MT News _ Myanmar Transparency


Гео и язык канала: Весь мир, Английский
Категория: Telegram


MT News _ Myanmar Transparency

Связанные каналы  |  Похожие каналы

Гео и язык канала
Весь мир, Английский
Категория
Telegram
Статистика
Фильтр публикаций


ဖခင်အရင်းက ၁၁ နှစ်အရွယ် သမီးကို တစ်နှစ်ခန့်ကြာ အဓမ္မပြုကျင့်မှု မြိတ်မြို့တွင်ဖြစ်ပွား

၁၉.၁၂.၂၀၂၄
Written by KL

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စု၊ တရုတ်တန်းရပ်တွင် ဖခင်အရင်းက အသက် ၁၁ နှစ်အရွယ်ရှိသော သမီးဖြစ်သူကို တစ်နှစ်ခန့်ကြာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့၍ မိခင်ဖြစ်သူက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ကြောင်း မြိတ်ဒေသခံများထံမှ သိရသည်။

အသက် ၄၀ ကျော် ဖခင်ဖြစ်သည့် စိုးမင်းထွန်း ဆိုသူက လွန်ခဲ့သော တစ်နှစ်ခန့်က မိခင်ဖြစ်သူ​ ဆေးရုံတွင် ကလေးမွေးဖွားနေချိန်မှစ၍ အိမ်တွင် ကျန်ရစ်ခဲ့သော သမီးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

သမီးဖြစ်သူက မိန်းမကိုယ်နာကျင်​ကာ နေမကောင်းဖြစ်သည်ဟု မိခင်ကိုပြောသ​ဖြင့် မိခင်က မေးမြန်းရာမှ ဖခင်က သမီးကို ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းကလည်း ထပ်မံပြုကျင့်ခံရမှုကိုပြောပြခဲ့ပြီး အကြိမ်ကြိမ်အဓမ္မပြုကျင့်ခံရမှုကိုလည်း သမီးဖြစ်သူပြောပြခဲ့ရာမှ

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85372

#အဓမ္မပြု #ဖခင် #၁၁နှစ်အရွယ် #သမီးငယ် #MT #mtnews


၂၀၂၄ ရွှေကြို ပဏာမအောင် မောင်မယ်လောင်း အယောက် ၉၀ စာရင်း ထွက်ရှိလာ

၁၉.၁၂.၂၀၂၄
Written By Thandar

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင်မယ်အဖြစ်နဲ့ ပါဝင်နိုင်ဖို့ ပဏာမရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ်လောင်း အယောက် ၉၀ စာရင်းတွေကို ရုပ်ရှင်အစည်းအရုံးက ဒီဇင်ဘာ ၁၈ရက် ညနေပိုင်းမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရွှေကြိုမောင်မယ်တွေအနေနဲ့က သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်ကိုတော့ ၃ မိနစ်ထက်မပိုဘဲ ပြသယှဉ်ပြိုင်ရမှာပါ။ ဒါ့အပြင်ကိုယ်တတ်ကျွမ်းတဲ့ အနုပညာဆိုင်ရာ အဆို၊ အက၊ အတီး အမှုတ် ဖြစ် ဖြစ်၊ အားကစားပဲဖြစ်ဖြစ် ပညာရပ်တစ်ခုခု တတ်မြောက်ထားတဲ့သူတွေကလည်း ထုတ်ဖော်ပြသလို့ ရပါတယ်။ ဒုတိယအဆင့်ပြိုင်ရမယ့် ရွှေကြိုတွေအနေနဲ့ ကြိုတင်ပြင်ဆင်လို့လည်း ရအောင်ပါ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85363

#ရွှေကြိုမောင်မယ် #ရွှေကြိုမောင်မယ်လောင်း
#ပဏာမလူရွေးချယ် #ရွှေကြိုရွေးချယ်ရေးကော်မတီ #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #၂၀၂၄အကယ်ဒမီ #MyanmarAcademyShweKyo #MMPO
#မြန်မာ့ရုပ်ရှင်ထူးချွန်ဆု #MTEntertainment


ရုရှားဗိုလ်ချုပ်ကြီးအား လုပ်ကြံမှု၌ ပါဝင်သူများကို ရက်ရက်စက်စက်တုံ့ပြန်မည်ဟု ရုရှားကတိပြု

၁၉.၁၂. ၂၀၂၄
Translated by Htwe Ko Tun

ရုရှားနိုင်ငံရဲ့ နျူကလီးယား၊ ဇီဝဆိုင်ရာနဲ့ဓာတုကာကွယ်ရေးတပ်ဖွဲ့တွေကိုကြီးကြပ်တဲ့ ရုရှားဒုတိယဗိုလ်ချုပ်ကြီး ကီရီလော့ဗ်ကို ဒီဇင်ဘာလ ၁၇ ရက်ကအဝေးထိန်းစနစ်နဲ့ ဗုံးခွဲလုပ်ကြံသူကို ဒီဇင်ဘာလ ၁၈ ရက်မှာ ဖမ်းမိခဲ့ပြီးတဲ့နောက် လုပ်ကြံမှုမှာ ပူးပေါင်းပါဝင်သူတွေကို ရုရှားအနေနဲ့ သနားငဲ့ညှာမှုမရှိဘဲ ရက်ရက်စက်စက်တုံ့ပြန်သွားမယ်လို့ ရုရှားအရာရှိတွေက ဒီဇင်ဘာလ ၁၈ ရက်မှာ ကတိပြုခဲ့ကြပါတယ်။

ရုရှားထောက်လှမ်းရေးအဖွဲ့တွေက လုပ်ကြံမှုမှာ ပူးပေါင်းပါဝင်သူမည်သူဆိုတာ မပြောကြားပေမယ့် ဖမ်းဆီးရမိခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် အာမက်ကာဗာနော့ဗ်ဟာ ဥဇဘက်ကစ္စတန်နိုင်ငံသားဖြစ်ပြီး ယူကရိန်းထောက်လှမ်းရေးလုပ်ငန်းတွေက သူ့ကို ဒေါ်လာတစ်သိန်းနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေမှာ ခိုလှုံခွင့် မက်လုံးပေးပြီး လက်နက်တပ်ဆင်စေခိုင်းခဲ့တာဖြစ်နိုင်တယ်လို့ ဆိုခဲ့ကြ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85360

#ရုရှား #ဗိုလ်ချုပ်ကြီး #လုပ်ကြံမှု #တုံ့ပြန်မည် #နျူကလီးယား #MT #mtnews


အိန္ဒိယရေတပ်ရဲ့ အမြန်သွားကင်းလှည့်ယာဥ်က လူ ၁၀၀ ကျော်လိုက်ပါလာတဲ့ ခရီးသွားသင်္ဘောတစ်စင်းကို ဝင်တိုက်လို့ အနည်းဆုံး ၁၃ ဦး သေဆုံး

၁၉. ၁၂.၂၀၂၄
Translated by Tha Doe

အိန္ဒိယနိုင်ငံ မြို့တော် မွမ်ဘိုင်းရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရေတပ်သင်္ဘောတစ်စီးက လူ ၁၀၀ ကျော် လိုက်ပါလာတဲ့ ခရီးသည်တင်သင်္ဘောကို တိုက်မိပြီး အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ရုပ်သံမှတ်တမ်းအရ ဒီဖြစ်စဥ်ဟာ မွမ်ဘိုင်းကမ်းလွန်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိန်းချုပ်မှုလွတ်ကင်းသွားတဲ့ လူငါးဦးခန့်လိုက်ပါလာတဲ့ အိန္ဒိယရေတပ်ရဲ့ အမြန်သွားကင်းလှည့်ယာဥ်က ခရီးသည် ၁၀၀ ကျော် လိုက်ပါလာတဲ့ သင်္ဘောကို စောင့်တိုက်မိခဲ့တာဖြစ်ပြီး အနည်းဆုံး ၁၃ ဦးသေဆုံးခဲ့ပေမဲ့ ခရီးသည် ၁၀၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းနဲ့ ဝမ်းနည်းရပါကြောင်း Maharashtra ပြည်နယ် ၀န်ကြီးချုပ် Devendra Fadnavis က ပြောကြားခဲ့ပါတယ်။

“အိန္ဒိယရေတပ်က ရေယာဉ်တစ်စင်းဟာ မွမ်ဘိုင်းဆိပ်ကမ်းမှာ အင်ဂျင်စမ်းသပ်မှုများ လုပ်ဆောင်နေစဉ်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85355

#အိန္ဒိယရေတပ် #အမြန်သွားကင်းလှည့်ယာဥ် #ဝင်တိုက်မိ #MT #mtnews


တာချီလိတ်မှ OK ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူ ၆ ဦးအား အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရ

၁၉. ၁၂. ၂၀၂၄
Written by Thettant

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက တာချီလိတ် မြို့နယ်၊ မယ်ခေါင်ရပ်ကွက်တွင် OK ငွေလဲဆိုင်ဖွင့်ထားသူ ဦးရန်ထင်ချမ်း အိမ်ရှေ့တွင် ရေဖြန်းနေစဥ် အမည်မသိ လူငယ် (၄)ဦးမှ ကားပေါ်အတင်းဆွဲတင်ကာ အလိုမတူ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့သဖြင့် ပြန်ပေးဆွဲခံရသူ ဦးရန်ထင်ချမ်း၏ ဇနီး ဒေါ်ကြည်ကြည်ဌေးမှ တရားလိုပြုလုပ်တိုင်ကြားလာ၍ တရားခံများ အမြန်ဆုံး ဖမ်းမိနိုင်ရေးအတွက် တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက စုံစမ်းဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကို ရုပ်သံမှတ်တမ်းများမှ စိစစ်ရာ ပြန်ပေးဆွဲ ခေါ်ဆောင်ခံရစဉ်တွင် အသုံးပြုသည့်ကားအား တာချီလိတ်မြို့နယ်၊ ဗိုလ်ချုပ်လမ်းမမှတစ်ဆင့် ပုံလို့လမ်း၊ လားဟူစျေး၊ ထိုမှတဆင့် ဟယ်ရီပေါ်တာ (ဝရွာ) ၊ ကြိုဆိုပါ၏ ဆိုင်းဘုတ်ဘေးမှနေ၍ ပါဆတ်ရပ်ကွက်အတွင်းသို့ ဝင်ရောက်သွားကြောင်း တာဝန်ရှိရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ နယ်မြေသတင်းပေးများ၏ ချိတ်ဆက်ဆောင်ရွက်မှုမှ သိရှိခဲ့ရသည်။

ထို့အတွက် နယ်မြေ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ပါဆတ်ရပ်ကွက်နှင့် ဆေးခမ်းရပ်ကွက် ဝန်းကျင်ရှိ ပြန်ပေးဆွဲရာတွင် အသုံးပြုခဲ့သည့် ကားအမျိုးအစားနှင့် နံပါတ်ပေါ်မူတည်၍ လိုက်လံရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်ကာ တရားခံများ အမြန်ဆုံး ဖမ်းဆီးနိုင်ရေးအတွက် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သံသယရှိသဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသော ပါဆတ်ရပ်ကွက် ဆင်ဖြူမင်းလမ်းကြားရှိ အိမ်အမှတ် (၁/၂၇၀)တွင် ပြန်ပေးဆွဲရာ၌ အသုံးပြုသည့် ကားနှင့် သဏ္ဍန်တူသော Toyota Crown Royal Saloon (အဖြူရောင် ) ကို တွေ့ရှိရကြောင်း သတင်းရရှိ....

◾ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85337

#တာချီလိတ် #OK #ပြန်ပေးဆွဲ #ဓားပြ #တရားခံ #ဖမ်းမိ #MT #mtnews


တရားမဝင်မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ပစ်ကပ်ကား (၃) စီးက စစ်ဆေးရေးဂိတ်ကို ဝင်တိုက်၍ မောင်းပြေးရာက ထိုင်းရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရ

◾ တရားမဝင် မြန်မာနိုင်ငံသား ၁၉ ဦးလည်း ဖမ်းဆီးခံခဲ့ရ

၁၉.၁၂.၂၀၂၄
Written By Zun

တရားမဝင်မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ပစ်ကပ်ကား (၃) စီးက စစ်ဆေးရေးဂိတ်ကိုဝင်တိုက်၍ မောင်းပြေးခဲ့ရာမှ ထိုင်းရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ ဒီဇင်ဘာလ ၁၇ ရက် ည ၁၀ နာရီခန့်က တရားမဝင်မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ပစ်ကပ်ကား (၃) စီး ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင်၊ ဝမ်ကျောက်မြို့နယ်မှ ကန်ဖယ်ဖစ်ခရိုင်၊ မူယန်င်မြို့နယ်ဘက်သို့ ဝင်ရောက်လာခဲ့ရာ ကန်ဖယ်ဖစ်ခရိုင်၊ မူယန်င်မြို့နယ်၊ နာဘော်ခမ်ကျေးရွာအနီးရှိ နောင်ဒဲင် -နာဘော်ခမ် ကားလမ်းပေါ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရန် ရပ်တန့်ခိုင်းသည်ကို မရပ်ဘဲ ဝင်တိုက် မောင်းပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆေးရေးဂိတ်ကိုတိုက်၍ မောင်းပြေးခဲ့သောကြောင့် ယင်းဂိတ်တွင်တာဝန်ကျနေသည့် အသက် (၂၈)နှစ်အ ရွယ် ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာများရကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည့်အပြင် အသက်(၃၂)နှစ်အရွယ်ရှိ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးတွင်လည်း ....

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85315

#ထိုင်း #thailand #တရားမဝင် #ရွှေ့ပြောင်းလုပ်သား #MT #mtnews


ရုရှားနိုင်ငံရဲ့နျူကလီးယား၊ ဇီဝဆိုင်ရာနဲ့ ဓာတုကာကွယ်ရေးတပ်ဖွဲ့တွေကို ကြီးကြပ်ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးကို ဗုံးခွဲလုပ်ကြံသူ ဖမ်းမိ

◾ ​လုပ်ကြံသူ ဥဇဘက်ကစ္စတန်နိုင်ငံသားက ဒေါ်လာတစ်သိန်းနဲ့ ဥရောပနိုင်ငံတစ်ခုမှာ ခိုလှုံခွင့်ပြုမယ်လို့ ယူကရိန်းထောက်လှမ်းရေးပေးတဲ့ မက်လုံးကြောင့် ကျုးလွန်ခဲ့ဟု ထွက်ဆို

၁၉. ၁၂. ၂၀၂၄
Translated by Tha Doe

နျူကလီးယားစစ်လက်နက်တွေအသုံးပြုတယ်ဆိုပြီး ယူကရိန်းက အလိုရှိကြောင်း ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်အပြီး ရုရှားဒုတိယဗိုလ်ချုပ်ကြီးကီရီလော့ဗ်ဟာ ဒီဇင်ဘာလ ၁၇ ရက်က မော်စကိုမြို့မှာ အဝေးထိန်းဗုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခံရလို့ သေဆုံးခဲ့ရပေမဲ့ ကျူးလွန်သူတရားခံကို ဖမ်းမိခဲ့ပြီလို့ ရုရှားအာဏာပိုင်တွေက ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံရဲ့နျူကလီယား၊ ဇီဝဆိုင်ရာနဲ့ ဓာတုကာကွယ်ရေးတပ်ဖွဲ့တွေကိုကြီးကြပ်သူ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကီရီလော့ဗ်ဟာ ကရင်မလင်နန်းတော်က အရှေ့တောင်ဘက် ခုနစ်ကီလိုမီတာ (လေးမိုင်) ခန့်အကွာ တိုက်ခန်းတွဲအဆောက်အအုံတစ်ခုအပြင်ဘက်မှာ စကူတာ လျှပ်စစ်မော်တော်ဆိုင်ကယ်တစ်ခုအတွင်း ထောင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းကို အဝေးထိန်းစနစ်နဲ့ခွဲပြီး လုပ်ကြံခံရကာ သေဆုံးခဲ့တယ်လို့ စုံစမ်းရေးကော်မတီက ပြောခဲ့သလို ကီရီလော့ဗ်နဲ့အတူ သူ့လက်ထောက်ဖြစ်သူ အီလျာ ပိုလီကာပေါ့ လည်းသေဆုံးခဲ့တာဖြစ်သလို ယူကရိန်းထောက်လှမ်းရေးတွေကလည်း သူတို့ရဲ့ ဒီလုပ်ကြံမှု....


◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85329

#ရုရှား #ဒုတိယဗိုလ်ချုပ်ကြီး #နျူကလီးယား #usa #ဖမ်းမိ #ယူကရိန်း #ဥဇဘတ်ကစ္စတန် #MT #mtnews


အချစ်ဒရာမာဇာတ်လမ်းပုံစံ “တယုတယ …ခြွေ”  ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ကျင်းပ

၁၉.၁၂.၂၀၂၄
Written By Thandar

အောင်စေရုပ်ရှင်ထုတ်လုပ်ရေးက အချစ်ဒရာမဇာတ်လမ်းပုံစံ “တယုတယ …ခြွေ”  ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ကို ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားက စူတို့က လွန်ခဲ့တဲ့ ၈ လကျော်လောက်က ရိုက်ထားတဲ့ ကားပါ။ စူရဲ့ ကာရိုက်တာက စိတ်နေစိတ်ထားမျိုးစုံပြောင်းလဲရတဲ့ မိန်းကလေးတစ်ယောက်ပေါ့နော်။ ကိုညီနန္ဒနဲ့က စူရဲ့ ကာရိုက်တာကတစ်မျိုးပေါ့။ နောက်ကိုရွှေထူးနဲ့ တွေ့ချိန်မှာ စိတ်ထားက တစ်မျိုးဆိုတော့လေ။ သူတို့ နှစ်ဦးနဲ့ဆုံချိန်က စိတ်နေစိတ်ထားတွေက မတူ....

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85309

#ရွှေထူး #အိချောပို #ခိုင်နှင်းဝေ #ရွှေပိုးအိမ် #ShweHtoo #EiChawBo #KhineHninWai #ShwePowEain #တယုတယ‌ခြွေရုပ်ရှင်ဇာတ်ကားကြီး #အောင်စေရုပ်ရှင်ထုတ်လုပ်ရေး #MTEntertainment

Показано 8 последних публикаций.