Фильтр публикаций


Видео недоступно для предпросмотра
Смотреть в Telegram
ပါတီဥက္ကဌ ဦးခင်ရီ က ရုရှား- မြန်မာ ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းရဲ့ နိုင်ငံရေးဌာန အကြီးအကဲ ဦးဆောင်သောအဖွဲ့အား နေပြည်တော်ပါတီဌာနချုပ်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ( ၂၀.၁၂.၂၄ )


Connect with U Khin Yi:

Tik Tok: www.tiktok.com/@chairmanofusdp

Telegram : https://t.me/chairmanofUSDP

Facebook : https://www.facebook.com/ukhinyimyanmar?mibextid=LQQJ4d

#Crd USDP ပါတီ ဥက္ကဌကြီး ဦးခင်ရီ
#USDP

Politic New
🎖️Htay Lin Aung 07🎖️
ထွက်ရပ်ဂိုဏ်း
#9Plus✍️✌️🇲🇲


Репост из: U Khin Yi
Видео недоступно для предпросмотра
Смотреть в Telegram
ပါတီဥက္ကဌ ဦးခင်ရီ က ရုရှား- မြန်မာ ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းရဲ့ နိုင်ငံရေးဌာန အကြီးအကဲ ဦးဆောင်သောအဖွဲ့အား နေပြည်တော်ပါတီဌာနချုပ်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ( ၂၀.၁၂.၂၄ )


Connect with U Khin Yi:

Tik Tok: www.tiktok.com/@chairmanofusdp

Telegram : https://t.me/chairmanofUSDP

Facebook : https://www.facebook.com/ukhinyimyanmar?mibextid=LQQJ4d


နိုင်ငံရေး ဆိုတာ
ရေးတဲ့ သူအပေါ်မှာပဲ
မူတည်ပါတယ်။
ဘာ့ကြောင့်လဲဆိုရင်
ဂဠုန်ဦး‌စောလိုမျိုး
မြန်မာ့နိုင်ငံရေး သမိုင်းမှာ
အမျိုးသားနိုင်ငံရေး စိတ်ဓာတ်
ပြင်းထန်သူက ရှားပါတယ်။
ရှိခဲ့ရင်တောင်
လက်ချိုးရေလို့ရပါတယ်။

ဂဠုန်ဦးစော ဆိုသည်မှာ
မြန်မာ့နိုင်ငံရေးသမိုင်းတွင်
မှတ်တမ်းတင် သမိုင်း
မော်ကွန်းကို ရေးထိုးခဲ့သူ
စစ်မှန်တဲ့ အမျိုးသားရေး
စိတ်ဓာတ်ရှိတဲ့ နိုင်ငံရေးသမား
ဖြစ်တယ်။

ဇီးရွက်လောက် ရှိတဲ့
ပြည်ထောင်စုတွေနဲ့ ဖွဲ့စည်း
တည်ထောင်ထားတဲ့ မြန်မာနိုင်ငံကို
အစိတ်စိတ်အမွှာမွှာ တစ်စစီဖြစ်မှာဆိုး၍ မြန်မာ့နိုင်ငံရေး သမိုင်းတွင်
လူမုန်းခံပြီး အသိပညာ၊ အချိန်၊ ငွေကြေး၊ ဘဝ၊ အသက်ကို စတေးပြီး
ကာကွယ်ကာ နိုင်ငံရေးသမိုင်းကြောင်းကို အလှပဆုံး ရေးထိုးနိုင်ခဲ့သူ
ဖြစ်တယ် ဆိုရင် ပို၍ မှန်ပါလိမ့်မည်။

ဒါကြောင့်
နိုင်ငံရေးသမိုင်း ဆိုတာ
ရေးတဲ့သူအပေါ်မှာပဲ မူတည်ပါတယ်လို့
ဆိုလိုချင်ပါသည်။

So .. အတိတ်က မြန်မာ့
နိုင်ငံရေးသမိုင်းမှာ
ရှိသင့်တဲ့ စစ်မှန်တဲ့ အမျိုးသားနိုင်ငံရေးသမားတွေ ရှိခဲ့ပြီးမို့
ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာ့
နိုင်ငံရေးသမိုင်းတွင်လည်း ဂဠုန်ဦးစောကဲ့သို့ မြင့်မြတ်တဲ့ အမျိုးသားနိုင်ငံရေး
စိတ်ဓာတ်ကို အခြေခံပြီး တိုင်းပြု ပြည်ပြု သယ်ပိုးဆောင်ရွက်ချက်တို့ဖြင့်
နိုင်ငံတော်နှင့် အမိမြေ
အမျိုးသားအကျိုးစီးပွားနဲ့
အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို
ဘဝနဲ့ ရင်းပြီး ကာကွယ်ထိန်းသိမ်း
စောင့်ရှောက်ပေးနိုင်သော
မြင့်မြတ်တဲ့ အမျိုးသားရေး
စိတ်ဓာတ် ရင်၌ အစဉ်ကိန်းအောင်း
ထက်သန်သော National Politics View
ဖြစ်သော အမျိုးသားနိုင်ငံရေးသမားများ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရှေ့ဆက်ရမည့် နိုင်ငံရေးခရီးလမ်း ‌အတွက် အများကြီး လိုအပ်ပါသည်။

မြန်မာ့နိုင်ငံရေးသမိုင်းထဲက
စံပြ နိုင်ငံရေးသမား

အမျိုးသားနိုင်ငံရေးသမား
သို့မဟုတ်
မြန်မာ့နိုင်ငံရေးကို သမိုင်းတွင်ကျန်အောင် ရေးထိုးနိုင်ခဲ့သူ
ဂဠုန်ဦးစောဟု ခေါ်သည်။

တော်သေးပြီ..
ဒီလောက်ပါပဲ!

နိုင်ငံရေးအမြင်
အပြုသဘောဖြင့်သာ

ကိုရွှေမျိုးဝင်းအား
ချစ်ခင်လေးစားစွာဖြင့်..
ဌေးလင်းအောင်
#9Plus✍️✌️🇲🇲

နိုင်ငံရေးအမြင်
သုတ၊ ရသ
Knowledge Sharing!
ဝေမျှပါသည်။

Politic New
🎖️Htay Lin Aung 07🎖️
ထွက်ရပ်ဂိုဏ်း
#9Plus✍️✌️🇲🇲


အကိုကြီး
ကိုရွှေမျိုးဝင်းရဲ့
အခုလို နိုင်ငံရေး
အတိတ်သမိုင်းနှင့်
မျိုးဆက်သစ် လူငယ်တွေကို
အသိပညာ ဝေမျှပြီး
အသိပညာပေးကာ
မျက်စိနားဖွင့်ပေးတဲ့
Politic View
Knowledge Sharing!
အတွက် အထူးပင်
လေးစားပြီး နိုင်ငံတော်နှင့်
အမျိုးသားရေး အားမာန်
အကျိုးထိရောက်စေသမို့
ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။

So.. ထို့ကြောင့်
ပို၍ လေးစားမြတ်နိုး
တန်ဖိုးထားမိပါသည်။

ချစ်ခင်လေးစားစွာဖြင့်..
ဌေးလင်းအောင်
#9Plus✍️✌️🇲🇲


Репост из: Theingi Nyunt (S'pore)
တရားဝင်အသိအမှတ်ပြုပေးဖို့ဆိုတဲ့မဖြစ်နိုင်တဲ့တောင်းဆိုချက်ကိုတောင်းဆိုခဲ့တာကြောင့်ပွဲပျက်သွားခြင်းဖြစ်ကြောင်းမီဒီယာတွေမှာဖော်ပြခဲ့ကြပါတယ်။

AA အဖွဲ့ဟာလည်းတရုတ်ဘက်ကခေါ်ယူဖိအားပေးထားချိန်မှာပဲ လက်ရှိ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ၈ ရက်နေ့မှာ မောင်တောမြို့နယ် အမှတ်(၅)နယ်ခြားစောင့်စခန်း(နခခ-၅)၊ ၁၄ ရက်မှာ တောင်ကုတ်အခြေစိုက် အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၅)၊ ၂၀ ရက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အမ်းတို့ကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ဂွမြို့ကိုလည်းပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်လျက်ရှိပြီး ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းရဲ့နယ်ခြားအထိ နယ်မြေသိမ်းပိုက်ထိန်းသိမ်းဖို့ဆောင်ရွက်နေပါတယ်။

AA ဟာ ခရိုင် ၆ ခု (မောင်တော၊ မြောက်ဦး၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ပလက်ဝ)၊ မြို့နယ် ၁၄ မြို့နယ် (ပလက်ဝ၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ) သိမ်းပိုက်ထားပြီးပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ကျွန်း ၃ မြို့နယ်ပဲကျန်ပါတယ်။ စစ်တွေဟာ အိန္ဒိယရဲ့ ကုလားတန်မြစ်ကြောင်းဘက်စုံသုံးစီမံကိန်းရှိရာမြို့ဖြစ်သလိုပြည်နယ်မြို့တော်လည်းဖြစ်ပါတယ်။ ကျောက်ဖြူဟာ တရုတ်နိုင်ငံရဲ့ CMEC အထူးစီးပွားရေးဇုန်အကျိုးစီးပွားနေရာဖြစ်ပါတယ်။ ပထဝီအနေအထားအရတရုတ်နိုင်ငံနဲ့နယ်နိမိတ်ကပ်လျက်လည်းမဟုတ်၊ မှီခိုအားထားမှုများများစားစားလည်းမရှိတဲ့အတွက် AA အပေါ် တရုတ်နိုင်ငံရဲ့ဖိအားဟာ MNDAA၊ TNLA တို့လောက်မသက်ရောက်ဘူးဆိုပေမဲ့အတိုင်းအတာတစ်ခုထိတော့သက်ရောက်မှုရှိပါတယ်။ ဒီဇင်ဘာလ ၁ ရက် တရုတ်နိုင်ငံ ထိန်ချုန်းမြို့က တရုတ်နဲ့ AA တွေ့ဆုံမှုမှာလည်း " ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ တိုက်ပွဲရပ်စဲရေး၊ တရုတ်စီမံကိန်းများလုံခြုံရေး " ဆိုတဲ့ အချက်တွေ ဆွေးနွေးခဲ့ကြပါတယ်။ မာန်အောင််ကတော့ရေတပ်စခန်းဌာနချုပ်အခြေပြုထားတဲ့ကျွန်းဖြစ်လို့အလွယ်တကူတိုက်လို့မရနိုင်ပါဘူး။ ဒါကြောင့်အထက်ပါသုံးမြို့ကိုပိတ်ဆို့ခြိမ်းခြောက်ထားပြီး လိုချင်တဲ့ နိုင်ငံရေးအရတရားဝင်မှုတောင်းဆိုဖို့ဖြစ်နိုင်ချေရှိပါတယ်။

ဘယ်လိုပဲပြောပြော နစကကိုဆန့်ကျင်တဲ့အုပ်စုအသီးသီးက သက်ဆိုင်ရာနယ်မြေအလိုက် စစ်ရေးအောင်မြင်မှုရပြီး အနိုင်ရမဲ့ဖဲချပ်တွေကိုယ်စီကိုင်ထားပြီးဖြစ်ပါတယ်။ နစကဘက်ကတော့ ပြည်မကအဓိကမြို့ကြီးတွေကိုချုပ်ကိုင်ထားတာ၊ နိုင်ငံရဲ့တရားဝင်အုပ်ချုပ်သူအဖြစ်မဟာမိတ်နိုင်ငံတွေကြားတရားဝင်မှုရှိနေတာ၊ လေကြောင်းအင်အားသာနေတာတွေသာရှိပါတယ်။ နားထောင်ရတာခါးသီးပေမဲ့လက်တွေ့အမှန်တရားဖြစ်နေတဲ့ Real politics သဘောအရတော့ အင်အားကြီးသူသာစတမ်း၊ စစ်နိုင်သူသမိုင်းရေးထိုးကြစတမ်းဖြစ်တာမို့ မိမိသမိုင်းကောင်းချင်ရင် မိမိမှာရှိတဲ့အားနည်းချက်တွေကိုပြင်ဆင်၊ သာချက်တွေကိုမြှင့်တင်ပြီးအင်အားကြီးမားကြောင်းပြသဖို့သာအရေးကြီးဆုံးဖြစ်ပါလိမ့်မယ်။

၂၁.၁၂.၂၀၂၄
Geopolitics Admin


Репост из: Theingi Nyunt (S'pore)
ရဲတပ်ဖွဲ့စခန်းငယ်တွေ၊ တပ်ရဲ့စစ်အတွေ့အကြုံနည်းတဲ့လက်ရုံးဝန်ထမ်းတပ်တွေ၊ နယ်မြေခံခြေလျင်/ခြေမြန်တပ်တွေ၊ မာကျောတဲ့ဂဏန်းတပ်မတွေကို အင်အားထောင်ချီစုပြီး တစ်ဆင့်ချင်းစီတိုက်ခိုက်ရင်း စစ်မြေပြင်အတွေ့အကြုံယူတာ၊ အောင်စိတ်သွင်းပေးတာတွေဟာဘယ်သူ့နည်းဗျူဟာလဲဆိုတာစဥ်းစားကြည့်ရင်နောက်ကွယ်ကလက်မဲကိုသိနိုင်ပါတယ်။
______

မီဒီယာနည်းဗျူဟာ

လက်ရှိမှာနစကအစိုးရနဲ့တပ်အပေါ် နိုင်ငံအနှံ့အပြားက လက်နက်ကိုင်အဖွဲ့အသီးသီး၊ နိုင်ငံရေးသဘောထားကွဲလွဲသူအသီးသီးက ဘုံရန်သူသဖွယ်ဝိုင်းဖိအားပေးကြတဲ့အထဲမီဒီယာအားနဲ့ဖိတာလည်းကဏ္ဍတစ်ခုပါဝင်ပါတယ်။အစိုးရဆန့်ကျင်တဲ့လက်နက်ကိုင်အကြမ်းဖက်သူအားလုံးဟာ စစ်အာဏာရှင်တော်လှန်သူတွေဖြစ်ကြောင်းအလုံးအရင်းနဲ့ပုံဖော်ထားကြပါတယ်။

တစ်ဘက်မှာတော့ အစိုးရပြန်ကြားရေးနဲ့တပ်ဘက်ကသတင်းထုတ်ပြန်ရေးဟာ ဗျူရိုကရေစီပုံစံတကျလေးဖင့်စွာနဲ့ သာမန်လောက်သာမီဒီယာတန်ပြန်ရေးဆောင်ရွက်နေခဲ့တာကြောင့် မြန်မာ့ပြည်တွင်းမီဒီယာစစ်ပွဲဟာတစ်ဖက်စောင်းနင်းဖြစ်နေတာထင်ရှားပါတယ်။

ဝါရင့်၊ အတွေ့အကြုံရင့်၊ ဘတ်ဂျက်များတဲ့မီဒီယာဘိုးအေကြီးတွေဖြစ်တဲ့ VOA၊ BBC တို့က အမှန်သတင်း ၈၀၊ နဝေတိမ်တောင်သတင်း ၂၀ နဲ့ပညာသားပါပါပါးပါးပုတ်လိုက်၊ ခေတ်သစ် ဧရာဝတီတို့လို Black media တွေက အမှန် ၅၀ အမှား ၅၀ အလုံးအရင်းနဲ့ထူထူပုတ်လိုက်ကစားရင်း နစကအစိုးရနဲ့ တပ်ကိုဖိနင်းထားနိုင်ခဲ့ပါတယ်။ အထက်ပါမီဒီယာတွေအားလုံးဟာလဲ အနောက်အထောက်အပံ့ခံ၊ အနောက်အခြေစိုက် ဒီမိုကရေစီလစ်ဘရယ်အစွန်းရောက်ဝါဒတွေ ဖြန့်ဖြူးရေးဌာနတွေဖြစ်နေတာကတိုက်ဆိုင်တာတော့မဟုတ်ပါဘူး။

ရခိုင်ပြည်နယ်မှာ နစကအစိုးရကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ AA အဖွဲ့ဟာလည်းအထက်ပါမီဒီယာတွေနဲ့လမ်းစဥ်တူညီနေတဲ့အတွက်မီဒီယာစစ်ကူကိုအလုံးအရင်းနဲ့ရခဲ့ပါတယ်။ ယခင်က လူစိတ်ဝင်စားမှုနည်းပါးပြီးအတွေ့အကြုံနည်းတဲ့ ရခိုင်မီဒီယာတွေဟာလည်းမီဒီယာစစ်ပွဲမှာတဖြည်းဖြည်းအတွေ့အကြုံရလာပါတယ်။ ၂၀၁၉ ခုနှစ်နောက်ပိုင်းကာလတွေမှာတော့ AA အဖွဲ့ဟာ စစ်ရေးသတင်းတွေ၊ အောင်မြင်မှုသတင်းတွေနဲ့မီဒီယာတိုက်ပွဲအရှိန်ရလာခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးရဲ့အဆက်ဖြစ်တဲ့ ရခိုင်ပြည်နယ်ဘက်က AA ရဲ့တိုက်ပွဲဖော်ဆောင်မှုမှာလည်း စစ်မြေပြင်ကလှုပ်ရှားမှုတွေ၊ ရန်သူဘက်ကအထိနာ/မိမိဘက်ကအောင်မြင်တဲ့စိတ်ဓာတ်စစ်ဆင်ရေးပုံရိပ်တွေပါမှတ်တမ်းတင်ဝါဒဖြန့်ချိနိုင်ခဲ့တာတွေ့ရတဲ့အတွက် စစ်နဲ့မီဒီယာကို ပူးတွဲလက်နက်အဖြစ်တွဲသုံးလာနိုင်တဲ့အဆင့်ထိဖြစ်လာတာတွေ့ခဲ့ရပါတယ်။
______

နစကအာဏာထိန်းမှုနဲ့မြန်မာပြည်အစိတ်စိတ်အမွှာမွှာဖြိုခွဲရေးလမ်းစဥ်ဟာတိုက်ဆိုင်မှုမဟုတ်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် ဧရာဝတီသတင်းဌာနမှာဖော်ပြထားတဲ့ AA ခေါင်းဆောင်ထွန်းမြတ်နိုင်အင်တာဗျူးမှာ ၂၀၂၅ ခုနှစ်မတိုင်မီအပြောင်းအလဲကြီးတစ်ခုခန့်မှန်းထားတယ်လို့ဆိုပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ DVB သတင်းဌာနနဲ့ TNLA အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်အင်တာဗျူးမှာလည်း ၁၀၂၇ စစ်ဆင်ရေးအတွက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA+PDF၊ TNLA+PDF၊ AA+PDF၊ NUG နဲ့ MOD အောက်မှာရှိတဲ့ PDF၊ မရှိတဲ့ PDF၊ ဗမာလက်နက်ကိုင်အသစ်ဖြစ်တဲ့ BPLA၊ PLA၊ ကယားဘက်က KNDF တို့နဲ့ ၂ နှစ်အချိန်ယူပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ်။

ထွန်းမြတ်နိုင်ပြောဆိုချက်အရ ၂၀၁၉ ခုနှစ်ဟာ NLD အစိုးရကာလဖြစ်လို့ လက်နက်ကိုင်အဖွဲ့တွေဟာ အာဏာမသိမ်းလဲ ၁၀၂၇ တိုက်ဖို့ပြင်ထားတယ်လို့နိုင်ငံရေးသုံးသပ်သူအချို့ကယူဆကြပါတယ်။

တကယ်တော့စေ့စပ်တဲ့စီမံချက်တစ်ခုအောက်မှာ ၂၀၁၅-၂၀၂၀ NLD အစိုးရလက်ထက်တပ်နဲ့အရပ်ဘက်သိသိသာသာကွဲထွက်သွားအောင်သွေးခွဲတာ၊ နိုင်ငံရေးပွတ်တိုက်မှုအကြီးကြီးဖြစ်အောင်နယ်ပယ်အသီးသီးက (အနုပညာရှင်၊ စာရေးဆရာ၊ ဟောပြောပွဲ၊ မီဒီယာ၊ ဆိုရှယ်နက်ဝပ်တွေ) တမင်ပြုလုပ်ခဲ့ကြတာ၊ အာဏာမထိန်းမဖြစ်ထိန်းအောင်ကြိုတင်ဆောင်ရွက်ထားတာ၊ အာဏာထိန်းမှုကြောင့် ဗမာလူငယ်တွေကို လက်နက်ကိုင်အဖွဲ့တွေဆီအင်အားတိုးအောင်ကြိုတင်စီမံထားတာ၊ လက်နက်/ရိက္ခာ/ခဲယမ်း(တရုတ်နိုင်ငံထုတ်မှတမင်ရွေးထားတာတွေ) နှစ်ချီ ကြိုတင်စုပုံထားတာတွေဟာ တိုက်ဆိုင်မှုမဟုတ်တဲ့ လက်မဲအဖွဲ့တွေရဲ့ conspiracy တွေဆိုတာဆက်စပ်ကြည့်ရင်သိနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက် ယူနန်ပြည်နယ်
ကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့ နစကနဲ့ MNDAA အဖွဲ့ဆွေးနွေးမှုမှာလည်း တရုတ်ဖိအားကိုကြောက်ရပါတယ်ဆိုတဲ့ MNDAA ဘက်ကမဖြစ်နိုင်တဲ့တောင်းဆိုချက်တွေတမင်တောင်းဆိုခဲ့လို့သဘောတူညီမှုမရဘဲပွဲပျက်ခဲ့ပါတယ်။ နစကနဲ့ MNDAA ဆွေးနွေးပွဲမတိုင်မီကပွဲဖြစ်ဖို့ တရုတ်ဘက်က MNDAA အဖွဲ့ကိုကြိုတင်တွေ့ဆုံခဲ့ပါတယ်။ တရုတ်နဲ့တွေ့ဆုံမှုမှာ MNDAA အဖွဲ့က ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းသိမ်းထားတဲ့မြို့တွေကိုပြန်ဆုတ်ပေးဖို့သဘောတူထားတယ်လို့အတည်မပြုနိုင်တဲ့အတွင်းသတင်းတွေထွက်ခဲ့ပါတယ်။ တကယ်တမ်း နစကနဲ့ တွေ့ဆုံချိန်မှာတော့ နောင်ချိုကနေမူဆယ်၊ ချင်းရွှေဟော်အထိသိမ်းထားသမျှမြို့တွေလဲဆုတ်မပေးဘဲ အထူးဒေသ(၁) အုပ်ချုပ်မှု (MNDAA ရဲ့အုပ်ချုပ်မှုအောက်)


Репост из: Theingi Nyunt (S'pore)
" AA အဖွဲ့ရဲ့ စစ်နည်းဗျူဟာ
မီဒီယာနည်းဗျူဟာလမ်းကြောင်း
အာဏာထိန်းမှုဖြစ်စဥ်နဲ့မြန်မာနိုင်ငံ
အစိတ်စိတ်အမွှာမွှာဖြိုခွဲရေး "
*******

၂၀၀၉ ခုနှစ်မှာ KIA က TNLA နဲ့ AA ကိုမွေးထုတ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအနောက်တံခါးမှာအသစ်ပေါ်လာတဲ့ဇာတ်ကောင် AA အဖွဲ့ရဲ့ ဆရာစုံသင်ပေးလိုက်တဲ့ စစ်နည်းဗျူဟာတွေဟာ သမားရိုးကျ old school မြန်မာတပ်မတော်သာမက၊ တရုတ်နိုင်ငံစစ်နည်းဗျူဟာသမားတွေထက်ပါပိုမိုရှုပ်ထွေးကောက်ကျစ်ခဲ့ပါတယ်။

စစ်နည်းဗျူဟာခြေလှမ်း

အောက်ဖော်ပြပါ AA အဖွဲ့ရဲ့ စစ်နည်းဗျူဟာ၊ စစ်အတွေ့အကြုံ လေ့ကျင့်ခဲ့တဲ့လှေကားထစ်တွေကိုကြည့်နိုင်ပါတယ်-

(၁) AA စပေါ်ကာစက ရခိုင်ပြည်နယ်မှာ ပြည်မအစိုးရနဲ့ AA အပေါ်ထောက်ခံသူသိပ်မကွာလှသေးပါဘူး။ ဖွံ့ဖြိုးမှုအားနည်းတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ AA ထောက်ခံသူများပြီး တောင်ပိုင်းကပညာတတ်ချမ်းသာသူတွေဟာအစိုးရထောက်ခံသူများပါတယ်။ ရန်/ငါခွဲထုတ်ချင်တဲ့ AA ဟာ အကြောက်တရားစသွင်းပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ အစိုးရထောက်ခံသူတွေကို ခြိမ်းခြောက်စာပစ်တာ၊ သတ်ဖြတ်လုပ်ကြံတာတွေလုပ်ပါတယ်။ ဒါကြောင့် အစိုးရအုပ်ချုပ်ရေးမှူးတွေအစုလိုက်အပြုံလိုက်နှုတ်ထွက်ကြတာ၊ အုပ်ချုပ်မဲ့သူမရှိတာတွေဖြစ်ခဲ့ပါတယ်။ ​ကာလကြာတဲ့အခါ AA ထောက်ခံသူတွေအင်အားကြီးလာပြီး အစိုးရထောက်ခံသူတွေငြိမ်ဝပ်သွားတာမျိုးဖြစ်လာပါတယ်။ AA ဟာ အရပ်ဘက်အုပ်ချုပ်ရေးနဲ့ပြည်သူလူထုကို အကြောက်တရား၊ လူမျိုးရေးအစွန်းရောက်ဝါဒတွေနဲ့ဝါးမျိုနိုင်ခဲ့ပါတယ်။

(၂) ဒုတိယအဆင့်မှာစစ်အောင်မြင်ရေးအတွေ့အကြုံနဲ့အောင်စိတ်မွေးမြူပါတယ်။ AA စစ်သား​တွေ မနိုင်နိုင်တဲ့ အမျိုးမျိုးသောတပ်စခန်းတွေ၊ လုံခြုံရေးဂိတ်တွေဘက်အနားမကပ်ဘဲ ရဲတပ်ဖွဲ့ဂိတ်ကင်းငယ်လေးတွေ၊ စခန်းတွေကိုစတင်တိုက်ခိုက်ပါတယ်။ အစိုးရထောက်ခံသူအမျိုးသားရေးသမားတွေတောင် AA အဖွဲ့ကို 'ရဲတိုက်' လို့လှောင်ပြောင်ခဲ့ကြပြီး၊ တပ်ကအရာရှိကြီးတွေတောင်မှ AA အဖွဲ့ဟာ ဘာမှမဟုတ်တဲ့အဖွဲ့လေးပါဆိုတဲ့ရန်သူအပေါ်အထင်သေးစိတ်သွင်းနိုင်ခဲ့ပါတယ်။

(၃) တတိယအဆင့်မှာတော့တပ်မတော်ကိုစတင်အတွေ့အကြုံယူလာပါတယ်။ စစ်တိုက်တဲ့အတွေ့အကြုံမရှိတဲ့ ထောက်ပံ့ပို့ဆောင်ရေးတပ်လိုဝန်ထမ်းတပ်ကစစ်သည်တွေလုံခြုံရေးတာဝန်ယူတဲ့ဂိတ်ကင်းတွေကိုစတင်သွေးတိုးစမ်းတိုက်ခိုက်ပါတယ်။ တစ်ဘက်မှာလည်း ရခိုင်လူထုကြားလူမျိုးရေးအစွန်းရောက်အမြင်တွေမျှဝေပြီး ဗမာလူမျိုးတွေကိုဒလန်ခေါင်းစဥ်တပ်ရှင်းလင်းခဲ့ကာ စစ်သတင်းလုံခြုံရေးအတွက် ရခိုင်ပြည်နယ်တစ်ခုလုံးဗမာကင်းစင်ရေးဆောင်ရွက်ပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်နောက်ပိုင်းရခိုင်ပြည်နယ်တစ်ခုလုံးမှာ တပ်နဲ့နယ်ဘက်ဝန်ထမ်းကလွဲရင် ဗမာပြည်သူလုံးဝကင်းစင်သွားတာတွေ့ခဲ့ရပါတယ်။ ဒီကာလမှာ တပ်အရာရှိမင်္ဂလာဆောင်ကို ပါဆယ်ထုတ်ထဲကိုဗုံးထည့်ခွဲတာလိုမျိုး အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်တွေရဲ့လုပ်ပုံကိုင်ပုံတွေကူးချခဲ့တဲ့အတွက်ညားကာစ လင်မယားသေဆုံးခဲ့တာတွေလည်းရှိခဲ့ပါတယ်။

၄။ ဒီအဆင့်မှာ တပ်မတော်ထဲမြှုပ်ထားတဲ့ AA cell ရခိုင်အရာရှိ၊ စစ်သည်တွေတော်တော်များများဘက်ပြောင်းကုန်ကြပါတယ်။ AA ကိုဗုံးကြဲဖို့အမိန့်​ပေးရင်ကြဲမှာလားလို့မေးတာ မကြဲဘူးလို့ပြောတဲ့ လေသူရဲတွေကြားဖူးပါတယ်။ ၂၀၁၉ ခုနှစ်မှာပဲ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ကြား စစ်ဆင်ရေးဝင်နေတဲ့ ရှေ့တန်း အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်မှာတွဲဖက်ထားတဲ့ AA cell ရခိုင်အရာရှိက တပ်အရွေ့အပြောင်းသတင်းတွေကို AA အဖွဲ့ဆီပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ AA ဟာ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံကြားအချက်အခြာကျတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ မီးဝဗျူဟာကုန်းကိုအင်အား ၃၀၀၀ ခန့်နဲ့ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။ မီးဝကိုစစ်ကူလာတဲ့ ခမရ(၇) ရဲ့ ရဟတ်ယာဥ်ဆင်းမဲ့နေရာမြေပုံညွှန်း၊ အချိန်၊ အင်အားအတိအကျရခဲ့တဲ့အတွက် AA အဖွဲ့အင်အားထောင်ချီအပိုင်ကြိုစောင့်ပြီးဝိုင်းပိတ်လိုက်လို့တပ်ပျက်သွားတဲ့ဖြစ်စဥ်ဖြစ်ခဲ့သလို ရိက္ခာသယ်တဲ့ ခမရ(၃၁၃) ကိုသတင်းအတိအကျအရ​စောင့်ပြီးခြုံခိုတိုက်လို့တပ်ပျက်သွားတဲ့ဖြစ်စဥ်တွေစတင်လာခဲ့ပါတယ်။ အဲ့တပ်ရင်းတွေဟာ နာမည်ကျော်တပ်မကြီးက မာကျောတဲ့တပ်ရင်းတွေပါ။ AA ဟာအဲ့တိုက်ပွဲတွေမှာအဆမတန်အင်အားအသုံးပြုပြီး တပ်မတပ်တွေကိုအနိုင်ယူနိုင်တဲ့အရသာ၊ စိတ်ဓာတ်၊ စစ်နည်းဗျူဟာ၊ ထောက်လှမ်းရေးခိုင်မာအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကိုတိုက်ခိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာတော့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေနဲ့အဓိကဇာတ်ကောင်အဖြစ်ပါဝင်အားဖြည့်တိုက်ခိုက်ပေးခဲ့ပြီး ရှမ်းမြောက်စစ်ယာယီရပ်စဲတဲ့ကာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကလက်နက်ကိုင်အဖွဲ့စုံအင်အားတွေကိုရခိုင်ပြည်နယ်ဘက်ရွေ့ပြီးအလုံးအရင်းနဲ့ထပ်မံထိုးစစ်ဆင်ခဲ့လို့ နစကဘက်ကအကျအဆုံးများခဲ့တာဖြစ်ပါတယ်။

AA ရဲ့အထက်ပါခြေလှမ်းတွေအနက် ကြားနေ/ဆန့်ကျင်သူပြည်သူတွေနဲ့ အရပ်ဘက်အုပ်ချုပ်ရေးယန္တရားကိုလုပ်ကြံပြီး ရန်သူ(အစိုးရ)ကိုမ​ထောက်ခံရဲအောင်အကြောက်တရားမှိုင်းသွင်းတာ၊ ရန်သူ့ဘက်တော်သားတွေကိုလူမဆန်စွာနည်းမျိုးစုံနဲ့အကြမ်းဖက်တာတွေဟာ ISIS တို့လိုအရှေ့အလယ်ပိုင်းကအကြမ်းဖက်အဖွဲ့တွေစတင်အားမွေးတုန်းကခြေလှမ်းနဲ့နည်းဗျူဟာဖြစ်ပါတယ်။


Репост из: Theingi Nyunt (S'pore)
ကျူးလွန်သူဆရာဝန်ကိုတွေ့ရစဉ် photos credit


Репост из: PAN
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနား
ရွှေပြည်တော်သို  ပိတ်ပွဲအခမ်းအနား မြင်ကွင်းများ

#PAN


Репост из: PAN
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနား
ရွှေပြည်တော်သို  ပိတ်ပွဲအခမ်းအနား မြင်ကွင်းများ

#PAN


Репост из: PAN

Показано 11 последних публикаций.