တရားမဝင်မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ပစ်ကပ်ကား (၃) စီးက စစ်ဆေးရေးဂိတ်ကို ဝင်တိုက်၍ မောင်းပြေးရာက ထိုင်းရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရ
◾ တရားမဝင် မြန်မာနိုင်ငံသား ၁၉ ဦးလည်း ဖမ်းဆီးခံခဲ့ရ
၁၉.၁၂.၂၀၂၄
Written By Zun
တရားမဝင်မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ပစ်ကပ်ကား (၃) စီးက စစ်ဆေးရေးဂိတ်ကိုဝင်တိုက်၍ မောင်းပြေးခဲ့ရာမှ ထိုင်းရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်မှာ ဒီဇင်ဘာလ ၁၇ ရက် ည ၁၀ နာရီခန့်က တရားမဝင်မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ပစ်ကပ်ကား (၃) စီး ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင်၊ ဝမ်ကျောက်မြို့နယ်မှ ကန်ဖယ်ဖစ်ခရိုင်၊ မူယန်င်မြို့နယ်ဘက်သို့ ဝင်ရောက်လာခဲ့ရာ ကန်ဖယ်ဖစ်ခရိုင်၊ မူယန်င်မြို့နယ်၊ နာဘော်ခမ်ကျေးရွာအနီးရှိ နောင်ဒဲင် -နာဘော်ခမ် ကားလမ်းပေါ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရန် ရပ်တန့်ခိုင်းသည်ကို မရပ်ဘဲ ဝင်တိုက် မောင်းပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ဆေးရေးဂိတ်ကိုတိုက်၍ မောင်းပြေးခဲ့သောကြောင့် ယင်းဂိတ်တွင်တာဝန်ကျနေသည့် အသက် (၂၈)နှစ်အ ရွယ် ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာများရကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည့်အပြင် အသက်(၃၂)နှစ်အရွယ်ရှိ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးတွင်လည်း ....
◾ Website တွင် ဆက်လက် ဖတ်ရှုရန်
https://www.mtnewstoday.com/?p=85315
#ထိုင်း #thailand #တရားမဝင် #ရွှေ့ပြောင်းလုပ်သား #MT #mtnews