Kyaw Win Maung ✍


Гео и язык канала: Весь мир, Английский
Категория: Telegram


စစ်ရေး၊ နိုင်ငံရေး ၊ ဗဟုသုတ ၊သတင်းစုံတင်ဆက်ပေးနေပါသည်။သတင်းထူးများပေးပို့လိုပါက
@Kyawwinmaung4135

Связанные каналы  |  Похожие каналы

Гео и язык канала
Весь мир, Английский
Категория
Telegram
Статистика
Фильтр публикаций


မူဆယ်မြို့၊ ကျားဖြန်လုပ်ငန်းလုပ်ကိုင်သူများအား ဖမ်းဆီးရမိ

၂၀၂၄ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကျားဖြန်(အွန်လိုင်းလိမ်လည်မှုလုပ်ငန်း)လုပ်ကိုင်နေကြောင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘဝမြင့်မားရေးကို အလေးထားသည့် ဒေသခံတိုင်းရင်းသားများ၏ သတင်းပေးပို့ချက်အရ တာဝန်ရှိပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေဖမ်းဆီးရာ ကျားဖြန်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ကျား ၂၀ ဦးနှင့်အတူ ကျားဖြန်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၇၄ လုံး၊ Laptop ၂ လုံး၊ WiFi စက် ၅ လုံး၊ တရုတ်ငွေ ၅၅၀၀၀ ယွမ် တို့အား ဖော်ထုတ်သိမ်းဆည်းရရှိခဲ့...
ဖမ်းဆီးရမိတရုတ်နိုင်ငံသားများအား ဥပဒေနဲ့အညီထိန်းသိမ်းထားပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ...

#ဦးဦးပိုင်ဦး


မတ္တရာမြို့အခြေအနေ

ဒေသနေ၏ ပေးပို့မှု။ သတင်းတိုင်က အဆင့်ဆင့် စိစစ်ကြရပါတယ်။
လိုအပ်လျှင်-

မူရင်းအတိုင်းဖော်ပြပါသည်။


"ဒရုန်းလွှတ်တဲ့  ကွန်ပြူတာ ဘောက်တွေကို  ဆိုင်ကယ်ပေါ်တင်ပြီး  ဝန်စုဘတ် ဆင်းသွားတယ်  မနက်ဖြန်တိုက်တော့မည်ဟု  ကြားသိရ. ဥဒိန်နဲ့ မြွေပုသိမ်မှာရှိတဲ့  စစ်ကြောင်းကို  မြွေတလိုင်း နဲ့  မြွေထိန်ပင်စောက်နဲ့  ညှပ်ပြီးတိုက်လိမ့်မယ်  မနက်ကလည်း  ကားတွေနဲ့  မြေတလိုင်းဘတ်ကို  လိမ့်ဆင်းနေတယ်    ဆည်တော်ကြီးက လာတဲ့ချောင်းရေက. နည်းသွားပြီ  အနစ်ကသုံးပေလောက်ဘဲရှိတော့တယ်  ဒါကို စစ်သားတွေမသိလောက်ဘူး နောက်ပြီး  တံငါတောင်ဘတ်  ဘောင်ကြီးတံတားကိုလည်း   ဝန်စု  ရေချောင်းဘို  တောင်တံငါ  ဝိုင်းညှပ်ပြီးတိုက်လိမ့်မယ်   အထူးသတိပြုပါ"။


ကျနော့အဖေ ဆုံးပါပြီဗျာ😥
၁၇.၁၂.၂၀၂၄

ည ၁၀.၂၀ မှာ ပါ😥


ဝရာဇွပ် ပြည်သူ့စစ်များအားဂုဏ်ယူစွာဖြင့်
=========================
ကချင်ပြည်နယ် ကာမိုင်းမြို့နယ် လဝကျေးရွာရှိ KIA စစ်ဆေးရေးဂိတ်စခန်းတစ်ခုအား ဝရာဇွပ် အထူးတ/ပ်ဖွဲ့ဝင်များမှ လျှပ်တပျက် အောင်မြင်စွာ ဝင်ရောက်စီးနင်းနိုင်ခဲ့ပါတယ်။
ဒီကနေ့မနက် ၀၉၀၀ နာရီကျော်ခန့်တွင် ဒွန်ဘန်ဘက်မှ အထူးတို/က်ခို/က်ရေးတ/ပ်ဖွဲ့ဝင်များသည် ကား(၂) စီးဖြင့် ဆငးလာပြီး လျှပ်တပျက် ဝင်ရောက်စီးနင်းသွားခြင်းဖြစ်ပြီး ကေအိုင်အေ သော/င်းကျ/န်းသူများ ထိခိုက်‌ေ /သဆုံးခဲ့ကြောင်း ဒွန်ဘန်ဒေသတာဝန်ခံမှ ကချင်ပြန်ကြားရေးသတင်းတွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
https://t.me/kyawwinmaung413


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၇ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)
နံနက် ၄ နာရီခွဲအချိန်ခန့်က တိုင်းရုံးနှင့် ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့်‌ နေ့လည် ၁၂ နာရီအထိ  နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူအားထိန်းချုပ်ဟန့်တားထားနိုင်ခဲ့ကြောင်း၊ ညနေ ၅ နာရီအချိန်ခန့်က ဆင်ခုံတိုင်လုံခြုံရေးစခန်းပတ်၀န်းကျင်တွင် နယ်‌‌မြေရှင်းလင်းရေးဆောင်ရွက်နေသော စစ်‌ကြာင်းများနှင့် နှစ်ဖက်တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။


https://t.me/kyawwinmaung413


Репост из: KO CHIT (MDY)
ရပ်ကွက်များအတွင်း တပ်မတော်မှ ဗိုလ်ကြီးမမ ဟု ဆိုကာ စစ်မှု့ထမ်းမခေါ်ယူစေရန်ဟုဆိုကာ လိမ်လည်နေသည့် မအေးအေးအောင် (ဘ) ဦးစန်းမောင် ၁၄/အဂပ (နိုင်) xxxxx အား မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက် ပဲဝင်းရပ် ၃၅-၃၆၊ ၈၁-၈၂ တွင်ဖမ်းဆီးရမိပြီး လိမ်လည်ထားသူ ၁၀ ဦးကျော်ခန့်ရှိကြောင်း ပနာမစစ်ဆေးပေါ်ပေါက်


🌻🌻🌻🌻🌻🌻🌻🌻🌻

မင်္ဂလာနံနက်ခင်းပါမိတ်ဆွေများကပ်ကြီး ၃ ပါးကျော်လွားနိုင်ကြပါစေ
🙏🙏🙏🙏🙏🙏🙏🙏🙏

အစာရေစာပေါများပါစေ
အလုပ်အကိုင်ဟူသမျှအောင်မြင်ကြပါစေ🙏🙏🙏🙏🙏🙏🙏

တိုင်းပြည်ကြီးလည်းအမြန်ဆုံးအေးချမ်းပါစေ

https://t.me/kyawwinmaung413


ဗန်မော် တိုက်ပွဲ အော်သံ‌တွေ အော်သံတွေ

RIP-ဗန်းမော်သိမ်းနိုင်ဖို့အတွက်အစွမ်းကုန် ကြိုစားတိုက်ခိုက်အသက်ပေးခဲ့ကြတဲ့ လူကြီး၊လူငယ် ဆလန်ကဘာ အားလုံးကို သမိုင်းမှာမော်ကွန်းတင်လိုက်ပါတယ်။

ဗန်မော်မှာ KIO/kiaစစ်ပွဲရှုံးနိမ့်နေသဖြင့်
ဖားကန့်ဘက်မှ ပဒက်များကိုပါ ဗန်မော်သို့
ပို့ဆောင်နေရသည်။

https://t.me/kyawswar49111




🌻🌻🌻🌻🌻🌻🌻🌻🌻

မင်္ဂလာနံနက်ခင်းပါမိတ်ဆွေများကပ်ကြီး ၃ ပါးကျော်လွားနိုင်ကြပါစေ
🙏🙏🙏🙏🙏🙏🙏🙏🙏

အစာရေစာပေါများပါစေ
အလုပ်အကိုင်ဟူသမျှအောင်မြင်ကြပါစေ🙏🙏🙏🙏🙏🙏🙏

တိုင်းပြည်ကြီးလည်းအမြန်ဆုံးအေးချမ်းပါစေ

https://t.me/kyawwinmaung413


ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက တမူးမြို့နယ်မှာ PDF ဖမ်းဆီးခံထားတဲ့ ကျား ၃၀ကျော်  အချုပ်ခန်းဖောက်ပြီး ထွက်ပြေး လွတ်မြောက်ကြောင်းပါ။


ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ မကြာမှီ လာရောက်မည်ဟုဆို

ဒီဇင်ဘာ ၁၄

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာသည် လာမည့်ကြာသပတေးနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကာ ထိုင်း ရေလုပ်သားလေးဦးအမြန် ပြန်လွှတ်ပေးရေးအတွက် မြန်မာ အရာရှိနှင့် ဆွေးနွေးမည်ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

ထိုင်းနိုင်ငံသားလေးဦး နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်သည် ဆက်လက်ဆောင်ရွက်ဆဲအခြေအနေတွင် ရှိနေသည်ဟု ထိုင်း-မြန်မာ နယ်ခြားကော်မတီ(TBC) ကို ကိုးကား၍ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Thanathip Sawangsaeng က ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာသည် ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာ ဒုတိယဝန်ကြီးချုပ်အပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်လည်း ဆွေးနွေးခဲ့ပြီး ထိုင်းလေးဦး ကို ပြန်လွှတ်ရေးလုပ်ငန်းစဉ် နှောင့်နှေးနေရခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းများကြောင့်သာဖြစ်ကြောင်း သိခဲ့ရကာ အခြားပြဿနာများမရှိကြောင်း အာမခံချက်ရခဲ့သည်ဟု သူက ပြောဆိုပါတယ်။




AA သူပုန်အဖွဲ့ကို တိုက်ခိုက်ဖို့ဆိုပြီး Arakan National Defence Force – ANDF လို့ အမည်ပေးထားတဲ့ မွတ်ဆလင် လက်နက်ကိုင်တပ်ဖွဲ့ အသစ်တစ်ဖွဲ့ ထွက်ပေါ်လာပါတယ်။

https://t.me/kyawwinmaung413


လက်အောက်က စစ်သားတွေ
ကျဆုံးနေတာကို တပ်ချုပ်က
သူ့မိသားစု ထိတာ မဟုတ်လို့
လက်ပိုက်ကြည့်နေတာ" ဆိုတဲ့
အရေးအသားမျိုးတွေကို
fb မှာ တွေ့ရများလာတယ်။

ခင်ဗျားတို့ ရေးဖန်များလာလို့
ရှေ့တန်းက စစ်သည်တွေမှာ အဲဒီ
အတွေးအခေါ်မျိုးတွေ
ခေါင်းထဲဝင်သွားလျှင်
အကုန် လက်နက်ချကုန်လိမ့်မယ်။

အဲဒီအခါ တပ်မတော်ပြိုကွဲလိမ့်မယ်။

တပ်မတော်ပြိုကွဲခဲ့လျှင်
တပ်မတော်ကို တိုက်ခိုက်နေတဲ့
လက်နက်ကိုင်တွေကတစ်ဖွဲ့တည်း
ဆိုလျှင်တော့ ပြဿနာ မရှိဘူးပေါ့။

အနိုင်ရသူက အစိုးရဖွဲ့၊
တပ်မတော်ပြန်ဖွဲ့ပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်လို့ရသေးတယ်။

လက်နက်ကိုင် အဖွဲ့အစည်းပေါင်း
၁၉၀ ကျော်၊ အင်အားကြီးအဖွဲ့ပေါင်း
၇ ဖွဲ့ရှိတဲ့ ဒီနိုင်ငံက တပ်မတော်ပြိုကွဲ
သွားသည်နှင့် အချင်းချင်း စားကျက်လု
စစ်ပွဲတွေ ဆက်ဖြစ်ကြပြီး
နိုင်ငံပါပြိုကွဲသွားလိမ့်မယ်။

နိုင်ငံ မပြိုကွဲခင်မှာပဲ
ခင်ဗျားတို့ပါ အေးအေး မနေရတဲ့
ဘဝတွေထိ ရောက်သွားနိုင်တာရော
သိမြင်ကြရဲ့လား မသိ။

ကိုယ့်အရေးအသား၊ ကိုယ့်အပြော
အဆိုတွေကြောင့် တိုက်ပွဲဝင်
တပ်မတော်သားတွေရဲ့ စိတ်ဓာတ်ကို
ကျဆင်းစေခြင်းက နိုင်ငံ သာမက
ခင်ဗျားတို့ကိုပါ ဆွဲချသွားပါလိမ့်မယ်။

အပြစ်တင်ကြမည့်အစား
တတ်နိုင်သည့် ဘက်ကနေ
ပါဝင်ပေးကြပါ။ မပါဝင်ချင်ဘူးဆိုလည်း
ငြိမ်ငြိမ်လေး နေပေးခြင်းက
ကျွန်တော်တို့ကို ကူညီရာရောက်ပါတယ်။

ကျွန်တော်တို့ မသေသေးသရွေ့
နိုင်ငံနဲ့ ခင်ဗျားတို့ကို ကာကွယ်ပေးပါ့မယ်။

ခဏလေးပဲ တောင့်ခံပေးကြပါဦး။
သွေးကွဲခြင်းက ရန်သူကို တစ်ဖက်လှည့်နဲ့
အားပေးရာ ရောက်သည်ကို
သတိပြုနိုင်ကြပါစေ။

- အတွေး တူပါက copy ယူပြီး
ပြန်တင်ပေးကြပါပေါ့။

#DrNayzinlatt


https://t.me/kyawwinmaung413


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၃ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)

ညနေ (၃) နာရီအချိန်ခန့်က အမ်းမြို့အရှ့တောင်ဘက် ၂၀ မိုင်ခန့်အကွာရှိ ဆင်ခုံတိုင်စခန်းအနီးတဝိုက်ရှိ သောင်းကျန်းသူများအား စစ်ကူစစ်ကြောင်းများမှ လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့ရာ လာရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခန့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး‌ သောင်းကျန်းသူများအားရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ကြောင်း၊  ညနေ(၅)နာရီအချိန်ခန့်က တိုင်းရုံးကာကင်းနေရာများအား AA သောင်းကျန်းသူများမှ တပြိုင်နက်လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/  Drone ပစ်ကူများရယူ၍ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ (၂) နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

(တောင်ကုတ်)
နံနက် ၆ နာရီခွဲအချိန်ခန့်က ၅၄၄ တပ် အိမ်ထောင်သည်လိုင်းခန်းနှင့် ကာကင်းနေရာများအား လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ၇ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၆ နာရီတွင် ၉၁၉ တပ်ခွဲ ၂ နေရာ ၊ တောင်ကုတ် ရိက္ခာဝေစခန်း၊ ဆက်သွယ်ရေးတပ်ခွဲဌာနချုပ်နှင့် ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများ ကြိုကြား ကြိုကြား ဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီ အချိန်တွင်သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ် ဟန့်တားနိုင်ခဲ့ကြောင်းနှင့် နံနက် ၁၀ နာရီအချိန်ခန့်က ၃၄၆ ဓမ္မာရုံ အရာရှိရိပ်သာနှင့် ကာကင်းနေရာများအား AA သောင်းကျန်းသူများမှ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား လက်နက်ကြီး/drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ၃ နာရီခန့်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၈)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၄၂)ရက် ရှိလာပြီဖြစ်သည်။

https://t.me/kyawwinmaung413


အမြန်လမ်းဘေးကရဲကင်းစခန်းတွေကိုအင်အားပိုမှိုတိုးပြီးချထားသင့်ပါတယ်

အဓိကကာ့ ထီလာနဲ့နွာထိုးကြီးကြားပါပဲရန်သူတွေကကားတွေဆိုင်ကယ်တွေနဲ့လျှက်တစ်ပြတ်ရောက်လာပြီးပစ်ခတ်တိုက်ခိုက်တတ်ပါတယ်

အင်အားအနည်းငယ်ရှိပြီးလမ်းကင်းသာသာရှိတဲ့စခန်းတွေသတိထားကြပါဘေးနားမှာရန်သူတွေချောင်းနေပါတယ်အလစ်အငိုက်တိုက်ဖို့ညတွေပိုသတိထားလမ်းဘေးကစခန်းငယ်တွေက ဖိုတီးတစ်လုံးစာတောင်မရှိကြပါဘူး**

အမြန်လမ်းကလာတဲ့ Without ကားတွေတားဖို့ပဲစဉ်းစားမနေကြနဲ့ လုံခြုံရေးလည်းဂရုစိုက်ကြပါ။

https://t.me/kyawwinmaung413




ယနေ့ ည ကြယ်မိုးအများအပြား ရွာမည်

ယနေ့ ဒီဇင်ဘာ(၁၃)ရက် ညသန်းခေါင်မှ ဒီဇင်ဘာ(၁၄)ရက်နေ့ မိုးမလင်းမီအချိန်အထိ ကြယ်မိုးအများအပြား ရွာသွန်းမည်ဖြစ်ကြောင်း မြန်မာ့နက္ခတ္တဗေဒ နှင့် သိပ္ပံလေ့လာရေးအဖွဲ့က အသိပေးထားသည်။

အချိန်ဇုန် မတူညီသည့် နိုင်ငံအလိုက် ကြယ်မိုးရွာသွန်းချိန် အနည်းငယ်ကွာခြားမည်ဖြစ်‌သော်လည်း မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ စသည့် အိမ်နီးနားချင်းနိုင်ငံများတွင် ဒီဇင်ဘာ (၁၃)ရက် ညသန်းခေါင်အချိန် တွင် ရွာသွန်းမည်ဖြစ်ကြောင်း ဆိုသည်။

ယနေ့ ည ကြယ်မိုးရွာသွန်းမှုသည် တစ်နာရီလျှင် ကြယ်မိုးပေါင်း (၅၀)အထိ မြင်တွေ့နိုင်မည်ဖြစ်ပြီး၊ ယခုနှစ် ကြယ်မိုးရွာသွန်းမှုသည် လပြည့်ရက်နှင့် နီးကပ်နေခြင်းကြောင့် လ၏ အလင်းရောင်ကြောင့် သေးငယ်ပြီး မှိန်သည့် ကြယ်မိုးများကို မြင်နိုင်မည်မဟုတ်ဘဲ တောက်ပသည့် ကြယ်မိုး အများစုကိုသာ မြင်နိုင်မည်ဖြစ်ကြောင်း ဆိုသည်။

ကြယ်မိုးရွာသွန်းမှုအား ကြည့်လိုသူများအနေဖြင့် အလင်းရောင် နည်းပါးသည့် နေရာမှ အရှေ့ဖက်ကောင်းကင်သို့ စောင့်ကြည့်နိုင်ပြီး၊ လ၏ အလင်းရောင်နှောင့်ယှက်မှုနည်း ပါးစေရန် သစ်ပင်(သို့) အဆောက်အဦးတခုခုဖြင့် ကွယ်၍ ကြည့်ရှု့ရန် MASES ကအကြံပြု နှိုးဆော်ထားသည်။

ကြယ်မိုးရွာခြင်းဆိုသည်မှာ အာကာသအတွင်းရှိ ကမ္ဘာနည်းတူ နေကို လှည့်ပတ်နေသည့် ကြယ်တံခွန်များ ၊ ဥက္ကာပျံများကျန်ရစ်ခဲ့သာ့် ကျောက်ခဲအမှုန်အမွှားများ ကမ္ဘာပတ်လ မ်းကြောင်းအတွင်း ရောက်ရှိလာသည့်ဖြစ်စဉ်တစ်ခုဖြစ် ကြောင်း သိရသည်။


ဗန်းမော်ဒေသစစ်ရေးအခြေအနေဟာယနေ့ထိ တပ်ဘက်ကအရေးသာနေဆဲဖြစ်ပါတယ်။

KIA ​ဦးဆောင်သောသူပုန်တပ်ပေါင်းစုအနေနဲ့ ခန့်မှန်းစစ်အင်အား၂၀၀၀ နဲ့၃၂၀၀ကြားအသုံးပြုပြီး

တိုက်ခိုက်နေဆဲလို့ ကြားသိရပါတယ်။


https://t.me/kyawwinmaung413

Показано 20 последних публикаций.