အားကစားပွဲတော် ကျင်းပခြင်းသည် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပြီး နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ပြောကြား
◾ အသက်ပေးလှူကျဆုံးသွားခဲ့ရသည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်မှုထမ်းအဖွဲ့ဝင်၊ နိုင်ငံ့ဝန်ထမ်း၊ အခြားနိုင်ငံ့သားကောင်းများ အားလုံးကို အထူးအလေးထား ဦးညွတ်ဂုဏ်ပြုကြောင်းပါ SAC ဥက္ကဋ္ဌ ပြောကြား
◾ ပြည်တွင်း၊ ပြည်ပအန္တရာယ်များ ကြုံတွေ့နေရသည့် လက်ရှိအချိန်တွင် ပြည်သူလူထု၊ အစိုးရနှင့် တပ်မတော် ပေါင်းစည်းအားဖြင့် ကာကွယ်ရန်လို
၂၀. ၁၂. ၂၀၂၄
Written by Nyein Kyaw
အားကစားပွဲတော် ကျင်းပခြင်းသည် နိုင်ငံ့ဂုဏ်ကိုမြင့်တင်ပြီး နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားတွင် ပြောကြားသည်။
မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ယခုအမျိုးသားအားကစားပွဲတော်တွင် နိုင်ငံတော်၊ ပြည်သူလူထုနှင့် သက်ဆိုင်သည့်စကားအချို့ကို ပြောလိုကြောင်း၊ မိမိတို့အမိမြန်မာနိုင်ငံတော်အတွင်း စုပေါင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်းသည် မိမိတို့ ကဏ္ဍအလိုက် ကျရာတာဝန်များကို နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ထမ်းဆောင်နေကြသူများဖြစ်ကြကြောင်း၊ နိုင်ငံသူနိုင်ငံသားတိုင်း၏ တိုင်းချစ်ပြည်ချစ်စိတ်ကို ယခုနေရာမှ အလေးထား အသိအမှတ်ပြုကြောင်းကို ပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အနိုင်ရရှိသည့်အခါ၌ မိမိနိုင်ငံ၏အလံနှင့် နိုင်ငံတော်သီချင်း လွှင့်တင်ပြီး နိုင်ငံတကာအလယ်တွင် ဂုဏ်ပြုခံရခြင်းထက် ဂုဏ်ယူဖွယ်၊ ဝမ်းမြောက်ဖွယ်ကောင်းသည်မှာ မရှိပါကြောင်း၊ အားကစားနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်ကြောင်း၊ မြန်မာဟူသည့်စိတ်ကို နိုးထစေပြီး နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ်ကြောင်း၊ နှစ်စဉ်တည်ရှိနေမည့် အားကစားပွဲများမှ နိုင်ငံသားတိုင်း၏ နိုင်ငံချစ်စိတ်၊ နိုင်ငံအပေါ်ဂုဏ်ယူလိုစိတ်များကို တိုးတက်စေနိုင်....
◾ Website တွင် ဆက်လက် ဖတ်ရှုရန်
https://www.mtnewstoday.com/?p=85478
#sac #အားကစား #Legistmacy #MT #mtnews