“စစ်မှုထမ်းဆင့်ခေါ်ရင်သွားမယ်… တိုက်ပွဲနယ်မြေရောက်ရင် လွတ်မြောက်အောင် နီးစပ်ရာ လက်နက်ကိုင်အဖွဲ့တွေဆီ သေနတ်နဲ့တော်ခိုမယ်...” ဆိုတာနဲ့ ဘဝပြီးသွားပြီလား...
===========================
လက်ရှိဒီကိစ္စတွေကို တစ်ဖက်အကြမ်းဖက်အားပေးမီဒီယာတွေ အသားပေးဖော်ပြ လာတာတွေကို အားလုံးပဲသိကြမှာပါ။ သူတို့ရဲ့အဓိက ရည်ရွယ်ချက်က ထောက်ပံ့မှုတွေနဲ့ တောခိုမှုနည်းပါးလာတဲ့အတွက် နိုင်ငံရေးအသိဉာဏ်နည်းပါးတဲ့ လူငယ်တွေကို သူတို့ဆီရောက်လာအောင် သူတို့ဆီရောက်သွားတဲ့ လူအနည်းစုပုံတွေပြပြီး ဝါဒဖြန့်လှုံ့ဆော်နေတာပါ။ ရောက်သွားတဲ့သူတွေ နိုင်ငံရေးအကြောင်း ဘယ်လောက်သိလဲ မေးကြည့် ဘာမှသိတဲ့လူငယ်တွေမဟုတ်ဘူး၊ နယ်စပ်လိုနေရာကို ဘဝရဲ့လွတ်မြောက်နယ်မြေလို့ထင်ပြီး ကိုယ့်ဘဝ ကိုယ်ဆုံးအောင် ဖန်တီးသွားကြတာ။
ယုံကြည်မှုတစ်ခုကြောင့် နိုင်ငံနယ်စပ်ရောက်နေတဲ့သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ နယ်စပ်ထိန်းချုပ်မှုတွေ လုပ်နေတာကြောင့် ဒုတိယနိုင်ငံ၊ တတိယနိုင်ငံတွေကိုပြေးဖို့ လမ်းပေါက်ပိတ်နေတာသိတယ်၊ သူတို့ပြေးနေကြနိုင်ငံတွေမှာ တရားမဝင်နေထိုင်သူတွေနဲ့ နိုင်ငံရေးခိုလှုံသူတွေကို ဖမ်းဆီးပြန်ပို့လုပ်နေတာတွေကို သိတယ်၊ သူတို့ရဲ့တော်လှန်ရေး အောင်မြင်မှ တပ်မတော်မရှိမှ သူတို့ပြည်တွင်းကို အေးအေးဆေးဆေး ပြန်ဝင်လာလို့ရမှာကြောင့် လူငယ်တွေကို နယ်စပ်မှာဘဝဆုံးခိုင်းပြီး သူတို့တွေရဲ့ဘဝတွေ ဆက်လက်ရှင်သန်အောင် အသေခံခိုင်းဖို့ နည်းလမ်းပေါင်းစုံနဲ့ စည်းရုံးလှုံ့ဆော် ဝါဒဖြန့်နေတာပါ။ လိုင်းပေါ်မှာ လုပ်ဟ၊ တိုက်ဟ ဆိုပြီး မြောက်ပေးနေတဲ့သူတွေကြည့်လိုက် ပြည်ပကနေ သူတို့မိသားစုတွေဘဝ ထိခိုက်မခံဘဲ ပြည်တွင်းနေ လူငယ်တွေကို ထိုးကျွေးနေတဲ့ သူတွေကြီးပဲ။ ရခိုင်မှာပဲကြည့်၊ ရခိုင်မှာ တစ်နေရာမှ အင်တာနက်လိုင်းမရဘူး၊ သတင်းတင်တဲ့သူတွေက Star Link ရှိတဲ့ AA က ကောင်တွေဆီကနေ သတင်းယူပြီး သောင်းကျန်းသူအလိုကျသတင်းတင်တယ်၊ အားပေး ထောက်ခံမြှောက်ပေးတဲ့သူတွေက ပြည်တွင်းနဲ့ ပြည်ပကနေ ထောက်ခံအားပေး မြောက်ပေးကြတယ်၊ တကယ်ခံရတာက ဒေသနေ ဘုမသိ၊ ဘမသိ ဒေသခံတွေ။
သူတို့ရဲ့တော်လှန်ရေးကာလကြာလာတဲ့အမျှ ထောက်ပံ့မှုတွေ နည်းလာတာနဲ့ တောခိုလူငယ်တွေ တိုက်ပွဲတွေကြားမှာ သေကုန်၊ ပြတ်ကုန်တာကြောင့် လူငယ်တွေသူတို့ဆီလာဖို့ လူတွေခေါ်နေတာတွေ၊ မရှိ/ရှိတာ ထုတ်ရောင်းပြီး အချင်းချင်းထောက်ပံ့နေကြရတာတွေ၊ သူတို့ကို ထောက်ပံ့နေကြနိုင်ငံကြီးတွေ ထောက်ပံ့မှု မရှိတော့တာနဲ့ လက်ရှိတည်ဆဲအစိုးရရဲ့ နိုင်ငံရေးအခင်းအကျင်းတိုးတက်လာတာ အားလုံးမြင်ကြမှာပါ။
ဒရုန်းကြောင့် နိုင်ပွဲတွေဆက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ထက် တပ်မတော်က ဒရုန်းဘက်မှာ အရေးသာလာလို့ လက်ရှိကာလ နေရာအနှံ့အပြားမှာ ပြန်လည်ရှုံးနိမ့်လာတာ၊ သူတို့သိမ်းထားတဲ့နေရာတွေကို တစ်နေရာပြီး တစ်နေရာ ပြန်ယူလာတာ၊ အထိအခိုက်အကျဆုံးများလာတာတွေလည်း နေ့စဉ်ဆက်တိုက် တွေ့မြင်ကြရမှာပါ။ နည်းပညာစစ်ပွဲဆိုတာ နိုင်လည်းခဏပဲ၊ နည်းပညာနဲ့ ငွေကြေးတတ်နိုင်တဲ့သူက တစ်ချိန်မှာ ပြန်ရမှာပါပဲ။ တိုက်ပွဲနိုင်တာထက် ရေရှည်စစ်ပွဲမှာက လူ/လက်နက်/ခဲယမ်း/နိုင်ငံတကာ ထောက်ခံ၊ အားပေးမှုတွေပါမှ နယ်မြေတစ်ခုကို ကောင်းကောင်းထိန်ချုပ်နိုင်တာကြောင့် ဘယ်အဖွဲ့အစည်းက အချိန်တစ်ခုရောက်ရင် နိုင်နိုင်မလဲဆိုတာ တွေးလို့ရတယ်။ ဒါကိုသူတို့ဆီရောက်သွားတဲ့သူတွေ မသိကြဘူး၊ သူတို့သိတာက မေမေနိုင်ရင် “အူလို့ရပြီ”ဆိုတာလောက်ပဲ အသိရှိတဲ့သူတွေ။ ဒါကြောင့်လည်း သောင်ကျန်းသူတွေရှိတဲ့ နယ်စပ်မှာ ၈၈ တောခိုကျောင်းသားတွေလို ဘဝဆုံးဖို့ ပူးပေါင်းသွားကြတာ။
ဒီမိုကရေစီနိုင်ငံတွေမှာ စစ်မှုမထမ်း မနေရတာ သဘာဝပဲ။ ပြည်သူစစ်မှုထမ်းကာက အများဆုံး ၅ နှစ်။ ဒီတာဝန်တွေထမ်းဆောင်ပြီးရင် နိုင်ငံတွင်းမှာတင်မဟုတ်ဘူး တစ်ကမ္ဘာလုံး လွတ်လပ်စွာသွားလာ လုပ်ကိုင်စားသောက်လို့ရတယ်။ ဒီကာလတစ်ခုလေးပဲ ကံနဲ့ ဉာဏ်နဲ့ သုံးပြီး အသက်ရှင်ရပ်တည်ရေးအတွက် နေထိုင်သွားလာရမှာ။
အားလုံးမြင်သာအောင် တစ်ခုပဲ မေးချင်တယ်။
နှစ်ပေါင်း ၇၀ ကျော်တိုက်နေတဲ့ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့တွေ တစ်နိုင်ငံလုံးပြတ်အောင် တိုက်လို့ရခဲ့လား... ?
တပ်က တိုက်ပွဲထဲကို ဘာစစ်ပညာမှမသင်ပေးဘဲ တိုက်ခိုင်းနေတာ မဟုတ်ဘူး။ စနစ်တကျ လက်တွေ့ သင်ကြားပြသပြီးမှ တိုက်ခိုင်းတာပါ။ သေနတ်ကိုင်အချင်းချင်းတိုက်နေတဲ့အချိန်မှာ လက်နက်၊ နည်းပညာ၊ ထောက်ပံ့မှု အပြည်အဝရှိနေတဲ့ဘက်က တိုက်မလား.. ဘာမှပြည့်စုံမှုမရှိတဲ့ဘက်ကနေ ပြန်တိုက်မလား... မိမိဘဝကို မိသားစုနဲ့ဝေးရာ နယ်စပ်မှာ ကုန်ဆုံးမလား... ဆိုတာကတော့ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ ကိုယ်ပိုင်တွေးခေါ်မှုနဲ့ပဲဆိုင်ပါတယ်။
#MinChitOo
https://t.me/minchitoo989989