အောင်ဇေယျတံတားအဆင်းမှာ YBS နှစ်စီး ခေါင်းချင်းဆိုင်တိုက်မှုဖြစ် လူဆယ်နဲ့ချီ ဒဏ်ရာရပြီး၊ သေဆုံးသူများရှိနိုင်
Nov 6
ဒီနေ့ နိုဝင်ဘာ ၆ရက်မနက်မှာဖြစ်ခဲ့တဲ့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်က အောင်ဇေယျကြိုးတံတားအဆင်းမှာ YBS ၆၁ နဲ့ ၆၉ ဘတ်စ်ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်တဲ့ဖြစ်စဉ်အတွင်း ခရီးသည် ဆယ်နဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
"လှိုင်သာယာဘက်ခြမ်း တံတားအဆင်းမှာတိုက်တယ်လို့ သိရပါတယ်၊ လူက ၃၅ ယောက် ဒဏ်ရာရထားပြီး တစ်ဦးသေတယ်လို့ ကနဦးသိထားရတယ်။ မြေပြင်က အဖွဲ့ပြန်မလာသေးတော့ အသေးစိတ်မသိရသေးပါဘူး" လို့ အင်းစိန်မြို့နယ်ကြက်ခြေနီဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းအပြီး YBS ဘတ်စ်ကားလိုင်းတွေမှာ ယာဉ်အကူတင်ဆောင်တာ၊ ကားခတိုးတောင်းတာတွေ ရှိလာတာကြောင့် စီးနင်းသူ ပြည်သူတွေက တိုင်ကြားတာတွေရှိနေသလို ဒီရက်ပိုင်းမှာပဲ ဘတ်စ်ကားပေါ်မှာတင် အုပ်စုလိုက် လုယက်ဓားပြတိုက်တာတွေ များလာတဲ့ အကြောင်း ပြည်သူတွေရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ် မှာ ရေးသားဖော်ပြလာတာတွေကို ခပ်စိပ်စိပ်တွေ့လာရပါတယ်။