Hlaing Info


Гео и язык канала: Мьянма, Бирманский
Категория: Политика


We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.net

Связанные каналы  |  Похожие каналы

Гео и язык канала
Мьянма, Бирманский
Категория
Политика
Статистика
Фильтр публикаций


ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတိုအတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့ ။ 💪💪💪

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

မိဘပြည်သူ့များအားလုံး ကောင်းစွာ အိပ်စက်အနားယူနိုင်ပြီး အိမ်မက်လှလှ မက်ပါစေ ❤️❤️❤️

Good night ပါခင်ဗျာ။


#HlaingInfo


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး

နိုဝင်ဘာလ ၂၈ ရက်

မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာလ ၂၈ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo


မောင်တောမြို့ကို စစ်ကောင်စီတပ်က အပြင်းထန်ဆုံးလေကြောင်းတိုက်ခိုက်မှုပြုလုပ်

နိုဝင်ဘာလ ၂၈ ရက်

အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်တိုက် ခိုက်နေတဲ့ မောင်တောမြို့ကို နိုဝင်ဘာလ ၂၈ ရက်၊ဒီနေ့ည ၉ နာရီကျော်အချိန်ခန့်က စစ်ကောင်စီတပ်က ပေါင်တစ်ထောင်ဗုံးတွေကို တိုက်လေယာဥ်တွေနဲ့လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့အဝင်၊မြို့သူကြီးရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို အ ပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခြိက်နေပြီး စစ်ကောင်စီတပ်က တိုက်လေယာဥ်တွေ၊ရေတပ်စစ်သင်္ဘောကြီးတွေက အပြင်းထန်ဆုံးပစ်ကူပေးတိုက်ခိုက်နေတာဖြစ်ပါတယ်။

အဲဒီလိုကြည်းရေလေပူးပေါင်းပြီး အပြင်းထန်ဆုံးပစ်ကူပေးခုခံနေတာမို့ အာရက္ခတပ်တော်ကလည်း အချိန်ယူတိုက်ခိုက်နေရပြီး မောင်တောမြို့နယ်မှာအချိန်အကြာဆုံးတိုက်ပွဲဖြစ်နေတာလည်းဖြစ်ပါတယ်။

အဆက် - ⤵️⤵️


တစ်နှစ်နီးပါးအကြာ စွန့်ခွာခဲ့တဲ့ မြိတ်၊တောင်ရှည်ရွာရဲစခန်းမှာ စစ်ကောင်စီကပြန်လည်တပ်စွဲ

နိုဝင်ဘာလ ၂၈ ရက်

စခန်းစွန့်ခွာသွားခဲ့တာ တစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ မြိတ်မြို့နယ်၊ တောင်ရှည်ရွာက ရဲစခန်းမှာ ရဲနဲ့ပျူစောထီးတွေ ပြန်လည်စခန်းချနေထိုင်လျှက်ရှိတယ်လို့ တောင်ရှည်ရွာဒေသခံတွေဆီကသိရပါတယ်။

တောင်ရှည်ရွာရဲစခန်းက ရဲတွေနဲ့ မိသားစုဝင်တွေဟာ အခုနှစ်၊ မတ်လအစပိုင်းမှာ တောင်ရှည်ရွာရဲစခန်းကို စွန့်ခွာခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီနောက် ၉ လအကြာ အခုလ ၂၄ ရက်နေ့မှာ ရဲနဲ့ ပျူစောထီးအဖွဲ့ဝင် ၂၀ ဝန်းကျင်နဲ့ ရဲမိသားစုဝင်တွေပါ တောင်ရှည်ရွာရဲစခန်းကို ပြန်လည်ရောက်ရှိလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တောင်ရှည်ရွာရဲစခန်းကို စွန့်ခွာခဲ့ချိန် မတ်လကတော့ ရဲအင်အား ၁၀ ဝန်းကျင်သာရှိပြီး လုံခြုံရေးစိုးရိမ်ရတာကြောင့် ပြောင်းရွှေ့ကုန်တာဖြစ်တယ်လို့ တောင်ရှည်ရွာခံတွေက ဆိုပါတယ်။

အဆက် - ⤵️⤵️


အမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ့်လေးဦးကို ကျောင်းသားလက်ရုံးတပ်တော်ဖမ်းဆီး

နိုဝင်ဘာလ ၂၈ ရက်

အမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဆယ့်လေးဦးကို ကျော င်းသားလက်ရုံတပ်တော်မှ ဖမ်းဆီးရမိခဲ့တယ်လို့ နိုဝင်ဘာလ ၂၈ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။

အဲဒီအနောက်ပိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုလက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှဆု တ်ခွာလာကြတဲ့ ဗိုလ်မှူးဇော်ထက်နောင် (ကြည်း ၅၆၁၇၈)ဦးစီးတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော်နဲ့မဟာမိတ်ပူးပေါင်းစစ်ကြော င်းတို့က နိုဝင်ဘာလ ၂၃ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးလာကြချိန် အမ်း-ပဒါန်းလမ်းတနေရာမှာ ကျောင်းသားလက်ရုံးတပ်တော်နဲ့မဟာမိတ်ပူးပေါင်းစစ်ကြောင်းက ပိတ်ဆို့တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးသွားခဲ့ပြီး စစ်သုံ့ပန်း ၁၄ ဦး ၊သေနတ် ၂ လက်နဲ့လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆက် - ⤵️⤵️


မုံရွာမြို့တွင် မီတာမဆောင်၍ဆိုကာ စစ်တပ်က မီတာပုံးများလိုက်ဖြုတ်နေ

နိုဝင်ဘာလ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မီတာမဆောင်၍ဆိုကာ စစ်တပ်က နေအိမ်များအပါအဝင် မီးသတ်ရုံး၊ ရပ်ကွက်ရုံးများရှိ လျှပ်စစ်မီတာပုံးများ လိုက်လံဖြုတ်သိမ်းနေကြောင်း မြို့ခံများက ပြောသည်။

ယခု နိုဝင်ဘာလကုန်ပိုင်းတွင် မုံရွာမြို့ပေါ်ရှိ ဘုရားကြီး၊ အောင်ချမ်းသာ၊ ဘုန်းစိုး၊ ဆူးလေကုန်း၊ ရုံးကြီး၊ မြို့သစ်၊ အောင်ရိပ်သာ အစရှိသည့်ရပ်ကွက်များမှ မီတာမဆောင်သည့် နေအိမ်များအား စစ်တပ်၊ထွေအုပ်နှင့် အရပ်ဝတ် လက်နက်ကိုင်များ အင်အား ၂၀ခန့်ဖြင့် မီတာပုံးများလိုက်လံဖြုတ်သိမ်းနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

"လေးငါးရက်လောက်ရှိပြီ။ မီတာတွေဖြုတ်တာရက်စက်တယ်။ အိမ်ပိတ်ထားတဲ့အိမ်က လေးသိန်းတဲ့။ အိမ်မပိတ်ဘူး ဒီတိုင်းသုံးနေတဲ့အိမ်က ပိုက်ဆံရှိရင်ဆယ်သိန်း။ ပိုက်ဆံမရှိရင် ၇ သိန်း။ နည်းနည်းချမ်းသာသွားရင် ၁၇သိန်း၊ သိန်း ၂၀ အဲလိုတောင်းတာ။"ဟု မုံရွာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆက် - ⤵️⤵️


အုတ်ဖိုတွင် စစ်တပ်နှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းချသူများ ပိုမိုများပြားလာကာ အရေးယူမည့်သူ မရှိသောကြောင့် PDF တပ်ဖွဲ့က စစ်ရေး ပစ်မှတ်အဖြစ် အရေးယူမည်ဟု သတိပေး၊

▪️ WY ဆေးပြား ၁ ပြားကို ငွေကျပ် ၅၀၀ ဖြင့် ရောင်းချနေ

နိုဝင်ဘာလ ၂၈ ရက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းချသူများ ပိုမိုများပြားလာကာ အရေးယူမည့်သူ မရှိသောကြောင့် စစ်ရေး ပစ်မှတ်အဖြစ် အရေးယူမည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အုတ်ဖိုမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲ နှင့် ပျူစောထီးများကို ဆက်ကြေးပေး၍ မူးယစ် ဆေးဝါး ရောင်းချသူများ ပိုမိုများပြားလာကာ ကျောင်းသား၊ ကျောင်းသူများ လူငယ်များကို တွင်တွင်ကျယ်ကျယ် ပစ်မှတ်ထား ရောင်းချနေပြီး WY ဆေးပြား ၁ ပြားကို ငွေကျပ် ၅၀၀ ဖြင့် ရောင်းချနေကြောင်း သိရသည်။

အဆက် - ⤵️⤵️


ထိုင်းထီထွက်ရန် 2️⃣ ရက်သာလိုပါတော့တယ်ရှင့် 🍀

1. 12. 2024 နေ့ထွက်မယ့် ဘတ် ၆ သန်း ကံထူးရှင် ရွေးချယ်မည့် ပြည်သူ့အောင်နိုင်ရေး ရံပုံငွေ တော်လှန်ရေး ထိုင်းထီများကို ဝယ်ယူအားပေးလို့ရပါပြီရှင့် ...

https://t.me/infohlaing

🍃 ထီ 1 စောင်ကို မြန်မာငွေ 14,000 ကျပ်။ ထိုင်းဘတ် 100 ဖြင့် ရောင်းချပေးပါသည်။ 🌿

🎁 ရရှိနိုင်သောထီနံပါတ်များ 🎁

835025
563826
067528
306830
215432
233633
907234
966435
785436
940439
502840
029043
829644
786847
718949
081950
029951
954253
627457
934958
660861
087562
987665
848967
713468
439769
876870
959672
070075
023076
232379
366681
818882
038283
324986
215387
245188
527590
597292
081896
245597
298399
374802
932102
877408
547309
598216
405117
309219
021720
899521
187125
498628
502529
532230
951633
240836
747038
084139
516740
734041
721044
996145
707947
983148
045649
694950
390152
389957
338358
478059
908860
982461
360062
414963
629765
904966
019667
334971
149674
858976
872079
136681
826784
035686
155990
648992
218794
159199
717503
903705
769106
524907
123409
230714
597116
975918
648819
803828
307429
349830
423435
321336
662339
937743
378145
341046
062748
135250
123352
941856
014457
061659
097460
032963
385264
769866
068068
821469
386170
178973
696377
091178
034080
701182
529092
046695

🍀 🍀 🍀
မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် - https://hlaing.net/lottery/

🧿 ဆက်သွယ်ဝယ်ယူရန် 🧿

- https://t.me/pyithuaungpwel
- https://t.me/infoAthlaing
+66952714213 ( Viber )

#ThaiLottery
#HlaingInfo


စစ်ကောင်စီက စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ ကျင်းပရန် စီစဉ်နေပြီး  စစ်မီးမကူးရေးတောင်ခမ်းကို အသဲအသန် ကာကွယ်နေ

နိုဝင်ဘာလ ၂၈ ရက်

စစ်ရှုံးစစ်ကောင်စီက မကြာမီတွင် ပြင်ဦးလွင်မြို့၌ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ ကျင်းပရန် စီစဉ်နေပြီး ပြင်ဦးလွင်-ရပ်စောက်-ဗထူးတပ်နှင့် ရှမ်းတောင်တို့ကို စစ်မီးမကူးစက်အောင် နောင်ချိုမြို့ရှိ တောင်ခမ်း အမြောက်စခန်းများအား အသဲအသန် ကာကွယ်နေကြောင်း စစ်ရေး၊ နိုင်ငံရေး ကျွမ်းကျင်သူများထံက သိရသည်။

လက်ရှိတွင် နောင်ချိုမြို့ကို တအာင်းတပ်မတော် (TNLA)က ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း သိမ်းပိုက်ထား၍ စစ်ကောင်စီက ယခုနိုဝင်ဘာ တစ်လလုံးနီးပါး လေကြောင်း၊ လက်နက်ကြီးများ ဖြင့် ဗုံးကြဲပစ်ခတ်နေသလို ၎င်းနှင့် မိုင် ၂၀ ခန့်အကွာရှိ တောင်ခမ်း အမြောက်စခန်းများကို အင်အားဖြည့်နေကြောင်း သိရသည်။

အဆက် - ⤵️⤵️


မြိတ်နှင့် တနင်္သာရီ မြို့နယ်အစပ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

နိုဝင်ဘာလ ၂၈ ရက်

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်နှင့် တနင်္သာရီ မြို့နယ် အစပ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာ၊ ခမရ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ အင်အား ၉ ဦးခန့်ဖြင့် ကင်းလှည့်ရန် ခြေလျင်ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မြိတ်နှင့်တနင်္သာရီ နယ်ခြား မှတ်တိုင်အရောက်တွင် တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ မှ တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆက် - ⤵️⤵️


တာချီလိတ်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ PV နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်မည့် လူငယ်တချို့ အိမ်ပြန်လွှတ်ခံရ၊  နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းသို့ ကူးမည့် လူငယ်များကို စစ်ကောင်စီက အထူးတင်းကျပ် ပိတ်ပင်လာ

နိုဝင်ဘာလ ၂၈ ရက်

ရှမ်းပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် ၊ တာချီလိတ်နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် ထိုင်းဘက်သို့ PV နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်ရန်ကြိုးစားသူတချို့ ပြန်လွှတ်ခံရကြောင်း ပြန်လွတ်ခံရသူလူငယ် အမျိုးသား  ၂ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်လေဆိပ်တွင် အကြမ်းဖက်စစ်ကောင်စီက PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသွားမည့်သူများကို အထူး တင်းကျပ်စိစစ်ပြီး ပြည်ပထွက်ခွင့် မပြုမှုများ  များပြားနေသောကြောင့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ အလည်အပတ်ဗီဇာဖြင့် ဝင်ရောက်ရန် သွားရောက်ခဲ့ကြောင်း၊ တာချီလိတ် နယ်စပ်ဂိတ်ကို ဖြတ်ကျော်ရန် ရောက်ရှိချိန် မြန်မာလူဝင်မှုကြီးကြပ်ရေးအရာရှိတချို့က  ဖြတ်သန်းခွင့်မပေးဘဲ ပြန်ခိုင်းကြောင်း ပြန်လွှတ်ခံရသူ ရန်ကုန်သားလူငယ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆက် - ⤵️⤵️


ထားဝယ်အကျဥ်းထောင်ကို စစ်ကောင်စီတပ်နဲ့ရဲတွေ ရုတ်တရက်ဝင်စစ်

နိုဝင်ဘာလ ၂၈ ရက်

ထားဝယ်အကျဥ်းထောင်ကို ဒီကနေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက အင်အားအများအပြား အသုံးပြုပြီး ရုတ်တရက်ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ အကျဥ်းထောင်ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားနဲ့ရဲတွေဟာ ဒီနေ့မနက်အစောပိုင်းမှာ ထောင်ဝင်းအတွင်း ရုတ်တရက်ဝင်ရောက်လာပြီး မနက် ၁၀ နာရီခွဲလောက်အထိ အချိန်သုံးနာရီထက်မနည်း အကျဉ်းသားတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးခဲ့တာလို့ဆိုပါတယ်။

ဒီကနေ့ စစ်ဆေးမှုမှာ အရင်ကထက်ရဲတပ်ဖွဲ့ဝင်အင်အားအများအပြားပါလာပြီး အရင်ပြုလုပ်ခဲ့ဖူးတဲ့ စစ်ဆေးရေးတွေထက်လည်း ပိုမိုအစစ်ဆေးတင်းကြပ်ခဲ့တယ်လို့ အကျဥ်းထောင်ဝန်ထမ်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အဆက် - ⤵️⤵️


မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှု နိုင်ငံတကာသတင်းဌာနကြီးတွေမှာ အထူးသတင်းအဖြစ် ဝေဝေဆာဆာ ဖော်ပြကြ

နိုဝင်ဘာလ ၂၈ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် နိုင်ငံတကာသတင်းဌာနတွေမှာ ခေါင်းကြီးပိုင်းသတင်းတွေအဖြစ် ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အာဆက် အာမက်ခန်က နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကို မနေ့က နိုဝင်ဘာ ၂၇ ရက်မှာ တင်သွင်းလိုက်ပြီးတဲ့နောက်  အခုလို နိုင်ငံတကာသတင်းဌာနတွေက အထူးသတင်းအဖြစ် ဦးစားပေး ဖော်ပြလာကြတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှက စစ်တပ်ထိပ်သီးခေါင်းဆောင်တွေထဲမှာ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပထမဆုံးအကြိမ် ICC ရဲ့ ဖမ်း၀ရမ်းထုတ်ခံရဖို့ နီးစပ်လာတဲ့ အခြေအနေကို နိုင်ငံတကာ သတင်းဌာနတချို့က ရေးသားဖော်ပြလာခြင်း ဖြစ်ပါတယ်။

အဆက် - ⤵️⤵️

4.6k 0 12 30 202

မကွေးမြို့ပေါ်က ရွှေဆိုင်မှာ ပိုင်ရှင်တွေကိုသေနတ်နဲ့ပစ်ပြီး ရွှေထည်တွေလုယူသွား

နိုဝင်ဘာလ ၂၈ ရက်

မကွေးမြို့၊ ရန်ပယ်ရပ်၊ မဲထီးလမ်းပေါ်က ရွှေဆိုင်တဆိုင်မှာ နိုဝင်ဘာ ၂၈ ရက် ဒီကနေ့ နေ့လယ်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပြီး ရွှေထည်တချို့ လုယူခံလိုက်ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ရန်ပယ်စျေးအနီးမှာရှိတဲ့ ချိုချိုရွှေဆိုင်ကို ဆိုင်ကယ်နဲ့လာတဲ့ အမည်မသိသေနတ်သမား ၂ ဦးက ဆိုင်အတွင်းဝင်ရောက်ကာ ရွှေဆိုင်ပိုင်ရှင်အမျိုးသား ၂ ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီးနောက် ရွှေထည်တွေထည့်ထားတဲ့မှန်ဗီဒိုကို ရိုက်ဖွင့်လုယူထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။

" ခုအပစ်ခံရတဲ့သူတွေ တူအရီး ၂ ယောက်လုံး ခွဲစိတ်ခန်းဝင်နေတုန်း။ ပစ်တာတော့ ဘယ်သူဘယ်ဝါ မသိရသေးပါဘူး။" မကွေးမြို့အခြေစိုက်ပရဟိတအသင်းတခုရဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

အဆက် - ⤵️⤵️


KNU နယ်မြေမှာ စစ်ကောင်စီတပ်စခန်း ၁၄၀ နီးပါး လက်လွှတ်ဆုံးရှုံးထားရ

နိုဝင်ဘာလ ၂၈ ရက်

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ စစ်တပ်အာဏာသိမ်းထားတဲ့ အခုနှစ် ဇူ လိုင်လအထိ စစ်ကောင်စီတပ်စခန်းပေါင်း ၁၃၈ ခုအထိ လက်လွှတ်ဆုံးရှုံးထားရတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN ထံက သိရပါတယ်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က နိုဝင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့“တို့ပိုင်သည့်မြေ တို့အုပ်ချုပ်မည်”ဆိုတဲ့ အစီရင်ခံစာအရ သိရပါတယ်။

အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်ကနေစပြီး မြန်မာနိုင်ငံအရှေ့တောင်းပိုင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၃၈ ခု ဆုံးရှုံးထားရပြီး နှစ်ပေါင်း ၄၀ အတွင်း ထိုင်း - မြန်မာနယ်စပ်မှာ ကရင်ထိန်းချုပ်မှု နယ်မြေအများဆုံး ပြန်လည်ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆက် - ⤵️⤵️


ICC ကို စစ်ကောင်စီ အသိအမှတ်မပြုလည်း ဖမ်းဝရမ်းထုတ်လျှင် မင်းအောင်လှိုင် ဝရမ်းပြေး ဖြစ်မည်

နိုဝင်ဘာလ ၂၈ ရက်

စစ်ကောင်စီအနေနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို အသိအမှတ်မပြုလည်း ဖမ်းဝရမ်းထုတ် လာလျှင်မင်းအောင်လှိုင် ဝရမ်းပြေး ဖြစ်မည်သာဖြစ်ကြောင်း Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က ပြောသည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် ‌အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC)၏ရှေ့နေချုပ်က ICCသို့ နိုဝင်ဘာ ၂၇ရက် တွင် လျှောက်ထားချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီက မြန်မာနိုင်ငံသည် ICCအဖွဲ့ဝင်နိုင်ငံ မဟုတ်သကဲ့သို့  ICC၏ ပြောကြားချက်များအပေါ် မည်သည့်အခါမှ အသိအမှတ်ပြုခြင်းမရှိကြောင်း တုံ့ပြန်မှုအပေါ် ရိုနေဆန်းလွင်က ယင်းသို့ပြောကြားခြင်းဖြစ် သည်။

"အိုင်စီစီက ထွက်လာမယ့်ဖမ်းဝရမ်းကို စစ်ကောင်စီဘက်က အသိအမှတ်ပြုစရာမလိုဘူး။ သူ့မှာ ပြစ်မှုထင်ရှားလို့ ဖမ်းဝရမ်းထုတ်တာဖြစ်တယ်။ ထုတ်တာနဲ့ သူဟာ ဝရမ်းပြေးဖြစ်လာမယ်။

အဆက် - ⤵️⤵️


စစ်ကောင်စီအကြီးအကဲကို ဖမ်းဝရမ်းထုတ်ဖို့ ICC ကြိုးပမ်းမှု တရုတ်ဝေဖန်

နိုဝင်ဘာလ ၂၈ ရက်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုကို လူ့အခွင့်အရေးဆောင်ရွက်သူတွေက ကြိုဆိုနေပေမဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကတော့ ဝေဖန်လိုက်ပါတယ်။

“ICC တရားရုံးအနေနဲ့ မျှမျှတတ ဆောင်ရွက်သင့်တယ်ဆိုတဲ့ရပ်တည်ချက်ကို တရုတ်က အမြဲ စွဲကိုင်ထားပါတယ်” လို့တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning က ပေကျင်းမြို့တော်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဒီကနေ့ပဲ ပြောလိုက်တာပါ။

တရားစီရင်ရေး အခြေခံမူတွေနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အခြေခံမူတွေ၊ ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုမှုနဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ Rome Statute သဘောတူစာချုပ် အတိုင်း လိုက်နာမှု စတဲ့မူတွေကိုတရုတ်နိုင်ငံက ကြပ်ကြမ်မတ်မတ်လိုက်နာတယ်လို့ ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

အဆက် - ⤵️⤵️

4.8k 0 8 10 235

ထီးလင်းမြို့အနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၍ လေယာဉ်ဖြင့် ပစ်ကူပေး တိုက်ခိုက်

နိုဝင်ဘာလ ၂၈ ရက်

မကွေးတိုင်း၊ ထီးလင်းမြို့ အနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၍ လေယောဉ်ဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿနှင့် ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ထီးလင်းမြို့၊ ရွှေထီးခန်းမမှ ဗိုလ်ရဲမာန် ဦးဆောင်သော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထီးလင်းမြို့ အရှေ့ဘက်ရှိ ထီးလင်း-ကျင်း-ပခုက္ကူ လမ်းပိုင်း အရှေ့ဘက်ကို ရောက်ရှိနေစဉ် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆက် - ⤵️⤵️


ကမ္ဘောဒီးယားမှာ အွန်လိုင်းရာဇဝတ်မှုနဲ့ ဖမ်းဆီးခံထားရသူ တရုတ်နိုင်ငံသား ၂၄၀ နေရပ်ပြန်ပို့

နိုဝင်ဘာလ ၂၈ ရက်

လောင်းကစားနဲ့ အွန်လိုင်းရာဇဝတ်မှုတွေအတွက် ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၂၄၀ ကို ကမ္ဘောဒီးယားနိုင်ငံကနေ ဒီကနေ့ပဲ ပြန်ပို့လိုက်ပြီး နောက်ထပ် ၅၀၀ ကျော် ထပ်ပို့ဖို့လည်း စီစဉ်နေကြောင်း တရုတ်နိုင်ငံပိုင် သတင်းက ဖော်ပြလိုက်ပါတယ်။

တရုတ်နိုင်ငံသား ၇၀၀ ကျော်ကို ကမ္ဘောဒီးယားနိုင်ငံဆီကနေ တရုတ်နိုင်ငံက ဒုတိယအကြိမ် ပြန်လည် လွှဲပြောင်း လက်ခံခဲ့တာဖြစ်ပြီး ပထမတကြိမ် ဧပြီလမှာတုန်းကလည်း ၆၈၀ ကျော်ကို လေကြောင်းက လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ဗဟိုသတင်းအေဂျင်စီက ဖော်ပြခဲ့တာပါ။ လောင်းကစားနဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တရုတ်နိုင်ငံက ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းနှိမ်နင်းနေရာမှာ ထောင်နဲ့ချီတဲ့ မသင်္ကာသူ တရုတ်နိုင်ငံသားတွေကိုလည်း ပြန်လည် လွှဲပြောင်း လက်ခံနေတာ ဖြစ်ပါတယ်။

အဆက် - ⤵️⤵️


Репост из: Hlaing PDF Support
အိပ်မက်တွေကိုပုံဖော်နိုင်ဖို့ (၂) ရက်အလို

ကောင်းကင်က ကြယ်တွေကိုဆွတ်ခူးဖို့ မလွယ်ပေမယ့် နွေဦးထီကတော့ သင့်ရဲ့ အနာဂတ်တွေကို ကြယ်တံခွန်ပမာ အထွန်းလင်းဆုံးတောက်ပနေအောင် ဖန်တီးပေးနိုင်ပါတယ်။

အိပ်မက်တွေမှတဆင့် မိမိဘဝကိုပြောင်းလဲစေဖို့ ကျန်ရှိနေတဲ့အချိန် (၂)ရက်အတွင်းမှာ နွေဦးအလင်းတန်းတွေနဲ့ဆုံစည်းပြီး ကံကောင်းခြင်းတွေ သိမ်းကြုံးယူလိုက်ရအောင်နော်။

Telegram account

@HPDFSupportTeam

ကိုခုပဲဆက်သွယ်လိုက်ပါနော်..😍😍

#NwayOoHti
#HPDF

Показано 20 последних публикаций.