သုခမိန် သင်ထောက်ကူ ပညာရေးအက်ပ်
မိတ်ဆက်ပွဲကျင်းပ
ရန်ကုန်။ ဖေဖော်ဝါရီ ၃
သုခမိန် သင်ထောက်ကူ ပညာရေးအက်ပ်မိတ်ဆက်ပွဲကိုမင်ဂလာဒုံမြို့နယ်တွင်ကျင်းပခဲ့ကြောင်း သုခမိန်အက်ပ်တာဝန်ရှိသူများထံမှသိရသည်။
မင်ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် အပိုင်၁၀ ရှိ အောင်သစ္စာဘုန်းတော်ကြီး
သင်ပညာရေး မူလတန်း လွန်ကျောင်း တွင်ဖေဖော်ဝါရီ၂ရက်နေ့လည် ၁နာရီချိန်က
သုခမိန်သင်ထောက်ကူ ပညာရေးအက်ပ်
မိတ်ဆက်ပွဲကျင်းပရာ
ပညာသုခမိန်ကုမ္ပဏီလီမိတက် သုခမိန်အက်ပ်တာဝန်ရှိသူများက ကျောင်းရှိဆရာဆရာများနှင့်ပူးပေါင်း၍အောင်သစ္စာဘုန်းတော်ကြီး
သင်ပညာရေး မူလတန်း လွန်ကျောင်းရှိ ကျောင်းသားကျောင်းသူများအား ကွန်ပြူတာထောင်၍ သရုပ်ပြသင်ကြားပေးခြင်း
အက်ပ်အကြောင်းရှင်းလင်းပြသခြင်းများကို
အက်ပ်၏တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင်
ကလေးများအားအတန်းအလိုက်သီးခြားစီခွဲကာ သုခမိန် သင်ထောက်ကူ ပညာရေးအက်ပ်ကိုအသုံးပြုပြီး ကလေးများအားပညာသင်ပေးနိုင်ပုံကို အသေးစိတ်ရှင်းလင်းပြသပေးခဲ့ကြသည်။ယင်းနောက်ကလေးများအားအအေးနှင့်မုန့်များကျွေးမွေးလှူဒါန်းခဲ့သည်။
ဆက်လက်ပြီး
သုခမိန် သင်ထောက်ကူ ပညာရေးအက်ပ်မှ
တာဝန်ရှိသူတစ်ဦးဖြစ်သည့် မအိသက်ခိုင်က
၎င်းတို့အက်ပ်တွင်
KGတန်းမှစပြီး ၁၂တန်းအထိ သင်ယူနိုင်ရန်ရည်ရွယ်ထားကြောင်း လက်ရှိတွင် Grade 5 အထိ အများပြည်သူကို မိတ်ဆက်ထားရှိပြီးဖြစ်ကြောင်း၂၀၂၃ခုနှစ် အောက်တိုဘာလကစတင် ခဲ့တာဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
၎င်းတို့အက်ပ်သည်
ယနေ့နည်းပညာခေတ်တွင်မြန်မာ့ပညာရေးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အပံကောင်းတစ်ခု ဖြစ်စေရန်ရည်ရွယ်ကြောင်း
သင်ကြားရေးကို အထောက်အကူဖြစ်သေမည့် တရားဝင်အသိအမှတ်ပြု သင်ထောက်ကူပညာရေးအက်ပ်တစ်ခုဖြစ်လာစေရန် မျော်လင့်ထားကြောင်းကိုဆက်လက်ရှင်းလင်းပြောကြားသည်။
ပညာရေးလက်လှမ်းမှီစေရန် အရည်အေသွးရှိသောပညာရေးကို အကန့်အသတ်မဲ့ရရှိစေရန်
ရိုးရှင်းပြီးသုံးစွဲရလွယ်ကူသော ခေတ်မှီနည်းပညာဖြင့်ပညာရေးကို လေ့လာနိုင်စေရန် တီထွင်ဆန်းသစ်ပြီးပညာရေးအတွက် အမှန်တကယ် အထောက်အကူပြုစေရန် တို့ကို
အလေးထားတန်ဖိုးထားကြောင်းကိုပါထပ်လောင်းပြောကြားသည်။
သုခမိန်အက်ပ်အားအသုံးပြုပြီး
လတ်တလောအနေဖြင့် သူငယ်တန်းKG/
ပထမတန်း Grade 1 /ဒုတိယတန်းGrade 2/
တတိယတန်းGrade3 /စတုတ္ထတန်း Grade 4/
ပဉ်မမတနျးGrade 5 /နှင့်သင်ကြားမှုလမ်းညွှန်တို့ကို ဝယ်ယူလေ့လာနိုင်ပါကြောင်း ကာလအနေဖြင့် ၂၀၂၄ခုနှသ်ဇန်နဝါရီ၁ရက်မှ ၂၀၂၅ခုနှစ်ဇန်နဝါရီ၁ရက်နေ့အထိဖြစ်ကြောင်း
အတန်းတစ်တန်းချင်းစီအတွက် ဘာသာရပ်အားလုံး ကျသင့်ငွေမှာတစ်နှစ်စာ နှစ်သောင်းခြောက်ထောင်ကျပ်ဖြစ်ကြောင်း
အဆိုပါမိတ်ဆက်ပွဲမှသိရသည်။
"သုခမိန်ပညာရေးကိုအသုံးပြမယ်ဆိုရင်အနာဂတ်သားသားမီးမီးလေးတွေအတွက်ကို ဘယ်လိုမျိုးကောင်းကျိုးလေးတွေရစေမယ်ဆိုတာကို စကားလက်ဆောင်ပါးချင်ပါတယ်
ဒီနေ့လို နည်းပညာခေတ်မှာ နည်းပညာကိုအသုံးပြုပြီးတော့မှ ကိုယ့်ရဲ့ပညာရေး ကိုယ့်ရဲ့ဘဝတက်လမ်းအတွက် ပညာရေးနယ်ပယ်ကို
လေ့လာလို့ရတယ်ဆိုတဲ့ အလေ့အကျင့်ကောင်းလေးကတော့ မလွဲမသွေရမှာဖြစ်ပါတယ် ဒါကြောင့်မိုလို့ ငယ်စဥ်ကတည်းက အလေ့အကျင့်ကောင်းအောင် ပျိုးထောင်ပေးဖို့တိုက်တွန်းလိုပါတယ်။
သုခမိန်ပညာရေးနယ်ပယ်ကျယ်ပြန့်လာအောင်
ကျွန်မတို့နဲ့လက်တွဲပြီး ပညာရေးထောက်ပံ့မှုအစီအစဥ်တွေမှာ ပါဝင်ဆောင်ရွက်ချင်တယ်ဆိုတဲ့လူတွေလည်းဖိတ်ခေါ်ချင်ပါတယ် ဒီကဏ္ဍမှာပါဝင်နိုင်ပါတယ် ဒါ့အပြင် သုခမိန်အက်ပ်လေးကို စိတ်ဝင်စားပြီးတော့ ပိုမိုကျယ်ပြန့်တဲ့ မြန်မာတစ်နိုင်ငံလုံး ပြန့်ပွားပြီးရောက်သွားဖို့အတွက်
ဆိုရင် သုခမိန်ရဲ့ ကိုယ်စားလှယ်အနေနဲ့ စိတ်ဝင်စားလို့လက်တွဲချင်ရင် ဖိတ်ခေါ်ပါတယ်လို့ပြောချင်ပါတယ်"ဟု အက်ပ်မှတာဝန်ရှိသူတစ်ဦးဖြစ်သည့်မအိသက်ခိုင်ကပြောသည်။
သုခမိန်သင်ထောက်ကူပညာရေးနှင့်ပတ်သက်၍ ဝက်ဆိုက်
www. thukhamain. comတွင်လည်းကောင်း
အက်ပ်အား App Storeတွင် ဒေါင်းလုပ်ရယူနိုင်ကြောင်း ၎င်းအပြင် Goggle Play Storeတွင်လည်း ရှာဖွေရယူနိုင်ကြောင်းသိရသည်။
အသေးစိတ်အချက်အလက်များသိရှိလိုပါက
သုခမိန် Facebookစာမျက်နှာတွင်လည်းကြည့်ရှုလေ့လာနိုင်ကြောင်းသိရသည်။
ယင်းနောက်အက်ပ်အတွက်
ကိုယ်စားလှယ်ဖိတ်ခေါ်ခြင်းကိုလည်းပြုလုပ်ခဲ့သည်။ စိတ်ဝင်စားဆက်သွယ်လိုပါက ဖုန်း09968353871သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။
ရွှေမြင့်ဦး(ရွှေပြည်သာ)