❗️❗️❗️❗️❗️Se7en (1995)
IMDB ( 8.6 )
📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl
📱 ဇာတ်ကား Link
https://t.me/c/2274736087/862
Review
------------
IMDb 8.6/10 နဲ့ RT 80% ရထားခဲ့တဲ့ Se7en (1995)ဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားတွေထဲမှာ ဂန္တဝင်ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကို အညွှန်းရေးရင် ကျွန်တော် သတိအထားဆုံးအရာက Spoil လုပ်လိုက်မိမှာကိုပါ။ တချို့ဇာတ်ကားတွေမှာ ဒါက သိပ်မသိသာပေမယ့် အလှည့်အပြောင်းအဝေ့အဝိုက်များတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားတွေမှာ အရမ်းသိသာပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာဆို ပိုတောင်သိသာပါတယ်။ ဒါကြောင့်အညွှန်းကို သဘောလောက်ပဲ ရေးပေးပါရစေ။
ဇာတ်လမ်းကဒီလိုပါ... ဝီလီယမ် ဆမ်မာဆတ်(Morgan Freeman)ဟာ ရာဇဝတ်မှုတွေထူပြောတဲ့မြို့လေးတစ်မြို့က အမှုလိုက်အရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူ့လုပ်သက်တစ်လျှောက်လုံးမှာ တွေ့ကြုံခဲ့ရတဲ့ ရာဇဝတ်မှုတွေကြောင့် မြို့ကိုရော သူ့ရဲ့အလုပ်ကိုပါစိတ်ကုန်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူအနားယူဖို့ တစ်ပါတ်အလိုမှာ သူ့နေရာကို ဆက်လက်တာဝန်လွှဲပြောင်းယူရမယ့် ဒေးဗစ်မီလ် (Brad Pitt)ဆိုတဲ့ အမှုလိုက်အရာရှိ အသစ်တစ်ယောက် ရောက်လာခဲ့ပါတယ်။ မီလ် ကတော့ ဆမ်မာဆတ်နဲ့ ကွဲပြားစွာပဲ တာဝန်ထမ်းဆောင်ဖို့ အလွန်တက်ကြွနေပြီး ဒီမြို့ကလေးအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲကို ဖော်ဆောင်ပေးချင်နေတဲ့သူပါ။ မီလ်ဟာ လူငယ်လည်းဖြစ်တဲ့ အလျောက် စိတ်မြန်လက်မြန်ရှိပြီး ခေါင်းမာတဲ့သူတစ်ယာက်လည်းဖြစ်ပါတယ်။ မီလ်မှာ့ သူ့ကိုအရမ်းချစ်ပြီး နားလည်မှုလည်းရှိတဲ့ ချစ်စရာကောင်းတဲ့ ထရေစီ (Gwyneth Patrow)ဆိုတဲ့ ဇနီးတစ်ယောက်ရှိပါတယ်။ ထရေစီဟာ သူ့ခင်ပွန်းနဲ့ အတူတွဲပြီး အလုပ်လုပ်ရမယ့် ဆမ်မာဆတ်ကို ညစာဖိတ်ကျွေးရင်း သူတို့တွေ ရင်းနှီးခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ဆမ်မာဆတ်နဲ့မီလ်ဟာ အတူတွဲပြီး အလွန်ရက်စက်ပြီး ထူးဆန်းတဲ့လူသတ်မှုတစ်ခုကို စုံစမ်းဖို့ဖြစ်လာပါတယ်။ အဲဒီအမှုကို စုံစမ်းထောက်လှမ်းရင်းနဲ့ဆမ်မာဆတ်နဲ့ မီလ်တို့နှစ်ယောက် ဘယ်လိုအဖြစ်အပျက်တွေနဲ့ ဆက်လက်ကြုံတွေ့ပြီး ဘယ်လိုဖြစ်ပျက်ကြမယ်ဆိုတာကိုတော့...ဇာတ်ကားကိုသာဆက်လက်ကြည့်ရှု ခံစားလှည့်ကြပါလို့ပြောပါရစေ။
#uploadbykevinaris