Фильтр публикаций


Видео недоступно для предпросмотра
Смотреть в Telegram
ရွှေသောင်ယံကို ခရီးသွားပြတဲ့ ဧရာဝတီ ဝန်ကြီးချုပ် ၊ ဖားကန့်က ဖြစ်ရပ်(၃)ခု ၊ ရွှေသမားတွေနဲ့လိုင်စင်ကိစ္စ ၊ ကျောက်မဲကို လေကြောင်းတိုက်ခိုက်မှုပြုလုပ် (၁၃-၁-၂ဝ၂၅)


ယနေ့ စက်သုံးဆီ ဈေးနှုန်းများ


အကြွေး (၃)မျိုး
ဘာကြွေးမှမတင်မိစေနဲ့
*********************


အဲဒီနောက် " ဒီပစ္စေကဗုဒ္ဓ အရှင်မြတ်ကို ဘုရင်က ကိုးကွယ်နေတာ၊ ဘုရင်သိရင်တော့ မလွယ်ဘူး၊ ကဲ အခုမှတော့ မထူးတော့ဘူး" ဆိုပြီး ပစ္စေကဗုဒ္ဓကိုပါ မီးရှို့လိုက်ကြတယ်။ ပစ္စေကဗုဒ္ဓကတော့ ဘာအန္တရာယ်မှ မရှိဘူး၊ ဘာကြောင့်လဲ၊ တန်ခိုးဖြင့် တခြားနေရာ ကြွသွားလို့ပါ။

အဲဒီ ဝဋ်ကျွေးကြောင့် သာမာဝတီလောင်းလျာ အမျိုးသမီးဟာ ငရဲကျသွားတယ်။ ငရဲက လွတ်မြောက်တဲ့အခါ မီးရှို့ပြီး အသတ်ခံရတာပဲ။

ဒါကြောင့် "သူများကို အနိုင်ယူဖို့ ဘယ်တော့မှ မကြိုးစားနဲ့၊ ဝဋ်ကြွေးဆိုတာ ကျိန်စာထက် ပို ကြောက်စရာ ကောင်းတယ်" တဲ့။ မိမိတို့ သတိထားရမည့် အချက်ပါပဲ။

ဒါကြောင့် ဘာကြွေးမှ မတင်အောင် ကြိုးစားရမယ်။ ဘာကြွေးမှ မတင်မှ စိတ်ထဲ ရှင်းသွားတယ်။ စိတ်ထဲရှင်းသွားရင် ပီတိပဲ။ ပီတိဖြစ်လေ ဘဝက ငြိမ်းချမ်းလေပဲ ဖြစ်ပါတယ်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
[ အကြင်နာပေါင်း ရှစ်သောင်းလေးထောင် စာအုပ်မှ ]


အကြွေး (၃)မျိုး
ဘာကြွေးမှမတင်မိစေနဲ့
*************
လောကကြီးမှာ ဘာကြွေးပဲ ဖြစ်ဖြစ် အကြွေးတင်ရင် ပြန်ဆပ်ရတယ်။ ဒီဘဝ ဆပ်ချင်ဆပ်၊ ဒီဘဝ မဆပ်ရင် နောက်ဘဝ ပြန်ဆပ်ရမှာပဲ။ ဒါကြောင့် ဘာကြွေးမှ မတင်တာ အကောင်းဆုံးပါ။

အကြွေး ၃- မျိုး ရှိတယ်လို့ မှတ်ပါ။ ဥစ္စာကြွေး, နှုတ်ကြွေး, ဝဋ်ကြွေးတို့ပဲ ဖြစ်ပါတယ်။ အဲဒီ ၃- မျိုးထဲမှာ ဝဋ်ကြွေးက ကြောက်စရာ အကောင်းဆုံးပဲ။ ဘာကြောင့်လဲ၊ ဝဋ်ကြွေးက ဘဝပေါင်း မြောက်များစွာ ပြန်ဆပ်ရတယ်လေ။

မြတ်စွာဘုရားသည်ပင် အတိတ်က လုပ်ခဲ့တဲ့ အကုသိုလ်တွေကို ပြန်ဆပ်ခဲ့ရတယ်။ အဲဒါကိုပဲ " ဝိပါက်တော်" လို့ ခေါ်ပါတယ်။ "ဝိပါက်တော် ဆယ့်နှစ်ပါး" ဆိုတာ မြတ်စွာဘုရား ပြန်ဆပ်ရတဲ့ ဝဋ်ကြွေးတွေပဲ ဖြစ်ပါတယ်။

ဥစ္စာကြွေး
------------
သူတစ်ပါး ပစ္စည်းဥစ္စ များကို နည်းမျိုးစုံးယူပြီး ပြန်မပေးရင် "ကြွေး" တင်သွားတယ်။ အဲဒါကို "ဥစ္စာကြွေး" လို့ ခေါ်တယ်။ ဥစ္စာကြွေးတင်ရင် ပိုင်ရှင်ကို ပြန်ပြီးတော့ ဆပ်ရတယ်။

အကယ်၍ ဒီဘဝမှာ မဆပ်ပါက နောက်နောင်ဘဝတွေမှာ ပြန်ဆပ်ရတယ်။ တချို့ဆိုရင် ကြွေးရှင်ထံမှာ ကျွဲတို့ နွားတို့ အစေခံတို့ ဖြစ်ပြီး ပြန်ဆပ်ရတယ်တဲ့။ ဒါကြောင့် " ဥစ္စာကြွေးတင်ရင် သူ့ကျွန် ဖြစ်တတ်တယ်" လို့ မှတ်ပါ။

တောင်တွင်းကြီးဘက်မှာ လူဝင်စားတစ်ယောက် ရှိခဲ့ဖူးတယ်။ သူဟာ အတိတ်က သူ့မိတ်ဆွေဆီကနေ ဆန်ကို အကြွေးယူတယ်။ အကြွေးယူထားတဲ့ ဆန် ပြန်မဆပ်ရသေးခင်မှာ မြွေကိုက်လို့ သေသွားတယ်။

သေတဲ့အခါ ကြွေးရှင်ထံမှာ နွားဖြစ်ရတယ်။ နွားဘဝကနေ သေတော့မှ လူပြန်ဖြစ်တယ်။ လူပြန်ဖြစ်တဲ့အခါ အဲဒီအကြောင်းတွေ အကုန်မှတ်မိနေတော့ လူဝင်စားကလေးက မိဘတွေကို ပြောပြလိုက်တယ်။ မိဘတွေကို ပြောပြတော့ စုံစမ်းတဲ့အခါ ကလေးပြောတဲ့အတိုင်း မှန်နေတယ်။ ဒါနဲ့ သူယူခဲ့တဲ့ ကြွေးကို ပြန်ဆပ်လိုက်တယ်တဲ့။

ဒါကြောင့် တစ်ယောက်ယောက်ကို ပေးစရာ ရှိရင် ဒီဘဝမှာတင် ပေးနိုင်အောင် ကြိုးစားပါ။ ဘယ်လိုမှ မပေးနိုင်ပါက ပြန် တောင်းပန်ပါ။ တောင်းပန်လိုက်တော့ အကြွေး မတင်တော့ဘူး။ တောင်းပန်ခြင်းဟာ ပညာရှိသူတော်ကောင်းတို့ရဲ့ ကျင့်စဉ်တစ်ခုပါပဲ။

နှုတ်ကြွေး
-------------
"ကတိ" ဆိုတာ အင်မတန် အရေးကြီးတယ်။ ဒါကြောင့် ကတိကို အလွယ်တကူ မပေးရဘူး။ တစ်ယောက်ယောက်ကို ကတိပေးပြီး ဘာမှ လုပ်မပေးရင် "နှုတ်ကြွေး" တင်သွားတယ်။
ဒါကြောင့် မန်လည်ဆရာတော်ကြီးက မင်းမှာသစ္စာ၊ လူမှာကတိ၊ ဆိုရိုးရှိတိုင်း၊ မြဲဘိဘယ်ခါ၊ မချွတ်ရာဘူး။ ။ အကုသိုလ်မှာ၊ မုသာဝါဒ၊ ကုသိုလ်မှကား၊ သစ္စဝါစာ၊ လေးဆုံးသာတည်း" လို့ မိန့်တော်မူခဲ့တယ်။

နှုတ်ကြွေးတင်ရင် စီးပွားလုပ်တဲ့အခါ အဆင်မပြေတော့ဘူး။ တချို့ဆိုရင် ဘာလုပ်လုပ် အဆင်မပြေတော့ဘူး။ ဒါကြောင့် နှုတ်ကြွေး မတင်မိစေနဲ့။

ဒီနေရာမှာ ကတိတည်, မတည်နှင့် ပတ်သက်ပြီး အကျိုး ၄- မျိုး မှတ်ထားရမယ်။

(၁) တချို့လူတွေ စီးပွားရေး လုပ်တယ်။ အဆင်မပြေဘူးတဲ့။ အတိတ်က ကတိပေးပြီး အကူအညီ မပေးခဲ့လို့ပါ။ ကတိပျက်ခဲ့တယ်ပေါ့။ ကတိဖျက်တဲ့ အကုသိုလ်ကြောင့် အဆင်မပြေတာတဲ့။

(၂) တချို့ လူတွေ စီးပွားရေး လုပ်တယ်။ မှန်းသလောက် အဆင်မပြေဘူးတဲ့။ နည်းနည်းပဲ အဆင်ပြေတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးတဲ့။ အတိတ်က ကတိပေးပြီး အကူအညီ နည်းနည်းပဲ ပေးခဲ့လို့ပါ။ ကတိတစ်၀က်ပဲ တည်တယ်ပေါ့။

(၃) တချို့ လူတွေ စီးပွားရေး လုပ်တယ်။ မှန်းသလောက်အဆင်ပြေတယ်။ အတိတ်က ကတိပေးတဲ့အတိုင်း အကူအညီ ပေးခဲ့လို့ပါ။ ကတိ တည်တယ်ပေါ့။ ဒါကြောင့် မှန်းသလောက် အဆင်ပြေတာ။

(၄) တချို့လူတွေ စီးပွားရေး လုပ်တယ်။ မှန်းတာထက် ပိုအဆင်ပြေတယ်တဲ့။ အတိတ်က ကတိပေးတာထက် ပိုပြီး အကူအညီ ပေးခဲ့လို့ပါ။ ဒါကြောင့် မှန်းတာထက် ပိုပြီးတော့ အဆင်ပြေသွားတယ်။ တစ်ရာ မှန်းထားပေမဲ့ တစ်ထောင် ရသွားတယ်ပေါ့။

ဒါကြောင့် ကတိပေးပြီးရင် ဘယ်တော့မှ မပျက်စေနဲ့။ အကယ်၍ ကတိပျက်သွားရင်လည်း ပြန် တောင်းပန်ရမယ်။ ဒါဆိုရင် အကြွေးမတင်တော့ဘူး။

ဝဋ်ကြွေး
-----------
ကိုယ်ချင်းစာတရား ကင်းမဲ့ပြီး ဒုစရိုက်လုပ်မိရင် " ဝဋ်ကြွေး" တင်သွားတယ်။ ဝဋ်ကြွေးတင်ရင်တော့ ဘဝပေါင်းများစွာ ပြန်ဆပ်ရတယ်။ ဒါကြောင့် အကြွေးသုံးမျိုးထဲမှာ ဝဋ်ကြွေးက အဆိုးဆုံးပဲ။ ဘုရားလက်ထက်တော်က သာမာဝတီမိဖုရားကြီးဆိုရင် ဝဋ်ကြွေးကြောင့် အသတ်ခံခဲ့ရတယ်။ မိဖုရားကြီးဟာ ဘုရားမြတ်စွာကို အလွန်ကြည်ညိုတယ်။ မေတ္တာတရား ကြီးမားတဲ့နေရာမှာတော့ တကယ့် စံပြပဲ။ ဒါပေမဲ့ ကံမကောင်းရှာဘူး။

သူ့ကို မာဂဏ္ဍီမိဖုရားက မျက်မုန်းကျိုးနေတယ်။ ဒီတော့ အမျိုးမျိုး သေကြောင်း ကြံတယ်။ နောက်ဆုံး သာမာဝတီကို မီးရှို့ပြီး အသတ်ခိုင်းလိုက်တယ်။ ဒါကြောင့် သာမာဝတီမိဖုရားကြီးဟာ မရှုမလှ ဘဝနိဂုံးချုပ်ရတယ်။

လွန်ခဲ့တဲ့ ဘဝတစ်ခုက သာမာဝတီလောင်းလျာ အမျိုးသမီးဟာ တခြားအမျိုးသမီးတွေနှင့်အတူ မီးလှုံချင်လို့ ဆိုပြီး ခြုံတွေကို မီးရှို့တယ်။ ခြုံတစ်ခုရဲ့အောက်မှာ ပစ္စေကဗုဒ္ဓတစ်ပါး စျာန်သမာပတ် ဝင်စားနေတယ်။ အဲဒါကို သူတို့ မသိရှာဘူး။ ခြုံတွေ မီးလောင်တော့မှ ခြုံအောက်မှာ ပစ္စေကဗုဒ္ဓ ရှိမှန်း သိသွားကြတယ်။


မင်္ဂလာနံနက်ခင်းလေးပါ
✨🪷🙏🙏🙏🪷✨
မြန်မာပြည်သူပြည်သားအားလုံး
မြတ်ဗုဒ္ဓ၏ မေတ္တာရိပ်မှာ
အေးချမ်းကြပါစေ။
လူ့အချင်းချင်း မေတ္တာစိတ်များ
ထားနိုင်ကြပါစေ။
ကောင်းခြင်းသုခအဖြာဖြာနဲ့
ပြည့်စုံကြပါစေ။
ကပ်(၃)ပါးမှ ကင်းလွတ်ကြပါစေ။


မင်္ဂလာညချမ်းလေးပါ
🙏🙏🙏
တစ်နေ့တာ ဘဝအမောများပြေပျောက်ပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ကြပါစေ။
မြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေ။


ကျဆုံးစစ်သည်၊ တိုက်ပွဲရှောင် နိုင်ငံ့ဝန်ထမ်း၊သားသမီးတွေထဲက လာမယ့် ၂၀၂၅/၂၀၂၆ ပညာသင်နှစ် ကစပြီး ကျောင်းနေအရွယ် သား သမီးများ ရှိလို့ မတက်နိုင်ခဲ့ရင် ဆက်သွယ်ပေးပါ။

ပညာသင်ကြားဖို့ ကူညီပါမယ် ခင်ဗျာ။

မိဘတွေဘက်က တစ်ပြားမှ ကုန်ကျစရာမလိုအောင် မူလတန်းကစ၍ (G-12) အထိ သင်ပေးပါမယ်။

ဘယ်ကျောင်းမှာ ပညာသင်ကြားရမယ်ဆိုတာတော့ ကလေးရဲ့ မိဘ တွေကို ပြောပြပေးပါမယ် ခင်ဗျာ။

ဘာသာတရားအဆုံးအမနဲ့ ပညာရေးကို အဆုံးထိ သင်ကြားပေးမှာပါ။

ကလေးကို လည်း မိဘဆွေမျိုးတွေက တွေ့ခွင့်ရမှာဖြစ်ပါတယ်။

(လမ်းစရိတ်ကစ တစ်ပြားမှ ပေးစရာမလိုအောင် စီစဉ်ဆောင်ရွက်နေပါတယ်)

ဆက်သွယ်ရန် ☎️
09400080398 , 09450222696
ဦးအောင်ကျော်မိုး
ဦးဆောင်ကော်မတီဝင်
ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း

Ref. https://www.facebook.com/share/p/1CRMLwbZ4i/?mibextid=wwXIfr


Репост из: မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး (Smiling Buddha)
ယနေ့နံနက်ပိုင်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်မြင်တွေ့ရသည့် ကြည်ညိုဖွယ်ရာ ပုံတော်များ
(သာသနာတော်နှစ် ၂၅၆၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ပြာသိုလ​ပြည့် နေ့ ၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်၊ တနင်္လါနေ့)


Репост из: Eleven Media Group
ဗုဒ္ဓမဏ္ဍိုင်အပြည်ပြည်ဆိုင်ရာပဋိပတ္တိဌာန(၁၀၈)ခန်း ကမ္မဋ္ဌာန်းတိုက်ကြီး၏ အာဒိကမ္မိက ကျေးဇူးတော်ရှင် နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီး ဘဝနတ်ကျောင်း စံပြောင်းတော်မူ

ဟင်္သာတမြို့၊ ဘုရားကြီးကျောင်းတိုက်ဝန်းအတွင်းရှိ သီတင်းသုံးမြဲကျောင်းဆောင်၌ပင် ဇန်နဝါရီ ၁၃ ရက်၊ နံနက်ပိုင်းက ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

"ဒီနေ့ ပြာသိုလပြည့်နေ့၊ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်မှာ ဆရာတော်ကြီး၊ ဘဝနတ်ကျောင်းစံပြောင်းတော်မူသွားတာပါ။ ဆရာတော်ကြီးသီတင်းသုံးရာ ဇောတိကာရုံကျောင်းဆောင်မှာ ဓုတင်အကျင့်မြတ်နဲ့အညီ ထိုင်လျှက်တရားရှုမှတ်စဉ်မှာပဲပျံလွန်တော်သွားတာပါ။ ဆရာတော်ကြီးဟာ ကိုးပါးသော ဓုတင်ကို သက်ဆုံးတိုင် ကျင့်ဆောင်ခဲ့တယ်။ ညပိုင်းထိလည်း ပုံမှန်ပဋ္ဌာန်းတရားပေးခဲ့တယ်။ သက်တော်ကြီးရင့်နေပေမယ့်လည်း ပျံလွန်တော်မမူခင်နေ့အထိ နေ့စဉ်ဒကာဒကာမတွေကို ချီးမြှောက်တဲ့အနေနဲ့ ဆွမ်းခံကြွပေးခဲ့ပါတယ်။ ရောဂါရှိတာတို့ ဝေဒနာဖိစီးနေလို့ ဆေးကုသနေရတာတို့ မရှိပါဘူး။ ရုတ်တရက်ပျံလွန်တော်မူသွားတာပါ"ဟု ဆရာတော်ကြီး၏ တပည့်ရင်းတစ်ဦးက ဖြေကြားသည်။

■ Read More - - - >>> https://news-eleven.com/article/299262


Репост из: နရီမိုး
ဒီနေ့ ဖားကန့်ကို တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တဲ့ ရုပ်သံကို ခေတ်သစ်က ဖော်ပြခဲ့တဲ့ နေရာ မှာ ထူးခြားမှု ရှိခဲ့တယ်။ ဒါက ဘာလဲဆိုတော့ ဖားကန့်မှာ ကျောက်တူးဖော်မှုကို အစိုးရဘက်ကလည်း ခွင့်မပြုထားဘူး။ ဒါပေမယ့် ကားကြီး၊ ဘတ်ဟိုး အသွယ်သွယ်နဲ့ ပွဲတော်အုပ်တည်သလို လုပ်နေတာကို ဒီရုပ်သံမှာ ထင်ထင်ရှားရှား တွေ့ရတယ်။


စက်သုံးဆီတွေလည်း အကြမ်းဖက်နယ်မြေဒေသတွေ ဆီမရောက်အောင် ကန့်ထားပါရက်နဲ့ ဖောဖောသီသီ သုံးပြီး ကျောက်တူးနေပုံကိုထောက်ရင် ယိုပေါက် တခုရှိနေတာတော့ သေချာပြီလို့ တွက်လို့ရတယ်။ အဂတိနဲ့ငွေကြောင့်တော့ အကြမ်းဖက်တွေ သက်ဆိုးမရှည်ပါစေနဲ့။ ကြားက ဓားစာခံ ဖြစ်ရတဲ့ ပြည်သူတွေရဲ့အသက်က အားနာဖို့ကောင်းပါတယ်။


(နရီမိုး)


ယနေ့ စက်သုံးဆီ ဈေးနှုန်းများ


Репост из: MRTV
Видео недоступно для предпросмотра
Смотреть в Telegram
ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ဇန်နဝါရီ (၁၉) ရက်ထိ ထပ်မံတိုးမြှင့် ဖွင့်လှစ်ထား


Видео недоступно для предпросмотра
Смотреть в Telegram
တောင်ငူနဲ့ သံတောင်ကြီးကြားမှာ ဖြစ်သွားတဲ့ စိတ်မကောင်းဖွယ်ဖြစ်ရပ်၊ မကျီးဇင်ကို တပ်မတော် ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ရွှေသောင်ယံ-ချောင်းသာ စိတ်အေးရပြီ၊ ဆန္ဒပြခံရတဲ့ မောင်ဝိတ် (၁၂-၁-၂ဝ၂၅)


Видео недоступно для предпросмотра
Смотреть в Telegram
ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့)


ပြာသိုလပြည့်နေ့
(ရှင်တစ်ထောင်အခါတော်နေ့)
🙏🙏🙏🙏🙏


ပြာသိုလပြည့်နေ့
(ရှင်တစ်ထောင်အခါတော်နေ့) အကြောင်း
*****************************
ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့ အဖြစ် သိသူရှိသလို မသိသူများလည်း များပေလိမ့်မည်။

ဤသို့ သတ်မှတ်ရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်အပါးတစ်ထောင်တို့သည် ၎င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့် ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ သွားရောက်ခဲ့ပါသည်။

ပြာသိုလပြည့်နေ့အထိ ၃ လ ကြာမျှ ဥရုဝေလတော၌ပင် သီတင်းသုံးလျက် ရသေ့များအား စည်းရုံးခဲ့ပါသည်။

ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿပ ခေါင်းဆောင်သော ရသေ့ ၅၀၀၊ အစ်ကိုလတ် နဒီကဿပ ခေါင်းဆောင်သော ရသေ့ ၃၀၀၊ ညီငယ် ဂယာကဿပ ခေါင်းဆောင်သော ရသေ့ ၂၀၀ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင်သီတင်းသုံးနေကြသည်။

ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿပ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။

ရသေ့အားလုံးပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည်ဟု ထင်ကြသော်လည်း ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် နှိမ်နင်းပြလိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏။

ဥရုဝေလကဿပနှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပ အကျင့်များကို ကျင့်ကြကုန်၏။

ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာ ခေါင်းပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြကုန်၏။

၎င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလ သမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူခဲ့ပါသည်။

ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေ့များငြိမ်း၍မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်စုစုပေါင်း (၃၅၁၆)မျိုးကို ပြသ၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၎င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေ၏။

ပထမအကြိမ် ဥရုဝေလကဿပနှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿပနှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿပနှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။

သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာ ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေတော့သည်။

ထိုနေ့သည်ကား ပြာသိုလပြည့်နေ့ ဖြစ်လေသည်။

ရှင်အပါးတစ်ထောင် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က ရှင်တစ်ထောင် အခါတော်နေ့ ဟူ၍ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

တရားချစ်ခင် သူတော်စဥ် ဓမ္မမိတ်ဆွေအားလုံးလည်း ဘုရားရှင်၏ ဂုဏ်ကို ကြည်ညိုသောအားဖြင့်
ဘုရားရှင်ဟောကြား ဆုံးမသော ဒါန သီလ ဘာဝနာတရားများကို ယခုလို မွန်မြတ်လှစွာသော အခါသမယတွင် အထူး ကျင့်ကြံအားထုတ် ကြပါစို့ ဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် အပိုင်း(၄)
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ
========================
#မူရင်းရေးသားပူဇော်သူ_အဆင့်ဆင့်မျှဝေသူများကိုကျေးဇူးတင်စွာဖြင့်
#ကူးယူပြီးထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည်🙏🙏🙏


🌷 မင်္ဂလာရှိသော ပြာသိုလပြည့်နေ့ အမေများနေ့ 🌷

မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး
ဘေးရန်ခပ်သိမ်း ကင်းဝေးကြပါစေ။
ကြောင့်ကြခပ်သိမ်း ကင်းဝေးကြပါစေ။
သောကခပ်သိမ်း ကင်းဝေးကြပါစေ။
ဒုက္ခခပ်သိမ်း ကင်းဝေးကြပါစေ။
ဆင်းရဲခပ်သိမ်း ကင်းဝေးကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

သောကဟူသမျှ မှ ကင်းဝေး လွတ်မြောက်ပြီး မိသားစုတွေ ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ 🙏🙏🙏


Репост из: MRTV
Видео недоступно для предпросмотра
Смотреть в Telegram
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အနိမ့်ဆုံးအပူချိန်များ ထုတ်ပြန်
(ဟားခါးမြို့၊ နမ့်စန်မြို့၊ ပူတာအိုမြို့၊ တီးတိန်မြို့၊ ပြင်ဦးလွင်မြို့၊ ဟဲဟိုးမြို့၊ လွိုင်လင်မြို့၊ မြစ်ကြီးနားမြို့၊ မချမ်းဘောမြို့၊ ညောင်ရွှေမြို့)


Репост из: Yangon Media Group
Видео недоступно для предпросмотра
Смотреть в Telegram
❗️❗️❗️❗️❗️
မြန်မာက ရုရှားမော်စကိုဆပ်ကပ်အဖွဲ့သို့ သံတမန်ဆက်ဆံရေး ၇၅နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆင်လိမ္မာခြောက်ကောင် လက်ဆောင်ပေး

၁၂ ဇန်နဝါရီ ၂၀၂၅
မြန်မာနိုင်ငံက မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ၇၅နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဂရိတ်မော်စကို ဆပ်ကပ်အဖွဲ့ကြီးသို့ ဆင်လိမ္မာခြောက်ကောင်လက်ဆောင်ပေးခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ မာရီယာ ဆာခါရိုဗာဟာ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့ပြီး ဆင်လိမ္မာတွေကို အစာကျွေးခဲ့ပါတယ်။
၂၀၁၈ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံက ရုရှားကို ၇၀နှစ်မြောက် သံတမန်ဆက်ဆံရေးအထိမ်းအမှတ် အဖြစ် ဆင်လိမ္မာ သုံးကောင် လက်ဆောင်ပေးခဲ့ဖူးကြောင်းသိရပါတယ်။
@ymg/knl

Показано 20 последних публикаций.

3 199

подписчиков
Статистика канала