❗️❗️❗️
အမျိုးသမီးများဆံပင်ကျွတ်ရခြင်း၏ အဓိကအကြောင်းအရင်းများ +++++++++++++++++++++
Published 27 December 2024
▪️ အမျိုးသမီးတွေမှာ ဆံပင်ကျွတ်ခြင်းပြဿနာ အဖြစ်များပြီး အလွန်အကျံ ဆံပင်ကျွတ်တာကတော့ ကျန်းမာရေး နောက်ခံကိစ္စတွေ ရှိနေတဲ့သဘော ဖြစ်ပါတယ်။
▪️ ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်း များစွာရှိနေကာ စောစီးစွာ သိရှိပါမှ ဆံပင်ပါးခြင်းမှ ကာကွယ်နိုင်ကာ ဆံကေသာ ကျန်းမာသန်စွမ်းစေမှာ ဖြစ်ပါတယ်။
(၁) ဟော်မုန်းမညီမျှခြင်း
▪️ အမျိုးသမီးမှာ ဆံပင်ကျွတ်ရခြင်း အဓိကအကြောင်းအရင်းတစ်ခုက ဟော်မုန်းအတက်အကျတွေ ဖြစ်ပြီး ဟော်မုန်းတွေက ဆံကေသာ ကြီးထွားမှုစက်ဝန်းကို ထိန်းညှိရာမှာ အရေးပါပါတယ်။
▪️ ဟော်မုန်းကြောင့် ဆံပင်ကျွတ်ခြင်းကို သင့်လျော်တဲ့ ကုသမှုဖြင့် ထိန်းချုပ်နိုင်ပါတယ်။
▪️ ဦးရေပြားမှာ ဆံပင်ကျဲလာပြီး မလိုလားတဲ့နေရာတွေမှာ အမွှေးထွက်လာစေတဲ့ အန်ဒရိုဂျင်ဟော်မုန်းတွေ များလာတဲ့ PCOSရောဂါ၊ ကလေးမွေးပြီးနောက် အီစထရိုဂျင်ဟော်မုန်း ကျဆင်းသွားတဲ့ အခြေအနေ
__________________________
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/local-news/world/cho-005-26-12-24