YBSကဒ်စက်များဖြတ်တောက်ထားသည့်ယာဉ်မောင်များကိုYBSယာဥ်မောင်းခွင့်ပိတ်သိမ်းခွင့်အထိအရေးယူသွားမည်
NOM၊ဒီဇင်ဘာ၁၉၊၂၀၂၄
ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲလျက်ရှိသည့်YBSယာဉ်များစီးနင်းရာတွင်ခရီးသွားပြည်သူများအဆင်ပြေစွာဆောင်ရွက်ထားသည့်YBSကဒ်စက်များဖြတ်တောက်ထားသည့်ယာဉ်မောင်းများကိုYBSမောင်းခွင့်ပိတ်သိမ်းခွင့်အထိအရေးယူသွားမည်ဖြစ်ကြောင်းယနေ့မွန်းလွဲပိုင်းကပြုလုပ်သည့်စာနယ်ဇင်းရှင်းလင်းပွဲတွင်ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှတွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။
"ကညနကယာဥ်မောင်းလိုင်စင်ကိုပြောတာမဟုတ်ပါဘူး။YRTCကထုတ်ပေးထားတဲ့YBSစမက်ကဒ်လိုင်စင်ပိတ်သိမ်းမှာပါ၊ဒါ့ကြောင့်ybsယာဉ်တွေမှာမောင်းလို့မရပါဘူး။ကညနကထုတ်ပေးတဲ့လိုင်စင်တော့ဘယ်မှာဘဲမောင်းမောင်းရပါတယ်"ဟုတွဲဖက်အတွင်းရေးမှူးကဆက်လက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲလျက်ရှိသည့်YBSယာဉ်စီးရေ၃၉၅၁စီးရှိသည့်အနက်YBSကဒ်ဖြင့်သုံးစွဲစီးနင်းသူခရီးသည်တစ်သိန်းခွဲခန့်ရှိကြောင်းသိရသည်။