို⚡️

🎁ဆ နဲ့ ကစားရန်မလို မန်ဘာသစ် 100% နဲ့ 𝟱𝟬% ဘောနပ်

🎁 𝟑𝟎𝟎𝟎 သွင်း အပို 𝟏𝟓𝟎𝟎 (𝟱𝟬% ဘောနပ်)
🎁20,000 သွင်း အပို 20,000 (100% ဘောနပ်)

🎁 ဆ မလို သွင်းတိုင်းရ 10%
🎁 အပတ်စဥ်ဖရီးဘောနပ် 3000
🎁နေ့စဥ် နေ့တိုင်း ရှုးကြေး10%
🎁သူငယ်ချင်းမိတ်ဆက်ဘောနပ် 50%

.
🏪 နာရီဝန်ဆောင်မှုသို ဆက်သွယ်ရန် 💻

📱 🤩 09883656816
📱 🤩 @SHWESINSKM
🔞 https://t.me/addlist/r7r_-wr8_h44YTVl 🆓


❗️❗️❗️❗️ The Godfather (1972)

(IMDB 9.2)

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/849

Review

ဒီကားရဲ့ ကောင်းမွန်ခြင်းတွေ အောင်မြင်မှုတွေ ကို တော်တော်များများသိကြမယ်ထင်ပါတယ်...အော်စကာ (၃)ဆုရထားသလို အကောင်းမွန်ဆုံးသော Rating ရ ကာ စာရင်းထဲမှာ အမြဲတမ်းရှိနေလေရဲ့….ဒီကားရဲ့ အညွှန်းကိုလည်း မရေးတာက ကြည့် တဲ့သူအတွက်ပိုကောင်းပါတယ်...တစ်ခုပြောချင်တာက မ ကြည့်ရသေးတဲ့သူတွေအဖို့ရှေ့ပိုင်းမိနစ်(၃၀)လောက်ကို စိတ်ရှည်ပေးပါ...ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေ စရိုက်တွေအပြုအမူတွေကိုတဖြည်းဖြည်းချပြရင်း တကယ့်အကောင်းအမွန်ဆုံးသောအပိုင်းတွေကို ဆွဲခေါ်သွားမှာပို့ပါ...ကိုင်း ရုပ်ရှင်ချစ်ပရိတ် သတ်ကြီးများ ပြန်လည်ခံစားကြည့်လိုက်ပါဦးဗျို့.....

#uploadbyshoonshoon


❗️❗️❗️❗️❗️Pulp Fiction (1994)

IMDB ( 8.9 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/848

Review
~~~~~~~~~~~~~~~~~~

အကောင်းဆုံးရုပ်ရှင် ၁၀၀ ဆိုပြီး ရှာကြည့်လိုက်ရင် ဒီကားက နံပါတ် ၄ခုမြောက်မှာရှိပါတယ်.. ကောင်းဆို ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာက သူ့ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဒီဖက်ခေတ်ရဲ့ လွမ်းမိုးမှုကြီးမားတဲ့ ဒါရိုက်တာ Quentin Tarantino ဖြစ်ပါတယ်… Pulp Fiction (1994) က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကားကနေ သူဟာ နာမည်ကျော်ဒါရိုက်တာဘဝကို စလှမ်းနိုင်ခဲ့တယ် ဆိုရပါမယ်။.အကောင်းဆုံးဆိုတာကိုရွေးချယ်တဲ့နေရာမှာ ရွေးချယ်တဲ့စံနှုန်း ရွေးချယ်တဲ့ အဖွဲ့တွေမတူညီပေမယ့် ဒီကားက တော်တော်များများရဲ့ စာရင်းထဲမှာပါနေတယ်…အမေရိကန်ရုပ်ရှင်လောက်ကမှာ အကောင်းဆုံးဆိုတဲ့ ကာလအဖြစ်သတ်မှတ်ထားတဲ့ ၁၉၉၀ ခုနှစ်ကာလကို မသိနားမလည်စွာ မှတ်ချက်ချမိတာကဒီဘက်ခေတ်အမြင်နဲ့ဆို အံမဝင်ဘူးလို့ ကလေးဆန်ဆန်တွေးမိသွားတယ်..

တကယ့်လို ကျွန်တော့်လိုအတွေးမျိုးခင်ဗျားတို့ဆီမယ်ရှိနေရင် နီးစပ်ရာမြောင်းထဲကိုသာလွှင့်ပစ်လိုက်ပါလို့အကြံပြုပါရစေ...ဒီကားက ခပ်ဆိုးဆိုးလူတွေ ဒိုင်ယာလော့ စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့တည်ဆောက်ထားတယ်….ဆဲဆိုတဲ့စကားလုံး၂၆၅ လုံးတောင်ပါသတဲ့…ပြီးတော့ ဒိုင်ယာလော့တွေက ဘာသာပြန်အတွက် အတော်လေးအခက်အခဲရှိခဲ့ပါတယ်.. တစ်ချို့စကားပြောတွေက အဆဲလေးနဲ့မှပိုရုပ်လုံးကြွတဲ့သဘောရှိပေမယ့် ချန်ထားတဲ့အဆဲစကားလုံအချို့ရှိပါတယ်...ဒီကားထဲကအဓိကသရုပ်ဆောင်တွေဖြစ်တဲ့ John Travolta, Uma Thurman, Samuel L. Jacksonနဲ့ Bruce Willis တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်..ဒီကားက ဒေါ်လာ ၈သန်းခန့်မျှသာကုန်ကျခဲ့ပြီး ၂၁၃သန်းကျော် ဝင်ငွေ ရရှိခဲ့ပါတယ်..အော်စကာဇာတ်ညွှန်းဆုလည်းရရှိခဲ့ပါတယ်…

ဒီကားကိုအညွှန်းမရေးတတ်သလို ရေးလည်းမရေးချင်ပါဘူး..ဘာလို့ဆိုကြည့်ရှုသူရဲ့ ခံစားဖြန့်ကျက်နိုင်မှုစွမ်းအားများလေ ရသမြောက်လေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ရဲ့ ခပ်ညံ့ညံ့အရေးအသားအောက်မှာ သေးနုတ်တဲ့ဘောင်ကျဉ်းတစ်ခုကွပ်လိုက်သလိုဖြစ်သွားမှာစိုးရိမ်တဲ့အတွက်ကြောင့်ပါ..

ကိုင်း……ခံစားကြည့်လိုက်ပါဦးလို့။
#uploadbyngenge


❗️❗️❗️❗️   Catch Me If You Can (2002)

IMDB ( 8.1)

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/845

Review

ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီးမင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်..မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်...။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထား တဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ် ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေ ပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက်အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကိုတာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty y Tom Hanks 3
သရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့အလေ့အထတွေကိုခံစားမိစေပါ တယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။

#uploadbyshoonshoon


❗️❗️❗️❗️❗️Goodfellas (1990)

IMDB ( 8.7 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/844

Review
------------

IMDb...8.7, Rotten....96%
IMDb ရဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၂၀) စာရင်းထဲမှာပါတယ်။ တကယ့်အဖြစ်မှန်ကို အခြေခံရိုက်ကူးထားပါတယ်။ ဒါရိုက်တာ Martin Scorsese ရဲ့ အကောင်းဆုံးလက်ရာထဲက တစ်ကားပါ။ အော်စကာ တစ်ဆုရရှိခဲ့ပြီး အခြားဆုပေါင်း (၄၄)ဆုလည်း ဆွတ်ခူးခဲ့ပါတယ်။ ဒီကားကို အညွှန်းမရေးပါရစေနဲ့.. ရေးဖို့လည်းမစွမ်းသာတဲ့ကားမို့ပါ။ ခံစားကြည့်လိုက်ပါဦးဗျို့..

#uploadbykevinaris


SORA Entertainment တွင် ကြည့်ရှုနိုင်သော နောက်ဆုံးထွက် ဇာတ်ကားများ စုစည်းမှု

မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုနိုင်ပါသည်

နိုင်ငံခြားဇာတ်ကားများ
https://t.me/soramovie1

သရဲကားများ
https://t.me/soramovie2

အိန္ဒိယ ဇာတ်ကားများ
https://t.me/soramovie3

Drama ဇာတ်ကားများ
https://t.me/soramovie4

ဟာသဇာတ်ကားများ
https://t.me/soramovie5

ကာတွန်းကားများ
https://t.me/soramovie6

မှုခင်းဇာတ်ကားများ
https://t.me/soramovie7

20 last posts shown.