Myanmar Ludu Media.


Гео и язык канала: не указан, не указан
Категория: не указана


တိကျသေချာခိုင်မာသည့် သတင်းများကို ဖော်ပြပေးနေသည့် ရသစုံ မီဒီယာ ဖြစ်သည်.

Связанные каналы  |  Похожие каналы

Гео и язык канала
не указан, не указан
Категория
не указана
Статистика
Фильтр публикаций


အကယ်ဒမီပေးပွဲ ကျင်းပမည့် ညတွင် ပဲခူးမြို့ပေါ်ရှိ လူစည်ကားရာနေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံးနှင့် ပစ်ခတ်တိုက်ခိုက်မည့် DSRB အဖွဲ့ကို လက်နက်များနှင့်အတူ ဖမ်းမိ
══════════════════════ { ပဲခူး }

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့် ယမန်နေ့ညက  ပဲခူးမြို့ပေါ်ရှိ လူ
စည်ကားရာနေရာများဖြစ်သည့် စားသောက်
ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်နေသည့် DSRB အဖွဲ့အား ရှော့တိုက်ဒုံး ၁၀ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG လက်အောက်ခံ Dark Side Revolution Burma (DSRB) အဖွဲ့သည် အများပြည်သူများ ပျော်ရွှင်စွာကြည့်ရှု့မည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည့်ညတွင် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဉ်လျက်ရှိကြောင်း အကြမ်း
ဖက်မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးမှုများအရ ဖေဖော်ဝါရီလ ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ကမာနတ်ကျေးရွာအနီး၊ ပဲခူး-သနပ်ပင်လမ်းဆုံ၌ ခဲရောင်မော်တော်ယာဉ်ပေါ်မှ Dark Side Revolution Burma (DSRB) အဖွဲ့ဝင်များဖြစ်သည့် ထက်နောင်နောင် (ခ) နောင်နောင်၊ အောင်နိုင်မျိုး၊ ကျော်ကျော်၊ လှဦး၊ ကေသီနှင့် ဥူးသောဘန (ခ) သာကျော်ဌေးတို့ ၆ ဦးတို့အား KIA အဖွဲ့မှ ထုတ်လုပ်သည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ စနစ်တံ ၁၀ ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့်တရားခံ အောင်နိုင်မျိုး၏ ထွက်ဆိုချက်အရ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ရေတံခါးတာဝ ကျေးရွာရှိ ၎င်း၏ နေအိမ်ခြံဝန်းအတွင်း၌ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် လုံခြုံ‌ရေးပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေခဲ့ရာ ၄၀ မမ လက်လုပ်ဗုံးပစ် လောင်ချာ တစ်လက်၊ လက်လုပ်ရှေ့ထွက်မိုင်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်။

ဖမ်းမိခဲ့သည့် တရားခံများ၏ ထွက်ဆိုချက်အရ NUG လက်အောက်ခံ Dark Side Revolution Burma (DSRB) အဖွဲ့မှ တရားခံပြေး ရှိုင်းဝေ (ခ) အာအိုင်မှ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့်ညတွင် အပြစ်မဲ့ပြည်သူများ ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်လျက် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စေ
ခိုင်းခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုများ ဆောင်ရွက်ရန်အတွက် သိမ်ဇရပ်မြို့အဝင်တွင် ရှိုင်းဝေ(ခ) အာအိုင်ထံမှ ၁၀၇ မမ ရှော့တိုက်ဒုံးများအား သွားရောက်ယူဆောင်၍ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့၏ ထွက်ဆိုချက်များအရ အဆိုပါ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် နေရာများအား ပစ်မှတ်ထား ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရသည်ဟု ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

ဖြစ်စဉ်တွင်တရားခံကျး(၅)ဦး ၊မ(၁)ဦးတို့အား
KIAအဖွဲ့မှထုတ်လုပ်သည့် ၁၀၇ မမရှော့တိုက်ဒုံး(၁၀)လုံး၊စနက်တံ(၁၀)ခု၊၄၀မမ လက်ပစ်ဗုံးပစ်လောင်ချာ ၁ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း
(၁)လုံးတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

#YNI
#ပဲခူး
#DSRB အဖွဲ့ကို
#လက်နက်များနှင့်အတူ ဖမ်းမိ




အီရတ်နိုင်ငံ တွင် သောင်တင်နေသော မြန်မာ
နိုင်ငံသား သုံးဦးကို မြန်မာအစိုးရ၏ အစီအစဉ်ဖြင့်နေရပ်ပြန်ရောက်ရှိလာ
════════════════════════════════════


အီရတ်နိုင်ငံ ဘဂ္ဂဒက်တွင် သောင်တင်နေသော မြန်မာနိုင်ငံသား သုံးဦးကို မြန်မာအစိုးရ၏ အစီအစဉ်ဖြင့်နေရပ်ပြန်ရောက်နိုင်ရေးအတွက်
ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည်  အီရတ်အာဏာ
ပိုင်များနှင့် ညှိနှိုင်းခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာအစိုးရ၏ အစီအစဉ်အရ ဘဂ္ဂဒက်-ဒူဘိုင်း လေယာဉ်ဖြင့် မြန်မာ နိုင်ငံသား ၃ ဦးကို နေရပ်ပြန်ပို့ခဲ့သည်။

ဒူဘိုင်း-ဘန်ကောက်လေကြောင်းဖြင့် ယမန်နေ့ညနေပိုင်းတွင် ဘန်ကောက်-ရန်ကုန် လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ပြန်လည်ရောက်ရှိလာသူ သုံးဦးမှာ မဟန်နီထွန်း၊ မမြတ်အေးစံ (ခေါ်) ဝေဝေနှင့် မသန်းနွယ်ဌေးတို့ ဖြစ်ကောင်းသိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်
ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး
ဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲ
တပ်ဖွဲ့နှင့် ရခိုင်အမျိုးသားကွန်ရက်မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ
ဆိပ်၌ ပြန်လည်ကြိုဆိုခဲ့ကြကြောင်းသိရသည်။
   
credit ရန်ကုန်သတင်းပုံရိပ်
#အီရတ်တွင်သောင်တင်နေသူ
#မြန်မာနိုင်ငံသား(၃)ဦး
#နေရပ်ပြန်ရောက်
#MOI




သုခမိန် သင်ထောက်ကူ ပညာရေးအက်ပ်
မိတ်ဆက်ပွဲကျင်းပ

ရန်ကုန်။ ဖေဖော်ဝါရီ ၃

သုခမိန် သင်ထောက်ကူ ပညာရေးအက်ပ်မိတ်ဆက်ပွဲကိုမင်ဂလာဒုံမြို့နယ်တွင်ကျင်းပခဲ့ကြောင်း သုခမိန်အက်ပ်တာဝန်ရှိသူများထံမှသိရသည်။

မင်ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် အပိုင်၁၀ ရှိ အောင်သစ္စာဘုန်းတော်ကြီး
သင်ပညာရေး မူလတန်း လွန်ကျောင်း တွင်ဖေဖော်ဝါရီ၂ရက်နေ့လည် ၁နာရီချိန်က
သုခမိန်သင်ထောက်ကူ ပညာရေးအက်ပ်
မိတ်ဆက်ပွဲကျင်းပရာ
ပညာသုခမိန်ကုမ္ပဏီလီမိတက် သုခမိန်အက်ပ်တာဝန်ရှိသူများက ကျောင်းရှိဆရာဆရာများနှင့်ပူးပေါင်း၍အောင်သစ္စာဘုန်းတော်ကြီး
သင်ပညာရေး မူလတန်း လွန်ကျောင်းရှိ ကျောင်းသားကျောင်းသူများအား ကွန်ပြူတာထောင်၍ သရုပ်ပြသင်ကြားပေးခြင်း
အက်ပ်အကြောင်းရှင်းလင်းပြသခြင်းများကို
အက်ပ်၏တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်
ကလေးများအားအတန်းအလိုက်သီးခြားစီခွဲကာ သုခမိန် သင်ထောက်ကူ ပညာရေးအက်ပ်ကိုအသုံးပြုပြီး ကလေးများအားပညာသင်ပေးနိုင်ပုံကို အသေးစိတ်ရှင်းလင်းပြသပေးခဲ့ကြသည်။ယင်းနောက်ကလေးများအားအအေးနှင့်မုန့်များကျွေးမွေးလှူဒါန်းခဲ့သည်။

ဆက်လက်ပြီး
သုခမိန် သင်ထောက်ကူ ပညာရေးအက်ပ်မှ
တာဝန်ရှိသူတစ်ဦးဖြစ်သည့် မအိသက်ခိုင်က
၎င်းတို့အက်ပ်တွင်
KGတန်းမှစပြီး ၁၂တန်းအထိ သင်ယူနိုင်ရန်ရည်ရွယ်ထားကြောင်း လက်ရှိတွင် Grade 5 အထိ အများပြည်သူကို မိတ်ဆက်ထားရှိပြီးဖြစ်ကြောင်း၂၀၂၃ခုနှစ် အောက်တိုဘာလကစတင် ခဲ့တာဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

၎င်းတို့အက်ပ်သည်
ယနေ့နည်းပညာခေတ်တွင်မြန်မာ့ပညာရေးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အပံကောင်းတစ်ခု ဖြစ်စေရန်ရည်ရွယ်ကြောင်း
သင်ကြားရေးကို အထောက်အကူဖြစ်သေမည့် တရားဝင်အသိအမှတ်ပြု သင်ထောက်ကူပညာရေးအက်ပ်တစ်ခုဖြစ်လာစေရန် မျော်လင့်ထားကြောင်းကိုဆက်လက်ရှင်းလင်းပြောကြားသည်။

ပညာရေးလက်လှမ်းမှီစေရန် အရည်အေသွးရှိသောပညာရေးကို အကန့်အသတ်မဲ့ရရှိစေရန်
ရိုးရှင်းပြီးသုံးစွဲရလွယ်ကူသော ခေတ်မှီနည်းပညာဖြင့်ပညာရေးကို လေ့လာနိုင်စေရန် တီထွင်ဆန်းသစ်ပြီးပညာရေးအတွက် အမှန်တကယ် အထောက်အကူပြုစေရန် တို့ကို
အလေးထားတန်ဖိုးထားကြောင်းကိုပါထပ်လောင်းပြောကြားသည်။
သုခမိန်အက်ပ်အားအသုံးပြုပြီး
လတ်တလောအနေဖြင့် သူငယ်တန်းKG/
ပထမတန်း Grade 1 /ဒုတိယတန်းGrade 2/
တတိယတန်းGrade3 /စတုတ္ထတန်း Grade 4/
ပဉ်မမတနျးGrade 5 /နှင့်သင်ကြားမှုလမ်းညွှန်တို့ကို ဝယ်ယူလေ့လာနိုင်ပါကြောင်း ကာလအနေဖြင့် ၂၀၂၄ခုနှသ်ဇန်နဝါရီ၁ရက်မှ ၂၀၂၅ခုနှစ်ဇန်နဝါရီ၁ရက်နေ့အထိဖြစ်ကြောင်း
အတန်းတစ်တန်းချင်းစီအတွက် ဘာသာရပ်အားလုံး ကျသင့်ငွေမှာတစ်နှစ်စာ နှစ်သောင်းခြောက်ထောင်ကျပ်ဖြစ်ကြောင်း
အဆိုပါမိတ်ဆက်ပွဲမှသိရသည်။

"သုခမိန်ပညာရေးကိုအသုံးပြမယ်ဆိုရင်အနာဂတ်သားသားမီးမီးလေးတွေအတွက်ကို ဘယ်လိုမျိုးကောင်းကျိုးလေးတွေရစေမယ်ဆိုတာကို စကားလက်ဆောင်ပါးချင်ပါတယ်
ဒီနေ့လို နည်းပညာခေတ်မှာ နည်းပညာကိုအသုံးပြုပြီးတော့မှ ကိုယ့်ရဲ့ပညာရေး ကိုယ့်ရဲ့ဘဝတက်လမ်းအတွက် ပညာရေးနယ်ပယ်ကို
လေ့လာလို့ရတယ်ဆိုတဲ့ အလေ့အကျင့်ကောင်းလေးကတော့ မလွဲမသွေရမှာဖြစ်ပါတယ် ဒါကြောင့်မိုလို့ ငယ်စဥ်ကတည်းက အလေ့အကျင့်ကောင်းအောင် ပျိုးထောင်ပေးဖို့တိုက်တွန်းလိုပါတယ်။
သုခမိန်ပညာရေးနယ်ပယ်ကျယ်ပြန့်လာအောင်
ကျွန်မတို့နဲ့လက်တွဲပြီး ပညာရေးထောက်ပံ့မှုအစီအစဥ်တွေမှာ ပါဝင်ဆောင်ရွက်ချင်တယ်ဆိုတဲ့လူတွေလည်းဖိတ်ခေါ်ချင်ပါတယ် ဒီကဏ္ဍမှာပါဝင်နိုင်ပါတယ် ဒါ့အပြင် သုခမိန်အက်ပ်လေးကို စိတ်ဝင်စားပြီးတော့ ပိုမိုကျယ်ပြန့်တဲ့ မြန်မာတစ်နိုင်ငံလုံး ပြန့်ပွားပြီးရောက်သွားဖို့အတွက်
ဆိုရင် သုခမိန်ရဲ့ ကိုယ်စားလှယ်အနေနဲ့ စိတ်ဝင်စားလို့လက်တွဲချင်ရင် ဖိတ်ခေါ်ပါတယ်လို့ပြောချင်ပါတယ်"ဟု အက်ပ်မှတာဝန်ရှိသူတစ်ဦးဖြစ်သည့်မအိသက်ခိုင်ကပြောသည်။

သုခမိန်သင်ထောက်ကူပညာရေးနှင့်ပတ်သက်၍ ဝက်ဆိုက်
www. thukhamain. comတွင်လည်းကောင်း
အက်ပ်အား App Storeတွင် ဒေါင်းလုပ်ရယူနိုင်ကြောင်း ၎င်းအပြင် Goggle Play Storeတွင်လည်း ရှာဖွေရယူနိုင်ကြောင်းသိရသည်။
အသေးစိတ်အချက်အလက်များသိရှိလိုပါက
သုခမိန် Facebookစာမျက်နှာတွင်လည်းကြည့်ရှုလေ့လာနိုင်ကြောင်းသိရသည်။

ယင်းနောက်အက်ပ်အတွက်
ကိုယ်စားလှယ်ဖိတ်ခေါ်ခြင်းကိုလည်းပြုလုပ်ခဲ့သည်။ စိတ်ဝင်စားဆက်သွယ်လိုပါက ဖုန်း09968353871သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။

ရွှေမြင့်ဦး(ရွှေပြည်သာ)




Видео недоступно для предпросмотра
Смотреть в Telegram
ကမ္ဘာကျော် ဘောလုံးဘုရင် ဒေးဗစ်ဘက်ခမ်းနဲ့ ယှဥ်တွဲပွဲတက်ခဲ့ တဲ့မင်းသား ပိုင်တံခွန်
********
ဖေဖော်ဝါရီ ၂. ကွာလာလမ်ပူ
******

ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့တဲ့ Tudor Watch ရဲ့“An Evening with David Beckham” လို့အမည်ပေးထားတဲ့ Private Event မှာ တက်ရောက် လာတဲ့ Tudor Brand Ambassador ကမ္ဘာကျော် ဘောလုံးမင်းသား ဒေးဗစ်ဘက်ခမ်းနဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီးမင်းသာ ပိုင်တံခွန်တို့ ယှဥ်တွဲတွေ့မြင်ခဲ့ရသလို တရင်းတနှီးစကားပြောဆိုနေတာကိုလည်း ပရိသတ်တွေ တွေ့မြင်ခဲ့ရပါတယ်.

video crd
မြန်မာလူထုမီဒီယာ


ရင်ဆိုင်ရနိုင်ဖွယ် ရှိပြီး မဲရရှိရေး အတွက် ဒီမိုကရက်တစ်အနေနဲ့ အမေရိကန် တက္ကဆက် ပြည်နယ်သားတွေရဲ့ သဘောထားကို လစ်လျုရှု့ပြီး ချနင်းမယ် ဆိုရင်တော့ ရေရှည်မှာ ပိုမိုပြီး အပျက်သဘောဆောင်တဲ့ လူထုထိပ်တိုက်တွေ့မှုအသစ်တွေနဲ့ ဒီမိုကရက်တစ် သမ္မတတွေ ဆက်လက်ရင်ဆိုင်ရဖွယ် ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ။
ရာဇာအောင်
မြန်မာလူထုမီဒီယာ


အမေရိကန် နဲ့ မက္ကဆီကို နယ်စပ် မှာ ကာရံထားတဲ့ သံစည်းကြိုးတွေကို လူ့အခွင့်အရေး / ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီလို့ ယာယီ ဖယ်ရှားပေးဖို့ အမေရိကန် တရားရုံးချုပ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ညွန်ကြားလိုက်ပါတယ် ။ ခိုးဝင်တဲ့သူတွေရဲ့ ရန်ကို ကာဖို့ ဆောက်ထားတဲ့ သံဆူးကြိုး တံတိုင်းတွေကို ဖယ်ရှားပေးဖို့ တရားရုံးချုပ်ကနေ ဆုံးဖြတ်တာက သမ္မတ ဘိုင်ဒင် အလိုကျ တရားရုံးက လိုက်လုပ်ပေးနေတာဖြစ်လို့ မိမိတို့ အနေနဲ့ လက်မခံဘူး ၊ ပြည်တွင်း စစ်အထိတောင် ဦးတည်သွားနိုင်တယ်ဆိုပြီး တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ပြောဆိုခဲ့တယ်လို့ Newsweek မဂ္ဂဇင်းရဲ့ ဇန်နဝါရီ ၂၆ ရက် သတင်းဆောင်းပါး တစ်ခုမှာ ဖော်ပြထားပါတယ် ။

ဓားထက်တယ်လို့ နာမည်ကြီးတဲ့ အမေရိကန် သမ္မတရဲ့ သြဇာ အာဏာကို ပြန်စိန်ခေါ်ခဲ့တယ့် တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott ရဲ့ သမိုင်းကြောင်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ် ၊ ဒီမိုကရက်တစ် သမ္မတ အိုးဘားမား လက်ထက် ဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာကလည်း သူက ပြည်နယ် အုပ်ချုပ်ရေးမှုး အဖြစ် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အတွက် သူ့ရဲ့ ပြည်နယ် အုပ်ချုပ်ရေးမှုး သက်တမ်းက ၈ နှစ်ကျော်ကြာမြင့်တဲ့ အထိ တက္ကဆက် ပြည်သူတွေက ထောက်ခံအားပေးနေဆဲဖြစ်ပါတယ် ။ အမေရိကန် ပြည်ထောင်စုရဲ့ ရှေ့နေချုပ် အဖြစ် အုပ်ချုပ်ရေးမှုး မဖြစ်ခင်ကလည်း ၁၂ နှစ်ကျော်ကြာ ဆောင်ရွက်ခဲ့တဲ့ အပြင် ဥပဒေ နှင့် ပက်သက်လာရင် ကြက်ခေါင်းဆိတ် မခံ ပြန်လှန် တုံ့ပြန်တက်တဲ့ အတွက် ဒီမိုကရက်တစ် သမ္မတ တွေ အနေနဲ့ Greg Abbott ကို ရွံ့ကြောက်ကြီးသဖွယ် ရှု့မြင်ကြပါတယ် ။


အုပ်ချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှု့ နဲ့ သမ္မတ အိုးဘားမားကို တရားစွဲခဲ့သလို ၊ သူ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပက်သက်ပြီး လူ့အခွင့်အရေး တစာစာ အော်နေတဲ့ ဒီမိုကရက် ဒုတိယ သမ္မတ ကင်မီလာ ဟဲရစ် ကိုလည်း ပညာပေးတဲ့ အနေနဲ့ သူ့ပြည်နယ်ထဲ ခိုးဝင်လာတဲ့ ဗင်နီဇွဲလားက ရွှေ့ပြောင်းအခြေချ နေထိုင်သူ ၁၀၁ ဦးကို ကားနှစ်စီးပေါ်တင်ပြီး ဝါရှင်တန် ပြည်နယ်က ဒုတိယ သမ္မတ ရဲ့ အိမ်ရှေ့မှာ သွားသွန်ခဲ့တဲ့ အထိ လုပ်ပြခဲ့သူလည်း ဖြစ်ပါတယ် ။


ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒင် က အမေရိကန် တရားလွှတ်တော်ကနေ တဆင့် နယ်စပ်ခြံစည်းရိုး အကာအရံတွေကို ဖယ်ရှားဖို့ လုပ်နေတာဟာ တက္ကဆက်ပြည်နယ် ရဲ့ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ထိပါးရားရောက်ပြီး ဖက်ဒရယ် ဥပဒေ တွေနဲ့ ဆန့်ကျင်တယ် လက်မခံဘူးလို့လည်း ရီပါပလေကင် အသိုင်းအဝန်းက ရှုတ်ချကြပါတယ် ၊ ရေပန်းစားနေတဲ့ ရီပါပလေကင် သမ္မတ အဖြစ် ဝင်ပြိုင်ဖို့ တာဆူနေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကလည်း Greg Abbott နဲ့ တက္ကဆက် ပြည်သူတွေ နဲ့ အတူ ထောက်ခံကြောင်းပြောဆိုထားပါတယ် ။

မီးလောင်ရာလေပင့်သလို လုပ်နေတာကတော့ ရုရှား သမ္မတဟောင်း မက်ဒီဗက် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုကနေ ခွဲထွတ်ဖို့ ဖြစ်လာနိုင်တယ့် ပထမဆုံး ပြည်နယ်က တက္ကဆက် ပြည်နယ် ဖြစ်နိုင်တယ်လို့ နမိတ်ဖတ်ပြောဆိုလျက် ရှိပါတယ် ။ ခွဲထွတ်ဖို့ စိတ်ကူးယဉ်နေကြတဲ့ တက္ကဆက် ပြည်နယ်သားတွေရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်ရင်လည်း တက္ကဆက် ပြည်နယ် ဆိုတာ ယခင်က မက္ကဆီကို ထဲမှာပါခဲ့ပြီး ၁၈၃၆ ခုနှစ်ကမှ မက္ကဆီကို ထံကနေ လွပ်လပ်ရေးရခဲ့တာဖြစ်ပါတယ် ။ အမေရိကန် ပြည်ထောင်စု ထဲသို့ တက္ကဆက်ပြည်နယ် မဝင်ရောက်မီ ၁၀ နှစ်ခန့် အထိ လွပ်လပ်သော ပြည်နယ် အဖြစ် တစ်သီးတစ်သန့် နေထိုင်ခဲ့တဲ့ သမိုင်းကြောင်းဟောင်းကလည်း ရှိခဲ့ဖူးပါတယ် ။


ဘိုင်ဒင် လက်ထက်မှာ စီးပွားရေးကျဆင်းပြီး အသက်ကြီးနေတဲ့ သမ္မတကို မလိုချင်တော့တဲ့ လူငယ်လူရွယ်တွေက ထရန့် ကော ဘိုင်ဒင်ကိုပါ ကြိုက်နှစ်သက်ခြင်း မရှိကြပါဘူး ။ လက်ရှိသမ္မတ ဘိုင်ဒင် အနေနဲ့ကလည်း လာမည့် နိုဝင်ဘာ ၅ ရက်မှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲ မှာ ဆက်လက်အောင်ပွဲခံနိုင်ဖို့ အတွက် သူ့ရဲ့ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တွေက နည်းလမ်းပေါင်းစုံနဲ့ကြိုးစားနေကြပါပြီ ၊ ဒီမိုကရက်တစ်ပါတီထောက်ခံသူတွေ နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ထောက်ခံမဲတွေ ပေါင်းလိုက်ရင် ရီပါပလေကင် ပါတီကို အပြတ်အသတ် မဟုတ်ရင်တောင် အနိုင်ရနိုင်တဲ့ တွက်ဆမှု့ကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေဆီက မဲရရှိဖို့အတွက် တက္ကဆက် နဲ့ မက္ကဆီကို နယ်စပ်က ခြံစည်းရိုးအကာအရံကို ဖယ်ရှားပြီး ထောက်ခံမှု့ ရအောင်ကြိုးစားနေတာလို့ ရီပါပလေကင်ပါတီထောက်ခံသူတွေကစွပ်စွဲနေကြပါတယ် ။


လူဖြူကြီးစိုးရေး နဲ့ အမေရိကန် သာပထမဆိုပြီး ခိုးဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို လက်မခံတဲ့ တက္ကဆက်ပြည်နယ်သားတွေ အနေနဲ့ လာမည့် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အသက် ၈၀ ကျော် အရွယ် အဖိုးကြီး ဘိုင်ဒင်သာ ဆက်လက် အနိုင်ရရင်တော့ ရေရှည်မှာ ပြသနာ ပေါင်းစုံတက်ပြီး ပြည်တွင်းစစ်ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ် ။
ဖက်ဒရယ် ဥပဒေ တွေနဲ့ စည်းနှောင်ထားတဲ့ အမေရိကန်ပြည်ထောင်စုကနေ ခွဲထွတ်ဖို့ နဲ့ ကွန်ဖက်ဒရေးရှင်းရဖို့ ကြိုးစားတဲ့ ပြည်နယ်တွေက သမိုင်းမှာ ရှိခဲ့ပေမယ့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရတော့ ဖြစ်နိုင်ခြေ နည်းပါးပါတယ် ။ဘာပဲဖြစ်ဖြစ်အမေရိကန် ပြည်ထောင်စု အနေနဲ့ မဖြေရှင်းနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကို


အမေရိကန် ပြည်တွင်းစစ် ဖြစ်သွားနိုင်တယ်လို့ ပြောဆိုလိုက်တဲ့ တက္ကဆက်အုပ်ချုပ်ရေးမှုး Abbott
*********
ရွှေ့ပြောင်းနေထိုင်သူတွေ / ခိုးဝင်သူတွေဆီကမဲရဖို့ ကြိုးစားနေတဲ့ အဘိုးကြီး ဘိုင်ဒင်နဲ့ နယ်စပ်စည်းရိုးပြသနာ
***************
အတွေးအမြင် ဆောင်းပါး
********
ပြည်နယ် ၅၀ နဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရေစီ အရေး / လူ့အခွင့်အရေး တွင်တွင်အော်နေပြီး လုပ်ချင်ရာ လုပ်တဲ့ ဒီမိုကရက်တစ်ပါတီ အင်အား ကောင်းတဲ့ ပြည်နယ်တွေ ရှိသလို Great American Again ဆိုပြီး လူဖြူကြီးစိုးပြီး အမေရိကန် အကျိုးစီးပွားကိုသာ ကြည့်ရှု့တဲ့ ရီပါပလေကင် ပါတီတွေ အင်အားကောင်းတဲ့ ပြည်နယ်တွေ လည်း ရှိပါတယ် ၊ ဒါ့အပြင် သင့်တော်တယ့် ပါတီကိုဘဲ မဲထည့်မယ် ဆိုပြီး အခြေအနေ စောင့်ကြည့်နေတဲ့ ပြည်သူတွေ အများအပြား နေတဲ့ ပြည်နယ်တွေလည်း ရှိကြပါတယ် ။


အမေရိကန် ပြည်ထောင်စု ရဲ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စနစ် ကလည်း အများထင်သလို မရိုးရှင်းလှဘဲ ရှုပ်ထွေးမှု့တွေလည်း ရှိပါတယ် ၊ ပြည်နယ်တွေကလည်း ကိုယ့်ပြည်နယ် အလိုက် ဥပဒေတွေ ပြဋ္ဌာန်းခွင့်ရှိသလို ပြည်နယ် အုပ်ချုပ်ရေးမှုးတွေကိုလည်း ပြည်နယ်တွေကသာ ရွေးကောက်တင်မြှောက်ထာလေ့ ရှိပါတယ်။

ရီပါပလေကင် သမ္မတ လက်ထက်မှာ ဒီမိုကရက်တစ်ပါတီ ပြည်နယ် အုပ်ချုပ်ရေးမှုးတွေ နဲ့ အဆင်မပြေကြသလို လက်ရှိ ဒီမိုကရက်တစ်ပါတီ သမ္မတ ဘိုင်ဒင် လက်ထက်မှာလည်း ရီပါပလေကင် ပါတီ က ပြည်နယ်အုပ်ချုပ်ရေးမှုးတွေနဲ့လည်း အမြဲတမ်းလိုလို ပြသနာ တက်လေ့ရှိပါတယ် ။ အထူးသဖြင့် လူဖြူကြီးစီုးပြီး တရားဥပဒေ ကို လေးစားလိုက်နာတဲ့ တက္ကဆက်လို ပြည်နယ်မျိုးမှာတော့ သမ္မတ နဲ့ အုပ်ချုပ်ရေးမှုး အကြားမှာ တစောင်းဇေး နဲ့ မျက်ချေးဆိုသလို အဆင်ချောမွေ့ပြေလည်မှု့ မရှိပါဘူး ။


ကမ္ဘာ့ စစ်ရေး အင်အား၊ နိုင်ငံရေး၊ စီးပွားရေး ၊ နည်းပညာ ထိပ်တန်းနိုင်ငံ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတက ကမ္ဘာပေါ်မှာ သြဇာ အာဏာအရှိဆုံး သမ္မတ လို့ ပြောဆိုကြသလို အမေရိကန် စစ်တပ်ရဲ့ စစ်သေနာပတိချုပ်ကလည်း သမ္မတဘဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ပြည်နယ်တွေ မှာလည်း ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့် ၊ ရွေးချယ် တင်မြှောက်မှု့တွေ ရှိကြလို့ ဥပဒေ / နိုင်ငံ အကျိုးစီးပွားနဲ့ ဆန့်ကျင်တယ်လို့ ယူဆရင်တော့ သမ္မတ အမိန့်ကို လိုက်နာလေ့ မရှိဘဲ တရားလွှတ်တော်ချုပ်အထိ တရားပြန်စွဲခဲ့ တဲ့ အုပ်ချုပ်ရေးမှုးတွေလည်း ရှိခဲ့ကြပါတယ် ။

အမေရိကန် တောင်ပိုင်း မက္ကဆီကို နယ်စပ်နဲ့ ထိစပ်နေတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဒုတိယ အကြီးဆုံး ပြည်နယ် ဖြစ်တဲ့ တက္ကဆက် ပြည်နယ် မှာတော့ မက္ကဆီကိုက တဆင့် အမေရိကန် ပြည်ထောင်စုကို ခိုးဝင်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေ သိန်းနဲ့ချီ ရှိနေပါတယ် ။ သမ္မတ ဒေါ်နယ် ထရန့် လက်ထက်မှာ နယ်စပ်တလျှောက် ခိုးဝင် သူတွေကို ဟန့်တားဖို့ အတွက် အမေရိကန် ဒေါ်လာ ၁ .၅ ဘီလီလျံ ကုန်ကျတဲ့ သံဆူးကြိုးကာတဲ့ တံတိုင်းတွေ တည်ဆောက်ခဲ့ပါတယ် ။ ဒါ့အပြင် ရီပါပလေကင် ပါတီရဲ့ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott လက်ထက်မှာလည်း ခိုးဝင်တဲ့ ရွှေ့ပြောင်းအခြေချ သူတွကို ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူတဲ့ အတွက် ခိုးဝင်တဲ့ သူတွေတော်တော်များများ အခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ် ။


ဒီမိုကရက်တွေနဲ့ လူ့အခွင့်အရေး သမားတွေကတော့ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott ရဲ့ လုပ်ဆောင်ချက်တွေက အမေရိကန် စံနှုန်းနဲ့ မညီဘူး လူ့အခွင့်အရေးတွေ ချိုးဖောက်တယ် လို့ စွပ်စွဲကြပါတယ် ။ နယ်စပ်လုံခြုံရေး လိုလားတဲ့သူတွေ နဲ့ ရီပါပလေကင် ပါတီထောက်ခံသူတွေကတော့ Greg Abbott ရဲ့ ဆောင်ရွက်ချက်တွေကို ကြိုဆိုကြပါတယ် ။

အများသိကြတဲ့
လက်သုံးချောင်း ဗီဇာ လို့ ခေါ်တဲ့ နိုင်ငံရေး ရွှေ့ပြောင်း အခြေချသူတွေ နဲ့ ခိုးဝင်လာသူ အများစုက သူတို့ကို မျက်နှာသာ မပေးတဲ့ ရီပါပလေကင် ပါတီအင်အားကောင်းတဲ့ ပြည်နယ်တွေမှာ အခြေချလေ့ မရှိကြပါဘူး ၊ သူတို့ကို စာနာထောက်ထားပြီး နေစရာ စားစရာ ပေးပြီး လူ့အခွင့်အရေး အကြောင်း အမြဲ ပြောကြတဲ့ ဒီမိုကရက်တစ်တွေ အားကောင်းတဲ့ ဝါရှင်တန် လို ပြည်နယ်တွေမှာ သာ အခြေချနေထိုင်လေ့ ရှိပါတယ် ။အနေကြာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကလည်း နိုင်ငံသားတွေ ဖြစ်လာကြသလို Green Card တွေလည်း ရကြလို့ သူတို့ကလည်း ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တစ်တွေကို မဲပြန်ပေးကြပါတယ် ။


နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲ အတွက် အခုအခါမှာ ပါတီတွေ အပြိုင်အဆိုင် လှုပ်ရှားနေကြပါပြီ ၊ လူထုထောက်ခံမှု့ကျဆင်းနေပြီး လူသိပ်မကြိုက်တော့တဲ့ လက်ရှိဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ပြန်အရွေးခံမယ်လို့ ကြေညာထားပါတယ် ၊ဒါကြောင့်လည်း ဒီမိုကရက်ပြည်နယ်တွေမှာ ရှိတဲ့ သူ့ကိုထောက်ခံသူတွေ အပြင် ရွေ့ပြောင်းအခြေချ နေထိုင်သူတွေဆီကနေ မဲရဖို့ အတွက်လည်း ကြိုးစားလာပါတယ် ။




ကွန်ကရစ်တိုင်များထုချေပြီးသံချောင်း
များခိုးယူထုတ်ပိုးသယ်ဆောင်လာသူများဖမ်းဆီးရမိ

မိတ္တီလာ။ ဖေဖော်ဝါရီ ၁

ကွန်ကရစ်တိုင်များအားနှုတ်ယူပြီးတူနှင့်ထုချေ
ကာအတွင်းမှသံချောင်းပြားများအား
ခိုးယူ၍ ကာဆာလာအိတ်များဖြင့်ထုပ်ပိုး
သယ်ဆောင်လာသူများအားဖမ်းဆီးရမိခဲ့ကြောင်းမိတ္ထိလာမြို့မရဲစခန်းမှသိရသည်။

ဖေဖော်ဝါရီ(၁)ရက်နေ့လည်(၂)
နာရီခန့်က မိတ္ထိလာမြို့နယ် မိတ္ထိလာမြို့မရဲစခန်း မှ နယ်ထိန်း နယ်ထိန်းနှင့်တပ်ဖွဲ့ဝင်များသည် လုံခြုံရေးကင်းလှည့်လည်စဉ်
အရှေ့ပြင် ရပ်လမ်းအရောက်
ဆိုင်ကယ်(၃)စီးဖြင့်လူ(၄)ဦးမှမသင်ကာ
ဘွယ်ဆာလာအိတ်(၃)အိတ်အားတင်
ဆောင်ပြီးတွေ့ရှိ၍ ရပ်တန့်စစ်ဆေးရာ ၎င်းတို့
သယ်ဆောင်လာသောဆာလာအိတ်
အတွင်းမှ သံချောင်းပြားများနှင့် ပတ်
သက်၍၄င်းတို့ပိုင်ဆိုင်ကြောင်း
အထောက်အထားတစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်းမရှိ၍ ရဲစခန်းသို့ခေါ်ယူထိန်းသိမ်းစစ်မေးခဲ့ကြသည်။

စစ်ဆေးချက်အရဆာလာအိတ်နှင့်သို
ဝှက်သယ်ဆောင်လာသောသံချောင်း
(၁၃)ချောင်းပါ(၁)အိတ်(၁၄)ချောင်းပါ
(၁)အိတ်(၁၃)ချောင်းပါ(၁)အိတ်စုစုပေါင်းသံချောင်း(၄၀)ချောင်းတို့အားမိတ္ထိလာမြို့
မြို့သစ်ရပ်အနောက်ဘက်ရှိလူနေထိုင်
ခြင်းမရှိသောအိမ်ဝိုင်းကွက်များနှင့်
ခြံဝိုင်းကွက်များတွင်စိုက်ထူထားသည့်
ကွန်ကရစ်တိုင်များအားတူနှင့်ထုချေ
ပြီးသံချောင်းထုတ်ယူရောင်းချရန်
သယ်ဆောင်လာခြင်းဖြစ်ကြောင်းသိ
ရှိရသဖြင့် ပြစ်မှုကျူးလွန်သူ များဖြစ်ကြသည့် တင်ကိုဦး(၂၁နှစ် )ချစ်နှင်းဦး(ခ)မန်ဇူးဘိုင်(၂၀နှစ်)ချစ်ဦး(ခ)လူမဲ(၁၈)နှစ်စ်နှင့် ဂျူးဂျူး(၁၆နှစ်နှစ်မြို့သစ်(၃)ရပ်အောင်ဆန်းရပ်ကွက်နယ်မြေမိတ္တီလာမြို့နေသူ) တို့အား
ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရွှေမောင်မောင်(မိတ္တီလာ)
မြန်မာလူထုမီဒီယာ



Показано 13 последних публикаций.

1 400

подписчиков
Статистика канала