Фильтр публикаций


Репост из: Kyaw Swar
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ၁ဝ၂ဝ နာရီတွင် တောင်တွင်းကြီးမြို့နယ်၊ ဂွေးပင်ရိုးရွာ ပြောင်းခင်း အနီးတွင်အကြမ်းဖက်အဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်၍ လခရအဖွဲ့မှ ပစ်ခတ်ချေမှုန်းခဲ့၊

တိုက်ပွဲတွင်
အကြမ်းဖက် PDF ရင်း ၁ မှ အရခဗ အဆင့်ရှိ မြတ်သူ အပါ အလောင်း ၄ လောင်း၊ လက်ပစ် ဗုံး ၂လုံး၊ ၇.၆၂ AK ကျည် ၈၁တောင့် သိမ်းဆည်းရမိခဲ့ကြောင်းသတင်းရရှိပါသည်။

Kyaw Swar

https://t.me/kyawswar49111


Репост из: Kyaw Swar
Видео недоступно для предпросмотра
Смотреть в Telegram
ရုပ်/သံ ဖိုင်မှ နားထောင်ချင်သူများအတွက်


https://t.me/kyawswar49111




Видео недоступно для предпросмотра
Смотреть в Telegram
ဒီမိုကရေစီအထိမ်းအမှတ်နေ့မှာချီတက်နေသော ကနေဒါနိုင်ငံမှ စစ်ရေးပြအဖွဲ့များ

စစ်ရေးပြအသစ်တွေတွေ့လို့ထင်တယ် ဘေးနားကစစ်ပြန်ကြီးတွေတောင် ဘာလုပ်ရမှန်းမသိဖြစ်နေတာတွေ့ရ။

KT




မင်္ဂလာနံနက်ခင်းပါ🙏🙏🙏


သတင်းမှားကြီးပါ

ခွေးဟောင်တိုင်းထမကြည့်ချင်ပေမယ့် အမှားများရင်အမှန်ထင်မစိုးလို့ပြောရဦးမယ်၊ ယုံလွယ်တဲ့ ကိုတွေလူမျိုးထဲမှာ ပူးသတ်ဂျင်းကောင်တွေက လုပ်စားဖို့ ဂွင်ဖြစ်နေတာ။

KT


အိမ်ရှင်
======
တဆယ်နှစ်ဆယ့်ခွန် ခေါင်းစဉ်တပ်ပြီး နယ်မြေချဲ့ထွင်လာတဲ့ EAO သော/င်းကျ/န်းသူတွေဟာ နယ်မြေအချို့ကို သိမ်းယူခဲ့ပြီး ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရိုးရာယဉ်ကျေးမှု စတဲ့အဖက်ဖက်က ဆုံးရှုံးခဲ့ကြရပါတယ်။

တင်ပြပါဒေသတွေမှာတော့ အဓိကဆုံးရှုံးခဲ့ရတာကတော့ ဒေသခံတိုင်းရင်းသား ကလေးငယ်များ၏ပညာရေးနှင့် ဒေသတွင်းနယ်မြေစီးပွားရေးတွေဖြစ်ပါတယ်။ အချိန်ကာလ ကြာမြင့်လာတာနှင့်အမျှ ဆုံးရှုံးမှုတွေပိုမိုကြီးမားလာလေဖြစ်ပါတယ်။ ဒါတင်ပဲလား? ဘယ်ဟုတ်မလဲဗျာ သော/င်းကျ/န်းသူတွေရဲ့ လူသစ်စုဆောင်းမှုကလည်း ဒေသခံတွေကို တိုက်ရိုက်ထိခိုက်ပြန်ပါတယ်။ ဥပမာအားဖြင့် တောင်ခမ်းနယ်မြေမှာ အလင်းဝင်လာတဲ့ TNLA တစ်ဦးရဲ့ ထွက်ဆိုချက်မှာတော့ အဆိုပါ လူငယ်သည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး နမ့်စန်မြို့ရှိမိဘနှစ်ဦးအား ထိန်းသိမ်းပြီး နိုင်ငံရပ်ခြားမှာ ပြန်လည်ခေါ်ယူကာ ၎င်း၏ဆန္ဒမပါဘဲ စ/စ်/မှုထမ်းစေတယ်လို့ စစ်ဆေးတွေ့ရှိရပါတယ်။

ဒီတော့ ဒေသခံတွေဘာကိုမျှော်လင့်နေကြလဲ? ဘယ်လိုဖြစ်တည်မှုကို တောင့်တနေကြလဲ? ရှင်းရှင်းလေးပါပဲ မြန်မာနိုင်ငံသည် တိုင်းရင်းသား (၁၃၅) မျိုးနှင့် ဖွဲ့စည်းပူးပေါင်းတည်ထောင်ထားပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်တာကြောင့် အိမ်ရှင်ဖြစ်တဲ့ တပ်မတော်ကိုပဲ ပြန်လည်မျှော်လင့်နေကြတာဖြစ်ပါတယ်။ ကျနော်ပြောတာဟုတ်လား? မဟုတ်လား? ဆိုတာ လားရှိုးမြို့က စစ်ဘေးရှောင်ပြည်သူတွေကိုမေးကြည့်လိုက်ပါ လားရှိုးမြို့ကို တပ်မတော်က ပြန်လည်စိုးမိုးနိုင်မှသာ လားရှိုးမြို့ကို ပြန်လည် နေထိုင်ကြမယ်လို့ဆိုပါတယ်။ ဒါလားရှိုးတစ်မြို့တည်းက ပြည်သူတိုင်းတင်မကဘူးနော် တခြား စစ်ဘေးရှောင် နေရပ်စွန့်ခွာသူအားလုံးရဲ့ ပြောကြားချက်တွေပါပဲ။

ရှောင်လွှဲလို့မရတဲ့ Universal truth အရကတော့ အိမ်ရှင်ပြန်လာရင်တော့ အိမ်ငှားဖြစ်စေ ကျူးကျော်ဖြစ်စေ စေတနာရှိလို့ဖြစ်စေ စေတနာမရှိလို့ဖြစ်စေ ပိုင်ဆိုင်မှုအရကတော့ အရာရာပြန်လည်အပ်နှင်းရမှာပါပဲ။ စီးပွားရေးအမြင်အရပြောရရင်တော့ အိမ်ရှင်ဖယ်ခိုင်တုန်းဖယ်ပေးရင် နစ်နာကြေး/ သနားညှာတာကြေး/လျော်ကြေးရမယ်ပေါ့ဗျာ။ တရားဥပဒေအရ အခြေအနေကျမှ ဖယ်ပေးမယ်ဆိုရင်တော့ နေစရာလည်းပျောက်မယ် ထောင်ထမင်းထောင်ဟင်းစားရမယ် ရစရာဗလာနတ္တိနဲ့ အောင်ဖေညောင်းရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အိမ်ရှင်ဆိုတာ အိမ်ရှင်ပါပဲ အချိန်တန်ရင် အိမ်ရှင်သာပိုင်ဆိုင်မှုရသွားမှာပါ။

ဆောင်းပါးရှင် AKM

KT


Репост из: Min Chit Oo
ကြီးအာပလာဆိုတဲ့ စစ်ပြေးကောင် သူ့ဆီဆက်သွယ်သတင်းပို့တဲ့သူတွေရဲ့ ဖုန်းအချက်အလက်တွေ ရန်သူဆီရောင်းစားပြီး၊ ရန်သူနဲ့ပေါင်းငွေညှစ်နေပြီ
============

မောင်တောဘက်က ပျောက်ဆုံး/ကျဆုံးကိစ္စတွေကနေစပြီး ရခိုင်တခွင်လုံးက သတင်းတွေ ကျနော်ဆီလာမေးကြတယ်၊ အဲ့ဒီအချိန် “တခြားဘယ်သူတွေဆီမေးထားသေးလဲ” လို့ ကျနော် ပြန်ပြန်မေးကြည့်တယ်၊ ကြီးအာပလာ ဆိုတဲ့ကောင်ကိုသွားမေးထားတယ်လို့ ပြောတဲ့သူတွေရှိတယ်။ သူ့ဆီမေးလိုက်ပြီဆိုတာနဲ့ သူကချန်နယ်မှာတင်ပြီး သူစိတ်ထင်ရာ လျှောက်ရေးရော၊ နောက်ပြီး သူဆက်သွယ်ပေးမယ် ဖုန်းနံပတ်ထားခဲ့ဆိုပြီး ဖုန်းနံပတ်တောင်းတယ်၊ တပ်ရဲ့အခြေအနေတွေ၊ အင်အားတွေ ကိုယ်တွေနေတဲ့နေရာတွေ မေးတယ်၊ သူဆီပေးလိုက်တဲ့ အချက်အလက်တွေက စစ်ပြေး CDM လောက်ကောင်တွေနဲ့ တစ်ဖက်မီဒီယာတွေရဲ့ သတင်းထုတ်ပြန်တဲ့အချိန်မှာ ထိုအချက်အလက်တွေပါလာရော၊

အခုနောက်ဆုံးပြောပြလာတဲ့ ရဲမေတစ်ယောက်ဆိုရင် သူ့ဆီပေးလိုက်တဲ့ဖုန်းနံပတ်ကို သူ့ယောက်ျားတိုက်ပွဲဖြစ်တဲ့နေရာမှာရှိနေတဲ့ AA အဖွဲ့တွေကို ပေးခြင်းခံရတယ်၊ အေအေက ကောင်က အင်တာနက်ကနေတဆင့် နင့်ယောက်ျားနဲ့တွေချင်လား တွေ့ချင်ရင် ကိုယ်လုံးတီးရိုက်ပြီးပို့ ဆိုပြီး ဆက်သွယ်လာတယ်၊ ရဲမေက ဘာမှပြန်မပြောတော့ သိန်း(၁၀၀)ပေး မပေးရင် လင်ကိုသတ်မယ်ဆိုပြီး ထပ်ပြောလာရော၊ သိန်း (၁၀၀)များတယ်လို့ ပြောတော့ ချိတ်ပေးတဲ့သူကိုလည်း တစ်ဝက်ပေးရတာမို့ဆိုပြီး ပြောလာတယ်၊ ဒီအချက်ကိုကြည့်ရင် ဘယ်လောက်အောက်တန်းကျစွာ လုပ်နေလည်း ဆိုတာ တွေ့ရပါလိမ့်မယ်

သူ့ချန်နယ်ကကတစ်ယောက်တည်းမဟုတ်ဘူး စစ်ပြေးတွေအဖွဲ့လိုက်လုပ်နေတာ၊ အင်တာနက်ကနေ နည်းလမ်းပေါင်းစုံနဲ့ တပ်မတော်သားတွေ၊ မိသားစုဝင်တွေဆီက သတင်းလိုက်နှိုက်တယ်၊ RIP ပို့တွေတက်လာရင် အကောင့်ထဲမှာရှိတဲ့ ပုံတွေယူပြီး ခေတ်သစ်တို့၊ မဇ္ဇိမတို့ကိုရောင်းစားတယ်၊ သောင်းကျန်းသူ လာတိုက်နေပြီဆိုတဲ့ သတင်းရရင် “ကျတော့မယ်၊ ဘယ်တော့ပြေးရပါတော့မယ်”ဆိုပြီး ကိုယ့်ဘက်ကလူတွေ စိတ်ဓာတ်ကျအောင် ထတင်တယ်။ သောင်းကျန်းသူအားပေးမီဒီယာတွေတင်တဲ့ သတင်းကို ကိုယ့်ဘက်ကလူတွေမဖတ်လို့ ထိုသတင်းတွေထဲမှာပါတဲ့ အချက်အလက်တွေကို ဟိုက်လိုက်ထားရေးတင်တယ်၊ သူတင်တာတွေဟာအမှန်ပါ ဆိုပြီး လူတွေယုံကြည်လာအောင် တပ်ဘက်က သတင်းမှန်တင်နေတဲ့သူတွေကို နည်းလမ်းပေါင်းစုံနဲ့ လိုက်ဘလိန်းတယ်၊ သောင်းကျန်းသူစခန်းဗုံးကြဲတာ၊ သောင်းကျန်းသူဆီက အလောင်း/လက်နက်တွေရတာ၊ ကိုယ်ဘက်က စခန်းတွေရတာတွေဆိုရင် မဟုတ်ပါဘူးလို့ ဘူးခံငြင်းပြီး ရန်သူ့အကြိုက် ရေးသားတယ်၊ ဓာတ်ပုံ/ဗွီဒီရို မှတ်တမ်းနဲ့ အတိအကျတင်ရင်တောင် ဖြတ်ညှပ်ကပ်လုပ်တယ်ဆိုပြီး ဝင်ဘလိန်းသေးတာ။ တပ်မတော်အောင်မြင်မှုတွေပြန်ရတာတွေရှိရင်တောင် မရေးတာဆိုတည်းက သဘောပေါက်တော့။ သူတင်တာတွေ တောက်လျှောက်ဖတ်ကြည့် သောင်းကျန်းသူအားပေး မီဒီယာနဲ့ စစ်ပြေးချန်နယ်/အကောင့်တွေက တင်တဲ့သတင်းတွေကြီးပဲ၊ တပ်က အောင်မြင်မှုရတာတွေ တစ်ခုမှမရေးဘူး၊ ရေးတဲ့သူတွေကိုတောင် နာမည်းမျိုးစုံနဲ့ နာမည်ဖျက် သက္ခာလိုက်ချနေသေးတယ်။

ချန်နယ်နာမည်ကိုက “ကြီးအာပလာ(KAPL)” ရေးထားတယ်။ သူရေးချင်တာက “ကြည်းအာပလာ”ဆိုတာလို့ ကျနော်ရေးလည်း ရေးလိုက်ရော K ဆိုတာ သူမတော်လိုက်ရတဲ့ “ဖခင်ဗိုလ်ချုပ်မှူးကြီး”ကို ရေးတာပါဆိုပြီး ဝင်ခံသွားတယ်။ သူပြောချင်တာက “ဗိုလ်ချုပ်မှူးကြီးအာပလာ” ဆိုတာပဲ၊ အခုနောက်ဆုံး ရခိုင်ကနေ စစ်သည်လစာတွေ၊ စစ်ဆင်ရေးနေ့တွက်စာရိတ်တွေခိုးပြီး ပြေးသွားတဲ့ စစ်ပြေးဇင်ယော်ဒီနေ့တင်ထားတဲ့သတင်းနဲ့ မနေ့က သူတင်ပြီး ဖျက်ချသွားတဲ့သတင်းကို ကြည့်ကြည့် တစ်ပုံစံတည်း…. သူတင်တဲ့သတင်းတွေကြည့်လိုက် သတင်းတွေကို ကြိုတင်စုဆောင်းပြီး ဆိုက်ဝါးထည့် ကြိုရေးပြီး ၂ မိနစ်ခြားဆီတင်တင်သွားတာ တွေ့ရတယ်၊ ဒါကဘာလည်းဆိုတော့ နေ့ရာစုံကနေသတင်းနှိုက်နေတဲ့ စစ်ပြေးတွေရဲ့ သတင်းတွေစုဆောင်းပြီး ဝုန်းဆို တင်တဲ့သဘော…. သက်ဆိုင်ရာသောင်းကျန်းသူတွေရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ မပါတဲ့တပ်တွေတောင် သူက “ကျပြီ၊ အကုန်ပြေးကုန်ပြီ” လို့လုပ်ကြံရေးသားနေတည်းက သူ့ရဲ့ရဉ်ရွယ်ချက်ကို သဘောပေါက်သင့်တယ်။

တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်တွေနဲ့ ထောက်ခံသူများအနေဖြင့် မိမိရဲသတင်းတွေ ရန်သူ့ဆီမပေါက်ကြားအောင် ကိုယ်ပြောဆိုတဲ့သူတွေက စိတ်ချရတဲ့သူတွေလားဆိုတာကို သေချာလေးစိစစ်စေချင်ပါတယ်၊ တပ်သတင်းတင်တိုင်း တပ်ကလို့ မထင်ပါနဲ့၊ စစ်ပြေးလုပ် သောင်းကျန်းသူနဲ့ပူးပေါင်းပြီး ၎င်းတို့ အသက်ရှင်ရပ်တည်နေထိုင်ရေးအတွက် ကိုယ်တွေရဲ့လူတွေဆီကနေ နည်းလမ်းပေါင်းစုံနဲ့ သတင်းနှိုက် ရောင်းစားနေတာတွေ ရှိနေပါတယ်။ ကိုယ့်ရဲနှုတ်မစောင့်စည်းမှုကြောင့် ကိုယ့်ခင်ပွန်းအပါဝင် တိုက်ပွဲဝင်နေသူတွေ ဒုက္ခမရောက်စေပါနဲ့။ မိမိအကောင့်ထဲကလူတွေကို သေချာလေးပြန်စစ်ပါ။ Join ထား၊ ပြောထားတဲ့ ချန်နယ်တွေကို သေချာလေးပြန်စစ်ဆေးဖို့ လိုတယ်လို့ အသိပေးတိုက်တွန်းပါရစေ။
#MinChitOo
https://t.me/minchitoo989989/41897


Репост из: မှိုင်းဝေ
ဒီသတင်းက သောက်တလွဲသတင်းပါ။
ဘာဖြစ်စဥ်မှကို မရှိတာ။

ဒီမေဘေးက ဗိုက်ထဲလျော့ပြီးတာပဲဆိုပြီး
ပေါက်ပန်းလေးလျောက်တင်နေတာ။

ပူးသတ်ဆိုတာ ဒီလိုကောင်တွေကိုပြောတာ။
အောက်တန်းစားရဲ့ သတင်းတွေကို ယုံလိုက်မယ်ဆိုရင် ကိုယ်ပါ အောက်တန်းစား၀င်ဖြစ်သွားမယ်။

ဒီကောင့်ရဲ့ Wavepay တွေရော
အချိတ်ဆက်ရှိတဲ့ သူတွေရော ပေးထားပြီးပြီးဗျာ။

ကျနော်လုပ်နိုင်သလောက် လုပ်ပေးပြီးပြီ။


ဖမ်းနိုင်သူတွေ ဒီအောက်တန်းစားကောင်ကို မြန်မြန် ဖမ်းလိုက်ကြတော့ဗျာ။

မှိုင်းဝေ


Репост из: တိုက်ပွဲသတင်းစုံ
Видео недоступно для предпросмотра
Смотреть в Telegram
နောင်ချိုမြို့နယ် နားခေါ်ရွာအနီး အကြမ်းဖက် TNLA အဖွဲ့ရဲ့ Drone Guard တင်လာသည့်ယာဉ်အား တပ်မတော် Drone တပ်ဖွဲ့မှ ချေမှုန်းဖျက်ဆီး။

တပ်မတော် ဒရုန်းတပ်ဖွဲ့ကတော့ ဒီရက်ပိုင်း ခပ်စိပ်စိပ်ကြိတ်နေပြီ။


တိုက်ပွဲသတင်းစုံ




နှစ်ပေါင်းရာချီမကြာသေးပါ

အမေရိကန် အစိုးရက အီရတ်စစ်ပွဲအတွင်းငှားရမ်းအသုံးပြုခဲ့တဲ့စစ်ရေးဆိုင်ရာကြေးစားလုံခြုံရေးနည်းပညာကုမ္ပဏီ CACI Premier Technology အနေနဲ့ အီရတ်အကျဉ်းထောင်တစ်ခု( Abu Ghraib အကျဉ်းထောင်အတွင်း) အီရတ်နိုင်ငံသားများကို ညှဉ်းပန်းနှိပ်စက်ရာမှာ နာကျဉ်မှုတာရှည်စွာခံစားရအောင်နည်းပညာနဲ့လုပ်ပေးခဲ့တာ ပြစ်မှုထင်ရှားကြောင်း ဗာဂျီးနီးယား ဂျူရီ များကဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ပွဲနာမည်က အီရတ်လွတ်မြောက်ရေးစစ်ပွဲ (Iraqi Freedom)ဆိုပဲ

KT


Репост из: News Headlines Today
လက်ဝှေ့ပွဲကောင်း🤼

အမေရိကန်ဒေသစံတော်ချိန် သောကြာနေ့ညပိုင်းမှာ နာမည်ကျော်လက်ဝှေ့သမား မိုက်တိုင်ဆန်နဲ့ ကြေးစားလက်ဝှေ့သမားလည်းဖြစ်၊ သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့အပြင် ၊ နာမည်ကျော် YouTuber လည်းဖြစ်တဲ့ ဂျိတ်ပေါလ် Jake Paul တို့ရဲ့ ပွဲကောင်းတစ်ပွဲကတော့ပြီးသွားပြီဖြစ်ပါတယ်။

၈ ချီစိန်ခေါ်ပွဲဖြစ်လို့ အသက် ၅၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မိုက်တိုင်စန် အတွက် အချီပြည့်ထိုးနိုင်ဖို့ ပရိတ်သတ်များက စိုးရိမ်မကင်းဖြစ်ခဲ့ကြပါသေးတယ်။

အသက် ၂၇ နှစ်အရွယ်ပြိုင်ဖက် ဖြစ်သူဂျိတ်ပေါလ် Jake Paul ရဲ့ ၂ ချီ၊ ၃ချီ မြောက်ကနေ ၅ ချီနဲ့ ၈ ချီတို့မှာ ဘယ်ဝိုက်၊ညာဝိုက်တွဲလုံးများကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပါတယ်၊ ပွဲပြီးခါနီး အသက်ငယ်တဲ့ ဂျိတ်ပေါလ် Jake Paul က ယှဉ်ပြိုနေစဉ်မှာပဲ အရိုအသေပေး ခဲ့တာကိုတွေ့ရလို့ အားလုံးကျေနပ်ခဲ့ကြတာလည်းတွေ့ရပါတယ်။

နောက်ဆုံး ကိုယ်အလေးချိန် ချိန်တဲ့နေ့က တိုင်စန်က ပါးပိတ်ချ လိုက်လို့ ပွဲဆူသွားခဲ့ပေမယ့် ဂျိတ်အနိုင်ရသွားတော့ လူတွေရဲ့အမြင်ကတစ်မျိုးပြောင်းသွားနိုင်ပါတယ်၊ Follower သန်း ၂၀ ကျော်ရှိတဲ့ Youtuber တစ်ယောက်လည်းဖြစ် Netflix မှာလည်းမှတ်တမ်းရုပ်ရှင်ရိုက်ထားတဲ့ ဂျိတ်ပေါလ် နဲ့ ဝါရင့် မိုက်တို့ ကများ တမင်လုပ်လေသလားပေါ့...

သတင်းများဖတ်ရှုရန် Click here 👇🏿

နိုင်ငံတကာထူးခြားသတင်းများ


YouTube မှာ followers သန်း ၂၀ ကျော်ရှိတယ်ဆိုလို့ကြည့်လိုက်တာ Instagram မှာ followers ၂၇ သန်း၊ TikTok မှာ ၁၈ သန်းကျော်၊ Twitter X မှာ ၅ သန်းနီးပါး တဲ့။ ခုပွဲနိုင်လိုက်တော့ဆက်တက်နေဦးမှာ..
အနူဂျီးတို့ သူခိုးမတို့သာ ဆို အလှူခံစားလို့ကောင်းလိုက်မယ့်ဖြစ်ခြင်း…


Репост из: News Headlines Today
Видео недоступно для предпросмотра
Смотреть в Telegram
နိုင်ငံရေးသမားနဲ့ရွေးကောက်ပွဲ

ဂျော်ဂျီယာ နိုင်ငံ ရဲ့ ရွေးကောက်ပွဲရလာဒ်အား ကော်မရှင်မှကြေငြာစဉ် အတိုက်အခံပါတီ အမတ်မှ အနက်ရောင်မှင်များဖြင့် ပက်ဖြန်း။

လွှတ်တော်ပြင်ပတွင်လည်း ဆန္ဒပြမှုများစတင်ဖြစ်ပွားနေကြောင်းသိရ။

သတင်းများဖတ်ရှုရန် Click here 👇🏿

နိုင်ငံတကာထူးခြားသတင်းများ


Репост из: တိုက်ပွဲသတင်းစုံ
နယ်မြေရှင်လင်းမှုသတင်း(နောင်ချို၊ ဂန့်ဂေါ)

နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက နောင်ချိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းသည် ဂန့်ဂေါရွာ၏ အနောက်မြောက်ဘက်တစ်မိုင်ခန့်အကွာနေရာအားရှင်းလင်းစဉ်အကြမ်းဖက် TNLA/PDF ပူးပေါင်းအင်အား ၂၅ ဦးခန့်နှင့်ထိတွေ့မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင်မိမိတပ်ဖွဲ့ဝင် ၁ ဦးဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ-

(၁) အကြမ်းဖက်အလောင်း ၁ လောင်း
(၂) Type-81 ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၇၁ တောင့်
(၄) ယူနီဖောင်း ၁ စုံ

တို့အားသိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများအားထပ်မံဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ


Репост из: News Headlines Today
ဆေးရုံမီးလောင်မှုဖြစ်ပွား (ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုး)

အိန္ဒိယနိုင်ငံ အူတာပရာဒတ်ချ် ဒေသဆေးရုံတစ်ခုမှာမီးလောင်မှုဖြစ်ပွားရာမှ မွေးကင်းစကလေးငယ်များ အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းများမှာဖော်ပြပါတယ်၊
မီးလောင်မှုဟာ ဆေးရုံအထူးကုသဆောင်အတွင်းအောက်စီဂျင်စက်များအနီးမှာမတော်တဆမီးပွင့်ဖြစ်ပေါ်ခဲ့ရာမှမီးလောင်ခြင်းဖြစ်ကြောင်းနဲ့ ဖြစ်စဉ်မှာ မွေးကင်းစကလေးငယ် ၅၄ ဦး အနက် ၁၆ ဦးကို ကယ်တင်နိုင်ခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းများကဆိုပါတယ်။

သတင်းများဖတ်ရှုရန် Click here 👇🏿

နိုင်ငံတကာထူးခြားသတင်းများ


Репост из: တိုက်ပွဲသတင်းစုံ
လက်နက်များသိမ်းဆည်းရရှိမှုသတင်း(နတ်မောက်)

နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်း က အကြမ်းဖက်မှုများကိုမလိုလားသောနတ်မောက်မြို့ ဒေသခံ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ အကြမ်းဖက်PDF အဖွဲ့ဝင်အချို့လက်နက်/ခဲယမ်းများ သယ်ဆောင်လာမည်ဖြစ်ကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့စစ်ဆေးခြင်းများဆောင်ရွက်ခဲ့။

ရရှိသည့်သတင်းအတိုင်း မိတ္ထီလာ-နတ်မောက်သွား ကားလမ်းအတိုင်း အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကိုစစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်အား စွန့်ပစ်ထွက်ပြေးသွားခဲ့။ တရားခံအားဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် -

(၁) AK-47 ကျည် ၃၂၀၀ တောင့်
(၂) ယမ်းပျော့ ၃၂ ဗူး
(၃) ဒီတိုနေတာ ၁၀၀ခု
(၄) ဆိုင်ကယ် ၁ စီး
တို့အား သိမ်းဆည်းရမိခဲ့ပါသည်။(ပုံများအားထပ်မံဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ


Репост из: တိုက်ပွဲသတင်းစုံ
သတင်းဆက်(ကျိန္တလီ)

နိုဝင်ဘာ ၁၄ ရက်နေ့ ကျိန္တလီနှင့်ဂွမြို့အနီးတိုက်ပွဲဖြစ်စဉ်မှ အလောင်းလက်နက်ရရှိမှုမှတ်တမ်း

တိုက်ပွဲသတင်းစုံ

Показано 20 последних публикаций.