𝑽𝒍𝒂𝒅𝒊𝒎𝒊𝒓 𝑲𝒚𝒂𝒘 𝑮𝒚𝒊-𝐕𝐊𝐆 𝐍𝐞𝐰𝐬


Гео и язык канала: Весь мир, Английский
Категория: Telegram


General News

Связанные каналы  |  Похожие каналы

Гео и язык канала
Весь мир, Английский
Категория
Telegram
Статистика
Фильтр публикаций


TikTok Liteで一緒にスターを集めて報酬をGETしましょう! https://lite.tiktok.com/t/ZSjQFtQ5H/


11.10.2024
11.10am
မန်းလေး
ငလျင်အနည်းငယ်လှုပ်ခတ်ခဲ့


Видео недоступно для предпросмотра
Смотреть в Telegram


Видео недоступно для предпросмотра
Смотреть в Telegram
10.10.2024

ညပိုင်း
မြေပြင်သတင်းအချက်အလက်များ
#ကိုဇော်ဘုန်းဟိန်း(စပီကာ)




သမိုင်းတွေက ဒီလိုရှိခဲ့တယ်.....

၁။သမိုင်းတွေအရ ဂျေယုဆလင် မြိုဟာ ဘာသာကြီး ၃ ခု ဆုံတဲ့နေရာဖြစ်ပါတယ်။ တဖက်မှာ ဂျူးလူမျိုးတွေ၊ တဖက်မှာ ခရစ်ယာန် ဘာသာကိုးကွယ်သူတွေနဲ့ တဖက်ကတော့ အစ္စလာန်ဘာသာ ကိုးကွယ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီမြိုမှာ ဂျုးဘာသာရေးကျောင်း ၁၀၀၀ ကျော်ရှိသလို ခရစ်ယာန် ဘုရားကျောင်း ၁၅၀ ကျော်နဲ့ ဗလီပေါင်း ၇၃ ခု ရှိပါတယ်။ ဂျေယုဆလင်မြိုရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဂျုးလူမျိုးတွေဖြစ်ပြီးတော့ ၄၀ ရာခိုင်နှုန်းက ပါလက်စတိုင်းလူမျိုးတွေဖြစ်ပါတယ်။ ဘာသာရေးအရကြည့်မယ်ဆိုရင်လည်း ၅၉ ရာခိုင်နှုန်းက ဂျူးဘာသာကိုးကွယ်ကြပြီး အစ္စလာန်ဘာသာကိုးကွယ်သူ ၃၀ ရာခိုင်နှုန်းနဲ့ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။  ဂျေယုဆလင် မြိုတော်ကို ပါလက်စတိုင်းနဲ့အစ္စရေးတို က  အမြဲလိုလို  သူ့အပိုင်၊ ကိုယ့်အပိုင်နဲ့ ပြောနေကြဆဲ၊ ငြင်းခုန်နေကြဆဲပဲဖြစ်ပါတယ်။ ဘာဖြစ်လို ဒီလိုငြင်းခုန်ကြရသလဲဆိုရင် ဂျေယုဆလင်မြိုတော်ဟာ ဘီစီ ၆ ရာစုလောက် ကတည်းက ရောမအင်ပါယာ၊ ပါရှန်အင်ပါယာနဲ့ ဘိုင်ဇင်တိုင်း အင်ပါယာတိုရဲ့ အပြန်အလှန်သိမ်းပိုက်ခြင်းကို ခံခဲ့ကြရပြီး ဘာသာရေးကိုလည်း သူ့တလှည့်ကိုယ်တလှည့် နဲ့ အပြန်အလှန်ဖျက်ဆီး တည်ထောင်ခဲ့ ကြလိုဖြစ်ပါတယ်။

၂။နားလည်လွယ်အောင်ပြောရရင်တော့ အာရပ်တပ်တွေ အားကောင်းခဲ့ချိန်မှာ ဂျေယုဆလင်ဟာ အစ္စလာန်ဘာသာကိုးကွယ်သူတွေရဲ့ အထွတ်အမြတ်ထားရာ နေရာ ဖြစ်ခဲ့ပြီးတော့ ခရစ်ယာန်ဘာသာကိုးကွယ်သူတွေ အားကောင်းခဲ့ချိန်မှာ ခရစ်ယာန် ဘာသာရေးကျောင်းတွေ  အများအပြားဆောက်လုပ်ခဲ့ကြတဲ့ မြိုတော်တစ်ခု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘာသာရေးအရမှာလည်း ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေအနေနဲ့ ဂျေယုဆလင်မြိုတော်ဟာ ယေရှုခရစ်တော် ကာစင်တင်ခဲ့တဲ့နေရာနဲ့ ရှင်သန်ထမြောက် ရာ နေရာအဖြစ် သတ်မှတ် ယုံကြည်ခဲ့ကြသလို အစ္စလာန်ဘာသာအတွက် တမန်တော် မိုဟာမတ်ဟာ ကောင်းကင်ခရီးစဉ်ကို စတင်ခဲ့ရာနေရာအဖြစ်နဲ့ ယုံကြည်ကြတာလည်း ဖြစ်ပါတယ်။

၃။အလယ်ခေတ်မှာ အော်တိုမန်အင်ပါယာလက်အောက် ကျရောက်ခဲ့တဲ့ ဂျေယုဆလင်မြို ဟာ ၁၉ ရာစုမှာတော့ အင်္ဂလိပ်တွေလက်အောက်ကို ရောက်ရှိခဲ့ပြန်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၈ ခုနှစ်မှာတော့ အစ္စရေးနိုင်ငံအဖြစ် တည်ထောင်ခွင့်ပြုဖို ကုလသမဂ္ဂဆီ လျှောက်ထားခဲ့ချိန်မှာ ထောက်ခံမဲ ၃၃ မဲနဲ့ နိုင်ငံအသစ်တစ်ခုအဖြစ် တည်ထောင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အစ္စရေးနိုင်ငံဟာ ပါလက်စတိုင်း နယ်မြေထဲက တဝက်လောက်နီးပါးကို ဂျုးလူမျိုးတိုနေထိုင်ရာ နိုင်ငံတစ်ခုအဖြစ်နဲ့ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘေးနိုင်ငံပတ်ပတ်လည်မှာရှိတဲ့ အာရပ်တွေ အနေနဲ့ကတော့ အစ္စရေးနိုင်ငံဖြစ်ပေါ်လာတာကို ကျေနပ်ခြင်းမရှိခဲ့သလို အစဉ်တစိုက် အစ္စရေးနိုင်ငံကို ချေမှုန်းဖို ကြိုးစားနေခဲ့ကြတာဖြစ်ပါတယ်။
၄။အစ္စရေးနိုင်ငံစတင် ပေါ်ပေါက်ခဲ့ချိန်မှာ ဂျေယုဆင်မြိုတော်ကို နိုင်ငံတကာက ထိမ်းသိမ်း တဲ့ နယ်မြေတစ်ခုအဖြစ်နဲ့ သတ်မှတ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ မိုရှေးဒါယန် ဦးဆောင်တဲ့ အစ္စရေးဟာ ဂျေယုဆလင်ဟာ အစ္စရေးတိုရဲ့ မြိုတော်အဖြစ် သိမ်းပိုက် ကြေငြာခဲ့ပါတယ်။ နိုင်ငံတကာအနေနဲ့ ဒီလုပ်ရပ်အပေါ်မှာ မထောက်ခံကြပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လက်ထက်မှာတော့ ဂျေယုဆလင်မြိုတော်ကို အစ္စရေး မြိုတော် အဖြစ် အတိအလင်းကြေငြာ သတ်မှတ်ခဲ့ပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ဟာ အမြဲလိုလို စစ်ပွဲတွေဖြစ်ပွားနေပြီး ဒီကနေ့ထိတိုင် ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေဆဲ နိုင်ငံတွေဖြစ်ပါတယ်။

၅။အရိုးရှင်းဆုံး ပြသနာကတော့ အာရပ်ကမ္ဘာထဲက နယ်မြေတွေကို သိမ်းပိုက်ပြီးနိုင်ငံ တည်ထောင်ထားတဲ့ အစ္စရေးအတွက် ဒီပြသနာတွေဟာ အမြဲလိုလိုပေါ်ပေါက်နေဦး မှာပါပဲ။ ပိုဆိုးတာက ဘာသာရေးအရ ပါလက်စတိုင်းနဲ့ အစ္စရေး တို အပြန်အလှန် အငြင်းပွားတဲ့နေရာတွေဟာ သမိုင်းမှာ သူတလှည့်၊ ကိုယ့်တလှည့် ပိုင်ဆိုင်ထားတဲ့ နယ်မြေတွေဖြစ်လို ဘယ်ဖက်ကမှ အလျော့ပေးဖွယ်မရှိပါဘူး။ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာလည်း အစ္စရေးဖက်က ပြင်းပြင်းထန်ထန် လက်တုန့်ပြန်မှာသိသိနဲ့ ဟားမတ်တွေဘက်က လက်ဦးမှုယူပြီးတိုက်ခိုက်တာဟာ ဒီအငြိုးအတေးတွေကို အခြေခံ တာဖြစ်ပါတယ်။  ကိုယ်လက်ဦးမှုရရင် ကိုယ်ယူမယ်၊ ပြန်ပေးဆပ်ရလည်း တန်တယ်ဆိုတဲ့ အယူအဆမျိုးဖြစ်ပါတယ်။ သန်း ၁၀၀ ကျော်ရှိတဲ့ အာရပ်နိုင်ငံတွေကြားမှာ သူတိုနိုင်ငံ မပျောက်အောင် မီးကျိုးမောင်းပြတ် သေနတ်တွေကိုင်ပြီး ခေတ်အဆက်ဆက် ကာကွယ်ခဲ့ရတဲ့ အစ္စရေးတပ်တွေအနေနဲ့ ခုလို ခေတ်မှီနည်းစနစ်တွေ ပိုင်ဆိုင်ပြီးချိန် မှာတော့ အပြင်းအထန် ပိုပြီး ကာကွယ်ကြမှာတော့ မလွဲမသွေပါပဲ။  နိုင်ငံကို ကာကွယ်တဲ့ နေရာမှာ ဘယ်လူ့အခွင့်အရေးဥပဒေသမှ မရှိဘူးဆိုတာကို အစ္စရေးတိုအနေနဲ့ နှလုံးမူထားတာ ဖြစ်ပါတယ်။ တရက်တည်းမှာတင် ဂါဇာဘက်မှာ ရှိတဲ့ အဆောက်အဦများစွာ၊ အရပ်သားများစွာကို ဒုံးကျည်တွေနဲ့လက်တုန့်ပြန် ပစ်ခတ်ခဲ့တာက နိုင်ငံကို ကာကွယ်တဲ့လုပ်ရပ်မို မှန်တယ်လို ယူဆရင်  ရခိုင်မှာဖြစ်ခဲ့တဲ့ ဘင်္ဂလီအရေးကိစ္စ မှာ တပ်မတော်ရဲ့ လုပ်ဆောင်ချက်ဟာ မမှားဘူးဆိုတာ ဒီအချက်အလက်တွေက သက် သေပြလိုနေပါတယ်။

(နရီမိုး)
၁၀-၁၀-၂၃


အမေရိကန်သမ္မတ ဘိုင်ဒန်က အစ္စရေးသို့ ဦးတည်ပျံသန်းလာသော အီရန်ဒုံးပျံများကို ကူညီပစ်ချရန် အမေရိကန်တပ်များကို  အမိန့်ပေး။
ထိုအမိန့်မရောက်ခင်တွင်ပင် အီရန်တိုက်ခိုက်မှု ပြီးဆုံးကြောင်းသိရ၍ အစ္စရေးအစိုးရက ပြည်သူများ ဗုံးခိုကျင်းများမှ ထွက်ခွာခွင့်ပြု။


.

☯️


သန်းခေါင်စာရင်း ကောက်တယ်
ဗုံးခွဲတယ်၊ အဲ့ဒါတိုင်းပြည်ကောင်းဖို့လား၊ ကိုယ့်အကျိုးစီးပွားသက်သက်ကြောင့်လား ❗

ရွေးကောက်ပွဲ လုပ်ပေးဖို့ သန်းခေါင်စာရင်းကောက်တာလေ၊ အခုလဲ လက်ရှိအစိုးရက နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပါဆိုပြီး ကမ်းလှမ်းထားတယ်၊ ရွေးကောက်ပွဲနိုင်သူကို စနစ်တကျ အာဏာလွှဲပေးပါ့မယ်လို့လဲ ပြောထားတယ်၊

ထွက်ပေါက်ကြီးတခုလုံး ပေးထားတာကို အသုံးမပြုရင်တော့ မတတ်နိုင်ဘူး၊ သမိုင်းကပဲ မှတ်တမ်းတင်သွားတာ ခံကြရလိမ့်မယ်၊

PDF တွေအသုံးချခံ အသေခံဖြစ်လိမ့်မယ်လို့ မဖြစ်စေချင်လို့ကြိုရေးခဲ့တယ်၊ ဖြစ်လာတယ်၊

ERO တချို့ ကြားညပ်လိမ့်မယ်လို့ ရေးခဲ့တယ်၊
ဖြစ်လာတာ စမြင်ကြပြီ မဟုတ်လား၊

ထိမ်းတာ ပိုခက်တယ်လို့လဲ ရေးခဲ့တယ်၊ မှန်ပါသလားလို့ မေးကြည့်ချင်တယ်၊
( ဘယ်နိုင်ငံက အသိအမှတ်ပြုမှာလဲလောက်တော့ အနည်းဆုံးတွေးကြည့်သင့်တာပေါ့ )

မဖြစ်စေချင်လို့ ကြိုပြီးရေးခဲ့တာပါ
လူ့ရင်းအမြစ်တွေဆုံးရှုံးပြီး၊ အိမ်ထောင်စုများစွာ ဒုက္ခရောက်မှာကို မရောက်စေချင်လို့ "တား"ရေးတာပါ၊

ထပ်ပြီး သတိပေးပါရစေ
နိုင်ငံရေးနည်းလမ်းနဲ့ မဟုတ်ရင်... " တဖြုန်ဖြုန်ကေး " နဲ့ပဲ နိဂုံးချုပ်လိမ့်မယ်၊

လားရှိုးကိုပဲကြည့်
တောင်ခမ်းကိုပဲ လေ့လား
ဒါ အလှည့်အပြောင်းရဲ့ အစပဲ ရှိသေးတယ်။

( ပြည်တွင်း ကိစ္စတွေ မရေးချင်ပဲ ရေးရတာပါ )


BaMg ( 1.10.24 ) ☯️


.

.


.

☯️


( kIA    နဲ့  TNLA  ထိတ်တိုက်တွေ့ )

ဘာမှမဟုတ်သေးဘူးနော်
ရာယီစိုးမိုးထားတာလေးပဲရှိသေးတယ်၊ အင်အားတွေ ပါဝါတွေပြကုန်ကြပြီ၊  ပြည်သူတွေဆိုရင် မော်တောင်မကြည့်ဝံ့ဘူး ဆိုတဲ့အသံတွေလဲ ထွက်လာပြီ၊

ပုံမှန် Administration ဆိုတဲ့ အုပ်ချုပ်ရေးလေး တောင်မလုပ်နိုင်ကြသေးဘူး၊ အပေါ်က Management ဆိုတဲ့ စီမံခန့်ခွဲဆိုရင် ပြောမနေနဲ့တော့၊

Management မလုပ်နိုင်ရင်...
ဖွင့်ဖြိုးတိုးတက်ရေးဆိုတဲ့ Development ကတော့ အဝေးကြီးပဲ၊

ဒါကြောင့်ထိမ်းတာက ပိုခက်ပါတယ်လို့ပြောတာ၊ ဒီအတိုင်းကရော ဆက်ရှိနေမယ်လို့ထင်လို့လား❗တပ်မတော်က မကြာခင် နယ်မြေတွေ ပြန်ရအောင်သိမ်းမှာ၊


BaMg ☯️


.


နေမကောင်းလို့ ဆေးရုံလာတက်ပါတယ် မီးလောင်လို့ ထွက်ပဲပြေးရတော့မလို😩


မြို့သိမ်း ရွာသိမ်း စစ်ကူတိုက်ပေးတဲ့ ပဒတ်သေရင် TNLA. MNDAA က လျော်ကြေး ၁၅ သိန်းပေးတယ် တဲ့

အညာမှာ နွားတစ်ကောင်ဈေးပဲ ရှိတယ်

အဲ့ဒါလဲ ‌အကျများ လျော်ရတာ များလာတာတော့ ကိုးကန့်နဲ့ ပလောင်လည်း ခုတော့ မလျော်နိုင်တော့ဘူး

သူတို့မှာလည်း အနူဂျီးကတဆင့် ငပွကြီးထောက်ပံ့တာ ပေါ်သွားတော့ ဝင်ငွေဆိုလို့ ဘိန်းနဲ့ စိတ်ကြွဆေးပဲ ရှိတော့တယ်


FTC 2000 G နဲ့  USA ရဲ့ $ 200
==========================

                   FTC 2000 G တိုက်လေယာဥ် ၆ စီး မြန်မာပြည်ရောက်လာပြီ ၊ နောက်ထပ် အစီး ၆၀ ထပ်ရောက်မယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာခါစက ကောလဟာလပဲလို့ အများက ယူဆခဲ့ကြပါတယ် ။

            ယနေ့ BBC သတင်းကပါ အတည်ပြုပေးလိုက်တဲ့ အတွက် သေချာတဲ့ သတင်းအဖြစ် အခိုင်အမာ ရေးသားလို့ ကောင်းသွားပါတယ် ။

           ဒီလေယာဥ်တွေက အဆင့်မြင့်လေ့ကျင့်ရေးတိုက်လေယာဥ်အဖြစ် အသုံးပြုဖို့ ထုတ်ထားတဲ့ အမျိုးအစားပါပဲ ။ G 4+ နဲ့ G 5 အမျိုးအစားတိုက်လေယာဥ်တွေ အတွက် လေ့ကျင့်ဖို့ ထုတ်ထားပေမယ့် အပေါ့စား တိုက်လေယာဥ်အဖြစ်လည်း အင်မတန်အသုံးတည့်လှပါတယ် ။

      
              တစီးကို ဒေါ်လာ 8.5 သန်းတန်ကြေးရှိတဲ့ ဒီလေယာဥ်တွေကို တပ်မတော်က 2022 ကတည်းက စတင်လက်ခံရရှိခဲ့ပေမယ့် တပ်မတော်ကတော့ ထုံးစံအတိုင်း တရားဝင်ကြေညာခြင်း မရှိခဲ့ပါဘူး ။ ဒီသတင်းကတော့ သူပုန်တွေအတွက် သတင်းဆိုးဖြစ်နေရပါတယ် ။

               တပ်မတော်အနေနဲ့ စစ်မျက်နှာများစွာကို တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နိုင်ဖို့ လေတပ်အင်အား ဖြည့်စီးနေတဲ့ အတွက်ဖြစ်ပါတယ် ။ ဒီလေယာဥ်တွေဟာ ဝေဟင်မှ မြေပြင်သို့ ထိုးစစ်အတွက် ဘက်စုံသုံးတိုက်ခိုက်နိုင်လို့ ခြောက်ခြားစရာကောင်းလှပါတယ် ။

    
          နောက်ထပ်သတင်းကတော့ အမေရိကန်က တနှစ်ကို ဒေါ်လာ သန်း ၂၀၀ ကူညီရာမှ NUG MNDAA နဲ့ TNLA တို့ ခွဲဝေရယူခဲ့တယ်ဆိုတဲ့ သတင်းစကားကလည်း တုန်လှုပ်စရာပါပဲ ။ MNDAA ကတော့ အပြင်းအထန် ငြင်းဆန်နေပါတယ် ။ အဓိကကျတဲ့ အမေရိကန်ကတော့ သူတို့ပေးတဲ့ ငွေကြေးကို လူသတ်ရာမှ မသုံးဖို့ ကန့်သတ်ထားပါတယ်လို့ပဲ ဖြေကြားသွားပါတယ် ။ မပေးဖူးလို့ မငြင်းဘူးနော် ။

  
           NUG နဲ့ MNDAA တို့ ဘယ်လိုပဲ ငြင်းပါစေ နစကရဲ့ သေချာတဲ့ စွတ်စွဲချက်ကို ( ဒီလို ပြောခဲလှပါတယ်)  တရုတ်တို့ကလည်း အတည်ပြုပြီးပါပြီ ။ အမေရိကန်ကိုယ်တိုင် ငြင်းမရမှန်းသိလို့ ဆင်ဝှေ့ရန်ရှောင် ဝန်ခံပြီးပါပြီ ။ ပညာမဲ့လူလိမ် NUG နဲ့ MNDAA တို့ လိမ်နေလည်း ဘယ်သူမှ သူတို့ကို မယုံကြည်ကြပါဘူး ။

   
           နောက် ရုရှားက ကိုယ်စားလှယ်နဲ့ ကုလ လူ့အခွင့်အရေးတာဝန်ရှိသူတို့ တွေ့ဆုံပြီး မြန်မာ့အရေးပြောကြတော့ မြန်မာ့ပြည်တွင်းရေးကို ဘယ်သူမှ ဝင်မစွက်ပါနဲ့ လို့ တားမြစ်တဲ့ သတင်းကို အနောက်တိုင်း မီဒီယာတွေ အသံမထွက်ကြသလို ပြည်တွင်းက သစ္စာဖောက် မီဒီယာတွေလည်း အသံမထွက်လာကြပါဘူး ။

            ဒီ အချက်တွေက ရုရှား နဲ့ တရုတ် တို့ရဲ့ တပ်မတော်အပေါ် အခိုင်အမာ ကူညီထောက်ပံ့နေမယ့် အချက်တွေမို့ အင်မတန် အရေးကြီးပါတယ် ။ တပ်မတော်အတွက် လက်နက်ခဲယမ်း နဲ့ လောင်စာဆီ အတွက် အာမခံချက်တွေ ဖြစ်သလို ရန်သူအတွက် သွေးကြောဖောက်ခံရမယ့် သတင်းတွေဖြစ်ပါတယ် ။ 

                တပ်မတော်ကတော့ သူ့အလုပ်သူ လုပ်နေပါတယ် ။ လုပ်သမျှအပေါ် အားမရတာလည်း ရှိနေကြမှာပါပဲ ။ တပ်တွင်း သစ္စာဖောက်တွေရဲ့ သတင်းတွေကလည်း လှိုင်လှိုင်လေးကြားနေရလို့ တပ်မတော်ရဲ့ အခက်အခဲကိုလည်း နားလည်မှုပေးရမှာပါပဲ ။

                 တိုက်ပွဲစုံသတင်းတွေကတော့ ကြားနေရတာပါပဲ ။ သီပေါမှာ တိုက်ပွဲပြင်းထန်နေပြီး တပ်ရင်း ၂ ခု ဆုတ်ခွာပေးရကာ ၂၃ ထဲမှာ ပူးပေါင်းခုခံနေရတယ်လို့ ဆိုပါတယ် ။

            လေကြောင်းတိုက်ခိုက်မှုတွေ စိတ်လာသလို PDF တို့ရဲ့ ယုတ်မာ ရက်စက်မှုတွေလည်း များပြားလာနေပါတယ် ။ အသွားအလာ အနေအထိုင် သတိကြီးစွာ ထားကြရမယ့် ကာလပါပဲ ။

               ပဒက်ကင်းစင်နယ်မြေတွေ များပြားလာဖို့ ယခုထက် ပိုမိုအားစိုက်ဖို့ လိုနေပြီလို့ မြင်မိပါတယ် ။ တကယ်တိုက်ရင် ပဒက်တွေ နေစရာမရှိပါဘူး ။ တပ်တွင်းလောက်တွေကို ပဒက်စုဖွဲ့မှု စကေးနဲ့ ဖော်ထုတ်လို့ ရနိုင်ပါတယ် ။

        ပဒက်များများ စုဝေးနေတဲ့ ဒေသရဲ့ စစ်ရေးတာဝန်ခံအရာရှိတွေဟာ လောက်ကောင်ဖြစ်ဖို့များပါတယ် ။ မိမိအပိုင်စားနယ်မြေအတွင်း ပဒက်မွေးထားတဲ့ တာဝန်ခံအရာရှိတွေကို သတိကြီးစွာထားပြီး စောင့်ကြည့်သင့်ပါပြီ ။

          ကိုရွှေမျိုးဝင်း


"ဘာလုပ်လုပ် ရန်ရှာမယ်"

အနီတွေလုပ်နေတာ  တော်လှန်ရေး မဟုတ်ဘူး။ ရန်ရှာရေးပဲ။

အမြင်မတူရင် ရန်ရှာတယ်။
cdm မလုပ်တဲ့သူကို ရန်ရှာတယ်။
ရုံးတက်ရင် ရန်ရှာတယ်။
စားဝတ်နေရေး အတွက် အလုပ်သွားရင် ရန်ရှာတယ်။ 
ဆန္ဒ မပြကြတဲ့သူတွေကို ရန်ရှာတယ်။
သံပုံးမတီးရင် ရန်ရှာတယ်။  
စစ်တပ်ကို မဆန့်ကျင်ရင် ရန်ရှာတယ်။
အေးအေးနေတတ်ရင် ရန်ရှာတယ်။
ဘုရားသွားရင် ရန်ရှာတယ်။
ဆရာတော်တွေကို ကြည်ညိုရင် ရန်ရှာတယ်။
ဘုရားဖူးထွက်ရင် ရန်ရှာတယ်။
ကျောင်းတက်ရင် ရန်ရှာတယ်။
ခရီးထွက်ရင် ရန်ရှာတယ်။
ဘားသွားရင် ရန်ရှာတယ်။
ပျော်ပျော်နေရင် ရန်ရှာတယ်။
သင်္ကြန်ရေပက်ရင် ရန်ရှာတယ်။
ပံသကူကောက်ရင် ရန်ရှာတယ်။
စတိတ်ရှိုး ဆိုရင် ရန်ရှာတယ်။
ရုပ်ရှင်ရိုက်ရင် ရန်ရှာတယ်။
နယူးရီးယားပွဲ လုပ်ရင် ရန်ရှာတယ်။
သူတို့ကို မလှုရင် ရန်ရှာတယ်။
မင်္ဂလာဆောင်ရင် ရန်ရှာတယ်။
ဖွဘုတ်ပေါ်  ဓာတ်ပုံတင်ရင် ရန်ရှာတယ်၊
ဗုဒ္ဓဘာသာ ကုသိုလ်ရေးလုပ်ရင် ရန်ရှာတယ်။

ဘာကျန်သေးလဲ ထပ်မန့်သွားကြအုံး

#BN(နီပိန်းတိုက်ဖျက်ရေး)


မျောက်၃ကောင်နှင့် တပ် ဖရဲသီးများဝေစုမခွဲမီ လာရှိုးရှိ မူးယစ်ဆေးများကို UWSA သိမ်းပေးသလိုလိုနဲ့ အကုန်မသွား။

ပြည်တွင်းဈေးကွက်ထဲဖြန့်ရန် စီစဉ်နေစဉ်
မုန်တိုင်းမိုးကြောင်း သယ်ယူရန် အဆင်မပြေခဲ့

လာအိုဖက်ကနေ ထွက်နေပုံရ

ယခင် ထိုင်းက မြန်မာနယ်စပ်ကိုသတိထားပြီးပိတ်လေ့ရှိ

ယခု လာအိုနယ်စပ်ကိုပါသေချာဂရုစိုက်နေ

ယမန်နေ့ ဘတ်သန်း၃၀၀ ကျော်ဖိုး ဖမ်းမိသည်မှာ ထိုင်း-လာအိုနယ်စပ်တွင်ဖြစ်

တပ်ဖရဲသီးဆိုသူတို့မှာ နိုင်ငံရေးအရ အနီထောက်ခံမဖား မဟုတ်ပါ

မတရားသဖြင့် လာဘ်စားပြီး ထားစရာမရှိအောင် စုဆောင်းမိနေ၍ တိုက်ပွဲဖြစ်ချိန် စစ်မတိုက်ပဲ ကိုယ်ရောင်ဖျောက်မည့်သူများဖြစ်




ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့သည့် Anonymous Force အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
==========================

ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့အား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကျား ၁၁ ဦး၊ မ ၁ ဦးတို့အား Sigsauer ပစ္စတို သေနတ် ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၂၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့

တိုက်ပွဲသတင်းစုံ


တရုတ်နိုင်ငံထုတ် FTC 2000 G ဘက်စုံသုံး
တိုက်ခိုက်ရေးလေယာဉ်တွေ မြန်မာနိုင်ငံကို
ဒုတိယအသုတ်အနေနဲ့ ၆ စီး ထပ်ပြီး ရောက်ထားတယ်လို့
BBC မှာ ဖော်ပြထားတယ်။

အသစ်ရောက်ထားတဲ့ FTC 2000 G ဖိုက်တာဂျက်တွေကို
လာမယ့် လေတပ်နှစ်ပတ်လည်နေ့မှာ တပ်တော်ဝင်ဖို့
ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲသတင်းစုံ

Показано 17 последних публикаций.