ပန်းချီကိုဆန်း၊ ဓီရာမိုရ်နဲ့ အကြည်တော်တို့ ညီအစ်ကိုတွေရဲ့ အမှတ်တရများစွာပါဝင်တဲ့"ရေခဲအိပ်မက်များ 93' Dreams" Album သစ်မိတ်ဆက်
၂၀.၁၂.၂၀၂၄
Written By Thandar
ပန်းချီကိုဆန်း၊ ဓီရာမိုရ်နဲ့ အကြည်တော်တို့ ညီအစ်ကိုတွေရဲ့ အမှတ်တရများစွာပါဝင်တဲ့ "ရေခဲအိပ်မက်များ 93' Dreams" Album သစ်မိတ်ဆက်ပွဲကို ယနေ့ ဒီဇင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၂၆ ရပ်ကွက် မြတ်မင်္ဂလာလမ်း အမှတ် ၁၁၇ မှာ ကျင်းပခဲ့ပါတယ်။
"ကျွန်တော်တို့ အသက် ၁၈ နှစ်ကျော် ၁၉ အရွယ် သီချင်းတွေစရေးဖို့ ကြိုးစားခဲ့တဲ့ သီချင်းတွေပေါ့နော်။ ၁၉၉၃ ခုနှစ်မှာ ကျွန်တော်တို့ညီအစ်ကိုတွေရေးခဲ့တဲ့ သီချင်းတွေပေါ့။ ရေးခဲ့ပြီး မေ့လျော့ခံဖြစ်နေတဲ့ သီချင်းတွေပေါ့။ ခုမှ အချိန်လည်းရတယ်၊ Idea လည်းပြန်ရလို့ လုပ်ဖြစ်တာပါ။ကိုယ့်တစ်ယောက်ထဲဆိုရင် ဒီသီချင်းတွေလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒီသီချင်းတွေကို သိခဲ့တာ ဒီသုံးယောက်ပဲရှိတယ်။ ဒီအထဲက တစ်ယောက်ဆုံးသွားပြီ။ ဆက်မလုပ်ဖြစ်ရင် ပျောက်ကွယ်သွားမယ်။ ရေခဲသေတ္တာထဲ သိမ်းထားတာလည်း တော်တော်ကြာခဲ့ပြီးတော့ ခုထုတ်ဖြစ်လိုက်တာပါ။ ဘာမျှော်လင့်ချက် အကျိုးအမြတ်မှထားပြီ ထုတ်တာမဟုတ်ပါဘူး။ ညီအစ်ကိုတွေရဲ့ သီချင်းပျောက်သွားမှာစိုးလို့ အဓိက မှတ်တမ်းပဲတင်တာပါ။ အောင်မြင်ဖို့အတွက်လည်း မဟုတ်ပါဘူး။ Record လေးတစ်ခု ကျန်ရင်ပဲ ကျေနပ်ပါပြီ။ ဒီခွေမှာ ကိုကြည်@အကြည်တော်က သံစဉ်ရော စာသားပါရေးထားတဲ့ သီချင်း ၂ ပုဒ်ပါပါတယ်။ကျွန်တော်တစ်ယောက်ထဲ သီချင်းတွေကို သီဆိုထားတာပါ"လို့ ပန်းချီကိုဆန်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ၉၃ ခုနှစ်ထဲက အမှတ်တရတွေနဲ့သိမ်ဆည်းထားတဲ့ သီချင်း ၁၀ ပုဒ်ကို တေးရေးအနေနဲ့ ဓီရာမိုရ်၊ အကြည် တော်နဲ့ ကိုဆန်းတို့ ရေးသားထားပါတယ်။ ဒီခွေမှာ ရော့ခ်ဂီတအမျိုးအစားတွေပါဝင်ပြီး ညီအစ်ကိုသုံးယောက်ထဲပါဝင်ပြီး ပထမဦးဆုံး ဖန်တီးထားတဲ့ အနုပညာလည်းဖြစ်တယ်လို့ သိရပါတယ်။
"ရေခဲအိပ်မက်များ 93' Dreams" Album ကို လာမယ့် ဒီဇင်ဘာ၂၆ ရက်မှာ Art Nation ၊ တေးသံသာ ၊ ဂီတမြို့
@Music City Myanmar YouTube Channel , Online Platform တွေမှာ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။
◾ Website တွင် ဆက်လက် ဖတ်ရှုရန်
https://www.mtnewstoday.com/?p=85468#ကိုဆန်း #ဓီရာမိုရ်
#အကြည်တော် #AKyiTaw
#KoSan #Diramo
#MyanmarMusic
# MusicCityMyanmar
#MTEntertainment