Forward from: Min Chit Oo
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၀ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)
အမ်း-ပဒါန်းလမ်းပေါ်ရှိ ပက်ကွေ့နှင့် ဆင်ခုံတိုင်ရွာအကြား နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းမှ နယ်မြေရှင်းလင်းစဉ် နေ့လည် ၁၁ နာရီခန့်၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နေ့လည် ၁ နာရီခန့်တွင် သောင်းကျန်းသူများအား ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ကြောင်း၊ နံနက် ၅ နာရီခွဲခန့်က တိုင်းရုံးရှိ ရေစင်ကုန်း၊ အထက ၂ အနီးရှိ ကာကင်းနေရာများနှင့် တိုင်းရုံး/ ရုံးကာကင်း နေရာများအား AA သောင်းကျန်းသူများမှ တပြိုင်နက်လာရောက်တိုက်ခိုက်ခဲ့သဖြင့် ညပိုင်းအချိန်ထိ နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သောကြောင့် လက်ရှိအချိန်၌ သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။
(တောင်ကုတ်)
၎င်းအပြင် နံနက် ၆ နာရီခွဲအချိန်ခန့်က ဆက်သွယ်ရေးတပ်ခွဲအရှေ့ဘက်ရှိ တာဝါတိုင်ကုန်းအား လာရောက်တိုက်ခိုက်ခဲ့သဖြင့် ည ၇ နာရီအချိန်ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တား နိုင်ခဲ့ကြောင်း၊ ညနေ ၆ နာရီခွဲအချိန်ခန့်က ၃၄၆ တပ်ဗဟိုကင်း၊ ကာကင်းနေရာများ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ ဖြစ်ပွားနေကြောင်း၊ နံနက် ၁၀ နာရီခန့်က ဆက်သွယ်ရေးတပ်ခွဲ ကာကင်းများအား AA သောင်းကျန်းသူများမှ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား လက်နက်ကြီး/drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် တပ်စစ်ကြောင်းမှ စကခ ၅ အနောက်ဘက် မီတာ ၁၁၀၀ ခန့်အကွာ အထက ၃ အနီး ရှင်းလင်းခဲ့ရာ အမ် ၂၂ - ၁ လက်နှင့် ကျည်အိမ် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
(စစ်တွေ)
နံနက်ပိုင်း ၈ နာရီအချိန်ခန့်က စစ်တွေမြို့အရှေ့မြောက်ဘက် တောကန်စခန်းအား သောင်းကျန်းသူများမှ ချောင်းတစ်ဖက်ကမ်းမှနေ၍ လက်နက်ငယ်များဖြင့် လာရောက် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ မိနစ်(၂၀) ခန့်ဖြစ်ပွားကြောင်း သိရှိရသည်။
ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၅)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၃၉)ရက် ရှိလာပြီဖြစ်သည်။
#MinChitOo
https://t.me/minchitoo989989/42651