Digital Daily News


Гео и язык канала: не указан, не указан
Категория: не указана


Похожие каналы

Гео и язык канала
не указан, не указан
Категория
не указана
Статистика
Фильтр публикаций




အောင်ဇေယျတံတားအဆင်းမှာ YBS နှစ်စီး ခေါင်း‌ချင်းဆိုင်တိုက်မှုဖြစ် လူဆယ်နဲ့ချီ ဒဏ်ရာရပြီး၊ သေဆုံးသူများရှိနိုင်
Nov 6
ဒီနေ့ နိုဝင်ဘာ ၆ရက်မနက်မှာဖြစ်ခဲ့တဲ့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်က အောင်ဇေယျကြိုးတံတားအဆင်းမှာ YBS ၆၁ နဲ့ ၆၉ ဘတ်စ်ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်တဲ့ဖြစ်စဉ်အတွင်း ခရီးသည် ဆယ်နဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

"လှိုင်သာယာဘက်ခြမ်း တံတားအဆင်းမှာတိုက်တယ်လို့ သိရပါတယ်၊ လူက ၃၅ ယောက် ဒဏ်ရာရထားပြီး တစ်ဦးသေတယ်လို့ ကနဦးသိထားရတယ်။ မြေပြင်က အဖွဲ့ပြန်မလာသေးတော့ အသေးစိတ်မသိရသေးပါဘူး" လို့ အင်းစိန်မြို့နယ်ကြက်ခြေနီဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။


၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းအပြီး YBS ဘတ်စ်ကားလိုင်းတွေမှာ ယာဉ်အကူတင်ဆောင်တာ၊ ကားခတိုးတောင်းတာတွေ ရှိလာတာကြောင့် စီးနင်းသူ ပြည်သူတွေက တိုင်ကြားတာတွေရှိနေသလို ဒီရက်ပိုင်းမှာပဲ ဘတ်စ်ကားပေါ်မှာတင် အုပ်စုလိုက် လုယက်ဓားပြတိုက်တာတွေ များလာတဲ့ အကြောင်း ပြည်သူတွေရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ် မှာ ရေးသားဖော်ပြလာတာတွေကို ခပ်စိပ်စိပ်တွေ့လာရပါတယ်။




အာဏာရှင်ဟောင်း ဦးသန်းရွှေသမက် ဦးဆောင်သော တောင်တက်အဖွဲ့ချုပ်က တောင်တက်ခရီးစဉ်မှာ ပုပ္ပါးတောင်ပေါ် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခဲ့တဲ့အတွက် ဒေသခံများက ဝေဖန်ကန့်ကွက်

Nov 6

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့သမက် ဒေါက်တာနေစိုးမောင် ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်က ပုပ္ပါးတောင်မကြီးပေါ်သို့ မနေ့က တောင်တက်ခရီးစဉ်မှာ အမှိုက်များ ပစ်ချသွားတဲ့အတွက် ဒေသခံအချို့နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ဝေဖန် ကန့်ကွက်ခဲ့နေကြပါတယ်။

မြန်မာနိုင်ငံခြေလျင်နဲ့တောင်တက်အဖွဲ့ချုပ်မှ အဖွဲ့ဝင်များနဲ့ ၎င်းအဖွဲ့နဲ့အတူလိုက်ပါလာသူများဟာ မနေ့က(နိုဝင်
ဘာလ ၅ရက်) ပုပ္ပါးတောင်မကြီးသို့ တောင်တက်လာခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းအဖွဲ့မှ တောင်ပေါ်ရင်ပြင်တွင် အမှိုက်ချနေတာကိုသည်ကို ဒေသခံများက တွေ့ကြုံခဲ့ရတဲ့အတွက် ပြန်ကောက်ခိုင်းခဲ့သော်လည်း မကောက်ခဲ့ဟု မဟာဂီရိတောတွင်းတောင်တက်ဝန်ဆောင်မှု(ပုပ္ပါးတောင်ဥယျာဉ်) တာဝန်ရှိသူတစ်ဦးက facebook တွင်ရေးသားထားသည်။

"မြန်မာနိုင်ငံခြေလျင်နဲ့တောင်တက်အဖွဲ့ချုပ်က ဒီကနေ့ ပုပ္ပါးတောင်မကြီးကို တောင်တက်လာတယ်။မဟာဂီရိ က တောင်တက်ဝန်ဆောင်မှု နဲ့တိုးတယ်။ အမှိုက်ချခဲ့တယ်။အမ အမှိုက်ပြန်ကောက်သွားပြောတော့အေးဆေးပဲ။ကောက်မသွားဘူး။သူတို့အဖွဲ့ထဲကသူ သက်သေရှိသလိုကျွန်တော့ မဟာဂီရိ က သက်သေရှိတယ်" ဟုမဟာဂီရိတောတွင်းတောင်တက်ဝန်ဆောင်မှု(ပုပ္ပါးတောင်ဥယျာဉ်)မှကိုတင်ကိုမင်းကရေးသားထားသည်။

ထိုဖြစ်ရပ်ကို ဒေါက်တာနေစိုးမောင်ကိုလည်းအသိပေး ပေးကြရန်၎င်းကတိုက်တွန်းထားသည်။

" တောင်တွေပတ်တက် အမှိုက်တွေ လိုက်ချနေတဲ့ အဖွဲ့များလားဟ။ဆောင်ပုဒ်အကြီးစားကြီးတွေ နဲ့ရှက်လဲ မရှက်တတ်ကြတဲ့သူတွေ။ဒေါက်တာနေစိုးမောင်နဲ့သိတဲ့သူများရှိရင် ပြောပေးပါဦး။တောင်တွေတောတွေပေါ် အမှိုက်တွေတော့ မချခဲ့ကြပါနဲ့လို့" ဟုကိုတင်ကိုမင်းက ရေးသားထားသည်။

အမှိုက်ချထားသူမှာ မြန်မာနိုင်ငံခြေလျင်နဲ့တောင်တက်အဖွဲ့ချုပ်နှင့်အတူလိုက်ပါလာသော်လည်းအဖွဲ့ဝင်မဟုတ်ကြောင်း၊ ဂေါက်နေသူဖြစ်ကြောင်းဒေါက်တာနေစိုးမောင်ကပြန်
လည်ဖြေရှင်းထားရာ ယင်းအဖြေအပေါ် လူမှုကွန်ရက်သုံးစွဲသူအချို့က လှောင်ပြောင်ခဲ့ကြသည်။

"ဟုတ်ပါတယ်ဆရာတို့အဖွဲ့ဝင်မဟုတ်တဲ့သူတစ်ယောက် ဂေါက်နေတဲ့သူတယောက်ကပ်လိုက်လာတယ်။ဆရာတို့ရဲ့ uniform နဲ့လည်းမဟုတ်ပါ။သူ့ကိုလည်း လက်မခံဘဲ ပြန်ခိုင်းလိုက်ပါပြီ" ဟု ဒေါက်တာနေစိုးမောင်က ကိုတင်ကိုမင်း ရေးသားထားသည့် အကြောင်းအရာအောက်တွင် မှတ်ချက်ပြုထားသည်။ ဒေါက်တာနေစိုးမောင်သည် အာဏာရှင်ဟောင်းဦးသန်းရွှေ၏ သမက် ဖြစ်ပြီး နေရွှေသွေးအောင်(ဖိုးလပြည့်)၏ ဖခင်ဖြစ်သည်။၎င်းသည် ပရဟိတအရေးတွင်တက်ကြွသူတစ်ဦးဖြစ်သော်လည်း ပြည်သူအများစု ခက်ခဲကြပ်တည်းတည်းကာ ရုန်းကန်နေကြရသောအချိန်ကာလတွင် ဈေးနှုန်းများတက်နေသည့်အတွက် ၎င်းတို့လည်း ကြပ်တည်းနေကြောင်းကို သိန်းရာကျော်တန်သော စက်ဘီးနှင့်ဝတ်စုံများကိုဝတ်ကာ facebook ပေါ်တွင် ပို့စ်တင်ရေးသားခဲ့သော်လည်း ပြည်သူများ၏ ဝေဖန်ကို မကြာခဏတွေ့ကြုံနေရသော သူလည်း ဖြစ်သည်။ စစ်တပ်မှ အာဏာသိမ်းပြီးစ အချိန်တွင်လည်း ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သေးသော်လည်း အာဏာရှင်ဟောင်း၏ သားမက်ဖြစ်သော ၎င်းနှင့် သားဖြစ်သူတို့ကို ပြည်သူများက မယုံကြည်ကြပေ။
တောင်တက်ရင်းအမှိုက်ပစ်ခြင်းသည်သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးသည့်လုပ်ရပ်သည် စည်းကမ်းမဲ့ပြီးအသိတရားမရှိသူများ၏လုပ်ရပ်ဟု ပုပ္ပါးတောင်မှဒေသခံတစ်ဦးကလည်းပြောသည်။


၄-၁၁-၂၀၂၂ ရက်နေ့ ညနေ(၆:၀၀)နာရီခန့်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုခုံးကျော်တံတားပေါ် ဖြတ်လမ်းလျှောက်၍ အိမ်ပြန်နေသော လူငယ်တဦးထံမှ ဖုန်းနှင့်ပိုက်ဆံအိတ်က အမျိုးသားသုံးယောက်က ဓားထောက်လုယက်သွားသည်ဟု သတင်းရသည်။
"အလုခံကတဲ့ကောင်လေးက မြို့ထဲကနေ အောင်လက်မှတ်သွားထုတ်ပြီး ပြန်လာတာတဲ့ဗျ။ ခုံးကျော်တံတားပေါ် ဖြတ်လမ်းလျှောက်ပြီး အိမ်ပြန်နေကျတဲ့။ အလုခံရတဲ့ညနေက ခုံးကျော်တံတားပေါ် လမ်းလျှောက်နေချိန် အသားမဲမဲနဲ့ လူတယောက်က နောက်ကသိုင်းဖက်ပြီး ဖုန်းပေးဖို့ပြောတယ်တဲ့။ ကလေးက ဖုန်းမပေးဘဲ ရုန်းတော့ သူက ကလေးရဲ့ခါးကြားထဲ ဓားနဲ့ထောက်ပါလေရောတဲ့။ နောက်လူနှစ်ယောက်ကပါ ပြေးလာပြီး ကလေးကို ထပ်ဝိုင်း ကလေးမှာပါတဲ့ ပိုက်ဆံအိတ်ပါ ထပ်လုသွားတာတဲ့ဗျာ။ ကလေးကိုတော့ ဘာမှ ထပ်မလုပ်သွားဘူးလို့ သိရတယ်"ဟု သတင်းပေးပို့သူ ပြည်သူတဦးက ပြောသည်။

#ခိုးဆိုးခါး_ပြည်ထောင်စုခုံးကျော်တံတား_TGKN


Nov 5

တောင်သာမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီးဇနီးမောင်နှံကို ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်၊ ခင်ပွန်းဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူဒဏ်ရာ
======================================
NOM နိုဝင်ဘာ ၅၊ ၂၀၂၂

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရွှေစည်ကြီးကျေးရွာ၏တောင်ဘက် ၆ ဖာလုံခန့်အကွာ ထန်းပင်ကန်ကျေးရွာနှင့် ရွှေစည်ကြီးကျေးရွာချင်းဆက်လမ်းတွင် နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်အချိန်၌ ဆိုင်ကယ်စီးနင်းလာသည့် ကျောင်းအုပ်ဆရာမကြီးဇနီးမောင်နှံကို ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ခင်ပွန်းဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူဒဏ်ရာရခဲ့ကြောင်းသိရသည်။

ရတနာပုံကျေးရွာနေ ရွှေစည်ကြီးအခြေခံပညာအလယ်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျင်စန်း (၅၉) နှစ်သည် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးစန်းဝင်း (၄၈) နှစ်နှင့်အတူ ရတနာပုံကျေးရွာမှ ရွှေစည်ကြီးကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားအမျိုးသား ၅ ဦးက နောက်မှ ဆိုင်ကယ်များဖြင့်လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစန်းဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျင်စန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။




နမ့်ဆန်မြို့နယ်က ကျေးရွာဘက်တွေမှာ ကိုဗစ်ကာကွယ်ဆေးလာထိုးတဲ့ ကျန်းမာရေး၀န်ထမ်းတွေကို TNLA က ဖမ်းဆီး

Nov 5
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ အာရမ်းကျေးရွာဘက်မှာ ကာကွယ်ဆေးထိုးပေးဖို့ ကွင်းဆင်းလာတဲ့ ကျန်းမာရေး၀န်ထမ်းတွေကို TNLAက ဖမ်းဆီးသွားကြောင်း သိရ

မနေ့က နိုဝင်ဘာ ၄ရက် ညနေ ၅ နာရီခန့်မှာ အာရမ်းရွာကို ကိုဗစ်ကာကွယ်ဆေးထိုးရောက်လာတဲ့ နမ့်ဆန် ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်း (၆)ဦးကို TNLAဖက်က မြို့နယ်မှူးဆိုသူက လာရောက်ဖမ်းဆီးခေါ်သွားတဲ့အကြောင်း သိရပါတယ်။

ခုလက်ရှိမှာတော့ အဖမ်းဆီးခံရတဲ့ ကျန်းမာရေး၀န်ထမ်း ၆ ဦးရဲ့ အသက်အန္တရာယ်က စိုးရိမ်နေရတဲ့အကြောင်း သိရပါတယ်

ပြီးခဲ့တဲ့ ၂၀၂၂၊ စက်တင်ဘာ ၂၃ရက် တစ်နှစ်ကျော်ကြာ ပိတ်ထားတဲ့ ဇယန်းကြီးကျေးရွာက ကျေးလက်ကျန်းမာရေးဆေးခန်းကို အစိုးရက ပြန်ဖွင့်လုပ်ပေးခဲ့ပေမယ့် TNLA ဖက် ကျန်းမာရေး၀န်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို အာမခံတဲ့အတွက် မဖွင့်နိုင်ခဲ့တဲ့အကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း တာမိုးညဲဖက်မှာ မြို့နယ်ဆရာ၀န်ကြီးအပါအ၀င် ကျန်းမာရေး၀န်ထမ်းတွေကို KIA တွေသ-တ်ဖြ-တ်ခဲ့ပါသေးတယ်


လိမ်တာတောင် ရိုးရိုးမလိမ်ဘူး
စေယက်ခွက်လာပြောင်နေတယ်




တွံတေးပစ်ခတ်မှုတွင် နှစ်ဦးသေသုံးဦးဒဏ်ရာရ
~~~~~~~~~
NOM နိုဝင်ဘာ ၅၊ ၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နှင့် ၇ မိုင်ကွာသည့် သမ္ဗာန်ဆိပ်ကျေးရွာတွင်နိုဝင်ဘာလ ၅ ရက်နံနက် ၁၁း၃၀ နာရီအချိန်၌သိန်းဇော်(ကျဘန်းလုပ်သား)နေအိမ် နောက်ဖက်တွင် သူငယ်ချင်းများစကားပြောနေစဉ် သေနတ်သမားနှစ်ဦးက တစ်ယောက်လျှင် ပစ္စတိုနှစ်လက်ကိုင်ပြီး ပစ္စတိုလေးလက်ဖြင့် ၃၉ ချက် ဝင်ရောက်ပစ်ခတ်ခဲ့ရာ အိမ်ရှင်သိန်းဇော်နှင့် သိန်းဝင်းမှာ ကျည်ထိဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးပြီးကျော်လင်းနိုင်၊ ဟိန်းမင်းထက်နှင့် အောင်သူတို့တွင် စိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

COPY @News Of Myanmar NOM




လူပျောက်ကြော်ငြာ တာပါ။ 11.03.2022ရက်နေ့ ညနေ 6:00 ထိုးခန့်က အခု ပုံထဲက ကျမသမီးလေး 15နှစ် 8တန်း ကျောင်းသူလေး ပျောက်သွားလိုပါ။ မိဘအသိုင်းအဝန်းမှ လွန်စွာ စိတ်ပူနေရပါတယ်ရှင် တွေ့တဲ့နေရာ မြင်တဲ့နေရာ ကနေ အကြောင်းကြား ပေးကြပါ
ကျေးဇူးဆပ်ပမယ်ရှင်
09 980188907
09 771229688






အခမဲ့ ထမင်းကျွေးနေတဲ့ဆိုင်က ပစ္စည်းနဲ့ ငွေပဒေသာပင်များ အခိုးခံရ


Nov 4

မြန်မာ့စိတ်ရင်းအခမဲ့ထမင်းဆိုင်သည် တောင်ဒဂုံမြို့နယ်၊ ပုဂံလမ်း၊ အ.ထ.က ၅ ကျောင်းနားတွင်
ဖွင့်လှစ်ထား‌ေသာ အခမဲ့ထမင်းကျွေးနေသည့် ပရဟိတဆိုင်တစ်ဆိုင်ဖြစ်သည်။

သို့သော်လည်း ၎င်းဆိုင်ရှိပစ္စည်းများနဲ့ ဘုံကထိန်လှူရန် ‌လုပ်ထားတဲ့ ငွေပဒေသာပင်မှ ပိုက်ဆံများကို ခိုးယူခံရပြီးနောက် ၎င်းဆိုင်ကို ပြောင်းရွေ့ဖွင့်တော့မည်ဟု သိရသည်။

ခိုးယူသွားသူများသည် ၎င်းဆိုင်တွင် လာစားနေကြသူများဖြစ်သည်ဟု သိရသည်။
ယမန်နေ့ ညပိုင်းက ဆိုင်အတွင်း ထားရှိသည့် ဘုံကထိန်အလှူငွေများကို စားသောက်သူအချို့က လာရောက်ခိုးယူသွားခြင်းဖြစ်ကြောင်း သိရသည်။

အခမဲ့ထမင်းဆိုင်တွင် နေ့စဉ်စားသုံးသူ ၁၀၀ မှ ၁၅၀ ကြားရှိပြီး ဆိုင်ဖွင့်ထားသည်မှာ အတွင်းရှိပြီး ၆ လ ကျော် ရှိပြီဖြစ်တယ်လို့ သိရပါတယ်




• အိမ်နီးချင်းနိုင်ငံတွေမှာရောက်နေတဲ့ ဒုက္ခသည် ၅.၅ သန်းကျော်ဟာလဲ ကုလသမဂ္ဂနဲ့ လူးသားချင်းစာနာတဲ့ ထောက်ပံ့မှုတွေကိုမှီခိုနေရတယ်.. ကမ္ဘာကပ်ဘေးအခြေအနေမှာ ရံပုံငွေနဲ့ အကူအညီတွေတဖြည်းဖြည်းပါးလျားလာတယ်လို့ဆိုနေကြတယ်.. ပြည်တော်ပြန်ဘို့ကတော့ လမ်းမမြင်သေးပါဘူး
အနှစ်ချုပ်ရရင်တော့ အာဏာရူးတွေ တစောက်ကန်းတွေ ကောက်ရိုးမီးတွေနဲ့ အပြင်ကကောင်တွေကြောင့်ပြည်ပျက်ခဲ့တယ်
ဗင်နီဇွဲလားရဲ့သာဓကပါ..
သန်းလွင်ထွန်း
၅ ဖေဖေါ်ဝါရီ ၂၀၂၁

Показано 18 последних публикаций.

174

подписчиков
Статистика канала