Sai Aung


Гео и язык канала: не указан, не указан
Категория: не указана


သတင်းအမှန် အရင်းခံ

Связанные каналы  |  Похожие каналы

Гео и язык канала
не указан, не указан
Категория
не указана
Статистика
Фильтр публикаций


Видео недоступно для предпросмотра
Смотреть в Telegram
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြိုနယ်၌ “ရွှေစင်အကယ်ဒမီရွှေဆိုင်”အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းမျိုးစုံ ၃ ပိဿာ ၅၅ ကျပ်သားခန့် (တန်ဖိုးငွေကျပ်သိန်း ၃၀,၀၀၀ ခန့်)အား လုယက်မှုကျူးလွန်သူ တရားခံအမျိုးသား ၂ ဦးအား သက်သေခံရွှေထည်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည်။


Репост из: CINCDS Myanmar
New Year greetings extended by Chairman of the State Administration Council Prime Minister Senior General Min Aung Hlaing on the occasion of the New Year on 1 January 2025



On this occasion of the New Year 2025, I would like to extend my warmest greetings to all national brethren residing within Myanmar. May you all be blessed with good health, peace of mind, and the fulfillment of your aspirations.

Since taking the responsibilities of the State, the State Administration Council has envisioned the path forward for the nation by setting visions, the Roadmap and objectives. Through our steadfast efforts, we are now witnessing significant achievements in reaching our goals. This has been possible thanks to the active and cooperative support of our people.

While the journey ahead may bring challenges, difficulties, and obstacles, I firmly believe that we can overcome them through the united strength and collective efforts of all of us.
Read More>>https://www.cincds.gov.mm/node/27793


Репост из: CINCDS Myanmar
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျရောက်သော နှစ်သစ်ကူးအခါသမယတွင် 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား
 
ဒီနေ့ကျရောက်တဲ့ ၂၀၂၅ ခုနှစ်ရဲ့ နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြပါသော မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့်တကွ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝ ကြပါစေလို့ ဦးစွာဆုတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

Read More >>> https://www.cincds.gov.mm/node/27792


Репост из: CINCDS Myanmar
ဆိပ်ဖြူမြို့နယ်၊ မြစ်ခြေနှင့် ကမ္မ နယ်စပ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်ဟု သတင်းတု၊ သတင်းအမှား များ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ မြစ်ခြေနှင့် ကမ္မ နယ်စပ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည် ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

Read More >>>https://www.cincds.gov.mm/node/27786


Репост из: CINCDS Myanmar
တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း၌ ကျင်းပပြုလုပ်မည့် နှစ်သစ်ကူး New Year Countdown ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ရန် လူငယ်များကို ဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းမှားများ လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်

ရန်ကုန်တိုင်းဒေကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း၌ ကျင်းပပြုလုပ်မည့် နှစ်သစ်ကူး New Year Countdown ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်း ဆောင်ရန် လူငယ်များကိုဖမ်းဆီးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းမှားများလုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Read More>>> https://www.cincds.gov.mm/node/27787


Репост из: Myanmar Hard Talk
Видео недоступно для предпросмотра
Смотреть в Telegram
ဒီနေ့(၃၁-၁၂-၂၀၂၄)ရက်နေ့မှာထုတ်ပြန်လိုက်တဲ့ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်မှု့ဟာမကြာခင်မှာကျင်းပတော့မည့်ရွေးကောက်ပွဲကိုအထောက်အကူပြုအောင်ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ လူဝင်မှု့ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောဆိုလိုက်ပါတယ်၊အပြည့်အစုံကိုဆက်လက်နားဆင်နိူင်ပါတယ်။
#mhtnews


Репост из: Popular Journal
နှစ်ဦးအထူးတရားပွဲပြုလုပ်မည်

၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့တွင် နှစ်ဦးအထူးတရားပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ (၁) ရက်နေ့ ဗုဒ္ဓဟူးနေ့ ၁၃၈၆ ခုနှစ် ၊ ပြာသိုလဆန်း(၃)ရက်နေ့တွင် တိုးချဲ့ဓမ္မရင်ပြင် ၊ ဗိုလ်တထောင်စေတီတော်၌ ညနေ (၆) နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဒေါက်တာဘဒ္ဒန္တအဂ္ဂသာဓိ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မှ တရားအလှူပေးမည်ဖြစ်၍ တရားတော်နာ ကြွရောက်ပါရန် လေးမြတ်စွာ ဖိတ်ကြားထားသည်။


Репост из: Myanmar Focus Online Platform
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းအား မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ယနေ့ ထုတ်ပြန်

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ပြီးဖြစ်ရာ အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ယနေ့ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ပြည်သူ့အင်အားဦးစီးဌာနက မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါ ရှေ့ပြေးလူဦးရေစာရင်းအချက်အလက်များ ရယူလိုပါက ပြည်သူ့အင်အားဦးစီးဌာန Website ဖြစ်သည့် www.dop.gov.mm တွင် ရယူနိုင်သလို အောက်ပါ Link များတွင်လည်း ဝင်ရောက်ဖတ်ရှု Download ပြုလုပ်နိုင်သည်။

Myanmar Version;
https://www.dop.gov.mm/sites/dop.gov.mm/files/publication_docs/2024_provisional_result_mm.pdf

English Version;
https://www.dop.gov.mm/sites/dop.gov.mm/files/publication_docs/2024_provisional_result_eng.pdf

#myanmarfocus


Репост из: MT News _ Myanmar Transparency
၂၀၂၄ ခုနှစ်တွင် စာရင်းကောက်ခံမှုအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁ သန်းကျော်သာရှိကာ ပြီးခဲ့သည့် ၁၀ နှစ်ကထက် အနည်းငယ်လျော့ကျ

၃၁. ၁၂. ၂၀၂၄
Written by Nyein Kyaw

၂၀၂၄ ခုနှစ်တွင် စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် လူဦးရေပညာအရ စိစစ်ရရှိသည့် လူဦးရေအပါအဝင် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁ ဒသမ ၃ သန်းဖြစ်ကာ ပြီးခဲ့သည့် ၁၀ နှစ်က လူဦးရေထက် အနည်းငယ်လျော့ကျသွားကြောင်း ယနေ့တွင် နေပြည်တော်ရှိ MICC-2 တွင် ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ကြေညာချက်မှ သိရသည်။

“လူဦးရေပြောင်းလဲခြင်းကိုဖြစ်ပေါ်စေဖို့ရာ မွေးဖွားခြင်း၊ သေဆုံးခြင်းနဲ့ ရွှေ့ပြောင်းခြင်းဆိုတဲ့ အကြောင်းအရင်း ၃ ရပ်ရှိတာမို့ ဒီလိုလူဦးရေလျော့ကျလာခြင်းရဲ့ အဓိကအကြောင်းအရင်းကို ပင်မအစီအရင်ခံစာ ထုတ်ပြန်ချိန်မှာ လေ့လာဖော်ထုတ်သွားမှာဖြစ်ပါတယ်” ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်လူမှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြား...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86555

#သန်းခေါင်စာရင်း #လူဦးရေ #အိမ်အကြောင်းအရာ #ရွေးကောက်ပွဲ #MT #mtnews


Репост из: National News
AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအား အဖွဲအစည်း အသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများထုတ်ပြန်


Репост из: Popular Journal
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပမည်

ပုဗ္ဗသီရိမြို့နယ်ရှိ တပေါင်းကွင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနပြခန်းများ၊ ရိုးရာအစားအစာဆိုင်ခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှု လုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများကို အချိန်မီပြီးစီးရေးအတွက် တာဝန်ပေးအပ်ထားသည့် ဆပ်ကော်မတီမှ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်၊ အချိန်ဇယားများ ရေးဆွဲ၍ စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်းပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ပြည်ထောင်စုအဆင့်-msme-ထုတ်က/


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ


Репост из: Yangon Media Group
#Local_News
#လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရန် ပြည်လမ်းကို ခေတ္တပိတ်မည်
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
Published 29 December 2024

လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရန်အတွက်ပြည်လမ်းကို ဇန်နဝါရီလ(၂)ရက်နှင့် (၄)ရက်တို့တွင် ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာ ၂၉ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင်လရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရန်အတွက် လာမည့်(ဇန်နဝါရီလ ၂ ရက်) တွင် အစမ်းလေ့ကျင်ခြင်းနှင့် ဇန်နဝါရီလ ၄ ရက်တွင် အခမ်းအနားကျင်းပခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ် ကြောင်း ၊ထိုရက်များ၌ နံနက် (၄)နာရီ မိနစ် (၂၀)အချိန်တွင် အလံတင်အခမ်းအနား နှင့် နံနက် (၇)နာရီအချိန်တွင် နိုင်ငံ‌တော်အလံ အလေးပြုပွဲနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း ပြုလုပ်မည်ဖြစ်ရာ အခမ်းအနား ကျင်းပစဉ်အချိန်မှ ပြီးစီးသည့်အချိန်အထိ ပြည်လမ်းမအား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
Readmore>>>https://www.facebook.com/100063669945889/posts/pfbid0jrzs6A7uKsWHj6dhVuSxtGUK5EJTaEoqy9MMb2zxnQUji7jqibV8Co6kq4JbefZol/
#YMG/SW
#Yangon-Times

Показано 13 последних публикаций.