Репост из: Popular Journal
ထောင်ဒဏ်အပါအဝင် ငွေဒဏ်ချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်း
ခွင့်ပြုချက်ရယူခြင်း မရှိဘဲ VPN ထူထောင်ခြင်းနှင့် အွန်လိုင်းလေ-ာင်းကစားစနစ် တည်ဆောက်ခြင်း၊ ဆိုက်ဘာအလွဲ သုံးစားပြုလုပ်ခြင်းများ ပြုလုပ်ပါက ပစ်ဒဏ်ချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို နစက က ဇန်နဝါရီ (၁) ရက်၌ ပြဋ္ဌာန်းလိုက်သည်။
အီလက်ထရောနစ် နည်းပညာအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်ခြင်းကြောင့် နိုင်ငံအချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းတို့မှ ကာကွယ်ရန်၊ ဆိုက်ဘာမှုခင်းများကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန်အတွက် ပြဌာန်းခြင်း ဖြစ်သည်ဟု ဆိုသည်။
ယင်းဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတတစ်ဦး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဝန်ကြီး ဌာန၏ ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များအဖြစ် ဆက်စပ်ဝန်ကြီးဌာနများက ပြည်ထောင်စုဝန်ကြီးများနှင့် ဆက်စပ်ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ဥက္ကဋ္ဌများ ပါဝင်စေကာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီကိုဖွဲ့စည်းရမည်ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ထောင်ဒဏ်အပါအဝင်-ငွေဒဏ်ခ/