ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ မကြာမှီ လာရောက်မည်ဟုဆို
ဒီဇင်ဘာ ၁၄
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာသည် လာမည့်ကြာသပတေးနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကာ ထိုင်း ရေလုပ်သားလေးဦးအမြန် ပြန်လွှတ်ပေးရေးအတွက် မြန်မာ အရာရှိနှင့် ဆွေးနွေးမည်ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
ထိုင်းနိုင်ငံသားလေးဦး နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်သည် ဆက်လက်ဆောင်ရွက်ဆဲအခြေအနေတွင် ရှိနေသည်ဟု ထိုင်း-မြန်မာ နယ်ခြားကော်မတီ(TBC) ကို ကိုးကား၍ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Thanathip Sawangsaeng က ပြောဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာသည် ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာ ဒုတိယဝန်ကြီးချုပ်အပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်လည်း ဆွေးနွေးခဲ့ပြီး ထိုင်းလေးဦး ကို ပြန်လွှတ်ရေးလုပ်ငန်းစဉ် နှောင့်နှေးနေရခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းများကြောင့်သာဖြစ်ကြောင်း သိခဲ့ရကာ အခြားပြဿနာများမရှိကြောင်း အာမခံချက်ရခဲ့သည်ဟု သူက ပြောဆိုပါတယ်။